ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်ကိုချစ်မိသွားတဲ့အခါ အမှန်တရားတွေကိုလည်း မျက်ကွယ်ပြုလာတက်တယ် ၊ တစ်ဖက်က တမင်ဖုန်းမဆက်တာ စာမပြန်တာမျိုးတွေကိုလည်း နားလည်ပေးပြီး ပစ်ထားတာကိုလည်း အလိုက်တသိနေပေးတာမျိုး ။
ဝေးရမှာကြောက်တဲ့စိတ်တစ်ခုထဲနဲ့ မသိချင်ယောင်ဆောင်ပြီး သူကိုယ့်အပေါ်ဒီလိုတွေ လုပ်နေတာတောင် သူငါ့ကို တကယ်ချစ်ပါတယ်ဆိုပြီး ကိုယ့်ကိုညာနေရတာမျိုး ၊ တချို့အရာတွေကြတော့လည်း မသိလို့တော့ဘယ်ဟုတ်မလဲ ဆုံးရှုံးရမှာကြောက်လို့ မသိချင်ယောင်ဆောင်ပြီး နေခဲ့ရုံလေးပါပဲ......။
ကျွန်တော်တို့ဟာ တစ်ယောက်ယောက်အတွက်တော့ ငတုံးတကောင်တော့ ဖြစ်ဖူးခဲ့ကြမှာပါ ။
#khaing
သတင်းကောင်း သတင်းဆို:နှစ်မျိုးယှဉ်လာရင်တောင်
သတင်းဆို:အရင်နားထောင်ပြီး
သတင်းကောင်၊းကိုနောက်ဆုံးမှနားထောင်ချင်တာမျိုး
အစားအစာ စားရင်လည်း မကြိုက်တာလေးတွေ
အရင်စားပစ်ပြီးကြိုက်တာလေးတွေကိုနောက်မှ
အနှောင့်အယှ" က် ကင်းကင်းစာ၊:လိုက်တာမျိုး
ဘာရယ်တော့မဟုတ်ပါဘူး
ဇာတ်သိမ်းလေးပဲကောင်းချင်တာပါ။
ငါ့အတွက်ဆို ဘာမဆို လုပ်ပေးနိုင်တဲ့ အမျိုးသား။
စိတ်ညစ်စရာတွေကို မေ့မေ့ဖျောက်ဖျောက် အိပ်မောကျစေတယ်။ ပျော်အောင်ထားတယ်။ စိတ်ချမ်းသာအောင် ပျိုးထောင်ပေးတယ်။
ငါ့ဆန္ဒတစ်ခုတိုင်းအတွက် သူ့ဘဝကို ပုံအပ်ထားတယ်။ ငါ ဘာဖြစ်ချင်တာလဲ ? ဘာကို အလိုမကျတာလဲ ? ပြောစရာမလိုအောင် အရိပ်အကဲ နားလည်တဲ့သူ။ တစ်ခုခုဆို ချော့ဖို့ ဝန်မလေးပဲ
ငါ ဆိုးသမျှလဲ သည်းခံနိုင်တဲ့ အမျိုးသား။
တော်တော်လေးကို ကောင်းတဲ့လူပါ။
ငါက ပြန်ပေးနိုင်တဲ့ အချစ်တစ်ခုတည်း အတွက်
ငါ့ကို ဘယ်လိုချစ်ပေးရမလဲ သူ့ခေါင်းထဲမှာ
အမြဲ ရှိတယ်။
ရှင် မရွေးချယ်ခဲ့တဲ့အမျိုးသမီးတစ်ယောက်ပါ
အခုတော့ ပန်းလက်ဆောင်ရတယ် ချစ်ခြင်းမေတ္တာရတယ် နွေးထွေးမှုရတယ် လုံခြုံတဲ့ရပ်ဝန်းတစ်စုံမှာခေါင်းမှီခွင့်ရတယ် စိတ်ချလက်ချ ပြို"လဲခွင့်ရတယ် ရှေ့ဆက်ဖို့ခွန်အားရတယ် ကိုယ့်အိမ်မက်အတွက် အထောက်အပံ့ကောင်းရတယ် စစ်မှန်တဲ့ဂရုစိုက်မှုမျိုးရတယ်။
ဆရာအောင်ချိမ့် ပြောသလိုနာရီလက်တံတွေ ပြောင်းပြန်လည်နေပြီထင်ပါရဲ့ ပျော်ရွှင်မှုတွေကျွန်မ အပေါ်အားရပါးရ. ငိုကြွေးကြပြီ.....။