Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Miss Grand အပြင် Miss Universe ကိုပါကျင်းပခွင့်ရတော့မယ့် နဝပ်ကို ဂုဏ်ပြုလိုက်တဲ့ နီနီလင်းအိမ်
သူမက ဆရာဖြစ်သူ Nawat ကို Congratulations လုပ်လိုက်တာပါ။ Miss Grand International ပွဲကို ဦးဆောင်ကျင်းပခွင့်ရခဲ့တဲ့ နဝပ်ဟာ Miss Universe Thailand 2025 ကိုပါ ကျင်းပခွင့်ရရှိတော့မှာပါ။ မနှစ်က နဝပ်ကျင်းပတဲ့ MGI ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သဲစုညိမ်းက သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Second Runner Up သာရရှိခဲ့တာကြောင့် Crown ပြန်အပ်ခဲ့တဲ့ ဂယက်ကလည်း ရှိခဲ့ပါသေးတယ်။ အဆိုပါပွဲအပြီးမှာတော့ နီနီလင်းအိမ်က သူမရဲ့ ဆရာဖြစ်သူ နဝပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ နဝပ်ဘက်က ရပ်တည်စကားဆိုခဲ့တာတွေကြောင့် ဝေဖန်ခံခဲ့ရပါသေးတယ်။
Musudan (2016)
ပန့်ဟောက်စ် ထဲက ရှင်းဆူယွန်း လို့ လူသိများတဲ့ မင်းသမီးကြီး အီဂျီအာ ရဲ့ Mystery Thriller ကားတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ တောင်ကိုရီးယားနှင့်မြောက်ကိုရီယားနယ်စပ်ကြားမှာ အကြောင်းအရင်းမရှိလူသေမှု၊ လူပျောက်မှုတွေ ဖြစ်နေခဲ့လို့ ဒီအကြောင်းကိုစုံစမ်းဖြေရှင်းဖို့ တောင်ကိုရီးယားက အထူးတပ်ဖွဲ့ဖွဲ့ပြီး ၂၄နာရီမစ်ရှင် တစ်ခုကို စေလွှတ်ခဲ့ပါတယ်။
ဒါပေမယ့် ဒီတပ်ဖွဲ့ နယ်စပ်ကိုရောက်သွားတဲ့အခါမှာတော့ သာမန်မဟုတ်တဲ့အဖြေတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ဒီအဖြေက ဘာဖြစ်မလဲဆိုတာ ဖော်ထုတ်ရင်း ဘယ်လိုအခက်အခဲမျိုးတွေနဲ့ကြုံတွေ့ရလဲ၊ အဖြေကို ရှာတွေ့တဲ့အချိန်ဘာဆက်လုပ်ကြလဲ၊ နောက်ဆက်တွဲဘာတွေဖြစ်လာလဲ ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။
#movie
(၂၁.၂.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၅၀၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၇၀၀,၀၀၀ ကျပ်
အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၂၀ ကျပ်(ဝယ်)၊ ၄၄၈၀ ကျပ်(ရောင်း)
စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၂၁၅ ကျပ်
Octane 95 - ၃၂၇၀ ကျပ်
Premium Diesel - ၃၄၂၅ ကျပ်
Diesel - ၂၇၆၅ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။
Sheet masks တွေကို နည်းမှန်လမ်းမှန်
ဘယ်လိုကပ်ရမလဲ❓
Nyi ကိုယ်တိုင်ကတော့ sheet mask person မျိုး မဟုတ်ပေမဲ့ sheet mask ကပ်တဲ့အခါ မှားတတ်ကြလွန်းလို့ ဒီနေ့ sheet mask တွေကို ဘယ်လိုနည်းလမ်းတကျသုံးရမယ်ဆိုတာလေး ပြောပြချင်ပါတယ်🤔
Sheet mask ကပ်မယ်ဆိုရင် အရင်ဆုံး မျက်နှာအရင်သစ်ပါ, double cleansing လုပ်ဖို့လိုရင် double cleansing လုပ်ပါ။ ဖြစ်နိုင်ရင် sheet mask မကပ်ခင် toner လိမ်းပေးနိုင်ရင် ပိုကောင်းပါတယ်။ ကပ်ပြီး 15min ကြာရင် sheet mask ကိုခွာပြီး essence အရည်တွေ အသားထဲစိမ့်ဝင်တဲ့ထိ အချိန်ခဏစောင့်ပါ⏱️ စိမ့်ဝင်တာမြန်အောင် massage လုပ်တာ ပွတ်လိမ်းတာမျိုး လုပ်နိုင်ပါတယ်။ အရေးကြီးတာက sheet mask ကပ်ပြီး ရေဆေးမချဖို့နဲ့ essence အရည်တွေကို အဝတ်နဲ့ သုတ်မပြစ်ဖို့ပါ🔑 ပြီးရင် ကိုယ်သုံးချင်တဲ့ serum/ampoule တခုခု လိမ်းပါ။ Sheet mask ရဲ့ အာနိသင်အပြည့်အဝရဖို့အတွက် sheet mask ကပ်ပြီး နောက်ကနေ moisturizer မဖြစ်မနေလိုက်လိမ်းပေးသင့်ပါတယ်။
Hope you find this helpful❤️
#knowledgesharingbynyi
#reviewbynyi
#skincarereview
မာန်အောင်ကျွန်း (အင်္ဂလိပ်: Cheduba Island) သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် တည်ရှိသော ကျွန်းတစ်ခုဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်အတွင်း ရမ်းဗြဲကျွန်း၏ အနောက်တောင်ဘက် ၁၀ ကီလိုမီတာ (၆ မိုင်) အကွာတွင် တည်ရှိသည် ။ ဤကျွန်းနှင့်ပတ်သက်သော အချက်အလက်များကို အောက်ပါအတိုင်း စုစည်းဖော်ပြထားပါသည်။
### ၁။ **ပထဝီဝင်အနေအထား**
- **တည်နေရာ**
ကိုဩဒိနိတ် 18°48`N 93°38`E တွင် တည်ရှိပြီး ဧရိယာစုစုပေါင်းမှာ ၅၂၃ စတုရန်းကီလိုမီတာ (၂၀၂ စတုရန်းမိုင်) ဖြစ်သည်။ အမြင့်ဆုံးအမှတ်မှာ ၂၀၅ မီတာ (၆၇၃ ပေ) ရှိပြီး အနောက်တောင်ပိုင်းတွင်တည်ရှိကာ၊ တောင်များနှင့် ရွှံ့မီးတောင်များလည်းရှိသည် ။
- **ပုံသဏ္ဌာန်**
တြိဂံပုံဖြစ်ပြီး ရေလက်ကြားဖြင့် ရမ်းဗြဲကျွန်းနှင့် ပိုင်းခြားထားသည်။ မြေမျက်နှာပြင်မှာ လှိုင်းထနေပြီး အချို့နေရာများတွင် ပင်လယ်ပြင်အထက် ပေ ၁,၀၀၀ ခန့်မြင့်သော တောင်များရှိသည် ။
### ၂။ **လူမှုစီးပွားအခြေအနေ**
- **လူဦးရေ**
၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆၃,၇၆၁ ဦးရှိပြီး အများစုမှာ ရခိုင်လူမျိုးများဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် မြို့နယ်လူဦးရေ ၇၁,၀၆၆ ဦးအထိ တိုးလာခဲ့သည် ။
- **စီးပွားရေး**
လယ်ယာစိုက်ပျိုးခြင်း (ဆန်၊ ဆေးရွက်၊ မြေပဲ၊ အုန်း)၊ ငါးဖမ်းလုပ်ငန်း၊ နွားမွေးမြူရေးနှင့် ပုစွန်မွေးမြူခြင်းတို့ကို အဓိကလုပ်ကိုင်သည်။ မာန်အောင်ဆေးသည် ထင်ရှားသော ထွက်ကုန်ဖြစ်သည် ။
### ၃။ **သမိုင်းကြောင်းနှင့် စီမံအုပ်ချုပ်ရေး**
- **သမိုင်း**
ရှေးခေတ်က မာန်အောင်စားများအုပ်စိုးခဲ့ပြီး ၁၈၂၅ ခုနှစ်တွင် ဗြိတိသျှတို့က သိမ်းပိုက်ခဲ့သည်။ ၁၈၈၂ ခုနှစ်တွင် မြို့အဖြစ်သတ်မှတ်ခံရသည် ။
- **မြို့တော်**
မာန်အောင်မြို့သည် ကျွန်း၏ အရှေ့မြောက်ဘက်တွင်တည်ရှိပြီး မြို့နယ်ရုံးစိုက်ရာဖြစ်ကာ လေဆိပ်တစ်ခုလည်းရှိသည် ။
### ၄။ **လက်ရှိအခက်အခဲများ**
- **ခရီးသွားလာရေး**
စစ်ကောင်စီမှ ကုန်းလမ်းနှင့် ရေလမ်းများကို ပိတ်ပင်ထားသဖြင့် ရေကြောင်းခရီးတစ်ခုတည်းကိုသာ အားကိုးရသည်။ ဆန်နှင့် ဆီပြတ်လပ်မှုများကြောင့် စားနပ်ရိက္ခာဖူလုံမှု ထိခိုက်နေသည် ။
- **လျှပ်စစ်နှင့် ဆက်သွယ်ရေး**
ဒီဇယ်ဆီနှင့် ဓာတ်ဆီပြတ်လပ်မှုများကြောင့် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေပြီး ဆေးရုံများတွင်လည်း ဆေးဝါးအခက်အခဲရှိနေသည် ။
### ၅။ **ထူးခြားသောအချက်များ**
- **သဘာဝအရင်းအမြစ်**
ဒီရေတောများ၊ ပုလဲငတောင် (၈၉၄ ပေမြင့်)၊ ရွှံ့မီးတောင်များနှင့် သဲချောင်းများရှိသည် ။
- **ယဉ်ကျေးမှု**
ရှေးဟောင်းမှတ်တမ်းများအရ ၁၄၃၀ ပြည့်နှစ်ကတည်းက လူဦးရေအခြေချနေထိုင်ခဲ့သည် ။
မာန်အောင်ကျွန်းသည် သမိုင်းဝင်အရေးပါမှု၊ သဘာဝအလှတရားများနှင့် လက်ရှိစိန်ခေါ်မှုများကို ရင်ဆိုင်နေရသော ဒေသဖြစ်ပြီး ရခိုင်ပြည်နယ်၏ ထင်ရှားသောကျွန်းတစ်ခုအဖြစ် တည်ရှိနေပါသည်။
#credit
#rakhineculture

၃၀ နှစ်အောက် တက္ကသိုလ်ဝင်တန်းကို
Bio တွဲဖြင့် အောင်မြင်သူများအတွက်
ဓါတ်ခွဲကျွမ်းကျင်- ၄ ရာထူး (၄၀၀) နေရာ
အလုပ်ခေါ်စာ
#govjob

လီဗာပူးလ်အတွက် အားလုံးပေးသွားမယ်လို့ နူနက်ဇ်ပြော
ဖေဖော်ဝါရီ ၂၁
ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့ရဲ့ ဝေဖန်မှုကိုခံခဲ့ရတဲ့ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်က သူဟာ လီဗာပူးလ်အသင်းမှာရှိနေတဲ့ နောက်ဆုံးနေ့အထိ အားလုံးကို ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
ဒါဝင်နူနက်ဇ်က “လွန်ခဲ့တဲ့ ၃ ပတ်က ကျနော်ဟာ အကောင်းဆုံး မဟုတ်ခဲ့သလို အခုလည်း အဆိုးဆုံးတော့ မဟုတ်ပါဘူး။ ကျနော်ဟာ လဲကျရင်ပြန်ပြီးထပါတယ်။ ကျနော်ဟာ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျနော်ဟာ လီဗာပူးလ်အသင်းမှာရှိနေတဲ့ နောက်ဆုံးနေ့အထိ အားလုံးကို ပေးသွားမှာပါ”လို့ ဆိုရှယ်မီဒီယာ X မှာ ရေးသား ခဲ့တာပါ။
ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ အက်စတွန်ဗီလာနဲ့ လီဗာပူးလ်အသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သေချာပေါက် ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကောင်းကို လွဲချော်ခဲ့တာကြောင့် ဝေဖန်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။
ဒါဝင်နူနက်ဇ်ဟာ ပြီးခဲ့တဲ့ ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် အဖိုးတန် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် သူဟာ ခြေစွမ်းပိုင်း တည်ငြိမ်မှုမရှိသလို ဂိုးရနိုင်မယ့် အခွင့်အရေး အများအပြား ကိုလည်း လွဲချော်ခဲ့တာပါ။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က အခွင့်အရေး လွဲချော်မှုတွေကို လက်ခံလို့ရပေမယ့် အခွင့်အရေး ရပြီးနောက် သူ့ရဲ့အပြုအမူက လက်ခံဖို့ခက်ခဲခဲ့ပြီး သူအလွန် စိတ်ပျက်နေတယ်လို့ အက်စတွန်ဗီလာအသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာက အက်စတွန်ဗီလာအသင်းနဲ့ပွဲစဉ်က ဒါဝင်နူနက်ဇ် ရဲ့လွဲချော်မှုက ဒီနှစ်အတွင်း သူမြင်တွေ့ဖူးသမျှထဲမှာ အဆိုးရွားဆုံးတွေထဲက တစ်ခုလို့ ပြောခဲ့တာပါ။
ဒါဝင်နူနက်ဇ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ခံခဲ့ရပေမယ့် လီဗာပူးလ် အသင်းက ဒီအပြောင်းအရွှေ့ကို ပယ်ချခဲ့ပါတယ်။
၂၀၂၂ ခုနှစ်က ဘင်ဖီကာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒါဝင်နူနက်ဇ်ဟာ လီဗာပူးလ်အသင်းအတွက် ၁၃၁ ပွဲ ပါဝင်ကစားထားပြီး ၃၉ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။
Source: Dailymail
ပုံ - ဒါဝင်နူနက်ဇ်ကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ