1 နှစ် - ဘာသာပြန်ပါ။

ဒေါ်လာနှင့် ထိုင်းဘတ်များကို ဗဟိုဘဏ်ထပ်မံထုတ်ရောင်း

ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ တတိယအကြိမ် ဒေါ်လာနှင့် ထိုင်းဘတ်များကို ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဇန်နဝါရီ (၆) ရက်တွင် ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၈၇၁) သန်းကို ထပ်မံထုတ်ရောင်းပေးခဲ့ပြီး ယခုတစ်ကြိမ် ထုတ်ရောင်းပေးမှုအပါအဝင် ဒေါ်လာသန်း (၅၀)၊ ထိုင်းဘတ် (၅ ဒသမ ၃၂၉) သန်းနှင့် တရုတ်ယွမ် (၁ ဒသမ ၂) သန်းနီးပါး ထုတ်ရောင်းပေးထားကြောင်း သိရသည်။

ထိုကဲ့သို့ ရောင်းချပေးမှု အနေဖြင့် ဇန်နဝါရီ (၂) ရက်တွင် ဒေါ်လာ (၂၅) သန်း၊ ထိုင်းဘတ် (၂ ဒသမ ၄၅၈)သန်းနှင့် တရုတ်ယွမ် (၆၈၀,၀၀၀) ခန့်၊ ဇန်နဝါရီ (၃) ရက်တွင် တရုတ်ယွမ် (၅၁၀,၀၀၀) ကျော်ထုတ်ရောင်းပေးထားကြောင်း သိရသည်။

ထို့ပြင် ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၉) ရက်အထိ လေးလအတွင်း ဒေါ်လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂၇၄) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သလို ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလီယံကိုလည်း သီးသန့်ထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်ထားချက်အရ သိရသည်။

image
1 နှစ် - ဘာသာပြန်ပါ။

တိဘက်တွင် ပြင်းအား ၆ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်

တိဘက်ဒေသ၏ ဒုတိယအကြီးဆုံးမြို့တွင် ဇန်နဝါရီ ၇ ရက်နံနက်ပိုင်းက ပြင်းအား ၆ ဒဿမ ၈ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာက ပြောခဲ့ပြီး Shigatse မြို့ ပတ်ဝန်းကျင်ဧရိယာတွင် နံနက် ၉း၀၅ ခန့်က လှုပ်ခါမှုဖြစ်ခဲ့သည်ဟု ဆိုခဲ့သည်။

ငလျင်ဗဟိုချက် အနက် ၆ ဒဿမ ၂ မိုင်ခန့်မှ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ငလျင်ဗဟိုချက်နှင့် မိုင် ၂၅၀ အကွာရှိ နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူအထိ တုန်ခါမှုကို ခံစားခဲ့ရပြီး ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံများသည် နေအိမ်များအတွင်းမှ ထွက်ပြေးခဲ့ကြသည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြခဲ့သည်။

၆ ဒဿမ ၈ ပြင်းအားရှိ ငလျင်လှုပ်ခတ်မှုမျိုးကို အင်အားပြင်းငလျင်အဖြစ် သတ်မှတ်ပြီး ထိခိုက်ပျက်စီးမှု ကြီးမားနိုင်သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသများသည် ငလျင်လှုပ်ခတ်မှုများကို မကြာခဏကြုံရလေ့ရှိပြီး ၂၀၀၈ ခုနှစ်က စီချွမ်ပြည်နယ်တွင် လှုပ်ခတ်ခဲ့သော အားပြင်းငလျင်ကြီးကြောင့် လူပေါင်း ၇၀၀၀၀ နီးပါး ‌ေ-သဆုံးခဲ့သည်။

တရုတ်နိုင်ငံပိုင် ရုပ်သံဌာန စီစီတီဗီ၏ အဆိုအရ လွန်ခဲ့သည့် ငါးနှစ်အတွင်းက Shigatse ငလျင်၏ ကီလိုမီတာ ၂၀၀ အတွင်းနယ်မြေတွင် ပြင်းအား ၃ နှင့် အထက်ရှိသော ငလျင်ပေါင်း ၂၉ ကြိမ်လှုပ်ခတ်ခဲ့သော်လည်း အဆိုပါငလျင်အားလုံးသည် အင်္ဂါနေ့တွင် လှုပ်ခတ်ခဲ့သော ယခုငလျင်ထက် ပြင်းအားပိုနည်းသည်ဟု ဆိုခဲ့သည်။

၂၀၁၅ ခုနှစ်က အိမ်နီးချင်း နီပေါနိုင်ငံ ခတ္တမန္ဒူအနီးတွင် ပြင်းအား ၇ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လူ ၉၀၀၀ ခန့်‌ေ-သဆုံးကာ ထောင်နှင့်ချီ၍ ဒဏ်ရာရခဲ့ပြီး နိုင်ငံ၏ အဆိုးဝါးဆုံး ငလျင်ဘေးဖြစ်ခဲ့သည်။

image
1 နှစ် - ဘာသာပြန်ပါ။

အင်ဒိုနီးရှားက Brics အဖွဲ့၏ တင်းပြည့်အဖွဲ့ဝင်ဖြစ်လာ

အင်ဒိုနီးရှားနိုင်ငံသည် Brics အဖွဲ့၏ တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်ပူးပေါင်းခဲ့ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက ဇန်နဝါရီ ၆ ရက်နေ့ကသတင်း ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့ပြီး ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့လည်းပါဝင်သော ထွန်းသစ်စစီးပွားရေးနိုင်ငံများအုပ်စုကို ပိုမိုတိုးချဲ့လိုက်ခြင်းဖြစ်သည်။

ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံသည် ထွန်းသစ်စနိုင်ငံများ အားကောင်းစေရေးနှင့် တောင်ကမ္ဘာခြမ်းဟုခေါ်တွင်သော ဒေသ၏ အကျိုးစီးပွားများ ပိုမိုတိုးတက်ရေးအတွက် အဖွဲ့သို့ ပါဝင်လိုသည်ဟု ယခင်ကတည်းက ထုတ်ဖော်ပြောဆိုထားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ၌ ပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေး၌ အဖွဲ့ကို တိုးချဲ့ရေးတွန်းအားပေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဖွဲ့ဝင်နိုင်ငံများသည် အင်ဒိုနီးရှားနိုင်ငံကို ဝင်ရောက်ခွင့်ပြုရန် ကနဦးအတည်ပြုခဲ့ကြသည်ဟု အဖွဲ့၏ ၂၀၂၅ ခုနှစ် ဥက္ကဌနေရာကို ရယူထားသည့် ဘရာဇီးက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ ကမ်းလှမ်းမှုကို ၂၀၂၃ ခုနှစ်တွင် အဖွဲ့က မီးစိမ်းပြခဲ့သော်လည်း အာရှနိုင်ငံသည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအပြီးမှသာ ပူးပေါင်းရန် တောင်းဆိုခဲ့သည်ဟု ဘရာဇီးအစိုးရက ပြောဆိုသည်။

အောက်တိုဘာလတွင် ပရာဘိုဝို ဆူဘီယန်တို အင်ဒိုနီးရှားသမ္မတအဖြစ် တက်လာခဲ့သည်။

Brics အဖွဲ့တွင် အီဂျစ်၊ အီသီယိုပီးယား၊ အီရန်နှင့် ယူအေအီးနိုင်ငံများလည်း ပါဝင်သည်။

image
1 နှစ် - ဘာသာပြန်ပါ။

အင်္ဂလိပ်စာဖတ်တတ်ဖို့ ဒီလို လွယ်လွယ်လေးတွေက စ ဖတ်ပါ

#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

အင်္ဂလိပ်စာဖတ်တတ်ဖို့ ဒီလို လွယ်လွယ်လေးတွေက စ ဖတ်ပါ

#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

အင်္ဂလိပ်စာဖတ်တတ်ဖို့ ဒီလို လွယ်လွယ်လေးတွေက စ ဖတ်ပါ

#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

အင်္ဂလိပ်စာဖတ်တတ်ဖို့ ဒီလို လွယ်လွယ်လေးတွေက စ ဖတ်ပါ

#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

အင်္ဂလိပ်စာဖတ်တတ်ဖို့ ဒီလို လွယ်လွယ်လေးတွေက စ ဖတ်ပါ

#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

အင်္ဂလိပ်စာဖတ်တတ်ဖို့ ဒီလို လွယ်လွယ်လေးတွေက စ ဖတ်ပါ

#englisheverywhere

image
image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

မော်လမြိုင်
၁၉၆၃ ခုနှစ်
#crdnheurfarrpunyadee
#oldburma
#ရှေးရှေးတုန်းကဗမာပြည်

image