နွားထီးသုံးကောင်နှင့်ခြင်္သေ့ပုံပြင်
***********************
တစ်ခါက ခြင်္သေ့တစ်ကောင်ဟာ လယ်ကွင်းပြင်ကြီးထဲမှာ မြက်စားနေတဲ့ နွားထီးသုံးကောင်ကို ချောင်းမြောင်း နေပါတယ်။ ခြင်္သေ့ကြီးဟာ နွားတွေကိုတိုက်ခိုက်ဖို့ အကြိမ် ကြိမ် ကြိုးစားခဲ့ပေမဲ့ နွားထီးတွေက ခြင်္သေ့ကြီးကို တစ်စုတစ်စည်းတည်း မောင်းထုတ်နိုင်ဖို့အတွက် တစ်ကောင် နဲ့ တစ်ကောင် ကူညီကြပါတယ်။

ခြင်္သေ့ကြီးဟာ နွားထီး တို့ရဲ့ သန်မာလှတဲ့ ဦးချိုတွေနဲ့ ခွာတွေကို မယှဉ်နိုင်တဲ့ အတွက်ကြောင့် နွားထီးတွေကို စားရဖို့ နည်းနည်းလေး တောင် မျှော်လင့်ချက်မရှိပါဘူး။

တစ်နေ့မှာတော့ အဲဒီနွားထီးသုံးကောင်ဟာ ခိုက်ရန်ဖြစ်ပွားကြသတဲ့။ အဲဒီအချိန်မှာ ဆာလောင်နေတဲ့ ခြင်္သေ့ကြီးဟာ သူ ပြုမူနေကျအတိုင်း သူ့နှုတ်ခမ်းတွေကို လျှာနဲ့လျက်ရင်း နွားထီးတွေဆီ လှမ်းကြည့်လိုက်ပြီးလာခဲ့ ပါတယ်။

နွားထီးတွေဟာ သင်းကွဲနေပြီး လယ်ကွင်း ပြင်ကြီးရဲ့ ထောင့်တွေမှာ တစ်ကောင်နဲ့တစ်ကောင် တော်တော်ကြီး ဝေးနေလေရဲ့။

ဒါကြောင့် ခြင်္သေ့ကြီးဟာ တိုက်ခိုက်ဖို့ လွယ်ကူသွားပြီး တစ်ကြိမ်ကို တစ်ကောင်ဆိုသလို အားရ ပါးရနဲ့ မြိန်ရေရှက်ရေ စားသောက်လိုက်တော့တာပေါ့ ကွယ်။

ဒါကြောင့် ကလေးတို့ရေ လောကမှာ အချင်းချင်း စည်းလုံးညီညွတ်ခြင်းဟာ ကြီးမားတဲ့ အင်အားတစ်ခုကို ဖြစ်စေတယ်ဆိုတာကို သတိပြုနိုင်ကြပါစေကွယ်။

Credit

image
1 နှစ် - ဘာသာပြန်ပါ။

ပုစွန်ရေညှိ

ပုစွန် ၁၅ကျပ်သား(အခွံခွာနုပ်နုပ်စင်းထားပါ)
ငါးဖယ် ၅ကျပ်သား (ထောင်းထားပါ)
ပြောင်းမှုန် ၂ဇွန်း
ဥနီ တဝက်(ခြစ်ထားပါ)
ကြက်သွန်မိတ် ၃ပင်(ပါးပါးလှီးထားပါ)
ဆား
သကြား
ငရုတ်ကောင်း
ကြက်သွန်ဖြူ/ဂျင်း ၁ဇွန်း(ထောင်းပြီရည်)

ပါဝင်ပစ္စည်းများကိုရောနယ်ထားပါ။ပေါင်းမည့်အိုးထဲမှပုဂံထဲသို့ ကြိုက်နှစ်သက်ရာဆောစ့်သံလွင်ဆီနှမ်းဆီမွှေးအနည်း
ငယ်ဆီထည့်၍ ၁၅မိနစ်ခန့်ပေါင်းလျှင်ရပါပြီ။ရေညှိလိပ်ပေါ်သို့
နံနံပင်(သို့)ကြက်သွန်မိတ်တင်ပြီးအလှဆင်လို့ရပါတယ်။

credit-

image
1 နှစ် - ဘာသာပြန်ပါ။

ဝမ်းနည်းစိတ်ဟာ တရိပ်ရိပ် တိုးလာတယ်
ဘယ်သူမှ ရှိမနေတာရော ၊ ဘယ်အရပ်ကို လှမ်းရမယ်မှန်း မသိတော့တာရော ပေါ့။
ကိုယ့်ကိုကိုယ် ထပ်တလဲလဲ ပြန်ရှာ ၊ ပြန်တွေ့ပြန်တော့ အရင်အချိန်တွေက ကိုယ်မဟုတ်တော့ဘူး။ တစ်စထက်တစ်စ ပိုပြီး အထိအရှများလာသလို တဖြည်းဖြည်းနဲ့လည်း ပိုပြီး တိတ်ဆိတ်ငြိမ်သက်လာတယ်။
#စာရယ်ကဗျာရယ်

1 နှစ် - ဘာသာပြန်ပါ။

သရုပ်ဆောင် ဒေါ်မြင့်မြင့်ခိုင်ရဲ့ KBZ ဘဏ်အကောင့်ဟက်ခံရပြီး ငွေကျပ် သိန်း ၁၂၀ ခိုးယူခံရ
ဒီဖြစ်စဉ်ကိုတော့ သူမရဲ့ သမီးဖြစ်သူက ပြောပြလာတာပါ။ မိခင်ဖြစ်သူဟာ လူကြီးဖြစ်တာကြောင့် ဒီကိစ္စတွေနဲ့ အကျွမ်းတဝင်မရှိပေမယ့် လွန်ခဲ့တဲ့ ၁ လလောက်ကမှ လုပ်ငန်းသုံးကိစ္စလေးရှိလို့ Kbz special account ကိုစဖွင့်ခဲ့တာလို့ဆိုပါတယ်။ ဖွင့်ပြီးချင်း ၁ လမပြည့်ခင်မှာပဲ ယခုလို ခိုးယူခံလိုက်ရတာပါ။ OTP ကုဒ်တောင်းချိန်မှာတော့ မိခင်ဖြစ်သူက ဆေးခန်းရောက်နေချိန်မို့ သတိမထားမိခဲ့ပဲ အိမ်ပြန်ရောက်လို့ တွေ့ချိန်မှာတော့ ငွေကျပ်သိန်း ၁၂၀ ကျော်ဟာ သူတို့မသိရှိတဲ့ အကောင့်တစ်ခုထဲကို လွှဲပြောင်းပြီးဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် မြင့်မြင့်ခိုင်ရဲ့ သမီးဖြစ်သူက သိသိချင်းမှာပဲ လက်ကျန်ငွေ အကုန်လုံးကို သူမအကောင့်ထဲသို့ လွှဲခဲ့တာပါ။ သက်ဆိုင်ရာ အားလုံးကိုအကြောင်းကြားခဲ့ပေမယ့် အမှုဖွင့်ရမယ့် ဖြစ်စဉ်ဖြစ်တာရယ် အမှုဖွင့်ပါက ဖုန်းကို စခန်းသို့အပ်နှံရမည်ဖြစ်တာကြောင့် အလုပ်ကိစ္စများရှိသေးသဖြင့် ငွေကျပ် သိန်း ၁၂၀ အား အဆုံးဟု သတ်မှတ်ခဲ့ရတယ်လို့ သူမကပြောပြလာပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image
1 နှစ် - ဘာသာပြန်ပါ။

#tattooideas

image