ငါတို့နှစ်ယောက်ကြားမှာ ပြောစရာစကားတွေအများကြီးရှိနေပါရဲ့နဲ့
ငါပြောလဲဘာမှမထူးပါဘူးဆိုတဲ့အတွေးဝင်လာတဲ့အခါ....
ကျွန်တော်တို့ဟာ နှုတ်ဆိတ်လိုက်ဖို့ကိုဘဲ
ရွေးချယ်ဖြစ်တယ်။
#စာရယ်ကဗျာရယ်
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ငါတို့နှစ်ယောက်ကြားမှာ ပြောစရာစကားတွေအများကြီးရှိနေပါရဲ့နဲ့
ငါပြောလဲဘာမှမထူးပါဘူးဆိုတဲ့အတွေးဝင်လာတဲ့အခါ....
ကျွန်တော်တို့ဟာ နှုတ်ဆိတ်လိုက်ဖို့ကိုဘဲ
ရွေးချယ်ဖြစ်တယ်။
#စာရယ်ကဗျာရယ်
ကမ္ဘာတစ်ဝန်းမှာ နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ Harvard University ကနေ Online free courses ပေါင်း ၁၂၉ ကို Online ကနေ အခမဲ့ ပေးတက်ထားပါတယ်။ တက်လို့ရတဲ့ ခေါင်းစဉ်ကြီးပိုင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ Courses တစ်ခုဟာဆိုရင် အနည်းဆုံး တစ်ပတ်လောက်ကြာမြင့်မှာဘဲဖြစ်ပါတယ်။
• Art & Design
• Theology
• Business
• Computer Science
• Data Science
• Education & Teaching
• Health & Medicine
• Humanities
• Mathematics
• Programming
• Science
• Social Sciences
Link: https://pll.harvard.edu/catalog/free
#crd
ဝမ်းတွင်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူး မိသားစုသုံးယောက် အသတ်ခံရ
ဒီဇင်ဘာ ၂၃
မန္တလေးတိုင်း ၊ဝမ်းတွင်းမြို့နယ်မှာ တမာကန်ရွာ ရဲဗလဆုတံဆိပ်ရထားတဲ့ အုပ်ချုပ်ရေးမှူးအပါ အဝင် မိသားစုသုံးယောက် အသတ်ခံခဲ့ရမှု ဒီဇင်ဘာလ ၂၂ ရက်နေ့ ၊ ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
အုပ်ချုပ်ရေးမှူးနဲ့မိသားစုဝင်တွေကို လက်နက်ကိုင်ထားသူတစုက နေအိမ်ထဲထိဝင်ရောက်ကာ သေနတ်နဲ့ပစ်သတ်သွားတာဖြစ်တယ်လို ဒေသခံတွေက ပြောပါတယ်။
" ည၉ နာရီလောက်ဖြစ်သွားတာ။ သေနတ်ကိုအချက်နှစ်ဆယ်လောက်ရှိတယ်ပစ်တာကြားရတယ် ။ သေတာကအခုတမာကန် အုပ်ချုပ်ရေးမှူးနဲ့သူ့မိန်းမပါတယ်။ သားဖြစ်သူလည်းပါတယ်။ အကုန်ပွဲချင်းပြီးပဲ။ ရဲတွေကမနက်မိုးလင်းမှလာစစ်ကြတာ။ပစ်တဲ့အဖွဲ့ကဆယ်ယောက်လောက် ရှိတယ်။" လို့ ဒေသခံက ပြောပါတယ်။
ပစ်ခတ်ခံခဲ့ရတဲ့တမာကန်ရွာအုပ်ချုပ်ရေးမှူးကတော့ ဦးမောင်လွင်ဆိုသူဖြစ်ပြီး နောက်ထပ်အသတ်ခံရသူတွေက ဇနီးဖြစ်သး ဒေါ်မြင့်နိုင်နဲ့ သားဖြစ်သူဖိုးလပြည့်ဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ အုပ်ချုပ်ရေးမှူး မိသားစုပစ်ခတ်မှုကို“Wundwin Township Revolution Force” WTRFအဖွဲ့ကလုပ်ခဲ့တာလို့ သတင်းတွေကဆိုပါတယ်။
ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မနက်အစောပိုင်းကလည်း ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းရွာမှာ လုံခြုံရေးယူ တပ်စွဲထားတဲ့ လုံခြုံရေး နစကတပ်ဖွဲ့တွေနဲ့ ဒေသတွင်းလက်နက်ကို်ငတွေ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Photo:CJ
Credit - VOM News Agency.
#သတင်းဟင်းလေးအိုးကြီး
ဆော်ပေါ်လိုထံပြောင်းဖို့ အော်စကာ အပြီးသတ်လုပ်ဆောင်
ဒီဇင်ဘာ ၂၄
တရုတ်ကလပ် ရှန်ဟိုင်း SIPG အသင်းကနေ ထွက်ခွာခဲ့တဲ့ ချယ်လ်ဆီးအသင်း ကြယ်ပွင့်ဟောင်း အော်စကာဟာ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းထံ ပြောင်းရွှေ့ဖို့ အပြီးသတ် လုပ်ဆောင်နေပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ အော်စကာဟာ ရှန်ဟိုင်း SIPG အသင်းမှာ ၂၀၁၇ ကနေ ၂၀၂၄ ခုနှစ်အထိ ကစားခဲ့ပြီး ဒီဇင်ဘာ ၃ ရက်က နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တာပါ။
အော်စကာဟာ တရုတ်ကလပ်အသင်းအတွက် ၂၄၈ ပွဲကစားပြီး ၇၇ ဂိုးသွင်းယူကာ အမှတ်ပေးလိဂ်ဖလား ၃ ကြိမ် အပါအဝင် ဆုဖလား ၅ ခု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အော်စကာဟာ ရှန်ဟိုင်း SIPG အသင်းထံ မပြောင်းရွှေ့ခင်က ချယ်လ်ဆီးအသင်းမှာ ၂၀၁၂ ကနေ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့တာပါ။
အော်စကာဟာ ဆော်ပေါ်လိုအသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့ပြီး ၂၀၀၈ ကနေ ၂၀၁၀ ခုနှစ် အထိ ကစားခဲ့ကာ ၂၀၁၀ ကနေ ၂၀၁၂ ခုနှစ်အထိ အင်တာနေစီယွန်နယ်လ်အသင်းမှာ ကစားခဲ့တာဖြစ်ပါတယ်။
ဘရာဇီးလ် ကစားသမားဟောင်းဟာ လက်ရှိအချိန်မှာ ၁၄ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ဆော်ပေါ်လို အသင်းထံ ပြောင်းရွှေ့မှုကို အပြီးသတ်နိုင်ဖို့ ပြင်ဆင်နေတာပါ။
အော်စကာအနေနဲ့ ဆော်ပေါ်လိုအသင်းထံ ပြန်ရောက်ချိန်မှာ သူရဲကောင်းသဖွယ် ကြိုဆိုမှုကို ခံရဖွယ်ရှိနေပါ တယ်။
ဆော်ပေါ်လိုအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘရာဇီးလ် စီးရီးအေပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၆ နေရာနဲ့ ရာသီ အဆုံးသတ်နိုင်ခဲ့တာပါ။
ဘရာဇီးလ်အသင်းအတွက် ၄၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၂ ဂိုး သွင်းယူထားတဲ့ အော်စကာဟာ တရုတ်ကလပ် ရှန်ဟိုင်း SIPG အသင်းကို ပြောင်းရွှေ့ပြီးကတည်းက နိုင်ငံအသင်းမှာ ရွေးချယ်ခြင်းမခံရတော့တာ ဖြစ်ပါတယ်။
Source: Goal
ပုံ - အော်စကာကို တွေ့ရစဉ်
#centralnewsnaypyitaw