တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြ အန်ကေးပေါ်စတာကိုကလူက အယ်လ်စဘော့အသင်းနဲ့ပွဲစဉ်မှာလူစားလဲထုတ်ခံခဲ့ရပြီးနောက်ရာဒူဒရာကူဆင်ရဲ့ဒဏ်ရာပြသနာဟာ စိုးရိမ်စရာကောင်းတယ်လို့ထုတ်ဖော်ဝန်ခံပြောဆိုလိုက်ပါတယ်။
ရိုမေနီးယားခံစစ်ကစားသမားဟာ ယူရိုပါလိဂ်ပွဲစဉ်မှာလူးစားဝင်ရောက်ကစားခဲ့ပေမဲ့ မိနစ် ၂၀ လောက်သာကစားခဲ့ရကာ ဒူးဒဏ်ရာပြသနာကြောင့်လူစားလဲထုတ်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့စပါးအသင်းအနေနဲ့ ၃ ဂိုးဆက်သွင်းယူပြီးအနိုင်ရယူသွားခဲ့ပါတယ်။
စပါးအသင်းရဲ့လက်ရှိအနေအထားအရ ဒဏ်ရာရကစားသမားအတော်များနေပြီး အထူးသဖြင့်ဗဟိုခံစစ်နေရာမှာဖြစ်ပါတယ်။တကယ်လို့ဒရာကူဆင်အနေနဲ့ဒဏ်ရာရစာရင်းထပ်တိုးမယ်ဆိုရင်တော့ သူတို့မှာအသုံးပြုဖို့နောက်ခံကစားသမားကျန်ရှိတော့မှာမဟုတ်ပါဘူး။သူတို့အသင်းမှာအသင်းအဓိကနောက်ခံလူ ဗန်ဒါဗတ်အနေနဲ့ လေ့ကျင့်ရေးပြန်လည်ဆင်းနေပြီး ယန်းဘွိုင်းစ်နဲ့ပွဲစဉ်မှာဝင်ရောက်ကစားခွင့်ရပါတယ်။
ဘာတွေဖြစ်ပေါ်လာမလဲဆိုတာပြောဆိုဖို့ဒီဟာကအရမ်းမြန်ပါတယ်။သူ့ရဲ့အဆခြအနေကိုငါတို့ထပ်စစ်ရမှာဖြစ်ပေမဲ့ သူ့ရဲ့ဒူးခေါင်းကိုကြည့်ရတာသိပ်မကောင်းမွန်ပါဘူး။
တနဂ်နွေနေ့မှာကစားဖို့နောက်တပွဲကစောင့်နေပါတယ်။ငါတို့အနေနဲ့ဘာတွေလုပ်ဆောင်နိုင်လဲဆိုတာမြင်သာဖို့အတွက်ကလပ်အသင်းအနေနဲ့အလုပ်ပြင်းပြင်းထန်ထန်လုပ်ဆောင်ဖို့လိုတယ် လို့ အန်ကေးကပြောဆိုခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ
