ကိုယ်ပိုင်သံစဥ်တွေ အဓိကသီဆိုခဲ့တဲ့ အဆိုတော်မာရဇ္ဇ ကွယ်လွန်

ဇန်နဝါရီ ၂၄

ကိုယ်ပိုင်သံစဥ်တေးသီချင်းတွေကိုသာ အများဆုံးသီဆိုခဲ့တဲ့နိုင်ငံကျော် အဆိုတော် မာရဇ္ဇ ဇန်နဝါရီ၂၃ ရက်နေ့ညပိုင်းက ရန်ကုန် ဗဟိုရ်စည်ဆေးရုံမှာ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော်မာရဇ္ဇရဲ့စျာပနအခမ်းအနားကို မနက်ဖန်မှာပြုလုပ်ဖို့စီစဥ်ထားတယ်လို့သိရပါတယ်။

" ညက ၁၁ နာရီ ၅မိနစ်လောက်မှာဆုံးတယ်လို့သိရတယ်။ ကျောက်ကပ်ကုနေတာ ။အိပ်ယာထဲလဲနေတဲ့အခြေအနေမျိုးတော့လည်းမဟုတ်ဘူး။ကိုမာကြီးကွယ်လွန်သွားတာတော့ ဂီတလောကအတွက်တကယ်ဆုံးရှုံးမှုပါ။အချိန်မတန်သေးဘူးဗျာ။သူက သီချင်းကိုသိပ်ရူးသွပ်တာ။အဆိုတော်အသစ်တွေကိုလည်း ကိုယ်ပိုင်သံစဥ်တွေအဓိကလုပ်ကြဖို့အမြဲပြောတယ်။ " လို့ မိသားစုနဲ့ရင်းနှီးသူက ပြောပါတယ်။

အဆိုတော်မာရဇ္ဇက ကွယ်လွန်ချိန်မှာ အသက်၅၈ နှစ်ရှိပြီဖြစ်ပြီး မကွေးတိုင်း ၊အထက်မင်းလှမြို့နယ်ဇာတိဖြစ်ကာ ၁၉၆၇နှစ်မှာမွေးဖွားခဲ့ပြီးသားအကြီးဆုံးဖြစ်တယ်လို့သိရပါတယ်။

အဆိုတော်မာရဇ္ဇက ငယ်ငယ်ကလေးဘဝကတည်းက ဂီတကိုဝါသနာပါသူဖြစ်ပြီး အဆိုတော်မဖြစ်ခင် ကိုယ်ပိုင်သီချင်းတွေရေးသားခဲ့ကာ အဆိုတော်ဘဝကို သူရဲ့ကိုယ်ပိုင်သီချင်းတွေနဲ့စတင်ခဲ့တာဖြစ်ပါတယ်။

မာရဇ္ဇဟာ တကိုယ်တော်တေးသီချင်းအယ်လ်ဘမ်ပေါင်း ခုနှစ်ခု ထက်မနည်းထွက်ရှိထားပြီး တကိုယ်တော်ဖျော်ဖြေပွဲတွေလည်းကျင်းပခဲ့ပါတယ်။

မာရဇ္ဇရဲ့ဂီတလောကတလျှောက်မှာ "မိစ္ဆာနဲ့ကိုရုပ်ဆိုး "ဆိုတဲ့စီးရီးနှစ်ခွေသာ ကော်ပီသီချင်းသီဆိုခဲ့ပြီး ကျန်တေးသီချင်းအားလုံးဟာ ကိုယ်တိုင်ရေးသားထားတဲ့ကိုယ်ပိုင်သံစဥ် တေးသီချင်းတွေသာဖြစ်တယ်လို့သိရပါတယ်။

မာရဇ္ဇရဲ့တေးသီချင်းတွေထဲမှာဆိုရင် " ဆွဲအား " ကဥ္စနာ " မျှော်လင့်ခြင်းလေး " ရည်းစားဦးအတွက်သီချင်း " ချစ်လို့ "မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး "ရင်သို့တိုးဝှေ့ဆဲပါခိုင် " စတဲ့တေးသီချင်းတွေက အပါအဝင်ကျော်ကြားခဲ့ပါတယ်။

မာရဇ္ဇကတော့သူကိုယ်တိုင်းရေးသထားတဲ့ကိုယ်ပိုင်သံစဥ်တေးသီချင်းတွေကို သူသက်ရှိထင်ရှားရှိစဥ်အချိန်ကလည်း ပြန်လည်သီဆိုခွင့်မပြုခဲ့သလို သူကွယ်လွန်သွားပါကလည်း သီချင်းတွေကိုဆက်ထိန်းသိမ်းဖို့ လုပ်မယ်လို့အင်တာဗျူးတွေမှာပြောဆိုခဲ့ပါတယ်။

Photo:CJ

#centralnewsnaypyitaw

image

အပူရှပ်ခြင်းနှင့် ရှေးဦးသူနာပြုကုထုံးများ
*************************************

အပူရှပ်တယ်ဆိုတာ ကိုယ်ခန္ဓာအပူချိန်ဟာ ရုတ်တရက် တစ်ဟုန်ထိုးတက်လာပြီး အေးသွားအောင် ဘယ်လိုမှမထိန်းနိုင်တဲ့အခြေအနေကို ခေါ်ပါတယ်။ ဦးနှောက်နဲ့ တခြားကိုယ်ခန္ဓာအင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်နိုင်တာမို့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။ ပူပူလောင်လောင်အခြေအနေမှာ လှုပ်လှုပ်ရှားရှား ပြင်းပြင်းထန်ထန် လုပ်မိလို့သော်လည်းကောင်း၊ အပူထဲ အချိန်အကြာကြီး နေမိလို့သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။
အပူရှပ်ခြင်းဟာ တခြားအပူလွန်ကဲခြင်းပြဿနာဖြစ်တဲ့ heat exhaustion အပူလွန်ကဲခြင်း စတာတွေ မဖြစ်ဘဲလည်း ဖြစ်နိုင်ပါတယ်။

>> အပူရှပ်ခြင်းရဲ့လက္ခဏာတွေကတော့ -
● အပူချိန် ၁၀၄° နဲ့ အထက်တက်ခြင်း
● စိတ်အခြေအနေပြောင်းလဲခြင်း (ဥပမာ - စိတ်ကယောင်ခြောက်ခြားဖြစ်ခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း၊ အာလေးလျှာလေးဖြစ်ခြင်း)
● အရေပြား ပူပြီးခြောက်သွေ့ခြင်း၊ ချွေး မတရားထွက်ခြင်း
● ပျို့ချင်၊ အန်ချင်ခြင်း
● သွေးခုန်နှုန်းမြန်လာခြင်း
● အသက်ရှူမြန်လာခြင်း
● ခေါင်းကိုက်ခြင်း
● မူးလဲခြင်း (အသက်ကြီးသူတွေမှာ ပထမဆုံးလက္ခဏာအနေနဲ့ လာနိုင်ပါတယ်။)

>> အရေးပေါ်ကို ခေါ်ပါ။
ဒီလိုလက္ခဏာတွေ ဖြစ်လာပြီဆိုရင် အရေးပေါ်ကား ခေါ်ပါ။ ပြီးရင် လူနာကိုအရိပ်၊ အေးတဲ့နေရာကို ချက်ချင်းရွှေ့ပြီး အဝတ်အစား အပိုတွေကို ချွတ်၊ အေးအောင် ချက်ချင်းလုပ်ပါ။ အေးအောင်လုပ်ဆိုရာမှာ -
● ရေအေးအေးထဲ စိမ်စေတာ
● ရေပိုက်နဲ့ဖြန်းပေးတာ
● ရေအေးဝတ်တိုက်တာ
● ရေငွေ့ပေးပန်ကာခံတာ
● လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံမှာ ရေခဲကပ်တာ
● ရေအေးတဘတ်နဲ့ ပတ်ထားတာ စတာတွေ လုပ်ပေးနိုင်ပါတယ်။

>> ရေသောက်နိုင်ရင် ရေတိုက်ပေးပါ။
သကြားပါတဲ့၊ ကဖိန်းဓာတ်ပါတဲ့၊ အရက်ပါတဲ့ သောက်စရာ မတိုက်ပါနဲ့။ ဗိုက်အောင့်စေနိုင်တာမို့ ရေ အရမ်းအေးတာမျိုး မတိုက်ပါနဲ့။
သတိမေ့သွားပြီး အသက်ရှူတာ၊ ချောင်းဆိုးတာ၊ လှုပ်ရှားတာ စတဲ့ အသက်ရှင်တဲ့လက္ခဏာမျိုး မရှိတော့ရင် အသက်ကယ် CPR နှလုံးဖိထားမျိုး ချက်ချင်းလုပ်ဆောင်ပေးပါ။

#ကျန်းမာရေးဗဟုသုတ
#sharing

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဇန်နဝါရီ ၂၄

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၇၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၅၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ် ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၆၀၀ ကျပ်
ဝယ်ဈေး - ၄၅၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၂၈၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၇၅ ကျပ်
ဝယ်ဈေး - ၄၆၄၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၅.၁၄ ကျပ်
ဝယ်ဈေး - ၁၃၁.၅၈ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၀ ကျပ်
ဝယ်ဈေး - ၁၀၀၂ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၃၀ ကျပ်
ဝယ်ဈေး - ၆၁၃ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၃၁ ကျပ်
ဝယ်ဈေး - ၂၈.၅၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၉၆ ကျပ်
ဝယ်ဈေး - ၅၁.၅၇ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၉ ကျပ်
ဝယ်ဈေး - ၃.၁၀ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၅၅ ကျပ်
ဝယ်ဈေး - ၅၅၀၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၈၀ ကျပ်
ဝယ်ဈေး - ၂၈၀၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၈၅ ကျပ်
ဝယ်ဈေး - ၃၁၀၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၇ ကျပ်
ဝယ်ဈေး - ၅၇၁ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၄၅ ကျပ်
ဝယ်ဈေး - ၁၂၁၃ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image
2 yrs - Translate

မွန်ဂိုလီးယားနိုင်ငံ မှာ မြင်းကောင်ရေ အရေအတွက်
ဟာ နိုင်ငံ ရဲ့ လူဦ်းရေထက်ပိုများပါတယ် မြင်း ကောင်ရေ 4.09 သန်း ခန့်ရှိပြီး လူဦးရေကတော့ 3.35 သန်း ခန့်
ရှိပါတယ် ဒါကြောင့် ကမ္ဘာပေါ်က မြင်း အကောင်ရေ
2 % ဟာ မွန်ဂိုလီးယားနိုင်ငံကဖြစ်ကြပါတယ်

#knowledge #timespectrum

image

image
2 yrs - Translate

ဂျပန်မီးပုံးပင်ကြီးကဒီလိုဝေနေအောင်ပွင့်တာနော်🎄

#flowers

image

image
2 yrs - Translate

ဘယ်လောက်နေရမလဲမသိတဲ့
လက်ကျန်နေ့ရက်လေးတွေမှာ
ဘယ်သူ့ကိုမှ စိတ်မဆိုးးဘဲ နေချင်တယ် ။

အလိုမများတဲ့သူဟာ ချမ်းသာတယ် ။
ခွင့်လွှတ်တတ်သူဟာ ငြိမ်းချမ်းတယ် ။
ဆုပ်ကိုင်မထားတဲ့သူဟာ ပေါ့ပါးတယ် ။

အခိုက်အတန့်လေးတိုင်းမှာ
နေနိုင်သူဟာ ရှင်သန်တယ် တဲ့ ။

အချိန်တန်ရင်
ရောဂါ တစ်ခု ရောက်လာပြီး
နာကျ!င်ဆင်းရဲကြဦးမယ့် အတူတူ
သူများအပူတွေ ပိုမယူဘဲ
အခုအချိန်လေးတွေတော့
ဉာဏ်နဲ့ယှဉ်ပြီး ပျော်အောင် နေဦးမယ် ။

Crd
#yoonthazin

image
2 yrs - Translate

လူငယ်တွေ မူးယစ်ဆေးဝါးထက် Capricorn ကို
စွဲလန်းနေကြပြီ... လမ်းမှားကုန်ကြတော့မယ် 😞
photo:crd
#lunatarot

image