2 နှစ်များ - ဘာသာပြန်ပါ။

ဟုမ္မလင်းမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့

မြန်မာနိုင်ငံပြည်တွင်း ဟုမ္မလင်းမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂)အဆင့်ရှိ မြေငလျင်တစ်ခု ဇန်နဝါရီ (၂၄) ရက်၊ နံနက်အစောပိုင်း (၁)နာရီ၊ (၅၃)မိနစ်၊ (၃၃) စက္ကန့် အချိန်က လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တိုင်းထွာရရှိချက်အရ သိရသည်။

မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို၏ အရှေ့-အရှေ့တောင်ဘက် (၉)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၅)ဒီဂရီ၊ အနက် (၄၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ခြင်းဖြစ်သည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ကလီဖိုးနီးယား၌ မီးထပ်လောင်သဖြင့် တက္ကသိုလ်များအရေးပေါ်ရွှေ့ပြောင်းရ

လော့ဆန်းဂျလိစ်၊ဇန်နဝါရီ ၂၃

အမေရိကန်နိုင်ငံ ကလီဖိုးနီးယားပြည်နယ်၌ တောမီး တကျော့ပြန်လောင်ကျွမ်းခြိမ်းလာပြန်သဖြင့် ကလီဖိုးနီးယားရှိတက္ကသိုလ်များ ကို အရေးပေါ်ပြောင်းရွှေ့မိန့်ထုတ်ပြန်ထားရသည်ဟုဆိုသညည်။

မီးလောင်မှုသည် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၅ မိနစ်ခန့်တွင် တက္ကသိုလ်ကျောင်းဝင်း၏ အနောက်ဘက်တောင်ကုန်းများမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟုလည်းသိရသည်။

အခင်းဖြစ်နေရာသို့ ရောက်ရှိလာသည့် ဝန်ထမ်းများက မီးသည် လျင်မြန်စွာပျံ့နှံ့သွားခဲ့ကြောင်းဆိုကာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မီးလောင်သည့်ဧရိသာ ဧက ၅၀ အထိ ကြီးမားလာသဖြင့်အဆိုပါနေရာသို့ ရဟတ်ယာဉ်များဖြင့်ပါမီးကူငြှိမ်းခဲ့ရသည်။

မီးများလာသဖြင့် အာဏာပိုင်များက ကလီဖိုးနီးယားပြည်နယ်တက္ကသိုလ် Channel Islands နှင့် University Glen ရှိကျောင်းသားများကို ဘေးလွတ်ရာရွှေ့ပြောင်းရန်အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် တက္ကသိုလ်ကျောင်းဝင်းနဲ့ ကပ်လျက်ရှိနေသည့် လူနေရပ်ကွက်ကိုလည်း ပြောင်းရွှေ့စေခဲ့သည်ဟုသိရသည်။

image

အာရူဟိုကို ၂၀၃၁ အထိ ဘာစီလိုနာ စာချုပ်သက်တမ်းတိုး

ဇန်နဝါရီ ၂၄

ဘာစီလိုနာအသင်းဟာ ဥရုဂွေးနောက်ခံလူ အာရူဟိုကို အသင်းမှာ ၂၀၃၁ ခုနှစ် နွေရာသီအထိရှိမယ့် စာချုပ် သက်တမ်းတိုးခဲ့ပြီး ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို အဆုံးသတ်စေခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ အာရူဟိုနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အရင်စာချုပ်ဟာ ၂၀၂၆ ခုနှစ်ဆို ကုန်ဆုံးမှာဖြစ်ပြီး အခုဇန်နဝါရီ အပြောင်းအရွှေ့မှာ သူ့ကိုခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်း အပါအဝင် အသင်းအချို့က စိတ်ဝင်စားမှုရှိခဲ့ ကြတာပါ။

ဒါပေမယ့် အားကစား ဒါရိုက်တာ ဒေကိုနဲ့ တွေ့ဆုံဆွေးနွေးမှုက အာရူဟိုကို ဘာစီလိုနာအသင်းမှာ ဆက်ရှိနေဖို့ ဖြစ်ခဲ့တယ်လို့ ESPN က ဖော်ပြထားပါတယ်။

အာရူဟိုဟာ ကြာသပတေးနေ့က ကလပ်အသင်းရုံးခန်းမှာ အသင်းဥက္ကဋ္ဌ လာပေါ်တာ၊ ဒုဥက္ကဋ္ဌ ယူစတီ၊ အားကစားဒါရိုက်တာ ဒေကိုတို့နဲ့အတူ စာချုပ်သစ် လက်မှတ်ရေးထိုးခဲ့တာပါ။

တံကောက်ကြောဒဏ်ရာကြောင့် ပထမရာသီဝက်မှာ ဘာစီလိုနာအသင်းအတွက် မပါဝင်နိုင်ခဲ့တဲ့ အာရူဟိုဟာ မကြာသေးခင်ကမှ အသင်းအတွက် ပြန်ပြီးကစားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာရူဟို မပါဝင်နိုင်တဲ့အချိန်တွေမှာ ဘာစီလိုနာအသင်းဟာ ကူဘာစီနဲ့ မာတီနက်ဇ်တို့အတွဲကို ဗဟိုခံစစ် အတွဲအဖြစ် အသုံးပြုခဲ့ပြီး မာတီနက်ဇ်ရဲ့ ဒဏ်ရာကြောင့် အာရူဟိုဟာ အသင်းအတွက် ပြန်လည်ပါဝင်ခွင့် ရခဲ့တာပါ။

ဥရုဂွေး နောက်ခံလူဟာ ဘာစီလိုနာအသင်းရဲ့ နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲကို ပွဲထွက်လူစာရင်း ပါဝင်ခွင့်ရခဲတာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်က ဥရုဂွေးကလပ် ဘော်စတွန်ရေဗာအသင်းကနေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ အာရူဟို ဟာ စပိန်ကလပ်ရဲ့ ဘီအသင်းမှာ ပွဲပေါင်း ၄၀ ကျော် ပါဝင်ကစားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ အသင်းကြီးအတွက် စတင် ကစားခွင့်ရရှိခဲ့တာပါ။

အာရူဟိုဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၁၅၅ ပွဲ ပါဝင်ကစားထားပြီး ၈ ဂိုးသွင်းယူကာ ၂၀၂၂-၂၃ ရာသီက လာလီဂါဖလား ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

မကြာသေးခင်ကမှ စပိန်စူပါဖလား ရရှိထားတဲ့ ဘာစီလိုနာအသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် ဗလင်စီယာအသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN

ပုံ - အာရူဟိုကိုတွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
2 နှစ်များ - ဘာသာပြန်ပါ။

အဖေရှိစဉ်တုန်းက ကပ်လှူချင်ခဲ့တဲ့ ဆန္ဒအတိုင်း အဖေ့ကိုရည်စူးပြီး ၁၈ မိုင်တောရဘုန်းဘုန်းအား တစ်ရက်တာ ဆွမ်းဆက်ကပ်လှူဒါန်း

အဖေ့ရဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးခဲ့တာဖြစ်ပါတယ်။ အဖေအသက်ရှိစဉ်တုန်းက ပြုလုပ်ချင်ခဲ့တဲ့ ကုသိုလ်လေးကို အဖေဆုံးပြီးနောက် အဖေ့ကိုရည်စူးခဲ့ရတဲ့ ကုသိုလ်လေးဖြစ်ခဲ့ပါတယ်။ ဝတ်မှုန်ရွှေရည်က ခင်ပွန်းဖြစ်သူနဲ့အတူ ၁၈ မိုင်ဘုန်းဘုန်းကို တစ်ရက်တာလုံးစာ ဆွမ်းတာဝန်ယူ လှူဒါန်းခဲ့တာပါ။

#celecele

image

မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆၀ ဖမ်းဆီးခံရ

ဇန်နဝါရီ ၂၄

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဂျလန်အာလောနှင့် ဘူကစ်ဘင်တန်းတို့တွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသမီး၊ အမျိုးသားအပါအဝင် ၆၀ ဦး အဖမ်းခံရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက် ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က မလေးရှား ရဲတပ်ဖွဲ့၊ လဝကနှင့် အာဏာပိုင်အဖွဲ့များက ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ် အဆိုပါ မြန်မာနိုင်ငံသားများကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံသား ၆၀ ဦးအပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂၄ ဦး၊ နီပေါနိုင်ငံသား ၁၆ ဦး၊ ပါကစ္စတန်နိုင်ငံသား ၃ ဦး၊ အီဂျစ်နိုင်ငံသား ၁ ဦးနှင့် ဆူဒန်နိုင်ငံသား ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့ကို ကွာလမ်လာပူမြို့၊ လဝကရုံးတွင် ထိန်းသိမ်းထားပြီး လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)(ဂ) နှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၅(၁)(ဂ) ၁၉၅၉ ၊ ၁၉၆၃ အပြင် လူဝင်မူကြီးကြပ်ရေး ဥပဒေ ၃၉(ခ) ၁၉၆၃ နှင့်ပါ စစ်ဆေးသွားမည် ဖြစ်ကြောင်း မလေးရှား လဝက၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများက ရေးသားထားကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်၊ ဇန်နဝါရီလ ၁၆ ရက်ကလည်း ပါဟန်းပြည်နယ်အတွင်း အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦး ဖမ်းဆီးခံခဲ့ရသေးကြောင်း သိရသည်။

Credit - Myanmar Transparency News Ahency

#သတင်းဟင်းလေးအိုးကြီး

image
2 နှစ်များ - ဘာသာပြန်ပါ။

အမြန်လမ်းမှာ သာသနာနံပါတ်ပြားနဲ့ ယာဉ်ငယ်တစ်စီး အရှိန်လွန်တိမ်းမှောက်

ဇန်နဝါရီ ၂၄

အမြန်လမ်း ၁၅၁ မိုင်မှာ သာသနာနံပါတ်ပြားနဲ့ ယာဉ်ငယ်တစ်စီး မတော်တဆမှု ဖြစ်ပွားပြီး ရဟန်းနှစ်ပါး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ တောင်ငူအခြေစိုက် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ကားမှာ အရှိန်လွန်တိမ်းမှောက်တယ်လို့ ကနဦးသိရပြီး မောင်းနှင်လာတဲ့ ကပ္ပိယပါမပါတော့ သေချာမသိရဘူးလို့လည်း ဆိုပါတယ်။ ဒဏ်ရာရ ရဟန်းနှစ်ပါးက တောင်ငူမြို့အနီး ဖားအောက်တောရကျောင်းတိုက်ကလို့ သိရှိရပြီး ရန်ကုန်ဘက်ကိုဦးတည်တဲ့လားရာအတိုင်းမောင်းနှင်လာစဉ် မတော်တဆဖြစ်ပြီး လမ်းဘေးထိုးကျ တိမ်း‌မှောက်ခဲ့တာလို့ ကနဦးသတင်းတွေအရ သိရှိရပါတယ်။

ဒဏ်ရာရရှိတဲ့ ရဟန်းနှစ်ပါးကို ရွှေမင်းဝံ လူမှုကူညီရေးအသင်း ၊ Save The Trees Rescue Team လူမှုကူညီရေးအသင်းတို့က သူနာတင်ယာဉ်တွေနဲ့ တောင်ငူဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

imageimage
+5

ငရုတ်သီးပင်စိမ်းထောင်း
°°°°°°°°°°°°°°°°°°°°°°

ငရုတ်သီးစိမ်း...............၃၀တောင့်ခန့်
ကြက်သွန်ဖြူ................. ၇တက်
ပင်စိမ်း........................၁စည်း
သံပုရာသီး...................၁လုံး

ငရုတ်သီးစိမ်းတွေကိုရေဆေး၊အညှာခြွေပါ။
ကြက်သွန်ဖြူ ကိုအခွံခွာပြီးလေးစိတ်လောက်ပိုင်းလှီးပါ။

ဒယ်အိုးတစ်လုံးကိုမီးရှိန်အနည်းဆုံးနှင့်အပူပေးထားပြီးငရုတ်သီးတွေစိမ်းရောင်မပြောင်းပဲကျက်သည်အထိလှော်ပါ။

ပင်စိမ်းတွေကိုအရွက်ခြွေပြီးပွက်ပွက်ဆူနေတဲ့နေနွေးထဲသို့ထည့်ဖျောပါ။ပြန်လည်ဆယ်ယူစစ်ပြီးရေအေးလောင်းအအေးခံထားပါ။
(ငရုတ်သီးကိုမလှော်ပဲ၊ ပင်စိမ်းရွက်ကိုရေနွေးမ
ဖျောပဲထောင်းလျှင်မည်းသွားတတ်ပါသည်)

ချက်ချင်းစားမည့်သူများကအစိမ်းကိုထောင်းစားနိူင်ပါသည်။

လှော်ထားတဲ့ငရုတ်သီး+ကြက်သွန်ဖြူ ကိုဆား၊ဟင်းခတ်မှုတ်တို့နှင့်အတူညှက်အောင်ထောင်းပါ။

ငရုတ်သီးညှက်ခါနီးလျှင်ရေနွေးဖျောထားတဲ့ပင်စိမ်းရွက်တွေကိုပါးပါးလှီးပြီးထည့်ကာသမသွားအောင်ထောင်းပါ။

သံပုရာသီးလေးညှစ်ပေးပါ။ဆီကြိုက်သူများကပဲဆီမွှေးမွှေးလေးဆမ်းနိူင်ပါတယ်။

Crd.winnaing thein

image
2 နှစ်များ - ဘာသာပြန်ပါ။

Nelly Rapp – Monster Agent (2021)
=================
IMDb Rating - 6.2

မိခင်မရှိတော့ဘဲ ဖခင်ဖြစ်သူနဲ့နေနေရတဲ့ နယ်လီရာ့ပ်…

မိခင်ဖြစ်သူနဲ့ဦးလေးဖြစ်သူလို Monster agent ကြီးဖြစ်ချင်နေတဲ့သူ နွေရာသီကျောင်းပိတ်ရက်မှာ ဦးလေးဖြစ်သူဆီမှာနေရဖို အကြောင်းဖန်လာခဲ့ပါတယ်

Monster agentဆိုတာကတော့ လူတွေကိုမွန်းစတားတွေရန်ကနေကာကွယ်ဖိုဖွဲထားတဲ့အဖွဲပါ

နဂိုကတည်းက monster agent ဖြစ်ချင်နေသူ နယ်လီက ဦးလေးနဲ့အတူနေရတဲ့အခါမှာတော့ သူဟာအေးဂျင့်တစ်ယောက်လုပိဖိုအသင့်ဖြစ်ပြီဆိုတာကို ဦးလေးဖြစ်သူကိုသက်သေပြဖိုလုပ်လာပါတယ်

နယ်လီတစ်ယောက် အမျိုးမျိုးအဖုံဖုံသောမွန်းစတားတွေအကြောင်းလေ့လာရင်း လက်တွေ့လုပ်ချင်လာတဲ့အခါမှာတော့…

ဇာတ်လမ်းလေးက နယ်လီလေးရဲ့စွန့်စားခန်းလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးဟာသလေးနှောကာရိုက်ကူးထားပြီး

ဆုနှစ်ဆုအပြင် ဇကာတင်စာရင်းလေးခုထဲဝင်ထားတဲ့ကားလေးဖြစ်တာကြောင့် စိတ်အပန်းဖြေချင်သူတွေအတွက် သင့်လျော်တဲ့ကားလေးတစ်ကားပါလိုညွှန်းပါရစေ။
#movie

image
2 နှစ်များ - ဘာသာပြန်ပါ။

ကလေးမေမေတွေကို လှလှလေးနေကြဖို့ အကြံပြုလိုက်တဲ့ ခင်လွှမ်း

သရုပ်ဆောင် စည်ဖြိုးရဲ့ အမျိုးသမီးဖြစ်သူ ခင်လွှမ်းက ကမ်းခြေကိုရောက်ခဲ့တုန်းကပုံတွေကို တင်လာခဲ့တာပါ။ သမီးလေးတစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့သူမကတော့ သူမလိုပဲ ကလေးမေမေတွေကို လှလှလေးနေကြဖို့ကို တိုက်တွန်းအကြံပြုလိုက်ပါသေးတယ်။ ကမ်းခြေကနေပြန်လာခဲ့ပြီဖြစ်ပေမယ့် အခုမှပုံတင်ဖြစ်တဲ့အကြောင်း သူမက ပြောပြလာတာပါ။

#celecele

image

ဂါနာချိုက အများကြီးပိုကောင်းလာနိုင်တယ်လို့ အာမိုရင်ပြော

ဇန်နဝါရီ ၂၄

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့ရဲ့ အပြောင်းအရွှေ့ ပစ်မှတ်ဖြစ်နေတဲ့ ဂါနာချိုဟာ အများကြီး ပိုကောင်းလာနိုင်တယ်လို့ ရိန်းဂျားစ်အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။

အာမိုရင်က “ကျနော်ဟာ ပွဲတွေကို အာရုံစိုက်နေပြီး ဂါနာချိုက ဒီမှာရှိနေသလို သူဟာ ယူနိုက်တက်အသင်း ကစားသမားတစ်ဦးပါ။ သူဟာ ဒီပွဲမှာ ကျနော်တို့အတွက် အလွန်အရေးပါခဲ့ပါတယ်။ သူဟာ ပွဲရဲ့နေရာတိုင်းမှာ တိုးတက်လာခဲ့ပြီး ကူညီပေးခဲ့တာတွေကို မြင်တွေ့နိုင်ပါတယ်။ သူဟာ စိတ်ပျက်မှု အချို့ကိုလည်း ပြသခဲ့ပြီး ဒါက သူဟာ ပိုပြီးလိုချင်မှုရှိတဲ့အတွက် ကောင်းပါတယ်။ သူဟာ ပိုပြီးကောင်းလာနိုင်တဲ့ အလားအလာရှိတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်ပြောချင်တာတွေကို သူသိပါတယ်”လို့ ပြောခဲ့တာပါ။

ဂါနာချိုဟာ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေပေမယ့် နည်းပြအာမိုရင်ဟာ ယူနိုက်တက်အသင်းက ရိန်းဂျားစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဂါနာချိုကို ပွဲချိန် အပြည့်အသုံးပြုသွားခဲ့တာ ဖြစ်ပါတယ်။

ဂါနာချိုဟာ ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခဲ့တဲ့ ကစားသမားတွေ ထဲက တစ်ဦးဖြစ်ခဲ့သလို ဂိုးသွင်းနိုင်ဖို့လည်း နီးစပ်ခဲ့တာပါ။

ယူနိုက်တက်အသင်း ပရိသတ်တွေဟာ ပွဲချိန်အတွင်းမှာ ဂါနာချိုရဲ့နာမည်ကို သီဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဂါနာချိုကို ခေါ်ယူဖို့ နာပိုလီအသင်းဟာ ပေါင် ၄၅ သန်းကနေ ပေါင်သန်း ၅၀ အထိ ကမ်းလှမ်းမှု ပြုလုပ်ထားသလို ချယ်လ်ဆီးအသင်းကလည်း တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ပြီး ယူနိုက်တက်အသင်းကို ချဉ်းကပ်နေပြီ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း အခြေအနေကြောင့် ဂါနာချိုကို သူတို့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးရရင် လက်လွှတ်ဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ကတော့ အပြောင်းအရွှေ့ မပိတ်မချင်း ဘာမဆို ဖြစ်သွားနိုင်တာကြောင့် ဂါနာချိုအသင်းအတွက် နောက်ဆုံးပွဲ ကစားခဲ့လားဆိုတာ မသိဘူးလို့လည်း မီဒီယာသမားတွေရဲ့မေးမြန်းမှုကို ဖြေခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ရိန်းဂျားစ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၄ နေရာ ရပ်တည်နေပြီး နောက်ဆုံးပွဲမှာ ရလဒ်ကောင်းရယူနိုင်ရင် ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်မှာပါ။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

ပုံ - ဂါနာချိုကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image