46 w - Translate

ဂျပန်ရောက် မြန်မာနိုင်ငံသားများ The Kubota Fund ပညာသင်ဆု လျှောက်ထားနိုင်

The Kubota Fund မှ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ပေးအပ်မည့် ပညာသင်ဆုအား ဂျပန်ရောက် မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ ပညာသင်ဆုနှင့်ပတ်သက်၍ Managing Committ ee of the Kubota Fund က မြန်မာသံရုံးသို့ အသိပေး အကြောင်းကြားလာခြင်းဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ သုတေသန လုပ်ငန်းများနှင့် တက္ကသိုလ်များတွင် အသီးသီး အလုပ်လုပ် ကိုင်/ ပညာသင်ကြားနေကြသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အင်ဂျင်နီယာပိုင်းဆိုင်ရာ သုတေသီများ၊ အလုပ်သင် သင်တန်းသားများနှင့် ကျောင်းသားများအား The Kubota Fund ပ ညာသင်ဆု ပေးအပ်ရန် ရည်ရွယ်ကြောင်းနှင့် ၂၀၂၅ - ၂၀၂ ၆ ခုနှစ်၊ ပညာသင်နှစ်အတွက် ထောက်ပံ့ကြေး လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။

လျှောက်ထားသူသည် သတ်မှတ်ထားသည့် အရည်အချင်းများ ပြည့်မှီရမည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံမှ နိုင်ငံသား ( သို့မဟုတ် ) ဖွံ့ဖြိုးဆဲနိုင်ငံတွင် မွေးဖွားကြီးပြင်းသူ၊ ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းတစ်ခုခုမှ ငှားရမ်းထားသူ ( သို့မဟုတ် ) သုတေသန/ ပညာရေး/ သင်တန်းနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းတစ်ခုခုတွင် တရားဝင် စာရင်းသွင်းထားသူ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ ( အထူးသဖြင့် မြို့ပြအင်ဂျင်နီယာ၊ လျှပ် စစ်အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ လယ်ယာစိုက်ပျိုးရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာ၊ စွမ်းအင်ဆိုင်ရာ အင်ဂျင်နီယာ၊ ဗိသုကာပညာ၊ ဖွံ့ဖြိုးတိုးတက်မှုစီးပွားရေး စသည့် ) နှင့် ပတ်သက်၍ တက္ကသိုလ်တစ်ခုခုတွင် တက်ရောက်နေသူ/ သုတေသနလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူ (သို့မဟုတ်)သုတေသနလုပ်ငန်း လုပ်ကိုင်ဆောက်ရွက်မည့်သူ၊ ထောက်ပံ့ကြေး လက်ခံနေစဉ်အတွင်း ပြည်ပနိုင်ငံသို့ သွားရောက်၍ သုတေသန ပြုလုပ်ရန်၊ အပြည်ပြည်ဆိုင်ရာညီလာခံတက်ရောက်ရန်နှင့် မိခင်နိုင်ငံသို့ ခေတ္တသွားရောက်ရန် ကိစ္စရပ်များမှအပ ဂျပန်နိုင်ငံတွင် နေထိုင်ရမည်ဖြစ်ပြီးအလုပ်လုပ်ကိုင်နေသည့် အဖွဲ့အစည်း ( သို့မဟုတ် ) သက်ဆိုင်ရာကျောင်းမှ ကြီးကြပ်သူ၏ ထောက်ခံစာ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ The Kubota Fund ချီးမြှင့်ရန်အတွက် (၁၂)ဦး ရွေးချယ်သွားမည်ဖြစ်ပြီး ထောက်ပံ့ကြေးအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ တစ်လလျှင် ယန်း (၈၀,၀ ၀၀) မှ ယန်း (၁၀၀,၀၀၀) အထိ ပေးအပ်သွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၇) ရက် နောက်ဆုံးထားလျှောက် ထားရမည်ဖြစ်ကြောင်း သိရသည်။

imageimage

စပါးနဲ့ပွဲမှာ ဆာလက် ပရီးမီးယားလိဂ်စံချိန်သစ်တင်

ဒီဇင်ဘာ ၂၃

လီဗာပူးလ်အသင်းက စပါးအသင်းကို ၆ ဂိုး-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ခဲ့တဲ့ တိုက်စစ်မှူး ဆာလက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စံချိန်သစ် တင်နိုင် ခဲ့ပါတယ်။

ဆာလက်ဟာ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုကြောင့် ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ပွဲကစားအပြီးမှာ ၁၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ထားတာပါ။

အဲဒါကြောင့် ဆာလက်ဟာ ပရီးမီးယားလိဂ်ရာသီရဲ့ ခရစ္စမတ်မတိုင်ခင် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ဂိုးအထက်ပြုလုပ်ထားတဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆာလက်ဟာ ပရီးယားလိဂ်ဂိုးသွင်းအများဆုံးစာရင်းမှာလည်း မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းကို ၂ ဂိုး အသာနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဆာလက်က “ပွဲမတိုင်ခင်မှာ ဒါကို ကျနော်မတွေးခဲ့ပါဘူး။ ဒါပေမယ့် ဒီမှတ်တမ်းက ကျနော့်ကို ပျော်ရွှင်စေပြီး ဂုဏ်ယူစေတဲ့အရာတစ်ခုပါ။ ကျနော်အလုပ်ကို ဆက်ပြီးကြိုးစားနေပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆာလက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင်ကုန်ဆုံးမှာဖြစ်တဲ့အတွက် စာချုပ်နဲ့ ပတ်သက်တဲ့ နောက်ဆုံး အခြေအနေအပေါ် ဆာလက်ဟာ နိုးလို့သာ ဖြေသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ဒီထက်ပိုပြီးဂိုးတွေသွင်းယူနိုင်ခဲ့သင့်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ စပါးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲကစားအပြီးမှာ ရမှတ် ၃၉ မှတ်နဲ့ ထိပ်ဆုံးနေရာရပ်တည်နေပြီး အဆင့် ၂ နေရာက ချယ်လ်ဆီးအသင်းထက် ၁ ပွဲလျော့ ကစားထားကာ ရမှတ် ၄ မှတ်အသာ ရထားပါတယ်။

လီဗာပူးလ်အသင်းဟာ ကြားရက်ထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာအသင်းကို အိမ်ကွင်းယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။

Source:ESPN

#သတင်းဟင်းလေးအိုးကြီး

image

အမေရိကန်စစ်သင်္ဘောက အမေရိကန်တိုက်လေယာဉ်ကို မှားယွင်းပစ်ချ

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၃

ပင်လယ်နီတွင် ဒီဇင်ဘာ ၂၂ ရက်က အမေရိကန် စ-စ်သင်္ဘောတစ်စင်းက အမေရိကန်တို-က်လေယာဉ် တစ်စင်းကို မှားယွင်းပစ်ချခဲ့သဖြင့် တို-က်လေယာဉ်အတွင်းမှ လေယာဉ်မှူး ၂ ဦးသည် အရေးပေါ်ထိုင်ခုံဖြင့် ခုန်ထွက်ခဲ့ရ ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ဖြစ်စဉ်မှာ အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘောဖြစ်သည့် USS Harry S. Truman သင်္ဘောပေါ်မှ ပျံသန်း ထွက်ခွာလာသည့် F/A-18 တို-က်လေယာဉ်ကို အခြားအမေရိကန် စ-စ်သင်္ဘောဖြစ်သည့် USS Gettysburg က မှားယွင်း ပစ်ချခဲ့မိခြင်းဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။

USS Harry S. Truman လေယာဉ်တင်သင်္ဘောသည် အရှေ့အလယ်ပိုင်းဒေသသို့ ဝင်ရောက်လာသည့် အကြောင်းကို အမေရိကန်ဗဟိုစစ်ဌာနချုပ်က ဒီဇင်ဘာ ၁၅ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

F/A-18 တို-က်လေယာဉ်ကို ပစ်ချခဲ့သည့် USS Gettysburg စစ်သင်္ဘောသည် USS Harry S. Truman လေယာဉ်တင်သင်္ဘောက ဦးဆောင်သော တို-က်ခိုက်ရေး စစ်သင်္ဘောအုပ်စုမှ ပဲ့ထိန်းစနစ် တပ်ဆင်ထားသည့် ကရူဇာစ-စ်သင်္ဘောဖြစ်သည်။

ပ-စ်ချခံခဲ့ရသည့် တိုက်လေယာဉ်သည် ဗာဂျီးနီးယားပြည်နယ် Naval Air Station Oceana လေတပ်စခန်းမှ တိုက်လေယာဉ် အုပ်စု-၁၁ ၏ Red Rippers လေယာဉ်အုပ်စုအတွက် တာဝန်ပေးထားသည့် F/A-18 Super Hornet တိုက်လေယာဉ်ဖြစ်ကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

F/A-18 တို-က်လေယာဉ်၏ လေယာဉ်မှူး ၂ ဦးသည် ပ-စ်ချခံရချိန်တွင် အရေးပေါ် ထိုင်ခုံဖြင့် ခုန်ထွက်ပြီး အသက်ရှင် လွတ်မြောက်ခဲ့သော်လည်း လေယာဉ်မှူးတစ်ဦးသည် ဒ-ဏ်ရာအနည်းငယ် ရရှိသွားခဲ့သည်ဟုဆိုသည်။

USS Gettysburg စ-စ်သင်္ဘောသည် F/A-18 တိုက်လေယာဉ်ကို ရန်သူ့လေယာဉ် သို့မဟုတ် ဒုံးကျည်တစ်စင်းနှင့် မှားယွင်းပြီး ပ-စ်ချခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။

ယခင်ကမူ အမေရိကန်စ-စ်သင်္ဘောများနှင့် တိုက်လေယာဉ်များသည် ယီမင်နိုင်ငံရှိ ဟူရ်သီသူပုန်များ ပ-စ်လွှတ် သည့် ဒရုန်းများနှင့် ဒုံးကျည်များကို ကြားဖြ-တ်ပ-စ်ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယခုဖြစ်စဉ်သည် ဟူရ်သီတို့၏ တိုက်ခိုက်မှု အောက်တွင်ရှိနေသည့် ပင်လယ်နီ၏ ရေလမ်းကြောင်းများသည် မည်မျှအန္တရာယ်များသည်ဆိုခြင်းကို ပြသရာရောက်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: အပေီ

ပုံ - အမေရိကန် လေယာဉ်တင်သင်္ဘောကို တွေ့ရစဉ်

#centralnewsnaypyitaw

image

AA လို အစိုးရမဟုတ်တဲ့အဖွဲ့နဲ့ နယ်စပ်ပြဿနာ မဆွေးနွေးဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရပြော

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၃

လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်က အကျပ်အတည်းတွေနဲ့ နယ်စပ်ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာအစိုး ရကို တိုက်တွန်းလိုက်ပြီး ရခိုင်တပ်တော် ခေါ် AA လို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ် ကြာသပတေးနေ့ (ဒီဇင်ဘာ ၁၉ ရက်နေ့) က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အလွတ်သ ဘောဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအရာရှိ တူးဟစ်ဟူစိန်က မြန်မာ့ကိုယ်စားလှယ်ကို ပြောဆိုခဲ့တာဖြစ်တယ်လို့ BSS သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ ဘင်္ဂလီဒုက္ခသည်တွေအရေး မဖြေရှင်းရင် ပြေလည်မှာ မဟုတ်ဘူူးဆိုတာ ကိုလည်း တူးဟစ်ဟူစိန်က အလေးထားပြောခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ လာအိုနဲ့ တခြားနိုင်ငံ တွေက ထိပ်တန်း ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ်။

“ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ဟာ မြန်မာအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘဲ AA လို အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေကြောင်း ကျွန်တော် မြန်မာကိုယ်စားလှယ်ကို ပြောခဲ့ပါတယ်။ နိုင်ငံတစ် နိုင်ငံအနေနဲ့ အဲဒီလို အစိုးရမဟုတ်တဲ့သူတွေနဲ့ ဆက်ဆံဖို့ မဖြစ်နိုင်ပါဘူူူး။ မြန်မာအစိုးရအနေနဲ့ ဒီပြဿနာကို ကိုင်တွယ် ဖြေရှင်းဖို့ နည်းလမ်းရှာရပါမယ်။” လို့ တူးဟစ်ဟူစိန်က သတင်းထောက်တွေကို ပြောပါတယ်။

နယ်စပ်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်နေကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့က ပြော တယ်လို့ ၎င်းက ပြောပါတယ်။

နယ်စပ်အရေး၊ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှု၊ လက်နက်ကုန်ကူးမှု၊ လူကုန်ကူးမှုနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ် တို့နဲ့ ပတ်သက်ပြီး အဆိုပါဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောပါတယ်။

မြန်မာ့ပြည်တွင်းရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုကို ဆွေးနွေးပွဲ တက်ရောက်လာသူ အားလုံးက ထောက်ခံကြောင်း ၎င်းက ပြောပါတယ်။

“လူတိုင်းက မြန်မာ့အရေးဖြေရှင်းမှုကို ထောက်ခံပါတယ်။ တကယ်လို့ မြန်မာနိုင်ငံအနေနဲ့ ဖက်ဒရယ်နိုင်ငံ တစ်ခုတည် ထောင်မယ်ဆိုရင် ကျွန်တော်တို့ ဘာမှ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အဖြေတစ်ခုခုတော့ လိုချင်ပါတယ်။” လို့ တာဟစ်က ပြောပါတယ်။

Ref: Conflict in Rakhine: Dhaka cannot engage with non-state actors

#centralnewsnaypyitaw

image

ဝမ်းတွင်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူး မိသားစုသုံးယောက် အသတ်ခံရ

ဒီဇင်ဘာ ၂၃

မန္တလေးတိုင်း ၊ဝမ်းတွင်းမြို့နယ်မှာ တမာကန်ရွာ ရဲဗလဆုတံဆိပ်ရထားတဲ့ အုပ်ချုပ်ရေးမှူးအပါ အဝင် မိသားစုသုံးယောက် အသတ်ခံခဲ့ရမှု ဒီဇင်ဘာလ ၂၂ ရက်နေ့ ၊ ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။

အုပ်ချုပ်ရေးမှူးနဲ့မိသားစုဝင်တွေကို လက်နက်ကိုင်ထားသူတစုက နေအိမ်ထဲထိဝင်ရောက်ကာ သေနတ်နဲ့ပစ်သတ်သွားတာဖြစ်တယ်လို ဒေသခံတွေက ပြောပါတယ်။

" ည၉ နာရီလောက်ဖြစ်သွားတာ။ သေနတ်ကိုအချက်နှစ်ဆယ်လောက်ရှိတယ်ပစ်တာကြားရတယ် ။ သေတာကအခုတမာကန် အုပ်ချုပ်ရေးမှူးနဲ့သူ့မိန်းမပါတယ်။ သားဖြစ်သူလည်းပါတယ်။ အကုန်ပွဲချင်းပြီးပဲ။ ရဲတွေကမနက်မိုးလင်းမှလာစစ်ကြတာ။ပစ်တဲ့အဖွဲ့ကဆယ်ယောက်လောက် ရှိတယ်။" လို့ ဒေသခံကပြောပါတယ်။

ပစ်ခတ်ခံခဲ့ရတဲ့တမာကန်ရွာအုပ်ချုပ်ရေးမှူးကတော့ ဦးမောင်လွင်ဆိုသူဖြစ်ပြီး နောက်ထပ်အသတ်ခံရသူတွေက ဇနီးဖြစ်သး ဒေါ်မြင့်နိုင်နဲ့ သားဖြစ်သူဖိုးလပြည့်ဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ အုပ်ချုပ်ရေးမှူး မိသားစုပစ်ခတ်မှုကို“Wundwin Township Revolution Force” WTRFအဖွဲ့ကလုပ်ခဲ့တာလို့ သတင်းတွေကဆိုပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မနက်အစောပိုင်းကလည်း ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းရွာမှာ လုံခြုံရေးယူ တပ်စွဲထားတဲ့ လုံခြုံရေး နစကတပ်ဖွဲ့တွေနဲ့ ဒေသတွင်းလက်နက်ကို်ငတွေ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

အမြန်လမ်းမှာ လက်နက်ကိုင်အဖွဲ့က ယာဉ်ငယ်တစီးကို ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွား

ဒီဇင်ဘာ ၂၃

ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၃၁၈ မိုင် ၆ ဖာလုံအနီးမှာ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ တဖွဲ့က ယာဉ်ငယ်တစီးကို ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

လက်နက်ကိုင်အဖွဲ့ဟာ အမြန်လမ်းပေါ်မှာ ယာဉ်တွေကို တားဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး အဲဒီနောက် ယာဉ်ငယ်တစီးကို ဇီးတောဆည်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

“သတင်းကတော့ မှန်တယ်။ ဒါပေမယ့် ဘယ်အဖွဲ့အစည်းက ဘယ်သူတွေလုပ်သွားတယ် ဆိုတာတော့ ကျွန်တော်တို့လည်း မသိသေးဘူး။ ဒီကိစ္စက ရဲတပ်ဖွဲ့နဲ့ပဲဆိုင်တာဆိုတော့ ရဲကလည်း လုံခြုံရေး အခြေအနေအရ မပြောဘူးလေ။ ဒါပေမယ့် ဒီဖြစ်စဉ်ကတော့ တကယ်ဖြစ်ခဲ့တယ် ဆိုတာကိုတော့ အတည်ပြုလို့ရတယ်။ အဖမ်းခံရတဲ့ကားပေါ်မှာ လူပါတယ်၊ မပါဘူးဆိုတာတော့ အသေအချာ မသိရသေးဘူး” လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ Natogyi People Defence Force အဖွဲ့က ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၃၁၈ အနီးမှာ ယာဉ်တွေကို စစ်ဆေးခြင်းအပါအဝင် ပြည်သူတွေနဲ့ တွေ့ဆုံ စကားပြောခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်မှာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ညအချိန် ခရီးမထွက်ကြဖို့နဲ့ တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ကားကို ရှေ့ဆက်တိုး မောင်းနှင်ခြင်းမပြုလုပ်ဘဲ နီးစပ်ရာ လုံခြုံတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ အသိပေး ပြောဆိုခဲ့တာဖြစ်တယ်လို့ ဆိုထားပြီး ယာဉ်ငယ်တစီး ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ကိုတော့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားခြင်း မရှိပါဘူး။

“အဲဒီနားက ဒီလထဲကို နှစ်ခါရှိနေပြီ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း တိုက်ပွဲဖြစ်တယ်။ အဲဒီဘက်ကလည်း သိတဲ့အတိုင်း နွားထိုးကြီးနယ်ဆိုတော့ မအေးချမ်းတဲ့နယ်ဖြစ်နေတာကိုး” လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း မိတ္ထီလာမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အစပ် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ ၊ ၆ ဖာလုံနဲ့ ၇ ဖာလုံကြားရှိ တဇောက်ချောင်းတံတား လုံခြုံရေးစခန်းကို ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ လာရောက် တိုက်ခိုက်ခဲ့တာကြောင့် အချိန် တနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နစက သတင်းရင်းမြစ်တွေရဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ တိုက်ပွဲနဲ့ ပတ်သက်လို့ ရေးသား ဖော်ပြချက်မှာတော့ အမြန်လမ်းလုံခြုံရေးစခန်းကို PDF အဖွဲ့ဝင် အင်အား ၇၀ ခန့်မှ ဒရုန်းနဲ့ ဒရော့ဗုံးတွေ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါအပြင် အဲဒီ တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှု မရှိခဲ့သလို လက်နက်၊ အဆောက်အအုံတွေလည်း ထိခိုက်ဆုံးရှုံးမှု မရှိခဲ့ဘူးလို့ နစက သတင်းရင်းမြစ်တွေက ရေးသားဖော်ပြထားပါတယ်။

Photo: HNO

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

ရှီ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ထိပ်သီးအရာရှိများ စစ်ဆေးခံရ

ဘေကျင်း၊ ဒီဇင်ဘာ ၂၃

၂၀၂၄ ခုနှစ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ အဂတိလိုက်စားမှု တို-က်ဖျ-က်ရေး လှုပ်ရှားမှုတွင် ဒုတိယဝန်ကြီးအဆင့်နှင့် ဒုတိယဝန်ကြီးအဆင့်အထက် ထိပ်သီးကေဒါ ၅၆ ဦးသည် စုံစမ်းစစ်ဆေး ခံခဲ့ရကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ထို့ကြောင့် ယခုနှစ်အတွင်း အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရသည့် တရုတ်ထိပ်သီး အရာရှိ အရေအတွက် သည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

၂၀၂၃ ခုနှစ်က တရုတ်ထိပ်သီးအရာရှိ ၄၅ ဦးသည် တရုတ်၏ အဂတိလိုက်စားမှု တို-က်ဖျ-က်ရေး အေဂျင်စီဖြစ်သည့် စည်းကမ်းပိုင်းစစ်ဆေးရေး ဗဟိုကော်မတီ (CCDI) ၏ စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရသည်။

အဂတိလိုက်စားမှု စွဲချက်များတွင် အာဏာရပါတီ အတွင်းစည်းမှ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနများ ပါဝင်နေပြီး လေကြောင်းနှင့် ကာကွယ်ရေးကဏ္ဍများ၌ အဂတိလိုက်စားမှုများ ပိုမိုမြင့်တက်လာကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

သို့သော် ၂၀၂၄ ခုနှစ်တွင် တရုတ်၏ ဘဏ္ဍာရေးကဏ္ဍ၌ အဂတိလိုက်စားမှုများသည် ၂၀၂၃ ခုနှစ်ကထက် လျော့နည်းသွားပြီး ပြီးခဲ့သည့်နှစ်က ဘဏ္ဍာရေးကဏ္ဍကို အာရုံစိုက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ထိုသို့ လျော့ကျခဲ့ခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုပါတီ သင်တန်းကျောင်းက ထုတ်ဝေသည့် Study Times ၏ လက်ထောက် အယ်ဒီတာဟောင်း တန်းယူဝမ် (Deng Yuwen) ကမူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်တွင် နောက်ထပ်အရာရှိများ ပိုမိုစစ်ဆေးခံနေရကြောင်း ပြောကြားခဲ့သည်။

"အဂတိလိုက်စားမှု တို-က်ဖျ-က်ရေး ပိုက်ကွန်က ပိုပြီးကြီးလာလေလေ ရှောင်တိမ်းရမယ့် နေရာတွေက ပိုပြီး သေးလာလေလေပါပဲ။ နောက်ထပ် အရာရှိတွေ အများကြီး အဲဒီပိုက်ကွန်ထဲ မိပါလိမ့်မယ်" ဟု တန်းက ပြောကြားခဲ့သည်။

ရှီ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုကို ၂၀၁၂ ခုနှစ် ကုန်ပိုင်းကတည်းက စတင်ခဲ့ပြီး ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အဂတိလိုက်စားမှု တို-က်ဖျ-က်ရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။

မကြာသေးမီ လများအတွင်းကလည်း တရုတ်ကာကွယ်ရေးဝန်ကြီး ၂ ဦးသည် အဂတိလိုက်စားမှု စွဲချက်များ ကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

Source: South China Morning Post

ပုံ - ရှီကျင့်ဖျင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ယူနိုက်တက်ဟာ ခက်ခဲနေဆဲလို့ အာမိုရင်ပြော

ဒီဇင်ဘာ ၂၃

ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက် နည်းပြအာမိုရင်က အသင်းဟာ ခက်ခဲတဲ့ အခိုက်အတန့်မှာ ရှိနေတယ်လို့ ပြောခဲ့ပါ တယ်။

အာမိုရင်က “ခက်ခဲတဲ့ အခိုက်အတန့် ဖြစ်ပေမယ့် ကျနော်တို့ဟာ ရင်ဆိုင်ပြီး လာမယ့်ပွဲအတွက် ပြင်ဆင်ရမှာပါ။ ကျနော်တို့ဟာ တိုးတက်ချင်ပေမယ့် ဒီအခိုက်အတန့်မှာ အရာအားလုံးက ပိုခက်ခဲနေပါတယ်။ ယူနိုက်တက်လို အသင်းက အိမ်ကွင်းမှာ ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာက လူတိုင်းအတွက် အလွန်ခက်ခဲပါတယ်။ ပရိသတ်တွေက လည်း အလွန်စိတ်ပျက်ပြီး ပင်ပန်းနေကြပါတယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ကြားရက်က စပါးအသင်းကို ကာရာဘောင်းဖလားပွဲစဉ်မှာ အရေးနိမ့်ပြီးနောက် ၂ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရသလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း အိမ်ကွင်း ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ တည်ကန်ဘောတွေကို ကာကွယ်တာမှာ ဆိုးရွားနေပြီး ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ လည်း ဂိုးထပ်ခွင့်ပြုခဲ့ရတာပါ။

ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာ တည်ကန်ဘောတွေကနေ သွင်းဂိုး ၇ ဂိုး ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။

ဒါအပြင် ယူနိုက်တက်အသင်းဟာ ၂၀၂၄ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တည်ကန်ဘောတွေကနေ ၁၇ ဂိုး ပေးခဲ့ရပြီး ဒါဟာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အများဆုံး ဂိုးခွင့်ပြုခဲ့ရတာပါ။

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က သူတို့ဟာ တည်ကန်ဘောတွေကို ပိုတိုးတက်အောင် လုပ်ဆောင်နေ ပေမယ့် ဒါကြောင့် ရှုံးနိမ့်ခဲ့တာမဟုတ်ဘဲ ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ရှုံးနိမ့်ခဲ့တာလို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘုန်းမောက်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ၁၉၈၉ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ခရစ္စမတ်နေ့ကို အမှတ်ပေးဇယားအဆင့် ၁၀ နေရာအောက်မှာ ဖြတ်သန်းရတော့မှာပါ။

ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲ ကစားအပြီးမှာ ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက် အသင်းဟာ ကြားရက်ထဲမှာ လိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN

ပုံ - ယူနိုက်တက်အသင်းကိုတွေ့ရစဉ်

#centralnewsnaypyitaw

image

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ပြီး လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆို မဖြေရှင်းနိုင်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

ဒီဇင်ဘာ ၂၃

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆိုဖြေရှင်းနိုင်မည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြုလုပ်သည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားတွင် ပြောကြားသည်။

နိုင်ငံရေးပြဿနာ တစ်နည်းအားဖြင့် နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ရနိုင်မည်မဟုတ်ကြောင်း၊ ထိုကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့် လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့ အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း၌ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေအများဆုံးရှိပြီး ခရစ်ယာန်ဘာသာ ကိုးကွယ်သူဦးရေသည် ဒုတိယအများဆုံးဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတည်ငြိမ်အေးချမ်းရန်၊ ကြွယ်ဝချမ်းသာရန် ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းများနှင့် ဘာသာဝင်များက အရေးကြီးသည့်နေရာတွင်ရှိနေကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် ကျရာကဏ္ဍအသီးသီးမှ ပါဝင်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းပြောကြားလိုကြောင်း၊ ယခု ခရစ္စမတ်အချိန်အခါကစပြီး ဘုရားရှင်၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ မြန်မာနိုင်ငံသာမကဘဲ ကမ္ဘာတစ်ဝန်း ရှိ ပြည်သူပြည်သားအားလုံး တစ်ဦးအပေါ်တစ်ဦး နားလည်မှု၊ သည်းခံပေးမှုစိတ်ထားများဖြင့် တည်ငြိမ်အေးချမ်းသာယာလှပသည့် လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်သွားကြရန် နှိုးဆော်လျက် ခရစ္စမတ်ဆုမွန်ကောင်းတောင်းပါကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

Credit - Myanamr Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image

ရွှေအလေးချိန် ပြောင်းလဲခြင်းကြောင့် ဈေးကွက်အပေါ် သက်ရောက်လာနိုင်

ဒီဇင်ဘာ ၂၃

ရွှေရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက ရွှေသိပ်သည်းဆ အလေးချိန်ကို ယခင်က ၁၉ ဒသမ ၂၅ ဂရမ်အစား ၁၆ ဒသမ ၃၂၉,၃၂၅ ဂရမ်ကို ပြောင်းလဲ အသုံးပြုရန်အတွက် သတ်မှတ်ခြင်းကြောင့် ရွှေဈေးကွက် အပြောင်းအလဲ ဖြစ်သွားနိုင်သည်ဟု ရွှေဈေးကွက်လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ပြည်တွင်းရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုအပ်သည့် နိုင်ငံခြားငွေများကို ထုတ်ရောင်းပေးသည့်နည်းဖြင့် ထိန်းနေသော်လည်း လက်ရှိ ပြောင်းလဲလိုက်သည့် ရွှေအလေးချိန်ကြောင့် ပြည်ပမှ ရွှေချိန်သည့်စက်များကို တင်သွင်းကြရမည်ဖြစ်၍ နိုင်ငံခြားငွေလိုအပ်ချက် ဖြစ်ပေါ်လာမည် ဖြစ်သည်။

ထို့ကြောင့် ရွှေဈေးနှုန်းအပေါ် သက်ရောက်မှု ဖြစ်သွားမည်ဟု ရွှေဈေးကွက်လေ့လာသုံးသပ်သူ ကိုနေခန့်က ပြောသည်။

၎င်းက “အဲဒီချိန်ခွင်က ကျနော်တို့ မြန်မာပြည်မှာ မရှိဘူးလေ။ နိုင်ငံခြားကနေ သွင်းရမှာ။ သွင်းရမှာဆိုတော့ ဒေါ်လာ အလုပ်ဖြစ်လာမယ်နဲ့တူတယ်။ ဒေါ်လာ အထွက်များသွားလိမ့်မယ် နိုင်ငံခြားကို။ အသစ်သွင်းမယ်ဆိုရင် သေချာပေါက် ဒီဟာက
အကုန်လုံး နိုင်ငံခြားကနေ ပြန်ဝယ်ရမှာ ဒီချိန်ခွင်တွေက။ ဒေါ်လာနဲ့ ဝယ်ရမှာဖြစ်တဲ့ အတွက် နိုင်ငံခြားကို ဒေါ်လာအထွက်များသွားမှာလေ။ အထွက်များ လာမယ်ဆိုရင်တော့ သေချာပေါက် ဈေး အလှုပ်အခတ်က ပါလာတော့မှာ။ ဈေးကွက်ကို လှုံ့ဆော်မှု ဖြစ်သွားမယ်။ ဒါပေမယ့်လည်း အဲဒီလှုံ့ဆော်နေတာကို စောင့်နေတဲ့သူကလည်း တသီတတန်းကြီးရှိတယ်။ ဒီအခါမှာလည်း ထူးခြားမှု ရှိလာနိုင်တယ်။ ဈေးအလှုပ်အခတ် ဖြစ်လာအောင် လှုံ့ဆော်လိုက်တဲ့ လှုံ့ဆော်မှု ဖြစ်သွားမှာပေါ့။ ငြိမ်နေတဲ့ရေထဲကို ကျောက်ခဲပစ်ချလိုက်သလို လှိုင်း တွေက တဆင့်ပြီးတဆင့် ထလာမှာ” ဟု ပြောသည်။

ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် ရွှေအလေးချိန်ကို ပြောင်းလဲခြင်းဖြစ်နိုင်ကြောင်း၊ ပြောင်းလဲလိုက်သည့် အလေးချိန်ကို လာမည့် ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် စတင်ဆောင်ရွက်သွားမည်ဟု သိရသည်။

တစ်ကျပ်သားလျှင် ၂ ရွေးခန့် လျော့ကျသွားမည်ဖြစ်ပြီး လက်ရှိ ဝယ်ယူမည့် သူများအတွက် အဆင်ပြေသော်လည်း ယခင် ဝယ်ယူပြီးသူများ ပြန်လည်ရောင်းချရာတွင် အဆင်မပြေမှုများ ဖြစ်လာနိုင်သည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၎င်းက “အခုမှ အသစ်ထပ်ဝယ်မယ်ဆိုရင် အဲဒီအလေးချိန်နဲ့ အခုမှ သူတို့ပြောတဲ့ဟာနဲ့ အသစ်ထပ်ဝယ်မယ် ဆိုရင် တော့ ပြဿနာမရှိဘူး။ ဒါပေမယ့် အရင်ဝယ်ထားပြီးသား သူတွေအနေနဲ့ ပြန်ရောင်းမယ်ဆိုရင်တော့ စကားတော့ ပြောရလိမ့်မယ်။ ပြောင်းသွားတဲ့ စံချိန်စံညွှန်း အတိုင်းပဲ လိုက်တွက်တော့မှာလေ။ ရွှေဈေးကတော့ တစ်ကျပ်သား ကို ၂ ရွေးလောက် သက်သာသွားလိမ့်မယ်။ အဲဒီအခါကျတော့ သက်သာသွားတာကို ဝယ်မယ့်သူတွေအတွက် ပြဿနာမရှိဘူး။ အရင်လူတွေ ရောင်းမယ့်သူတွေအတွက်တော့ ဆိုင်နဲ့တော့ နည်းနည်းစကားပြောရမယ်။ နားမလည်တဲ့သူတွေက နည်းနည်းများနေတဲ့ အခါကျတော့” ဟု ပြောသည်။

ရွှေအလေးချိန် ပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် လက်ရှိ နိုင်ငံတစ်ဝှမ်း အသုံးပြုနေသည့် ဒီဂျစ်တယ် ချိန်ခွင် များအားလုံး အသစ်ပြန်လည် အသုံးပြုရမည်ဖြစ်ပြီး ပြည်ပမှ ဝယ်ယူတင်သွင်းရမည် ဖြစ်၍ တစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် ချိန်ခွင်အလုံးရေး သိန်းနှင့်ချီ၍ တင်သွင်းရမည် ဖြစ်သည်။

ထို့ကြောင့် အမေရိကန်ဒေါ်လာ အမြောက်အများ လိုအပ်လာမည်ဖြစ်၍ ဒေါ်လာလိုအပ်ချက် ဖြစ်ပေါ်ကာ ငွေဈေး လည်း တက်လာနိုင်ကြောင်း တတ်သိနားလည်သူများက ထောက်ပြနေကြသည်။

ပုံ - ရွှေဆိုင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image