43 ပတ် - ဘာသာပြန်ပါ။

ရက်ရှ်ဖို့ဒ်ရဲ့ ယူနိုက်တက်အနာဂတ်ကို နည်းပြအာမိုရင် ပြော

ဇန်နဝါရီ ၁၄

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် အနေနဲ့ အသင်းအတွက် ပြန်ပြီး ကစားပေးနိုင်မလားဆိုတာ မသေချာဘူးလို့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။

အာမိုရင်က “ရက်ရှ်ဖို့ဒ်က ယူနိုက်တက်အသင်းအတွက် နောက်ဆုံးပွဲ ကစားပြီးပြီလား ဆိုတာတော့ ကျနော် မသိပါဘူး။ သူက ယူနိုက်တက်အသင်းရဲ့ ကစားသမား ဖြစ်တဲ့အတွက် ကျနော်တို့ မြင်တွေ့ရပါလိမ့်မယ်။ သူ အလုပ်လုပ်ရမှာပါ။ သူဟာ ဒီကလပ်ကို ကိုယ်စားပြုပြီး၊ ဒီကလပ်ကို ချစ်ပေမယ့် ကျနော်က ရွေးချယ်မှုတွေ လုပ်ရမှာပါ။ ကျနော်ရွေးချယ်မှုတွေ လုပ်တဲ့ပုံ အကြောင်းကိုလည်း ပြောပြီးပါပြီ။ အဲဒါကြောင့် ဆက်ပြီးကြည့် ကြတာပေါ့”လို့ ပြောခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းက အာဆင်နယ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ FA ဖလား တတိယအဆင့် ပွဲစဉ်မှာလည်း လူစာရင်းမှာ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အာဆင်နယ် အသင်းနဲ့ပွဲစဉ် အပါအဝင် ယူနိုက်တက်အသင်း နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲစလုံး ပါဝင် ကစားခဲ့ရခြင်း မရှိပါဘူး။

အသက် ၂၇ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ စိန်ခေါ်မှု အသစ်အတွက် အဆင်သင့် ဖြစ်နေပြီလို့ပြောပြီး ယူနိုက်တက် အသင်းကနေ ထွက်ခွာဖို့ အရိပ်အမြွက် ပြောထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာ ရက်ရှ်ဖို့ဒ်ရဲ့ အစ်ကိုနဲ့ အေးဂျင့်ဖြစ်သူဟာ အပြောင်းအရွှေ့အတွက် အေစီမီလန် အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ကို အခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဘာစီလိုနာ၊ ဒေါ့မွန်၊ ဂျူဗင်တပ်စ်နဲ့ နာပိုလီအသင်း တို့ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ ထွက်ခွာဖို့က ဖြစ်နိုင်ခြေများနေပြီး ရာသီကုန်ချိန်မှသာ အပြီးသတ် ပြောင်းရွှေ့ရဖွယ်ရှိနေတာပါ။

ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၂၄ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ ပယ်လ်ဇန် အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားထားတာ ဖြစ်ပါတယ်။

Source: Metro

ပုံ - ရက်ရှ်ဖို့ဒ်နဲ့ အာမိုရင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image
43 ပတ် - ဘာသာပြန်ပါ။

Die Alone (2024)

လူသားတွေမှီခိုအားထားပြီးနေထိုင်နေရတဲ့ကမ္ဘာကြီးက လူသားတွေကြောင့်ပဲ တစ်နေ့တစ်ခြားပိုပိုပျက်စီးယိုယွင်းလာတာကိုကိုယ်တွေ့မျက်မြင်မြင်တွေ့ရမှာပါ။ရာသီဥတုပြောင်းလဲတာရေမြေတွေညစ်ညမ်းလာတာတွေအပြင် ကမ္ဘာကြီးအဆိပ်သင့် လာရတာတွေကလည်းလူသားတွေရဲ့လောဘတွေကြောင့်ပါပဲ။

အဲ့ဒါတွေအတွက်ကမ္ဘာကြီးကကိုယ့်ကိုယ်ကိုယ်ပြန်လည်ရယူတဲ့အနေနဲ့ ဇွန်ဘီတွေလိုဖြစ်သွားစေမဲ့ဗိုင်းရပ်စ်တစ်ခုကိုလူသားတွေဆီပေးသနားလိုက်တဲ့ပုံစံမျိုးနဲ့ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Die Alone ဖြစ်ပြီး လက်ရှိ IMDb Rating 5.6 အထိရရှိထားပါတယ်။ဇာတ်လမ်းအစမှာတော့ အထက်မှာပြောထားခဲ့တဲ့ဗိုင်းရပ်စ်ကကမ္ဘာပေါ်မှာပျံ့နှံနေပြီး လူတွေလည်း အသက်ရှင်သန်နိုင်ဖိုအတွက်ကြိုးစားရုန်းနေကြရပါတယ်။အဲ့ဒီထဲမှာအီသန်နဲ့အမ်မာဆိုတဲ့လူငယ်စုံတွဲလေးလည်း အပါအဝင်ဖြစ်ပါတယ်။သူတိုက ကားတစ်စီးနဲ့ဘေးကင်းရာကိုထွက်ပြေးလာခဲ့ကြပေမဲ့လမ်းမှာကားမှောက်ပြီးလူကွဲသွားပါတော့တယ်။အီသန်နိုးလာတဲ့အခါမှာ အမ်မာ့ကိုမတွေ့ရတော့ဘဲ ကမ္ဘာကြီးပေါ်မှာဘာတွေဖြစ်နေတယ်ဆိုတာကိုပါ မေ့ပျောက်နေခဲ့ပါတယ်။အဓိကပြဿနာကတော့ သူ့မှာအတိတ်မေ့ရောဂါရှိနေလိုပါပဲ။ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ မေလိုခေါ်တဲ့အဖွားကြီးတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူ့အိမ်မှာ လိုက်ပါနေထိုင်ခွင့် ရခဲ့ပါတော့တယ်။မေက ဒီလောကကြီးထဲမှာကျင်လည်နေတာကြာပြီဆိုတော့ သူ့အတွက်အသက်ရှင်သန်နေထိုင်ဖိုဆိုတာ ခက်ခဲတယ်တော့မဟုတ်တော့ပါဘူး။ဒါပေမယ့် အီသန်ကတော့ သူ့ကောင်မလေးအမ်မာကိုပဲ သွားရှာချင်စိတ်တွေတဖွားဖွားဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ အီသန်တစ်ယောက် အမ်မာ့ကိုရှာဖိုကြိုးစားရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ မေကရောသူ့ကိုကူညီပေးပါ့မလားဆိုတာတွေကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။
#movie

image
43 ပတ် - ဘာသာပြန်ပါ။

စားလို့လဲကောင်း လွယ်လဲလွယ်တဲ့ "ကြက်ဥတို့ဖူး မှိုပေါင်း" လုပ်စားကြမယ်။ ဆီမပါဘဲ စားလို့လည်းကောင်းတော့ ဝိတ်ထိန်းတဲ့သူတွေအကြိုက်ဘဲဗျို့။

ပါဝင်ပစ္စည်းများ
ပင်အပ်မှို အထုပ်ကြီး (၁) ထုပ်
ဂျပန်ကြက်ဥတို့ဖူး (၂) တောင့်
ကြက်သွန်မြိတ် အနည်းငယ်

အရသာရည် စပ်နည်း
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း (၁) ဇွန်းခွဲ
ပဲငံပြာရည် အချို လက်ဖက်ရည်ဇွန်း (၁) ဇွန်း
ခရုဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်း
နှမ်းဆီ လက်ဖက်ရည်ဇွန်း(၁) ဇွန်း

ပြုလုပ်နည်း
1. ဂျပန်ကြက်ဥတို့ဖူးအား အနေတော် အတုံးလေးများလှီးပြီး Kitchen Tower (မီးဖိုချောင်သုံး တစ်ရှုးအကြီး) များနှင့် ရေခြောက်အောင် လုပ်လိုက်ပါ။ (တခြားတစ်ရှုးဆိုရင် တစ်ရှုးဖက် ကပ်တတ်လို့ပါရှင်။ ရေခြောက်တော့ ကြော်ရင် ဆီမပေါက်တော့ဘူးပေါ့)
2. ရေခြောက်အောင် လုပ်ထားသော တို့ဖူးကို ဆီကြော်ပြီး ပြန်ဆယ်ထားလိုက်ပါ။
3. မှိုကိုသန့်ရှင်းအောင်လုပ်ပြီး ပန်းကန်ထဲတွင် ထည့်ကား အပေါ်တွင် ကြော်ထားသော ဂျပမ်တို့ဖူးများကို ထားပါ။
4. ထို့နောက် ဆပ်ထားသော အရသာရည်ကို အပေါ်မှ ဆမ်းပြီး (၁၀) မိနစ်ခန့်ပေါင်းပါ။
5. စားခါနီးတွင် ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင်ပါပြီဗျ။
#မြိန်မြိန်

image

ညအိပ်မပျော်သူတိုင်း ရောဂါဖြစ်နေသူပဲဖြစ်ဖြစ် အိပ်မပျော်လျှင်
၁.ဖီးကြမ်းငှက်ပျောသီး မှည့်စားပါ။အိပ်စက်ခြင်းတွက် အထူးကောင်းမွန်းပြီး အားရှိသည်။
၂.နွားနို့သောက်ခြင်းက အရိုးအဆစ်သန်မာသည့်အပြင် အိပ်စက်ခြင်းကို မြန်ဆန်စေပါသည်။
၃.ကြက်သွန်ဖြူခေါင်းအုံးအောက်၃တက်ထားအိပ်ပါ။ဦးနှောက်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အိပ်စက်မှုကို မြန်ဆန်စေသည်။
၄.ကြက်သွန်နီထက်ခြက်ခွဲပီး ခြေဖဝါအလည်တည့်တည့်ကပ်ပါ။
တစ်ကိုယ်လုံးမှ အဆိပ်အတောက်များကို စုပ်ယူပါလိမ့်မယ်။
အအေးမိနာစေးသူ ကလေး လူကြီးမရွေး လုပ်ပေးပါက သက်သာ
ပျောက်ကင်းစေပါမည်။

image

hair style

1 သော- င်းထဲနဲ့ လကုန် ထိ လော- က်အောင် ဘယ်လိုသုံ: ရမလဲ စဉ်:စာ:စမ်း စဉ်:စာ:စမ်း

image
43 ပတ် - ဘာသာပြန်ပါ။

မတူဘူးလေ🤭

image
43 ပတ် - ဘာသာပြန်ပါ။

#ကြောက်တတ်သူများမကြည့်ကြဖို့ကြိုအသိပေးပါရစေ
Metam-o-rphosis [2019] #fb_link (စ/ဆုံး)
=============================
အရင်တစ်ခေါက်က Divine Fury ကြည့်ပြီး ပါဝါရိန်းဂျားဆန်သွားလို့ သိပ်ပြီးတော့
အားမရလိုက်တဲ့သူတွေအဖို့ ဒီကားက တော်တော်အားရကြေနပ်စေမှာပါကိုရီးယားက မိတ်ကပ်နဲ့ရိုက်ကူးမှုအပိုင်းမှာ အားသာပြီးသားမို့လို့ ကြည့်ရကောင်းမှာသေချာပြီးသားဆိုပေမယ့် ဇာတ်လမ်းကပါကောင်းတော့ကြည့်ရတာတော်တော်တန်တဲ့ကားတစ်ကားဖြစ်သွားပါတော့တယ်
နတ်ဆိုးနှင်တဲ့ကားပါပဲ ဒါပေမယ့် ရိုက်တာပီပြင်လွန်းလို့ ကိုယ်ပါအဲ့နားရောက်နေသလိုပါပဲ
ထမင်းစားနေတုန်းတော့ မကြည့်ပါနဲ့ သွေးအလိမ်းလိမ်းနဲ့ တကယ်ဖြစ်နေသလိုကြီးကိုပီပီပြင်ပြင်ရိုက်ထားတာမို့လို့ပါခရစ်ယာန်နတ်ဆိုးနှင်တဲ့ဘုန်းကြီးတစ်ယောက်ရဲ့အလုပ်ဟာ ဘ၀တစ်ခုလုံးပေးပြီးတော့ လုပ်ရတဲ့အလုပ်ပါ
ဒီလိုမျိုးမှာကိုမှ ကိုယ့်မိသားစုထဲကိုပါ နတ်ဆိုးတစ်ကောင်က ရောက်လာရင်တော့ ဘယ်လိုစိတ်အခြေအနေနဲ့နှင်ရမှာပါလဲပြီးတော့ နာမည်နဲ့လိုက်အောင် ဒီကားထဲကနတ်ဆိုးက ရုပ်ပြောင်းရုပ်လွှဲနဲ့၀င်တာပါပြောရင်းနဲ့ စပွိုင်းမိမှာစိုးလို့ ဒီလောက်ပဲပြောလိုက်ပါတော့မယ်
ကျန်တာကိုတော့ ဆက်ကြည့်လိုက်ပါတော့အညွှန်းနဲ့ဘာသာပြန်ကတော့ Fliex ဖြစ်ပါတယ်

#crd

image
43 ပတ် - ဘာသာပြန်ပါ။

စိုက်ပျိုးရေးမှတ်တိုင် Novotel Hotel ရဲ့ ဘေးနား လမ်းကြားလေးထဲက အတွင်းရောအပြင်ရော ဓါတ်ဖမ်းလို့ အရမ်းကောင်းတဲ့ Coffee ဆိုင်လေးဖြစ်တဲ့ Coffueen Cafe ☕️
#သွားမယ်&တည်းမယ်

43 ပတ် - ဘာသာပြန်ပါ။

🙏🙏🙏
ဗုဒ္ဓါ ပစ္စေက ဗုဒ္ဓါစ ၊အရဟာ အဂ္ဂ သာဝက။
မာတာပိတု ဂုရု သတ်တာ ဓမ်မ ဒသေကာစ ဒါယကာ။
ဣမေ ဒဿ မဟာဂုဏေ၊အဟံ ဝန်နာမိ သဗ်ဗဒါ ။

(၁) သဗ္ဗညုတ ဘုရားရှင်များတို့၏ အပေါ်၌လည်းကောင်း၊

(၂) ပစ်စကေဗုဒ်ဓါ အရှင်မြတ်များ အပေါ်၌လည်းကောင်း၊

(၃) အဂ္ဂသာဝက အရှင်မြတ်များ အပေါ်၌လည်းကောင်း၊

(၄) ရဟန္တာအရှင်မြတ်များတို့ အပေါ်၌လည်းကောင်း၊

(၅) ပစ္စုပ္ပန်၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော မိခင်များအပေါ်၌လည်းကောင်း၊

(၆) ပစ္စုပ္ပန်၌ တော်စပ်သော ဖခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော ဖခင်များအပေါ်၌လည်းကောင်း၊

(၇) တရားအသိထူးရအောင် ဟောပြောပေးကြသော လောကုတ္တရာ ဆရာသမားမျာအပေါ်၌လည်းကောင်း၊

(၈) သီလဝန္တသူတော်စင်အပေါင်းတို့ အပေါ်၌လည်းကောင်း၊

(၉) လောကီပညာများကို သင်ပေးကြကုန်သော ဆရာသမားများ အပေါ်၌
လည်းကောင်း၊

(၁၀) မိမိတို့ အခက်အခဲရှိစဉ်က စားဝတ်နေရေး စောင့်ရှောက်ပေးဖူးကုန်ကြ
သော ကျေးဇုးရှင်အပေါင်း တို့အားလည်းကောင်း၊

ဤခင်ပွန်းကြီးဆယ်ပါးတို့အပေါ်၌ ဘုရားတပည့်တော်သည် ပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ သံသရာဘဝ၌ လည်းကောင်း သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ကာယကံ၊ ဝစီကံ မနောကံ တို့တွင် တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှား၊ ကျူးလွန်၊ ကြံစည် ပြုလုပ်မိခြင်းကို သိရှိနားလည် စွာဖြင့် ဝန်ခံပါ၏။ ဝန်ချပါ၏။ တောင်းပန်ပါ
၏။ ကန်တော့ပါ၏။

ဤကုသိုလ်စေတနာကြောင့် ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေးလတ္တံ့သော အကုသိုလ်မှန်သမျှ အနန္တ တို့သည် ပိန်းကြာဖက်တွင် ရေမတင် လျှောကျဘိသကဲ့သို့ ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ ကောင်းကျိုးအနန္တဖြစ်ထွန်းရပါလို၏ မြတ်စွာဘုရား။

ကောင်းကျိုးအနန္တဖြစ်ထွန်းရ၍ အားထုတ်ဆဲ၊ အားထုတ်လတ္တံ့သော ဒါန၊ သီလ၊ စေတနာကံနှင့်တကွ ဝိပဿနာဉာဏ်သည် မင်္ဂဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ မြတ်စွာဘုရား။

image