ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မက်ဆီ၊ ဆွာရက်ဇ်တို့နှင့် MSN တိုက်စစ်ကို ပြန်လည်အသက်သွင်းရန် နေမာ ဆန္ဒရှိ
ဘရာဇီးတိုက်စစ်ကစားသမား နေမာဟာ တချိန်က ဘာစီလိုနာမှာ နာမည်ကြီးခဲ့တဲ့ MSN တိုက်စစ်ကို ပြန်လည်အသက်သွင်းဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ဆော်ဒီကလပ် အယ်လ်ဟီလယ်မှာ ကစားနေတဲ့ နေမာဟာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရပြီး မက်ဆီနဲ့ ဆွာရက်ဇ်တို့ရှိတဲ့ အင်တာမိုင်ယာမီအသင်းဆီ ပြောင်းရွှေ့ဖို့ လမ်းဖွင့်လိုက်တာပါ။
နေမာရဲ့ စာချုပ်သက်တမ်းက လာမယ့်ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အင်တာမိုင်ယာမီ အသင်းဘက်ကလည်း နေမာကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး MSN တိုက်စစ်ကို ပုံဖော်ဖို့ စီစဉ်နေတာပါ။
အသက် ၃၂ နှစ်ပြည့်တော့မယ့် နေမာဟာ ကစားသမားဘဝရဲ့ နောက်ဆုံးကာလ အပိုင်းအခြားကို ရောက်ရှိလာပြီဖြစ်လို့ အမေရိကန် မေဂျာလိဂ်ဆီ ပြောင်းရွှေ့ပြီး ခြေလှမ်းသစ်စတင်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။
Photo-Reuters