2 yrs - Translate

"အမြင်ကျဉ်းတဲ့ သူဟာ"
စကားပြောရင်
ဝါးလုံးရှည်နဲ့ ရမ်းတတ်တယ်။
အမြင်ကျယ်တဲ့ သူက
သူပြောမယ့် နယ်ပယ်ထဲကပဲ
ပြောပါလိမ့်မယ်။
ဥပမာ...
လက်မ မကောင်းရင်
လက်မအကြောင်းပဲ ပြောပါလိမ့်မယ်
လက်ငါးချောင်းလုံး
ရောထွေးပြီး မပြောဘူး။
လောကမှာ...
အမြင်ကျဉ်းတဲ့ သူနဲ့
စကားပြောရတာလောက်
လက်ပေါက်ကပ်တာ မရှိဘူး။
သူမြင်ချင်ရာပဲ မြင်ပြီး
သူကြားချင်ရာပဲ ကြားတတ်တယ်။
အဲလိုလူမျိုးတွေနဲ့ တွေ့ခဲ့ရင်
အတတ်နိုင်ဆုံး
မငြင်းခုန်မိအောင် ရှောင်ပါ။
သင့်အတွက်
ဘာအကျိုးမှ မရှိသလို
သူလဲ ဘာအကျိုးမှ
ရမှာလဲ မဟုတ်ဘူး။
သင်ဘယ်လောက် ငြင်းငြင်း
နိုင်မှာလဲ မဟုတ်သလို
အချိန်ကုန် လူပန်း
စိတ်နွမ်းတာပဲ အဖတ်တင်မယ်။
လူဆိုတာ...
တစ်ခါတစ်ရံ
မှန်မှန် မှားမှား
ဘာမှ မပြောပဲ
နုတ်ဆိတ်နေလိုက်ခြင်းက
ပိုပြီး ကောင်းတယ်။
ပိုပြီး အကျိုးရှိပါတယ်...
#စာပေ

image

1982缅甸

image

1982缅甸

image

1982缅甸

image

1982缅甸

image

1982缅甸

image

1982缅甸

image

1982缅甸

imageimage
+4

လိုတာထက် ပိုမပြောနဲ့......လူထင်ကြီးခံရအောင် စကားကြီးစကားကျယ်တွေနဲ့ ပြောတော့မှ လေပေါ လွန်ပြီး လူပေါ ဖြစ်သွားတတ်တယ်။ လူပေါရင် ဘယ်သူမှ အရေးမလုပ်ဘူး။ အရေးပါ အရာရောက်တဲ့ စကားပြောနေတောင် ကျဉ်ခံရတတ်တယ်။ သြဇာရှိ၊ အာဏာရှိ၊ အရှိန်အဝါရှိသူတွေက လိုတာထက် ပိုမပြောသလို၊ ပို ပြောရင်တောင် လိုသလောက်ပဲ ပြော တတ်တယ်။ အပြောလွန် အပိုပြောတဲ့ လူပေါ မဖြစ်ပါစေနဲ့။
သြဇာအာဏာ အရှိန်အဝါဆိုတာက ဟန်ပန်နဲ့လှည့်စားရ အလုပ်တစ်မျိုးပါ။ လိုတာထက် ပိုမပြောရင် သူများနဲ့မတူ၊ တမူထူးပြီး ပိုသာသလို ဖြစ်သွားတယ်။ ကိုယ် ဆိတ်ငြိမ်မှုက လူတွေကို အနေခက်သွားစေနိုင်တယ်။ လူသားတွေဆိုတာက ပေါင်းသင်း ဆိတ်ငြိမ်ရေးကနေတဆင့် အဓိပ္ပါယ်ကောက်ဖို့ အဓိပ္ပါယ်ဖွင့်ဆိုဖို့အတွက် သီးသန် ရှင်သန်နေကြတဲ့ ယန္တရားတွေပါ။ တစ်ဦးနဲ့တစ်ဦး ဘယ်သူက ဘာတွေ တွေးနေပြီး၊ တွေ လုပ်ဖို့ ကြံနေမလဲ သိချင်စိတ်တွေနဲ့ အချိန်ကုန်နေတတ်တယ်။ ဆန္ဒကို သတိထားပြီး လိုသလောက်ပဲ ဖော်ပြလိုက်ရင် သိချင်စိတ်ကို ပိုဆွမိသွားသလို အနေအထားကို တစ်ခါတည်း မြှင့်တင်လိုက်ပြီးသား ဖြစ်သွားတယ်။
လိုတိုရှင်း စကားပြောပုံနဲ့ ဆိတ်ငြိမ်မှုကြောင့် လှုပ်လှုပ်ရွရွဖြစ်သွားလိမ့်မယ်။ သိချင် စိတ်ရဲ့ လှုံ့ဆော်မှုနဲ့အတူ ဖြစ်နိုင်ချေတွေ တန်းစီပြီး ပြောလာကြမှာ ဖြစ်သလို၊ အဲဒီလို လှိုင်းထသွားတဲ့အလျောက် အိုးမလုံ အုံပွင့်လာမယ့် သူတို့ အားနည်းချက်တွေကို အတိုင်းသား မြင်ခွင့်ရနိုင်တယ်။ ကိုယ်နဲ့ တွေ့ရတာကိုပဲ သူတို့မှာ ကိုယ်လုံးတီးနဲ့ လူချင်း တွေ့ရသလိုမျိုး၊ မလုံမလဲတွေ ဖြစ်သွားလိမ့်မယ်။ အမြင်ကတ်ခံရသလို၊ အထင်လွဲ ခံရတတ်တယ်။ ဒါပေမယ့် တပြိုင်နက်တည်းမှာပဲ၊ နားမလည်မှုများစွာနဲ့ ဇဝေဇဝါတွေ ဖြစ် သွားတာကြောင့် သူတို့ရဲ့ မသိစိတ်မှာ ကိုယ့်အပေါ် ဂရုပြုသတိထားမိတဲ့စိတ်တွေ ပိုသွား လိမ့်မယ်။ အသိအမှတ် မပြုပါဘဲ၊ အသိအမှတ်ပြုမိသွားကြတယ်။ အလေးမထားချင်ဘဲ၊ အလေးထားမိကုန်တယ်။
လူငယ်ပန်းချီဆရာ အနုပညာရှင် အန်ဒီ ဝါဟော (Andy Warhol) ရဲ့ - နှုတ်ထွက် အာဏာစက် သစ္စာတရပ် ရှိတယ်။ အဲတာက "လူတွေကို စကားပြောပြီး လက်သင့်ခံ အောင် လုပ်လို့ မရဘူး။ လူတွေရဲ့ အကျင့်ကိုက တစ်ဦးနဲ့ တစ်ဦး ဆန့်ကျင်လိုစိတ်များနေ တဲ့အတွက် ကောင်းတာပဲ ဖြစ်စေ၊ ဆိုးတာပဲ ဖြစ်စေ၊ အကန်ဘက်နဲ့ အရင်ထိုးဆိတ်တတ် ကြတယ်။ အကောင်း၊ အတည့်ကိုတောင် အစောင်းအရွဲ့အဖြစ် အရင်မြင်တတ်ကြတယ်။ အဲတော့ "ပါးစပ်ပိတ်ထားတော့မှ လူပိုရှိန်တော့တာဗျ”။
သူပြောတဲ့ အဲဒီနည်းနဲ့ပဲ ဝါဟော အောင်မြင်ခဲ့ပါတယ်။ သူ့အင်တာဗျူးတွေကို ကြည့် လိုက်ရင် စကားလုံးတိုင်းကို သတိထားပြီး ပြောတာ တွေ့ရတယ်။ လိုတိုရှင်းပဲ ပြောလေ့ရှိတယ်။ အနက် အဓိပ္ပါယ်တွေ စေးပိုင်နေတဲ့ ဝါဟာရမျိုးတွေနဲ့ ချုပ်ပြီး ပြောတတ်တယ်။ ရေးတဲ့သူတောင် ပြန်လည်သွားမယ့် အချုပ်စကားတွေနဲ့ အပြီးသ -တ်တယ်။
ဘယ်တော့မှ အဓိပ္ပါယ်မရှိတဲ့ အပေါ စကား မပြောဘူး။ အလုပ်အကြောင်း မဖြစ်မနေ ပြောဖို့ လိုခဲ့ရင်တောင်၊ လိုတာထက် နည်းနည်းမှ ပိုမပြောဘူး။ ရှင်းပြတာနည်းတယ်။ သူ့ လက်ရာတွေကို ဘယ်တော့မှ မရှင်းပြဘူး။ လူတွေ နားလည်ချင်သလို နားလည်ကြပါစေ “ပစ်” ထားတတ်တယ်။ စကားနည်းတော့လူထင်ကြီးတယ်။ မရှင်းပြတော့ လျှို့ဝှက်သွား တယ်။ လျှို့ဝှက်နက်နဲတော့ တန်ဖိုးတက်တာပေါ့။
လိုတာထက် ပိုမပြောတဲ့ အကျင့်ကြောင့်၊ ကိုယ်ပြောသမျှ စကားတွေက အဓိပ္ပါယ် ပို ရှိသွားသလို၊ တန်ဖိုးမြင့်သွားတယ်။ အပြောနည်းတာကြောင့် အမှားနည်းသွားတယ်။ အမှား နည်းတော့ အလွဲလျော့ပြီး အန္တရာယ်ရှိနိုင်တာတွေကို ရှောင်ကြဉ်ပြီးသား ဖြစ်သွားတယ်။ စကားများရင် အပေါဆန်တယ်။ စကားနည်းရင် တန်ဖိုးတက်တယ်။ ဒါကို အထူးမှတ်ပါ။
နည်းဥပဒေသ(၄)
အာဏာစက် စာအုပ်မှ.....
#အာဏာစက်

image
2 yrs - Translate

Ronal the Barbarian (2011)

၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့ပြီး တော်တော်ရယ်ရတဲ့ဒိန်းမတ် Animation ကားလေးပါ။ ဒီကမ္ဘာမှာ နတ်ဆိုးကြီး ဇာလ်ကို အနိုင်ယူပြီး ကျဆုံးသွားတဲ့ ခရိန်းဆိုတဲ့ သူရဲကောင်းကြီးရဲ့ သွေးတွေကို သောက်သုံးပြီး ခွန်အားကြီးတဲ့ ဘာဘေးရီးယန်းတွေအဖြစ်နဲ့ မျိုးရိုးအဆက်ဆက် နေထိုင်ခဲ့ကြတာပေါ့။ တစ်မျိုးလုံးက အကိတ်ဖြစ်နေတဲ့အချိန် ကျွန်တော်တို့ ဇာတ်လိုက်ကျော် ရော်နယ်က ဂျပိန်လူဖလံလေး အ ားလည်းမရှိ ပရမ်းပတာလေးပေါ့ဗျာ။ သူတို့ လူမျိုးစုကြား အနှိမ်ခံလေးပေါ့။ တစ်ရက်ကျ အင်အားကြီးတဲ့ မင်းသားမော်ကယ်ဇာဆိုတဲ့ စစ်သည်တော်တစ်ယောက်က အောက်လမ်းဆိုင်ရာ အစီအရင်တွေလုပ်ဖို့ ဒီ ခရိန်းသားတော်တွေဖြစ်တဲ့ ဘာဘေးရီးယန်းတွေရဲ့သွေးကို လိုအပ်တာကြောင့် ညကြီးမှာ ရှောင်တခင် ဝင်တိုက်ပါတယ်။ အကုန်လုံး အဖမ်းခံလိုက်ရပြီး ဆရာကြီး ရော်နယ်တစ်ယောက်ပဲ လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီမှာပဲ စိတ်ထဲက သိပ်မပါပေမဲ့ ဦးလေးဖြစ်သူရဲ့ ဇွတ်ပြောသွားတဲ့စကားကြောင့် ရော်နယ်တစ်ယောက် ဂီတစာဆိုအဖော်တစ်ယောက်ရယ် ဖိုက်တာမတစ်ယောက်ရယ်

🐱🐶 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🐶🐱 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1521

image