13 w - Translate

IOC ဥက္ကဋ္ဌ ဖြစ်လာရန် လော့ဒ်ကိုး မျှော်လင့်
-------------------------
ဗြိတိန်နိုင်ငံသား လော့ဒ်ကိုးက နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) ဥက္ကဋ္ဌရာထူးကို ရယူနိုင်တဲ့ ပထမဆုံး ဗြိတိန် နိုင်ငံသား ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ လော်ဆိန်းမြို့မှာ ကျင်းပခဲ့ တဲ့ပွဲမှာ IOC လက်ရှိဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ်က လာမယ့် ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် လော့ဒ်ကိုး အပါ အဝင် ၆ ယောက်ကို တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ IOC ဥက္ကဋ္ဌရွေးကောက်ပွဲကို လာမယ့် မတ်လအတွင်း ဂရိနိုင်ငံ မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အိုလံပစ်လှုပ်ရှားမှုတွေက စိတ်လှုပ်ရှားစရာကောင်းခဲ့သလို ဒီလှုပ်ရှားမှုတွေကို ပိုမို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မယ့် အခွင့်အရေးရဖို့ မျှော်လင့်ပါတယ်လို့ လော့ဒ်ကိုးက ပြောသွားခဲ့ပါတယ်။ လော့ဒ်ကိုးဟာ လက်ရှိမှာလည်း ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးကို ထမ်းဆောင်နေတာဖြစ်တဲ့အတွက် အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ရာထူးအတွက် အဆင်သင့်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အိုလံပစ်ကော်မတီရဲ့ ၉ ယောက်မြောက် ဥက္ကဋ္ဌဖြစ်တဲ့ သောမတ်စ်ဘတ်ချ်ဟာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ရာထူးကို ၂၀၁၃ စက်တင်ဘာ လထဲက ရယူထားတာဖြစ်ပြီး ဥက္ကဋ္ဌရာထူးကို ရယူထားတာဟာ ၁၁ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ လာမယ့် မတ်လ ထဲမှာ အိုလံပစ်ကော်မတီရဲ့ ၁၀ ယောက်မြောက် ဥက္ကဋ္ဌကို ရွေးချယ်သွားမှာဖြစ်ပြီး လော့ဒ်ကိုး ဖြစ်လာနိုင်တယ်လို့ ထိပ်ဆုံးက ရေပန်းစားနေတာ ဖြစ်ပါတယ်။

image