49 ပတ် - ဘာသာပြန်ပါ။

Animal Print 🦁🐯

image
49 ပတ် - ဘာသာပြန်ပါ။

Animal Print 🦁🐯

image
49 ပတ် - ဘာသာပြန်ပါ။

Animal Print 🦁🐯

image
49 ပတ် - ဘာသာပြန်ပါ။

Animal Print 🦁🐯

imageimage
+4
49 ပတ် - ဘာသာပြန်ပါ။

ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အကျိုးသက်‌ရောက်ပြီ

ဂျေရုဆလင်၊ဇန်နဝါရီ ၁၉

ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးသည် တိုက်ပွဲကာလ ၁၅ လကြာပြီး လူအ‌ေ-သအပျောက်များ များစွာဖြစ်ပေါ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စတင်အကျိုးသက်‌ေရာက်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

ဟားမတ်စ်ဘက်မှ ယမန်နေ့ညနေပိုင်းတွင်လွှတ်ပေးမည့် ဓ-ါးစာခံအမျိုးသမီး ၃ ဦး၏အမည်ကို ထုတ်ပြန်ကြေငြာပြီးနောက် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဘက်ကလည်း ဂါဇာအပစ်အခတ်ရပ်စဲရေးကို စတင်ပြီ ဖြစ်ကြောင်း တရာကြေငြာခဲ့သည်။

ကာတာ၊အီဂျစ်နှင့်အမေရိကတို့၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အသက်ဝင်အကောင်အထည်ဖော်နိုင်ခဲ့သော အပစ်အခတ်ရပ်စဲရေးစာချုပ်သည် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် စတင်အကျိုးသက်ရောက်သည်။

သို့သော်လည်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကမူ ၎င်း၏တပ်ဖွဲ့များအနေဖြင့် ဟားမတ်စ်ဘက်မှ တိကျသေချာသည့် ဓ-ါးစာခံစာရင်း ကို မထုတ်ပြန်မချင်း တိုက်ပွဲများဆက်လက်ဖော်ဆောင်တိုက်ခိုက်သွားရန်လည်း ညွှန်ကြားထားသည်ဟုသိရသည်။

ဟားမတ်စ်၏ထုတ်ပြန်ကြေငြာချက်အရ ၎င်းတို့အနေဖြင့် ဓ-ါးစာခံစာရင်းထုတ်ပြန်ကြေငြာရန် နှောင့်နှေးနေရခြင်းမှာ နည်းပညာဆိုင်ရာအခက်အခဲတစ်ခုကြောင့်ဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

ယင်းအချိန်ကာလအတွင်း အစ္စရေးဘက်က ဂါဇာတစ်ဝန်းလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် လူရှစ်ဦးထက်မနည်း‌ေ-သဆုံးခဲ့သည်ဟုလည်းသိရသည်။

image
49 ပတ် - ဘာသာပြန်ပါ။

သမ္မတတာဝန်ယူပြီးပါက တရုတ်သို့သွားလည်လိုဟုထရမ့်ပ်ဆို

ဝါရှင်တန်၊ဇန်နဝါရီ ၁၉

အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်က သမ္မတတာဝန်ယူပြီးပါက ၎င်းအနေဖြင့် တရုတ်သို့သွားရောက်လိုကြောင်းပြောကြားခဲ့သည်ဟု Wall Street ဂျာနယ်သတင်းတစ်ရပ်အရသိရသည်။

ထရမ့်ပ်သည် ၎င်း၏ တာဝန်ထမ်းဆောင်မှုပထမဆုံးရက် ၁၀၀ အတွင်း တရုတ်နိုင်ငံသို့ခရီးထွက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်းဆုံးဖြတ်ချက်ကိုမူ မချရသေးကြောင်း သတင်းရင်းမြစ်များကဆိုသည်။

ထရမ့်ပ်သည် လာမည့်တနင်္လာနေ့၌ သမ္မတရာထူး ကို ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုရန်လည်း စီစဉ်ထားသည်။ထရမ့်ပ်သည် ၎င်း၏ပထမသမ္မတသက်တမ်းအတွင်း ၂၀၁၇ ခုနှစ်ကလည်း ပေကျင်းသို့ သွားရောက်ခဲ့သေးကြောင်းသိရသည်။

အမေရိကန်ဘက်မှ ဖိတ်ကြားချက်အရ တရုတ်သမ္မတရှီ၏ အထူးကိုယ်စားလှယ် ဒုတိယသမ္မတဟန်ကျန်းသည် ဇန်နဝါရီ ၂၀ ရက်တွင် ဝါရှင်တန်ဒီစီ၌ပြုလုပ်မည့် ထရမ့်ပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့နှောင်းပိုင်းကလည်း သမ္မတရှီသည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်၏ဖုန်းခေါ်ဆိုမှုကို လက်ခံစကားပြောကြားခဲ့သည်ဟုသိရသည်။

image
49 ပတ် - ဘာသာပြန်ပါ။

20 Jan 25
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,530
USD Sell - MMK 4,630
EUR Buy - MMK 4,655
EUR Sell - MMK 4,780
SGD Buy - MMK 3,270
SGD Sell - MMK 3,370
THB Buy - MMK 131.58
THB Sell - MMK 135.14
JPY Buy - MMK 29.03
JPY Sell - MMK 29.81
MYR Buy - MMK 1,005
MYR Sell - MMK 1,032
CNY Buy - MMK 619
CNY Sell - MMK 636

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,115,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,500,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
49 ပတ် - ဘာသာပြန်ပါ။

တရုတ်နှစ်ကူးရောက်တော့မယ်ဆိုတော့ အီကွေ့လေးလုပ်စားရအောင်
ကောက်ညှင်းဆန်တစ်ပြည်ကိုဆန်ကြမ်းနို့ဆီတစ်ဘူးထည့်၊ ရေစင်အောင်ဆေးပြီးတစ်ညရေစိမ်ထားပါ။
ထို့နောက်ကြိတ်ဆုံတွင်ကြိတ်ကာအိတ်ဖြင့် မုန့်သား ရေကုန်လုနီးပါးဖြစ်အောင်စစ်ရပါမည်။
ကြံသကာကျိုရန် အနီရောင်ကြံသကါ ရလျှင်ပိုကောင်းပါသည်။အဝါရောင်ကြံသကာသုံးလျှင် နီရောင်ရသည်အထိကျိုရန်လိုအပ်ပါသည်။ အနီရောင်မရခင်အသုံးပြုပါက မုန့်သားအရောင်မှာပြာနှမ်းနှမ်းဖြစ်တတ်ပါသည်။
ကြံသကာတစ်ပိဿာကိုရေဖလားတစ်ခွက်၊ ပါဝါအနည်းငယ်၊မုန့်မျက်နှာပြင်တင်းစေရန်အတွက် လက်ချား အနည်းငယ်၊ ဆား အနည်းငယ် ထည့်ပြီး အမှိုက်၊ သဲတို့သန့်စင်အောင်စစ်၍ ညောင်စေးမကျတကျဖြစ်သည်အထိကျိုပါ။
ကောက်ညှင်းမုန့်ညက်ကို နှဲမည့် အိုး(သို့မဟုတ်)အင်တုံကြီးကြီးထဲသို့ ချေပြီးထည့်ကာ ကျိုထားသော ကြံသကာရည်အနည်းငယ် စီထည့်၍ မုန့်နှစ်အခဲများမဖြစ်အောင် စိတ်ရှည်လက်ရှည်နှဲပါ။
ထို့သို့ ကြံသကာရည်ကုန်သည်အထိ သုံးလေးကြိမ်မျှခွဲထည့်ပြီး မုန့်အခဲမကျန်အောင် နှဲပါ။
နှဲသားကောင်းလျှင်မုန့်ပိုကောင်းပါသည်။
နောက်ဆုံးကြံသကာရည်ကုန်လျှင် ပေါင်းရန်အသင့်အနေအထား မုန့်နှစ်ခပ်ပျစ်ပျစ်ဖြစ်လာပါမည်။
ပေါင်းမည့်အိုးကိုရေနွေးဆူအောင်အရင်တည်ထားပါ။
ပေါင်းမည့်ခွက်ကို ဆီဖတ်နှင့်ဆီသုတ်ကာ မုန့်နှစ်ကို ခွက်သုံးပုံတစ်ပုံထည့်ပါ။
တစ်ဝက်အနေအထားထည့်လျှင်ပေါင်းနေ့စဉ် မုန့်သားပွတက်လာသဖြင့် ခွက်ပြည့်လျှံထွက်တတ်သည်။
ပေါင်းချိန် တစ်နာရီကျော်ကျော်ကြာပါသည်။
ပေါင်းနေစဉ် ရေနွေးငွေ့များ အပြင်မထွက်စေရန် ပေါင်းချောင်ဖတ်ဖြင့်လုံအောင်လုပ်ပါ။
ထင်းမီးအသုံးပြုပါက မီးအဆက်မပြတ်စေရန်လည်း ဂရုစိုက်ရပါမည်။
ပေါင်းချိန်တစ်နာရီကျော်လျှင် ပေါင်းအိုးမှချကာ နှမ်း၊ မြေပဲလှော် မညက်တညက်ထောင်းတို့ကို မျက်နှာပြင်ပေါ် နှံ့အောင်ဖြူးပေးပါ။
ပေါင်းခွက်မှမုန့်ခွာလျှင် ပူနေစဉ်အချိန်မခွာပါနှင့်၊ မုန့်ပုံစံပျက်၍မလှမပဖြစ်သွားပါမည်။
လုံးဝအေးသွားသည်အထိ အအေးခံထားပါ။
ဖြစ်နိုင်လျှင် တရက်လောက်အအေးခံပြီးခွာလျှင် မုန့်ပုံစံလှပစွာထွက်ပါသည်။
#မြိန်မြိန်

image
49 ပတ် - Youtube

49 ပတ် - ဘာသာပြန်ပါ။

Yaiba: Legendary Samurai " Anime ကို 2025 April လထဲမှာ Remake ပြန်လည်ထွက်ရှိလာမယ်လို့သိရပါတယ် ။
ဒီ Anime က လွန်ခဲ့တဲ့ နှစ် 30 ကျော်လောက်တည်းကထွက်ရှိပြီးသား Anime တစ်ခုဖြစ်ပြီးတော့ တကယ့် Legendary Anime တစ်ခုလည်းဖြစ်ပါတယ် ။
ဒီ Anime ရဲ့ Creator ကတော့ Detective Conan ရဲ့ Creator Gosho Aoyama ဖြစ်ပြီး ဒီ Anime ဒါရိုက်တာ အနေနဲ့ Mob Psycho 100 III Director Takahiro Hasui ကနေရိုက်ကူးပေးသွားမှာဖြစ်ပြီး WIT Studio ကထုတ်လုပ်သွားမယ်လို့သိရပါတယ် ။ ဒါ့အပြင် Song Effect ‌အတွက် Yutaka Yamada ( Vinland Saga ) နှင့် Yoshiaki Dewa ( Hell Parasite ) တို့ ကိုင်တွယ်ခဲ့တဲ့ ဆရာကြီးတွေ ပဲ ကူညီပေးသွားမယ်လို့ သိရပြီး Voice Actor အနေနဲ့ ( Attack On Titan ရဲ့ Reiner နေရာက အသံသရုပ်ဆောင် Takeshi Onimaru တို့လို နာမည်ကြီးတွေပါ ပါဝင်အားဖြည့်သွားမယ်လို့ သိရပါတယ် ။

image