စားဖူးသူတိုင်း အသည်းစွဲသွားမယ့် ခရမ်းသီး ပုစွန်‌ခြောက်ကြော်

နာမည်ကြီး အရံဟင်းတစ်မျိုးဖြစ်တဲ့ ခရမ်းသီး ပုစွန်ခြောက်ကြော်လုပ်နည်း‌လေး ပြောပြပါမယ်နော်။ လူတိုင်းအကြိုက်တွေ့တဲ့ ဟင်းလေးလဲဖြစ်လို့ မစားဖူးတဲ့သူများလဲ စမ်းစားကြည့်ဖို့ အကြံပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ
ခရမ်းသီး ၂ လုံး
ခနော်ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်းခွဲ
ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဝက်
ပုဇွန်ခြောက်မှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်းခွဲ
ရှောက်ရွက် ၃ ရွက်
ဆီ ထမင်းစားဇွန်း ၂ ဇွန်း
ကြက်သွန်နီ ၁ လုံး
ကြက်သွန်ဖြူ ၃ မွှာ
ချင်း လက် ၁ ဆစ်
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
ခရမ်းသီးတုံးလေးများကို အရသာဝင်စေရန် ခနောကြက်သားမှုန့် နှင့် သေချာနယ်နှပ်ထားပါ။

ဟင်းအနှစ်လုပ်ရန် ဆီကို အပူပေးပါ၊ ဆီပူလာပြီဆိုရင်တော့ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊နနွင်းမှုန့်၊ ငံပြာရည်၊ ပုစွန်ခြောက်မှုန့် ငရုတ်သီးစိမ်း နှင့် ချင်း များကို အရောင်လှပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

ဆီသတ်ထားတဲ့ အိုးထဲကို ခရမ်းသီးတုံးများ ထည့်မွှေပါ။ ခရမ်းသီးတုံးများ နူးလာပြီဆိုရင် အရသာကိုမြည်းပြီး လိုအပ်ရင် ခနောကြက်သားမှုန့် ထပ်ဖြည့်လို့ရပါတယ်။

အားလုံးပြီးသွားရင်တော့ အရသာရှိတဲ့ ခရမ်းချဉ်သီးပုစွန်ခြောက်ဟင်းလေးကို ထမင်းပူပူလေးနဲ့ အားရပါးရသုံးဆောင်လို့ရပါပြီ။

image