1 နှစ် - ဘာသာပြန်ပါ။

ကန်က ပါကစ္စတန်ကို ပိတ်ဆို့မှု အိန္ဒိယအတွက် သတင်းကောင်းဖြစ်

ဇန်နဝါရီ ၁၁ ၊ ဝါရှင်တန်

ပြီးခဲ့သည့်လက အမေရိကန်သည် ပါကစ္စတန်နိုင်ငံပိုင် ဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် အခြား ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ ၃ ခုကို ပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုကဲ့သို့ မထင်မှတ်ထားလောက်သည့် အမေရိကန်၏ လုပ်ဆောင်ချက်သည် ပါကစ္စတန်၏ ဒုံးကျည်စီမံကိန်း အပေါ် ထားရှိသည့် အမေရိကန်အစိုးရ၏ ရပ်တည်ချက်နှင့် ကွဲလွဲနေပြီး ပါကစ္စတန်၏ ပြိုင်ဘက် အိန္ဒိယအတွက် သတင်းကောင်းတစ်ခု ဖြစ်လာခဲ့သည်။

ထို့ပြင် အမေရိကန်၏ အင်ဒို-ပစိဖိတ် ဒေသအပေါ် ထားရှိသည့် မဟာဗျူဟာအရ ထိုကဲ့သို့ ပိတ်ဆို့မှုများ ချမှတ်ခြင်းဖြစ်ကာ တောင်အာရှဒေသတွင် အိန္ဒိယကို ဦးစားပေးသည့် အင်အားချိန်ခွင်လျှာညှိမှုလည်း ဖြစ်နိုင် သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အမေရိကန်၏ ပါကစ္စတန်အပေါ် ပိတ်ဆို့မှုချမှတ်ခြင်းသည့် မကြာသေးမီ နှစ်များအတွင်း နိုင်ငံပိုင် စစ်ဘက်ဆိုင်ရာ ကော်ပိုရေးရှင်းကို ပထမဆုံးအကြိမ် လူသိရှင်ကြား ပိတ်ဆို့မှုလည်းဖြစ်ပြီး ပါကစ္စတန်၏ နျူကလီးယား စွမ်းဆောင်ရည်များအပေါ် အမေရိကန်၏ ပြောင်းလဲလာသည့် သဘောထားကိုလည်း ပြသရာရောက်ခဲ့သည်။

ပါကစ္စတန်၏ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် အစီအစဉ်သည် တောင်အာရှထက် ကျော်လွန်သည့် အခြားဒေသများကို ပစ်မှတ်ထားနိုင်စွမ်းရှိသည့် အခြေအနေအပေါ် အမေရိကန်ထိပ်သီးအရာရှိများက စိုးရိမ်ခဲ့ကြသည်။

အထူးသဖြင့် အမေရိကန်အမျိူးသားလုံခြုံရေး လက်ထောက်အကြံပေးပုဂ္ဂိုလ် ဂျွန်ဖိုင်နာ (Jon Finer)သည် ပါကစ္စတန်၏ ဒုံးကျည် စွမ်းဆောင်ရည်များသည် အမေရိကန်နိုင်ငံအတွင်းရှိ ပစ်မှတ်များအထိပါ ချဲ့ထွင်နိုင်ဖွယ်ရှိ ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

“ပွင်းပွင့်လင်းလင်း ပြောရမယ်ဆိုရင် ပါကစ္စတန်ရဲ့ လုပ်ဆောင်ချက်တွေဟာ အမေရိကန်အတွက် ပေါ်ပေါက်လာ တဲ့ ခြိမ်းခြောက်မှုတစ်ခုလို့ မြင်နေရတာဟာ ကျနော်တို့အတွက် ခက်ခဲပါတယ်” ဟု ဖိုင်နာက ပြောကြားခဲ့သည်။

ထိုအခြေအနေများသည် ပါကစ္စတန်၏ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် စီမံကိန်းကို ထောက်ပံ့ရန် ငြင်းဆိုထားသည့် ကာလကြာရှည် ကျင့်သုံးလာသော အမေရိကန်၏ မူဝါဒကို ထပ်လောင်း အတည်ပြုရာ ရောက်ကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဗီးဒန့် ပက်တယ် (Vedant Patel) က ပြောကြားခဲ့ သည်။

ပါကစ္စတန် ထိပ်သီးခေါင်းဆောင်များကမူ အမေရိကန်၏ ပိတ်ဆို့မှုများသည် လိုတစ်မျိုး၊ မလိုတစ်မျိုး ကျင့်သုံး သည့် အမေရိကန်၏ စံနှုန်းနှစ်ဖက်ပါသည့် မူဝါဒကို ပြသခြင်းဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။

Source: Nikkei Asia

ပုံ - ပါကစ္စတန်ရဲ့ဒုံးကျည်တွေကို တွေ့ရစဉ်

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

မေတ္တာခြင်းမျှခဲ့ဖူးပါတယ် ။

ရေစက်တွေမကြာရှည်တာကိုတော့ မတတ်နိုင်ဘူးလေ ။

ကိုယ်ပြောနေကျစကားအတိုင်းပဲ
အရာရာတိုင်းဟာ ကံပါသလောက်ပေါ့
အတူရှိဖို့ ကံပါလာရင် အတူရှိသွားပါလိမ့်မယ် ။

မေတ္တာတရားကလွဲရင်
ဘယ်သူ့ကိုမှ ဘာနဲ့မှ မချည်နှောင်ထားချင်ပါ ။

🤍☘️
#ᗩᒪoᑎᗴ

image

1 နှစ် - ဘာသာပြန်ပါ။

"ကြိုးစားရင်း" အဆင်ပြေတဲ့
ရက်လည်း ရှိမယ်
"မပြေတဲ့" ရက်လည်း ရှိမယ် "ဒီလိုပါပဲ"
နောက်ထပ်လဲ အများကြီး ရင်ဆိုင်
သွားရပါအုံးမယ် ။

image
1 နှစ် - ဘာသာပြန်ပါ။

The only remedy for love is to love more.

image
1 နှစ် - ဘာသာပြန်ပါ။

“အဲဒီနေ့ကနဲ့ နေ့တိုင်း ငါဘယ်လောက်ငိုခဲ့ရလဲဆိုတာ ဘယ်သူမှမသိဘူး။ ”.

image
1 နှစ် - ဘာသာပြန်ပါ။

လောကမှာ.....
ကိုယ်ရင်မဆိုင်ရဲတဲ့ အရာတစ်ခုပဲရှိတယ်
အဲ့ဒါ မင်းနဲ့ဝေးရမှာပဲ
မင်းနဲ့သာဆိုရင်လည်း
ရင်မဆိုင်ရဲတဲ့အရာ မရှိပြန်ဘူး......။

#depayy

image

1 နှစ် - ဘာသာပြန်ပါ။

😂😂

image
JB Gold မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

만날 인연은 어이없게도 만나지고..
တွေ့ဆုံရမဲ့ရေစက်မျိုးဆိုရင် အံ့ဩဖို့ကောင်းလောက်အောင်ကို တွေ့ရတတ်ပြီး..

안될 인연은 죽어라 노력해도 안되는 것임..
မဖြစ်နိုင်တဲ့ရေစက်ကတော့ ဘယ်လောက်ပဲကြိုးစားအားထုတ်ပါစေ မဖြစ်နိုင်ပါဘူး..

항상 뭔가 사람으로 힘들면 이 생각부터 함..
လူတစ်ယောက်ကြောင့်နဲ့ပင်ပန်းရပြီဆို အမြဲဒီအတွေးကိုအရင်တွေးပါ..

#잇퓨링

https://t.me/koreanquotes33

image