51 w - Translate

Crochet 🧶

image
51 w - Translate

Crochet 🧶

image
51 w - Translate

Crochet 🧶

image
51 w - Translate

Crochet 🧶

image
51 w - Translate

Crochet 🧶

imageimage
+8

#ဝက်အူမကြီးပြုပ်ကြော်ချက်နည်း



ဝက်အူ ကို ဖြတ်ပြီး ပြောင်းပြန်လှန် ဆားနဲ့နယ် ရေနွေး နဲ့ဆေးပါတယ် သုံးခါ လောက် ဆေးပစ် လိုက်ပါတယ် ။ ပြီးမှ ဆား သကြား ပဲငံပြာရည် နံနက်ပွင့် တရုတ်မဆလာ ကြာညို့ တို့နဲ့နယ်ထားပါတယ် ။ အိုးထဲ ဆီထည့် ဂျင်း ကြက်သွန်ဖြူ ထောင်းပြီး ဆီသက်ပါ ကျက်တော့ ဝက်အူတေ ထည့်ပါ ။ သူ့ရေ ကုန်တော့ ရေ လိုသလောက် လိုက်ပေးပါ ။ ဆီပြန်တော့ အချိုငံ မြည်း သုံးဆောင် နိုင်ပါသည် ။

image
51 w - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၃-၁-၂၀၂၅)

စက်သုံးဆီဈေးတွေ ထပ်ကျပြီ ဗျို့......

ဓာတ်ဆီစျေး ၂၅ ကျပ် ဈေးကျပြီး ဒီဇယ်စျေး ၃၅ ကျပ် ဝန်းကျင် စျေးကျသွားတဲ့ စက်သုံးဆီစျေးနှုန်းများ

#fuel
#ဆီစျေး

image
51 w - Translate

ရော်နယ်ဒို၏မှတ်ချက်ကို ရိုဒရီ တုံ့ပြန်
-------------------
Globe Soccer Awards ဆုပေးပွဲအခမ်းအနားမှာ ရွှေဘောလုံးဆုနဲ့ပတ်သက်ပြီး ရော်နယ်ဒိုရဲ့မှတ်ချက်ပေးမှုအပေါ် မန်စီးတီးအသင်းရဲ့ကွင်းလယ်လူ ရိုဒရီက တုံ့ပြန်သွားခဲ့ပါတယ်။ (၂၀၂၄)ခုနှစ်ရဲ့ရွှေဘောလုံးဆုကို ရိုဒရီက ရယူနိုင် ခဲ့ပေမယ့် ရီးရဲလ်ကစားသမား ဗီနီစီးယက်စ်ကသာ ရွှေဘောလုံးဆုနဲ့ အထိုက်တန်ဆုံး ကစားသမား ဖြစ်တယ်လို့ ရော်နယ်ဒိုက ပြောကြားခဲ့တာပါ။

ရော်နယ်ဒိုဟာ ရွှေဘောလုံးဆုကို (၅)ကြိမ်အထိ ရယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်လို့ အခုလို မှတ်ချက်ပေးခဲ့တဲ့အပေါ် ရိုဒရီက နားမလည်နိုင် ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုလို ကစားသမားမျိုးက ဒီဆုကို ဘယ်လိုအချက် အလက်တွေနဲ့ ဆုံးဖြတ်ပြီး ပေးတယ်ဆိုတာကို အသိဆုံး ကစားသမားတစ်ယောက် ဖြစ်လို့ သူ့ရဲ့မှတ်ချက်ကို ကြားလိုက်ရတဲ့အခါ အံ့အားသင့်ခဲ့မိတယ်လို့ ရိုဒရီက ပြောပါတယ်။

အခုနှစ်မှာ မဲပေးခဲ့ ကြတဲ့ ဂျာနယ်လစ်တွေဟာ ရော်နယ်ဒို ရွှေဘောလုံးဆုရတုန်းက မဲပေးခဲ့ကြတဲ့ ဂျာနယ်လစ် တွေနဲ့ အတူတူနီးပါး ဖြစ်သလို သူတို့အားလုံးရဲ့ဆန္ဒအရ ရွှေဘောလုံးဆုရှင်ကို မဲပေးရွေးချယ်ခဲ့ကြတာဖြစ်တယ် လို့လည်း ရိုဒရီက ဆက်လက် ပြောကြားသွားခဲ့ပါသေးတယ်။ ရိုဒရီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက မန်စီးတီးအသင်း နဲ့ ပရီးမီးယားလိဂ်ဖလားရယူနိုင်ခဲ့သလို စပိန်အသင်းနဲ့လည်း ယူရို(၂၀၂၄)ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်။

image
51 w - Translate

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု ဟုမ္မလင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဇန်နဝါရီ ၃ ရက်နံနက်ပိုင်းက အင်အားအနည်း ငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။

ယနေ့ ဇန်နဝါရီ ၃ ရက်နံနက် ၁၁ နာရီ ၂ မိနစ် ၃၈ စက္ကန့်က ဟုမ္မလင်းမြို့၏ အရှေ့ဘက်(၄၂)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၄ ဒသမ ၉၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၅၇)ဒီဂရီ၊ အနက် (၁၅၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၄ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုအား တမူးမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ ၏ထုတ်ပြန်ချက်အရ သိရသည်။

image
51 w - Translate

တရုတ်၌ iPhone များ ဈေးချရောင်းရန် Apple စီစဉ်နေ
---------------------
တရုတ်နိုင်ငံမှာ နောက်ဆုံးပေါ် iPhone တွေ ဈေးလျှော့ ရောင်းချဖို့အတွက် Apple က စီစဉ်နေပြီဖြစ်ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်မှာရောင်းချနေတဲ့ နောက်ဆုံးထွက် iPhone မော်ဒယ်တွေကို ယွမ် ၅၀၀ (အမေရိကန်ဒေါ်လာ ၆၈ ဒသမ ၅၀) အထိ ဈေးလျှော့ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Huawei တို့လို အခြားပြည်တွင်းပြိုင်ဘက်တွေရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု မြင့်တက်လာတာတွေကို ကြိုတင် ကာကွယ်နိုင်ဖို့နဲ့ တရုတ်နိုင်ငံမှာ ရောင်းအားကျဆင်းနေတဲ့ Apple ရဲ့ ရောင်းအားပြန်လည်မြှင့်တင်ဖို့အတွက် ရည်ရွယ်ပြီး အခုလို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါဟာ iPhone ကုမ္ပဏီရဲ့ ပထမဆုံး လျှော့ဈေးအများကြီး ချကာ ရောင်းချတာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီ ၄ ရက်ကနေ ၇ ရက်အထိ လျှော့ဈေးနဲ့ ရောင်းချပေးမယ့် လေးရက်ကြာ ပရိုမိုးရှင်းအစီစဉ်က သတ်မှတ် ထားတဲ့ ငွေပေးချေမှုနည်းလမ်းတွေကိုသာ အသုံးပြုရမှာဖြစ်တယ်လို့ Apple ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောကြားထားပါတယ်။

image