ရန်ကုန်သို့သယ်ဆောင်ရောင်းဝယ်သည့် သိန်း (၆၅၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၇) သိန်း ဖမ်းဆီးရမိ

ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်သည့် ငွေကျပ်သိန်း ၆,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် သတင်းအရ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအနီးတွင် တောင်ကြီးမှ အောင်ပန်းဘက်သို့ ဟန်လင်းကျော် မောင်းနှင်ပြီး မယွန်းသီရိကျော် လိုက်ပါလာသည့် TOYOTA MARK II ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း၊ သတင်းကွင်းဆက်အရ ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ ရန်ကုန်သို့ ဇော်ဇော်အောင်(ခ)ထက်အောင် မောင်းနှင်ပြီး သန်းထွန်း နှင့် ကျော်ဝင်း(ခ)ဘလိ တို့လိုက်ပါလာသည့် CRV မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ အထက်ပါ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇ သိန်းအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ ပန်လင်းဆိုင်ကျေးရွာနေ စိုင်းလာ(ခ)ကိုစိုင်း၏ အစီအမံဖြင့် ကွန်ဟိန်းမြို့နယ်၊ ကာလိကျေးရွာနေ စိုင်းဘမောင်(ခ)ကိုဘ(ခ)စိုင်းယွန်း ထံမှ ဝယ်ယူခဲ့ပြီး လွိုင်လင်မြို့နယ်၊ နောင်လိုင်မူဖိတ်ကျေးရွာနေ စိုင်းထွန်းလှမှ တောင်ကြီးမြို့သို့ တာဝန်ခံသယ်ဆောင်၍ ဟန်လင်းကျော် နှင့် မယွန်းသီရိကျော် တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်းကို ပြန်လည်ရောင်းချခဲ့ကြောင်း၊ ဇော်ဇော်အောင် (ခ)ထက်အောင်၊ သန်းထွန်း နှင့် ကျော်ဝင်း(ခ)ဘလိ တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၃သိန်းကို တောင်ကြီးမှ ရန်ကုန်သို့ သယ်ဆောင်ခိုင်းခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အသွင်ပြောင်းဌာနေပြည်သူ့စစ်(PNO)အဖွဲ့နှင့်ပူးပေါင်း၍ ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကြီးကျေးရွာတွင် စိုင်းထွန်းလှ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရန်ကုန်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများလက်ခံ၍ ပြန်လည်ရောင်းချသူများဖြစ်သည့် အောင်ကျော်ဌေး(ခ)ကိုဌေး နှင့် စိုင်းဝေအောင် တို့အား သင်္ဃန်းကျွန်းမြို့နယ်၌ လည်းကောင်း၊ ဦးဦးသန့်ဇော် အား တာမွေမြို့နယ်၌ လည်းကောင်း အသီးသီး ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

#centralnewsnaypyitaw

image

ကမ္ဘာ့ဒူးရင်းသီးအများဆုံးတင်ပို့တဲ့အုပ်စုထဲကို ဗီယမ်နမ်နိုင်ငံ ဝင်ရောက်လာ

ဇန်နဝါရီ ၁၄

ဗီယက်နမ်နိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ ဒူးရင်းပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၃.၃ ဘီလျံဖိုး တင်ပို့နိုင်ခဲ့တဲ့အတွက် နိုင်ငံတ ကာဒူးရင်းဈေးကွက်ထဲမှာ ဗီယက်နမ်နိုင်ငံဟာ ဒူးရင်းသီးအများအပြားတင်ပို့တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ဝင်ရောက်လာနိုင် ခဲ့ပြီဖြစ်ကြောင်း CNBC သတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။

ဗီယက်နမ်နိုင်ငံဟာ ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၄ ခုနှစ်မှာ ဒူးရင်းသီး ပြည်ပပို့ကုန် ၇.၈ ဆ တိုးမြှင့် တင်ပို့နိုင်ခဲ့ပြီး ဒူးရင်းသီးတင်ပို့မှုဟာ စုစုပေါင်း သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် ပြည်ပပို့ကုန်ရဲ့ ၅၀% နီးပါး ရှိပါတယ်။

ဒူးရင်းသီးကို ဇိမ်ခံစားစရာအသီးတစ်ခုအဖြစ်မှတ်ယူထားတဲ့ တရုတ်နိုင်ငံရဲ့ ဝယ်လိုအား မြင့်တက်မှုကြောင့် အခုလို အောင်မြင်မှုကြီးကြီးမားမားရရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ တရုတ်နိုင်ငံဟာ ဒေါ်လာ ၆.၈၃ ဘီလျံတန်ကြေးရှိ ဒူးရင်းသီးတန်ချိန် ၁.၅၃ သန်း တင်သွင်း ခဲ့ရာ အရင်နှစ်ကထက် ဒူးရင်းသီးတင်သွင်းမှု ၉.၄% မြင့်တက်ခဲ့ပါတယ်။

ဝင်ငွေကောင်းလှတဲ့ ဒီဒူးရင်းသီးဈေးကွက်မှာ ဗီယက်နမ်နိုင်ငံဟာ ဈေးကွက်ဝေစု ၄၇% ကို သိမ်းပိုက်ထားနိုင် ပြီး ဈေးကွက်ထိပ်ဆုံးက ဦးဆောင်နေတဲ့ ထိုင်းနိုင်ငံကို မီလုမီခင်နီးပါးဖြစ်ပါတယ်။

ဒူးရင်းသီးကို ဒူးရင်းဟောပေါ့၊ ဒူးရင်းပေါင်မုန့်နဲ့ နေ့ကြီးရက်ကြီးတွေမှာစားသုံးရတဲ့ ဒူးရင်းသီးဘူဖေးတို့လို ဒူးရင်းအစား အသောက်အမျိုးမျိုးကို တီထွင်ဖန်တီးထုတ်လုပ်ကြတဲ့အတွက် ဒူးရင်းသီးဟာ တရုတ်နိုင်ငံရဲ့ လူလတ်တန်းစားအသိုင်း အဝိုင်းမှာ ရေပန်းစားနေတဲ့ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။

ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် အရည်အသွေးမြင့် ဒူးရင်းသီးကို တစ်နှစ်ပတ်လုံး စိုက်ပျိုး ထုတ်လုပ်ခြင်းအားဖြင့် ဗီယက်နမ်နိုင်ငံဟာ အဲဒီအခွင့်အရေးကို အကျိုးရှိရှိ အသုံးပြုနေတာဖြစ်ပါတယ်။

တပြိုင်တည်းမှာပဲ ဈေးကွက်ယှဉ်ပြိုင်ဝင်ရောက်လာတဲ့ အင်ဒိုနီးရှားနိုင်ငံကလည်း၂၀၂၃ ခုနှစ်မှာ ဒူးရင်းသီး ဒေါ်လာ ၁.၀၇ သန်းဖိုး တင်ပို့နိုင်ခဲ့ပေမဲ့ ဗီယက်နမ်တင်ပို့မှုအောက်မှာ သိသိသာသာ လျော့နည်းနေဆဲပဲ ဖြစ်ကြောင်း အင်ဒိုနီးရှား စာရင်းအင်းဌာနက ပြောပါတယ်။

ဗီယက်နမ်နိုင်ငံဟာ ဘက်စုံစေ့စပ်တဲ့မဟာဗျူဟာချမှတ်မှု၊ ထုတ်ကုန်ပစ္စည်းအရည်အသွေးကောင်းမွန်မှု၊ နည်းပညာတီ ထွင်ဖန်တီးနိုင်မှုနဲ့ နိုင်ငံတကာဈေးကွက်ချဲ့ထွင်နိုင်မှုတို့ကြောင့် အခုလို အောင်မြင်မှုမျိုး ရရှိခဲ့တာဖြစ်ကြောင်း CNBC သတင်းဌာနက ပြောပါတယ်။

ဗီယက်နမ်နိုင်ငံဟာ အထူးသဖြင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသနဲ့ တောင်တန်းဒေသတွေမှာရှိတဲ့ ဒူးရင်းစိုက်ပျိုး မြေ ဟက်တာ ၁၅၀,၀၀၀ ကိုအသုံးပြုပြီး အရည်အသွေးကောင်းမွန်တဲ့ ဒူးရင်းသီးတွေ တစ်နှစ်ပတ်လုံးစိုက်ပျိုး နေတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ပြည်ပပို့ကုန်စည်းမျဉ်းတွေကတစ်ဆင့် တရုတ်နိုင်ငံနဲ့ ချုပ်ဆိုခဲ့တဲ့ “မဟာဗျူဟာမြောက် ကုန်သွယ်ရေး သဘောတူစာချုပ်” တစ်ရပ်ကလည်း ဗီယက်နမ်နိုင်ငံရဲ့ ဈေးကွက်ရပ်တည်ရေးခိုင်မာမှုကို ပိုမိုအားဖြည့်မြှင့်တင်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုဖြစ်တာနဲ့အညီ ဗီယက်နမ်နိုင်ငံဟာ ၎င်းတို့ထုတ်ကုန်အတွက် အစားအသောက်ဘေးကင်းလုံခြုံမှုစံနှုန်း တွေ တင်းကျပ်စွာချမှတ်ထားသလို ထုတ်ကုန်မူလတန်ဖိုးအရည်အသွေးကို ထိန်းသိမ်းထားပြီး ခေတ်မီ အေးခဲနည်း နည်းပညာတွေကို အသုံးပြုထားပြီးမှ ပြည်ပနိုင်ငံကို တင်ပို့တာဖြစ်တယ်လို့ ဆိုပါတယ်။

#သတင်းဟင်းလေးအိုးကြီး

imageimage
43 w - Translate

ကိုလံဘီယာနိုင်ငံက နယ်မြို့လေးတစ်မြို့မှာ
နာဂိုလို့အမည်ရတဲ့ ခွေးလေးက ညဏ်ကောင်းလို့
Social Media အတော်လေးနာမည်ကြီးနေပါတယ် ။

ဒီခွေးလေးနေတဲ့အိမ်က စာသင်ကျောင်းနားမှာရှိတာဖြစ်ပါတယ် ။ စာသင်ကျောင်းက ကလေးတွေက ပိုက်ဆံတွေကိုင်ပြီး ခွေးလေးနာဂို နေတဲ့အိမ်နားကမုန့်ဆိုင်မှာ မုန့်တွေ လာလာဝယ်စားတာကို သူက အမြဲလိုလိုတွေ့နေတာပေါ့ ။

အချိန်ကြာလာတော့ ပိုက်ဆံပေးပြီး မုန့်နဲ့လဲယူလို့ရတာကို သဘောပေါက်သွားတဲ့ ခွေးလေး နာဂိုကလဲ သစ်ရွက်တွေ ယူယူလာပြီးတော့ ဆိုင်မှာ မုန့်နဲ့လာလဲပြီး ဝယ်စားပါတော့တယ် ။ ဆိုင်ရှင်တွေကလဲသူ့ကို ချစ်လို့ မုန့်နဲ့လဲပေးပါတယ် ။

“ ဒီကောင်က နေ့တိုင်းသူစားဖို့ကွတ်ကီမုန့်တွေလာလာဝယ်ပါတယ် ၊ ပိုက်ဆံကိုတော့ ယူလာတဲ့သစ်ရွက်နဲ့ရှင်းတာပေါ့ “ ဆိုင်ရှင်ကပြောပါတယ် ။

image

ခြံထဲသူခိုးဝင်တယ်ဆိုလို့

image

Mom : ညဘက်တွေစောစောအိပ်နော်
Me at 3 AM :

image
43 w - Translate

🥲

image

fashion

43 w - Translate

ဒီကားက​တော့ One Piece Animation Movie​တွေရဲ့၁၅ကား​မြောက်ရုပ်ရှင်ပါ။
မထွက်ခင်ကတည်းက ပရိသတ်​တွေကြား ​တော်​တော်ကိုhypeခဲ့ကြသလို
ထွက်လာ​တော့လည်း Jujutsu no Kaisen movieကို ရုံဝင်​ငွေမှာ
​အ​မေရိကန်​ဒေါ်လာ၁၈၀သန်းနဲ့တောက်ချပစ်ခဲ့ပါတယ်။

One piece Flim:Red.

ဒီရုပ်ရှင်ဟာ one piece anine seriesရဲ့အပိုင်း၁၀၀၀ပြည့်​မြောက်တဲ့
အထိမ်းအမှတ်နဲ့ထုတ်ခဲ့တာပါ။
ဒါ​ပေမဲ့ one piece film red စီးရီးဇာတ်လမ်းနဲ့​တော့ဆက်မ​နေပဲ
alternate timelineအ​နေနဲ့(non canon)ပဲရှိပါတယ်။
ဆို​တော့ကာ စီးရီးကြည့်ပြီး Shanksရဲ့သမီးက ဘယ်က​ပေါ်လာတာလဲစဥ်းစားမ​နေနဲ့ဗျ။
ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့
ဖျက်ဆီးခံလိုက်ရပြီလိုလူသိများတဲ့ Elegiaကျွန်း​ပေါ်မှာ
နာမည်​ကျော်အဆို​တော်မ​လေး Utaဟာ
သမိုင်းတွင်​လောက်မယ့်ရှိးပွဲတစ်ခုကိုလုပ်ဖို
စီစဥ်ထားတာ​ကြောင့် ငဖီတိုအဖွဲလည်း
ရှိးပွဲကြည့်ဖို​ရောက်လာပါတယ်။
ရှိးပွဲကို​​ရောက်​တော့ ငဖီနဲ့ Uta​တွေ့ဆုံချိန်မှာ Utaဟာ
ငဖီရဲ့ငယ်သူငယ်ချင်းဖြစ်​နေတာကိုသိလိုက်ရပါတယ်...
ကဲဇာတ်လမ်းလေးကိုဆက်ကြည့်ဖို့ညွှန်းပေးလိုက်ပါတယ်။

image
43 w - Translate

BENTON Snail Bee High Content Skin Toner🌼

ဘဝမှာ 3ဗူးမြောက်ထိ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်သုံးဖြစ်တဲ့ toner ပါ။ အဆီပြန်ပြီး ဝက်ခြံအဆီဖုထွက်တဲ့သူအဖို့ အရမ်းကောင်းတဲ့ toner တခုလို့ မြင်ပါတယ်။ အဓိက သူ့မှာပါဝင်တာက Snail secretion filtrate 51.41% ရယ် Green tea water, Niacinamide, Panthenol, Willow bark extract ရယ် Peptides တွေရယ်ပါပဲ။ Nyi တခုပြောချင်တာ ဒီ toner က 150ml ပဲပါလို့ လူတွေက စျေးကြီးတာကိုပဲ မြင်လိမ့်မယ် ဒါပေမဲ့ ပါဝင်ပစ္စည်းအကောင်းတွေပဲ သုံးထားမှန်းတော့ သတိထားမိမှာမဟုတ်ဘူး။ Result ကောင်းထွက်ဖို့အတွက် ingredients list က အရေးကြီးတယ်လို့ Nyi ထင်ပါတယ်။ Alcohol, Fragrance, Essential oil free ဖြစ်ပြီး sensitive skin တွေနဲ့ အရမ်းသင့်တော်တယ်။ အရည်ကျဲကျဲ အနံ့လုံးဝမပါတဲ့ toner ဖြစ်လို့ သုံးရတာ စိတ်အနှောင့်အယှက်မဖြစ်ဘူး။ အသားထဲကို လွယ်လွယ်ကူကူစိမ့်ဝင်ပြီး အသားလေးက ပြောင်းတင်းသွားတယ်။ Long term results တွေမှာ Nyi သဘောကျတာက ဒီ toner သည် mild exfoliation နဲ့ future breakouts prevention အတွက် အင်မတန်ကောင်းတယ်။ သူ့သုံးရင် အသားအရေက ပွယောင်းယောင်းဖြစ်တာမျိုး သက်သာသလို အဆီပြန်တာလဲ လျော့ကျစေတယ်။ ဆားဝက်ခြံအရှင်းပျောက်လောက်တဲ့ထိ powerful မဖြစ်ပေမဲ့ ပိုမဆိုးအောင် ထပ်ထွက်မလာအောင် prevent လုပ်တယ်။ ချွေးပေါက်နဲ့ အသားအရေကြမ်းတာအတွက်တော့ ဒီ toner က အကောင်းဆုံးပဲ။ သုံးလာရင်း skin က တဖြည်းဖြည်းနဲ့ smooth ဖြစ်တာကို မြင်ရသလို ချွေးပေါက်တွေကလဲ ချပ်ကပ်ရှင်းလင်းနေရော။ Nyi တော့ သူ့ကို မနက်ညသုံးရင် exfoliating step ကို ရပ်ထားလို့ရပါတယ်။ ထွက်ပြီးသားဝက်ခြံအဆီဖု သက်သာတယ်၊ ထပ်မထွက်အောင် ကာကွယ်တယ် စတဲ့အချက်တွေကြောင့် ဒီ toner က ချွေးပေါက်ကျယ် ဝက်ခြံအဆီဖုထွက်သူတိုင်းအတွက် must try ပါခင်ဗျာ။

#crd

image

ကရင်ပြည်နယ် မြဝတီဘက်ခြမ်းက မုလအိတောင်
ဘယ်လောက်တောင် လှနေနိုင်တာလဲ
ခုချိန်သွားလို့အဆင်မပြေသေးတဲ့အရမ်းလှတဲ့အလှတရားတွေနဲ့ပြည့်နက်နေမှု
#သွားမယ်တည်းမယ်

image