勃固(ပဲခူးမြို)

image

勃固(ပဲခူးမြို)

image

勃固(ပဲခူးမြို)

image

勃固(ပဲခူးမြို)

image

勃固(ပဲခူးမြို)

image

勃固(ပဲခူးမြို)

image

勃固(ပဲခူးမြို)

imageimage
+8

cute

ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မယ့် အသင်း ၄ သင်းကို ဂွာဒီယိုလာပြော

ဖေဖော်ဝါရီ ၂၁

ရီးရယ်လ်အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မန်စီးတီးအသင်း ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ဂွာဒီယိုလာက ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မယ့်အသင်း ၄ သင်းကို ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ရီးရယ်လ်အသင်းက ဆုဖလား ရယူနိုင်ဖို့ ရေပန်းအစားဆုံးဆိုတာ သေချာပါတယ်။ ဒါပေမယ့် တခြားကောင်းမွန်တဲ့ အသင်းတွေလည်းရှိတာကြောင့် စိတ်ဝင်စားစရာကောင်းတဲ့ ချန်ပီယံလိဂ် ရာသီဖြစ်လာမှာ ပါ။ ချန်ပီယံလိဂ် ဆုဖလားနဲ့ပတ်သက်ရင် ရီးရယ်လ်အသင်းက အမြဲတမ်း ရေပန်းအစားဆုံးဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက အခုအချိန်ထိ အလွန်ကောင်းမွန်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ထားပြီး ဘာစီလိုနာအသင်းရဲ့ စွမ်းဆောင်ရည်ကလည်း အံ့သြစရာကောင်းပါတယ်။ ကျနော့် သူငယ်ချင်း အင်းနရစ် ကိုင်တွယ်နေတဲ့ ပီအက်စ်ဂျီ အသင်းကလည်း အလွန်ကောင်းမွန်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ ရီးရယ်လ်အသင်းက ရေပန်းအစား ဆုံးပါ”လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ရီးရယ်လ်အသင်းကို ချန်ပီယံလိဂ် ပလေးအော့ဖ် နှစ်ကျော့ပေါင်း ရလဒ် ၆ ဂိုး-၃ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ရီးရယ်လ်အသင်း ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာကြောင့် ဂွာဒီယိုလာ အပါအဝင် အများအပြားက ရီးရယ်လ်အသင်း ချန်ပီယံဆုကို ဆက်ထိန်းနိုင်မယ်လို့ သုံးသပ် ထားကြတာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ကို ရီးရယ်လ်အသင်း အပါအဝင် လီဗာပူးလ်၊ အာဆင်နယ်၊ အက်စတွန်ဗီလာ၊ အသလက်တီကို၊ ဘာစီလိုနာ၊ အင်တာ၊ ဘိုင်ယန်မြူးနစ်၊ လေဗာကူဆင်၊ ဒေါ့မွန်၊ ပီအက်စ်ဂျီ၊ လိုင်လီ၊ ဖီယင်နု၊ ပီအက်စ်ဗွီ၊ ကလပ်ဘရုဂျက်နဲ့ ဘင်ဖီကာအသင်းတို့ တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ လီဗာပူးလ်၊ အာဆင်နယ်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့လည်း ပါဝင်နေတာပါ။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုကို ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြုလုပ်ပြီး ပွဲစဉ်တွေကို မတ်လ ပထမအပတ်နဲ့ ဒုတိယအပတ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Source: Metro

ပုံ - ရီးရယ်လ်အသင်းနဲ့ မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်

#ဘောလုံးသတင်းစုံ

image

နိုင်ငံကျော် မြန်မာဂန္ထဝင်အဆိုတော်ကြီး ဒေါ် ခင်ညွန့်ရည် ကွယ်လွန်

ဖေဖော်ဝါရီ ၂၁

နိုင်ငံကျော် မြန်မာ့ဂန္တဝင်အဆိုတော်ကြီး ဒေါ် ခင်ညွန့်ရည်ဟာဖေဖော် ဝါရီ ၂ဝ ရက်၊ ည ၁၁ နာရီ ၅ မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ ကျန်ရစ်သူ ကာယကံရှင် မိသားစုဝင်တွေက ပြောပါတယ်။

တေးသံရှင်ကြီး ဒေါ်ခင်ညွန့်ရီဟာ အဆုပ်ကင်ဆာရောဂါကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကင်ဆာဌာနမှာ တက်ရောက်ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

"ဟုတ်ပါတယ်။မနေ့ညက ဆုံးတာပါ။အခုတော့ အမေရဲ့ နာရေးကိစ္စတွေအတွက် စီစဉ်ဆောင်ရွက်နေပါတယ်။ရန်ကုန်ဆေးရုံကြီးမှာ ပဲဆုံးတာပါ။အဆုပ်ကင်ဆာနဲ့ပါ"လို့တေးသံရှင်ကြီး ဒေါ်ခင်ညွန့်ရည်ရဲ့သမီးဖြစ်သူက VOM ကို ပြောပါတယ်။

ဂီတအသိုင်းအဝိုင်းနဲ့ ဂီတနယ်ပယ်က အနုပညာရှင်တွေကတော့ မြန်မာ့ဂန္တဝင်အဆိုတော်ကြီး ဒေါ် ခင်ညွန့်ရည် ကွယ်လွန်သွားခဲ့ခြင်းနဲ့ ပတ် သက်လို့ ဝမ်းနည်းစကားတွေကို Facebook လူမှုကွန်ရက်ပေါ်မှာ ပြောကြားထားကြတာကိုလည်းတွေ့ရပါတယ်။

"သူချစ်တဲ့အနုပညာ သူချစ်တဲ့ပရိတ်သတ်တွေကို ထာဝရစွန့်ခွာသွားပါပြီ"လို့နိုင်ငံကျော်တေးသံရှင် ဒေါ်ခင်ညွန့်ရည် ကွယ်လွန်တာနဲ့ ပတ်သက်ပြီး ဂီတအနုပညာနယ်ပယ်က ဝမ်းနည်းစကားဆိုထားပါတယ်။

ကွယ်လွန်သူ တေးသံရှင်ကြီး ဒေါ်ခင်ညွန့်ရည်ရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကတော့ လက်ရှိမှာ နာရေးကိစ္စတွေအတွက် လိုက်လံစီစဉ်ဆောင်ရွက်နေပြီး နာရေးအစီအစဉ် အသေး စိတ်တွေကို ဒီကနေ့ နေ့လည်ပိုင်းလောက်မှာထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံကျော် တေးသံရှင်ကြီး ဒေါ် ခင်ညွန့်ရည်ဟာ ကွယ်လွန်ချိန်မှာ အသက်(၇၅)ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

သူဟာ မြန်မာ့သံစဉ်စစ်စစ် တေးသီချင်းတွေကို ဖန်တီးသီဆိုခဲ့တဲ့ မြန်မာ့ဂန္တဝင် နိုင်ငံကျော်
အဆိုတော်ကြီး တယောက်လည်းဖြစ်ပါတယ်။

တေးသံရှင်ကြီး ဒေါ် ခင်ညွန့်ရည်ရဲ့ နာမည်ကျော် လူသိများလှတဲ့ တေးသီချင်းတွေကတော့ "အဓိပတိလမ်းမှာ ရွာတဲ့မိုး၊ဆောင်းအမီ၊ တိမ်ပလီနွေနှောင်း၊လက်ပံပွင့်ကောက်အရောက်လာမယ်၊ချစ်တံခြူရှင်၊ နှင်းဆီမလေး ချစ်ပုံပြင်၊ပန်းနဲ့ပေါက်တာလည်း နာချင်တယ် အစရှိတဲ့ တေးသီချင်းတွေဟာ မြန်မာသံပရိတ်သတ်တွေကြားမှာ ရေပန်းစား ကျော်ကြားခဲ့တဲ့
တေးသီချင်းတွေပဲ ဖြစ်ပါတယ်။

Photo - CJ

#centralnewsnaypyitaw

image
image
image