49 ပတ် - ဘာသာပြန်ပါ။

Beautiful nail designs that will give beauty to your feet

image
49 ပတ် - ဘာသာပြန်ပါ။

Beautiful nail designs that will give beauty to your feet

image
49 ပတ် - ဘာသာပြန်ပါ။

Beautiful nail designs that will give beauty to your feet

image
49 ပတ် - ဘာသာပြန်ပါ။

Beautiful nail designs that will give beauty to your feet

imageimage
+5
49 ပတ် - ဘာသာပြန်ပါ။

🙃

image
49 ပတ် - ဘာသာပြန်ပါ။

🖤

image
49 ပတ် - ဘာသာပြန်ပါ။

နေပြည်တော်၊ ရန်ကုန်အပါအဝင် ဒေသအများစုတွင် ဇန်နဝါရီပျမ်းမျှအပူချိန်ထက်အနည်းငယ်ပိုနိုင်ဟု မိုး/ဇလထုတ်ပြန်

နေပြည်တော်၊ ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်အများစုမှာ ဇန်နဝါရီပျမ်းမျှအပူချိန်ထက် အနည်းငယ် ပိုနိုင်တယ်လို့ ဇန်နဝါရီပထမ၁၀ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ ညအပူအချိန်အနေနဲ့ ဇန်နဝါရီပျမ်းမျှအပူချိန်ထက် ၁ဒသမ၅ ဒီဂရီစင်တီဂရိတ်နဲ့အထက် ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မြူဆိုင်းနိုင်တဲ့အခြေအနေကတော့ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ကိုးရက်ခန့်နဲ့ နေပြည်တော်၊ ရန်ကုန်အပါအဝင် ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ သုံရက်ကနေ ငါးရက်ခန့် မနက်ပိုင်းတွေမှာ မြူဆိုင်းနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-မိုး/ဇလ

image
49 ပတ် - ဘာသာပြန်ပါ။

အမြန်လမ်းတွင် Expressယာဥ်တိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် (၁၁၇/၀)နဲ့ (၁၁၇/၁)ကြားမှာ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ၁ရက်၊ မနက်၃နာရီခွဲခန့်က Expressယာဉ်တစ်စီးတိမ်းမှောက်ပြီး ခရီးသည်အမျိုးသမီးတစ်ယောက်သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကို ၁၁၅မိုင် အမြန်လမ်းမီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်ကြောင့် ယာဉ်ပေါ်မှာပါတဲ့ ခရီးသည်၄၅ယောက်ထဲက အမျိုးသမီးတစ်ယောက်သေဆုံးပြီး ၃၄ယောက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေကို ဖြူးပြည်သူ့ဆေးရုံကို ပို့‌ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

image
49 ပတ် - ဘာသာပြန်ပါ။

လူတစ်ယောက်ကို လက်လွှတ်နိုင်တဲ့အချိန်
လက်လွှတ်ရတဲ့ခံစားချက်ကိုခံစားဖူးတဲ့သူပဲသိမှာပါ ဝန်လေးရတယ် စိတ်အားလဲငယ်ရတယ် စိတ်သေချာမပြတ်နိုင်သေးပဲနဲ့ လက်လွှတ်လိုက်မယ်လေလို့တွေးလိုက်မိတဲ့အချိန်တိုင်းမှာ ဘယ်လောက်မွန်းကျပ်ပြီးလှောင်ပိတ်နေရလဲဆိုတာ ကိုယ်လဲနားလည်ပါတယ် ဘာလို့ဆို ခံစားဖူးခဲ့တာကို ခံစားရခဲ့တာကို ဒါပေမယ့်လေ အကုန်လုံးကိုအပြီးသ၊တ်လက်လွှတ်စေချင်တယ် ကိုယ့်ကိုယ်ကိုပိုချစ်ပြီးတော့ အများကြီးလဲတန်ဖိုးထားစေချင်တယ် ကိုယ့်ရဲ့ဘဝလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့အေးအေးချမ်းချမ်းဖြတ်သန်းစေချင်တယ် အဲ့ဒီနွံထဲကရုန်းထွက်စေချင်တယ် လွယ်မှာတော့မဟုတ်ဘူးနော် တဂယ်လဲမလွယ်ခဲ့ဘူး ဒါပေမယ့် တစ်နေ့ထက်တစ်နေ့ ကြိုးစားပြီးလုပ်စေချင်တယ် ဒီနှစ်ရဲ့နောက်ဆုံးလမှာနောင်တတွေကိုထားခဲ့စေချင်တယ်

image
49 ပတ် - ဘာသာပြန်ပါ။

အင်းစိန်မြို့နယ်တွင် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော် ပြုလုပ်မည်

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ အာလိန်ငါးဆင့် မဟာဆေးဝင်္ကဘာ ကျောင်းတိုက်ရှေ့တွင် လွတ်လပ်ရေးအောင်ပွဲ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို လာမည့် ဇန်နဝါရီလ (၇) ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး (၅)ရက် တိုင်အောင် ကျင်းပသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ယင်းပျော်ပွဲရွှင်ပွဲတွင် ဆိုင်ပေါင်း (၂၇၀) ခန့်ပါဝင်မည် ဖြစ်ပြီး အင်းစိန်ပန်းခြံထိပ် မီးပွိုင့်မှ လမ်းတလျှောက် ဆိုင်များခင်းကျင်းမည်ဖြစ်သည်ဟု ဆိုသည်။

အင်းစိန်မြို့နယ်ရှိ အာလိန်ငါးဆင့် မဟာဆေးဝင်္ကဘာကျောင်းတိုက်အတွင်း ကရင်နှစ်သစ်ကူးပွဲ အခမ်းအနားများ မကျင်းပဖြစ်သေးသော်လည်း စေတီပုထိုး၊ ရုပ်ပွားတော်များ၊ အဆောက်အဦအချို့လည်း ယိုယွင်းနေသည့်အတွက် အကြီးစားပြန်လည် ပြင်ဆင်မှုများ လုပ်ဆောင်ရန် စီစဉ်ထားကြကြောင်း သိရသည်။

image