ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ထန်းသီးမုန့်
သရက်သီးမုန့်
မုန့်လုပ်နည်း
ဆန်မူံ့တထုတ်(ပုံပြပါအလေးချိန်)ကိုဖောက်၍အိုးတလုံးထဲထည့်ပါ။
ဆားလက်ဖက်ရည်ဇွန်းတဇွန်းထည့်ပါ။
သကြားအချိုကြိုက်သလောက်(မနီကတကီလိုရဲ့လေးပုံတပုံထည့်ပါတယ်။
ဘိတ်ကင်းပေါင်ဒါ(ဆော်ဒါမူံ့)လက်ဖက်ရည်ဇွန်းသုံးဇွန်းထည့်ပါ။ပြီးရင်သမအောင်မွှေပါ။
သရက်သီးအနှစ်(ပုံပြပါဘူး၏တဝက်၊အလေးချိန်ပြထားပါသည်)ထည့်ပါ။
အုန်းနို့(ပုံပြပါဘူးအလေးချိန်ပါပါသည်)ထည့်ပါ
ပြီးရင်ရေကိုအုန်းနို့ဘူးနှင့်တဝက်ခန့်ထည့်ပြီးသေသေချာချာပျော်ဝင်အောင်မွှေပါ။မနီကတော့လက်နဲပဲမွှေပါတယ်။မုန့်ရည်အပြစ်အကျဲအနေအထားမှန်းနိုင်အောင်လို့ပါ။
မုန့်နှစ်အပြစ်ကြွက်မှီးတမ်းအနေအထားရပြီ၊အားလုံးလဲသမပြီဆိုရင်အဖုံးလေးပိတ်လို့ထားလိုက်ပါ။
မနက်ပေါင်းမဲ့မုန့်ကိုညထဲကနှပ်ထားတာပါ။
မနက်ရောက်ရင်မွန်းကိတ်လုပ်တဲ့စက္ကူခွက်လေးတွေနဲ့ဖြစ်စေ(စက္ကူခွက်ပျော့တော့မုံ့ပုံစံမကျပါ၊ပလပ်စတစ်အမာလေးတွေသုံးရင်ပိုကောင်း။လက်ဖက်ရည်ပုဂံလုံးလေးတွေဆိုလဲဆီလေးသုတ်ပြီးမုန့်ရည်ထဲ့ပါ၊ခွက်ပြည့်ဖို့လက်တတလုံးအလိုလောက်ထည့်ပါ။
မရရင်လဲဘန်းဝိုင်းလေးနဲ့ထည့်ပေါင်းလဲရပါတယ်။
ရေနွေးငွေ့ပေါင်းအိုးထဲထည့်ပေါင်းပါ။ခွက်အသေးလေးတွေဆို ၁၅မိနစ်ပေါင်းရပါတယ်။ကြီးရင်တော့မိနစ်နှစ်ဆယ်မှ၂၅ မိနစ်အထိပေါင်းရင်။ထန်းသီးအနှစ်နဲ့လုပ်ရင်ထန်းသီးမုန့်၊သရက်သီးအနှစ်နဲ့လုပ်ရင်သရက်သီးမုန့်ရပါပြီ။အနေတော်ညှပ်ပြီးအုန်းသီးလေးနဲ့စားပါနော်။
Credit
Part-3
*အမှတ်တရ ဆရာနိုး
မြောက်ဥက္ကလာပမှာဖွင့်တဲ့ ဒို့ကျောင်းသားမှာ ဆရာနိုး လာသင်နိုင်အောင် သူ့အချိန်ကို ညနေပိုင်းမှာ ထားပေးပါတယ်။ သူ့စာသင်ချိန်ပြီးတော့ ကျွန်တော်တို့ ညစာကို ဝိုင်းဖွဲ့ စားသောက်ကြပါတယ်။ ကျွန်တော့်နေရာက (၅)ကားဂိတ်ဆုံးနဲ့ နီးတော့ ဆရာနိုးကို ၅ ကားဂိတ်ကနေ ရန်ကုန်အထိ ကျွန်တော်လိုက်ပို့လေ့ရှိပြီး၊ ဆူးလေမှတ်တိုင်မှာ ဆရာနိုးဆင်းသွားပြီးနောက် အဲဒီကားက မြောက်ဥက္ကလာ ပြန်ကွေ့တာမို့ ကျွန်တော် အဆင်ပြေပြေ အိမ်ပြန်ခဲ့ပါတယ်။ ဒါ..သူလာ စာသင်တဲ့ ရက်တိုင်း ကျွန်တော် ပြန်လိုက်ပို့ခဲ့တာပါ။ ညကား လူရှင်းတဲ့အတွက် စကား ပြောလို့ အလွန်ကောင်းပါတယ်။
ဆရာနိုးဟာ ပုပ္ပါးနဲ ့ ပုဂံကို အလွန်ချစ်ပါတယ်။ ရဲဘော်ရဲဘက်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေနဲ့ အကြိမ်ကြိမ် အခေါက်ခေါက် မရိုးနိုင်အောင် သွားခဲ့တာပဲ။ ပုပ္ပါးနဲ့ ပုဂံကိုချစ်သလို ကျိုက်ထီးရိုးကိုလည်း ချစ်ပါတယ်။ ကျိုက်ထီးရိုးခရီးကိုလည်း သူ မရိုးနိုင်ပါဘူး။
တချို့လူတွေက ဆရာနိုး စာသင်တဲ့အခါ နိုင်ငံရေးကိစ္စတွေပါ ထည့်သွင်း ဟောပြောမှာလို့ ထင်ကြေးနဲ့ ပြောကြရေးတတ်ကြတယ်။ မှားပါတယ်။ ဆရာနိုး စာသင်ရာမှာ အပိုစကားမပါဘဲ အင်္ဂလိပ်စာကိုပဲ ကျောင်းသားများ နားလည် သဘောပေါက်အောင် သင်တတ်သူပါ။ အင်္ဂလိပ်စာ အသင်အပြ အလွန်ကောင်းတဲ့ ဆရာတစ်ဦး ဖြစ်ပါတယ်။
ရိုးသားတည်ကြည်သူ ဆရာနိုးကို ဦးညွှတ်လျက်...။
မောင်မျိုးမြတ်