ရန်ကုန်မြို့ရဲ့မနီးမ​ဝေး​နေရာ​လေး တစ်ခုမှာ ရာသီဥတု အေးအေးလေး နဲ့တစ်နေကုန် အေးဆေးနေလို့ရမယ့်နေရာလေးတစ်ခုသိပြီးပြီလား
ပိတ်ရက်တွေမှာ ဘယ်သွားရမယ်မသိတဲ့သူတွေအတွက် မြို့ပြနဲအနီးဆုံးဖြစ်တဲ့ 489 Villa ကိုလာရောက်ဖို့ဖိတ်ခေါ်ပါတယ်​နော်
သူငယ်ချင်းတွေနဲ တစ်နေကုန် ဘန်ဂလိုမှာ Chill လိုရပါတယ်
ရာသီဥတု ကိုယ့်ဖက်ပါတော့ လူစုပြီးတော့ကဲလိုက်ကြစို့ Lest Go စနေ/တနဂ်နွေနှင့်အစိုးရရုံးပိတ်ရက်များတွင်villaသို့လာရောက်အားပေးသောcustomerများ အတွက်
(၁၆.၁၂.၂၀၂၄) ရက်မှစတင်ပြီး ဘန်ဂလိုဝင်ကြေး Free သတ်မှတ်ထားပါတယ်​နော် ဘန်ဂလို Free ဖြင့်လာရောက်အနားယူအပန်းဖြေလိုရပါတယ်ဗျ
ဘန်ဂလိုကဘိုကင်ကြိုမပေးပါဘူးဗျ ဦးသူထိုင်စနစ်ပါနော်
အကောင်းဆုံးဝန်ဆောင်မှုများဖြင့်
489 Villa
တည်နေရာလေးကတော့ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာအိမ်ရာ(၁၁)လမ်းအကျော် ချောင်းကူးတံတားနှစ်ခုမြောက်ဘေးကပ်ရပ် ခြံအမှတ်489/Bမှာပဲဖြစ်ပါတယ်။
#သွားမယ်တည်းမယ်

imageimage
+13
43 w - Translate

သံသရာဟာ လည်နေတာ
အမှန်ဆိုရင်တောင်
ပြန်ဆုံရန်မရှိတော့ပါဘူး။
#စာတို

43 w - Translate

အခုလက်ရှိအသုံးပြုနေတဲ့ လေယာဉ်တွေကို နှေးလို့စိတ်တိုင်းမကျဖြစ်နေတဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မက်က အနာဂတ်မှာ SpaceX က ဒုံးပျံတွေကို သုံးပြီးတော့ ခရီးသွားတွေကို သယ်ယူပို့ဆောင်ဖို့ ပြင်ဆင်နေပါတယ် ။

လက်ရှိလေယာဉ်တွေ ကမ္ဘာတစ်ပတ် ပတ်ဖို့ နာရီ (၄၀) လောက်ကြာအောင် အချိန်ယူနေရပြီးတော့ SpaceX က ဒုံးပျံတွေနဲ့ဆိုရင် ကမ္ဘာတစ်ပတ်ကို မိနစ် (၃၀) ဘဲကြာမှာဖြစ်ပါတယ် ။ အီလွန်မက်ကိုယ်တိုင်ကလဲ ဒီအစီအစဉ်က ဖြစ်နိုင်တယ်လို့ ဒေါ်နယ်ထရမ့်မဲဆွဲပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ဘူးပါတယ် ။

ကနဦးအနေနဲ့တော့ တစ်နာရီကီလိုမီတာ ၂၇၀၀၀ အမြန်နှုန်းရှိမယ့် SpaceX ဒုံးပျံနဲ့ ခရီးသွားတွေကို အမေရိကန်နိုင်ငံ နယူယောက်မြို့ကနေ တရုတ်နိုင်ငံက ရှန်ဟိုင်းမြို့အထိကို မိနစ် (၄၀) နဲ့အရောက်ပို့ပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။

image

Ex:ငါ့ကို ဆုံးရှုံးလိုက်ရရင်နင်နောင်တရလိမ့်မယ်
Me:

image

အင်တာမီလန်အသင်းဟာ မန်ချက်စတာစီးတီးအသင်းနောက်ခံကစားသမားကိုင်လ်ဝေါ်လ်ကာကို အသင်းဆီအငှားခေါ်ယူဖို့ အပြိုင်လုပ်ဆောင်ရန်ပါဝင်လာခဲ့ပြီလို့ The Sun သတင်းကဖော်ပြခဲ့ပါတယ်။

ဒီမတိုင်ခင်မှာတုန်းက မန်ချက်စတာစီးတီးအသင်းနည်းပြ ပပ်ဂွာဒီယိုလာအနေနဲ့ အက်ဖ်အေဖလားတတိယအဆင့်မှာ ဆဲလ်ဖော့ဒ်အသင်းကို ၈-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ပြီးနောက်အင်တာဗျူးမှာပြောဆိုလာခဲ့ပြီး အသင်းကပ္ပတိန်ညာနောက်ခံလူကိုင်လ်ဝေါ်လ်ကာအနေနဲ့အသင်းပြောင်းရွှေ့ခွင့်တင်ထားတယ်လို့ဖွင့်ဟလာခဲ့ပါတယ်။

အေစီမီလန်အသင်းအနေနဲ့အဆိုပါကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားမှုရှိပေမဲ့နောက်ဆုံးမှာတော့ အင်တာမီလန်အသင်းကလည်း အဆိုပါအဂ်လန်လက်ရွေးစင်နောက်ခံအစွန်ကစားသမား ကိုင်လ်ဝေါ်လ်ကာကို အသင်းဆီအငှားခေါ်ယူဖို့နောက်ထပ်တသင်းဖြစ်လာတယ်လို့ The Sun သတင်းက ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ ကစားသမားရဲ့ကိုယ်စားလှယ်ဟာ အင်တာမီလန်အသင်းနဲ့ဆွေးနွေးဖို့ချိတ်ဆက်မှုရှိနေပြီး သဘောတူညီမှုရရှိရေးအတွက်ဆွေးနွေးနေဆဲဖြစ်ကာ မြန်မြန်ဆန်ဆန်နဲ့ပဲ့ရှေ့ဆက်သွားနေတယ်လို့ဆိုပါတယ်။
 
#ဘောလုံးသတင်းစုံ

image

တောင်ကိုရီးယားမင်းသား ဂေါင်ရိုးနဲ့ ဆောင်းဟေကို ဒရာမာအသစ်မှာ တွဲဖက်ပါဝင်မည်

ဇန်နဝါရီ ၁၄

တောင်ကိုရီးယား နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းသမီး ဆောင်းဟေကိုနဲ့ မင်းသား ဂေါင်ရိုးကို ဒရာမာ ဇာတ်လမ်းသစ်မှာ နှစ်ယောက်တွဲ မြင်တွေ့ရမယ်လို့ သိရပါတယ်။

ဇာတ်လမ်းနာမည်ကတော့ “Slowly but Intensely” ဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်မှာ တရားဝင် စတင်ရိုက်ကူးနေပြီဖြစ်တယ်လို့ သိရပါတယ်။ "Slowly but Intensely” ဇာတ်ကားကို ယခင် "It's Okay, That’s Love,” “Dear My Friends,” “Our Blues” စတဲ့ နာမည်ကြီး ဇာတ်ကားတွေကို ရေးသားခဲ့သူ စာရေးဆရာ နော့ဟီးကွမ်က ဇာတ်ညွှန်းရေးသားထားတာဖြစ်ပြီး ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ် အချိန်ကာလရဲ့ဇာတ်လမ်းကို အခြေတည်ထားတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ဆောင်းဟေကိုက ဒီဒရာမာအတွက် ပြင်ဆင်မှုဖြစ်တဲ့ ဆံပင်အတိုကို ချပြထားပါတယ်။ မင်းသား ဂေါင်ရိုးဟာလည်း "Slowly but Intensely” ဇာတ်ကားအတွက် ဒါရိုက်တာ လီယွန်ဂျန်နဲ့ တွေ့ဆုံနေတယ်လို့ သိရပါတယ်။ ဇာတ်လမ်းကတော့ ၂၀၂၅ ခုနှစ်အတွင်းထွက်ရှိမှာဖြစ်ပြီး ဘယ်ရက်ထွက်ရှိမယ်ဆိုတာတော့ မသိရသေးပါဘူး။

Credit - MP News Agency

#သတင်းဟင်းလေးအိုးကြီး

image
43 w - Youtube

ပဲခူးမြို့တွင် ရေခဲသေတ္တာနှင့် သွယ်တန်းထားသည့် Main မှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ ကလျာဏီ(၅)လမ်းတွင် ရေခဲသေတ္တာနှင့် သွယ်တန်းထား သည့် Main မှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ဇန်နဝါရီလ ၁၄ ရက် နံနက်အစောပိုင်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ပဲခူးတိုင်း မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ မီးသတ်ရေယာဉ်(၁) စီး၊ ပဲခူးတိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်(၁) စီး၊ မီးသတ်ရေသယ်ယာဉ်(၁) စီး၊ ပဲခူးတိုင်းမြို့နယ်မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁) စီး၊ မီးငြိမ်းသတ်ယာဉ်(၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လူမှုကူညီရေး အသင်းတို့မှ ပူးပေါင်း၍ မီးငြိမ်းသတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“ခြံဝန်းထဲက သစ်သားအိမ်နှစ်အိမ်လုံးလောင်တာ။ နောက်ကအိမ်ကနေစလောင်တာ။ အဲ့အိမ်က ရေခဲသေတ္တာ သွယ်ထားတဲ့ မိန်းထုတ်အပူလွန်ပြီး လောင်တာ။ ပြီးတော့ အဲ့အိမ်ကလူတွေကခရီးထွက်နေတာ။ မီးလောင် တော့ အဲ့ဒီခြံထဲက သစ်သားအိမ်နှစ်လုံးစလုံးပြာကျသွားတယ်။ မီးက ဘေးခြံက အိမ်ကိုတော့နည်းနည်းလောင် သွားသေးတယ်” လို့ မြေပြင်အားသွားရောက်ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းလည်း သိရသည်။

#centralnewsnaypyitaw

imageimage
+4

အလုပ်ဝင်နေရသော်လည်း
ရေသည်ပြဇာတ် မှ စာတွေ အတွေးဝင်လာသောအခါ

image

ကိုယ့်အတွက်တော့ 'မေ'ဟာ ဘဝတစ်ခုလုံးကို
ရင်းပြီးချစ်မြတ်နိုးခဲ့ရတဲ့သူပဲ ။ နာမည်လေး
တစ်ဖွဖွခေါ်နိုင်ဖို့ အပြုံးလေးတစ်ခဏမြင်တွေ့
ဖို့တောင် ရှိရှိသမျှနဲ့လဲရတဲ့တစ်ဦးတည်းသော
သူ ။ 'မေ'ချစ်တယ်လို့မပြောခင်ထဲက
ကိုယ်က'မေ့'ကိုချစ်မိနေခဲ့တာ ။ 'မေ့'ရဲ့တစ်နေ့တာလေးတွေကို ခိုးခိုးကြည့်ခဲ့ရတဲ့ကောင်လေးပေါ့ …..
ချစ်ခြင်းမေတ္တာတွေ ထပ်တူကျခဲ့တဲ့နေ့လေးကို
မှတ်မိနေပါသေးတယ် ။ 'မေ့'အပြုံးချိုချိုလေးတွေအောက်မှာ အရာအားလုံးကိုစတေးခဲ့တဲ့နေ့ပေါ့ ..ရုန်းလည်းမထွက်ချင်ခဲ့ဘူး ။ ပြေးလို့လည်းမလွတ်ချင်ခဲ့ဘူး ။ အမှားဆိုလည်းခံယူပါမယ် ။
ဝဋ်ကြွေးဆိုလည်းကျေအောင်ဆပ်ပါ့မယ် ။
ဆုံတွေ့ခွင့်ရခဲ့တာကိုပဲ ကျေနပ်မိတယ် ။
ကိုယ်ရဲ့ဒုက္ခလှလှလေးကိုပြပါဆိုရင်တော့
'မေ့'မျက်ဝန်းညိုတွေပေါ့ ..
#စာရယ်ကဗျာရယ်