အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာမည့်သီတင်းပတ်အတွင်း လာရောက်မည်

ဖေဖော်ဝါရီ ၂

အာဆီယံအလှည့်ကျဥက္ကဌအဖြစ်တာဝန်နေသော မလေးရှားဝန်ကြီးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ အိုတာမန်ဟာရှင်သည် လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ကာ နစက အဖွဲ့အကြီးအကဲအပါအဝင် မြန်မာ့အရေးတွင် ပါဝင်သူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အာဆီယံအဖွဲ့ သံတမန်အသိုင်းအဝိုင်းနှင့်နီးစပ်သူက ပြောသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဟောင်းဖြစ်သူဟာရှင်သည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ သုံးရက်ကြာသွားရောက်မည်ဖြစ်ပြီး နစက အဖွဲ့တာဝန်ရှိသူများနှင့် မြန်မာ့အရေးတွင် ပါဝင်နေသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သည် အာဆီယံအထူးကိုယ်စားလှယ်အဖြစ်တာဝန်ယူချိန်အတွင်း အာဆီယံသဘောတူညီချက်ငါးချက်ကိုအကောင်ထည်ဖော်ရေးကို အဓိကထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း အကြမ်းဖက်မှုများရပ်တန့်ရေး၊ အားလုံးပါဝင်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများဖြစ်လာရေး၊ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအစီအစဉ်များကို အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ မလေးရှားအစိုးရက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေးလုပ်ဆောင်မည်ဟု ပြောဆိုထားသည်။

မလေးရှားနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် ၁၉၇၇ ခုနှစ်၊ ၁၉၉၇ ခုနှစ်၊ ၂၀၀၅ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် တာဝန်ယူခဲ့ကြောင်း သိရသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအိုနိုင်ငံတို့သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်းမြန်မာအရေးကိုဖြေရှင်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့မှုမရခဲ့သည့်အတွက် ဝေဖန်ပြစ်တင်ခံခဲ့ရကြောင်း သိရသည်။

Ref, Thaipbs

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

ဖေဖော်ဝါရီ ၂ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

ဖေဖော်ဝါရီ ၂ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

စနေညပိုင်းနှင့် တနင်္ဂနွေမနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

image
image
image
image
image
1 y - Translate

myspace ဒီလိုပုံထဲ့ကအတိုင်းမဖြစ်ပါလား

image
1 y - Translate

၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားရဲ့ Stage Design ထွက်ရှိလာ

ဖေဖေဝါရီ ၂

လာမယ့် ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီမှာ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)မှာ ကျင်းပမယ့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားရဲ့ Stage Design ထွက်ရှိလာပါတယ်။

အကယ်ဒမီပေးပွဲရဲ့ Stage Design တွေက အပြာရောင်ကာလာနဲ့ အကောင်းဆုံး ပုံဖော်ထားတာကို တွေ့မြင်ရပါတယ်။ ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် MRTV က အမှန်တကယ် ချပြထားတာလည်းဖြစ်ပါတယ်။

ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ အကယ်ဒမီဆုတွေကတော့ ၁၂ ဆု လျာထားပေမဲ့ ဖက်ရှင်ဆု၊ ရုပ်ရှင်တစ်သက်တာဆုတွေနဲ့အတူ ဆုပေါင်း ဘယ်နှစ်ဆု‌ပေးအပ်ချီးမြှင့်မလဲ ဆိုတာက စိတ်ဝင်စားစရာပါပဲ။

အကယ်ဒမီရွှေစင်ရုပ်တုက ရွှေကြယ်ကိုတော့ ရွှေငါးကျပ်သား ချီးမြှင့်မှာလည်းဖြစ်ပြီး ရွှေစင်ရုပ်တုကိုတော့ ရုပ်ရှင်အစည်းအရုံးမှာ ပြင်ဆင်ထားတာတွေ့ရှိရပါတယ်။

ဒီနှစ်အကယ်ဒမီမှာ ပရိသတ်အကြိုက်နဲ့ အကယ်ဒမီ အကဲဖြတ် လူကြီးမင်းတွေရဲ့ အကယ်ဒမီစည်းမျဉ်းတွေနဲ့ ဆုချီးမြှင့်မှုက ထပ်တူကျမလားဆိုတာတော့ ရင်ခုန်စွာ ဆက်လက်‌စောင့်ကြည့်ရှုရမှာပါပဲ။

Credit - MT Entertainment

#celecele

imageimage
+8

TRANSFER: Marcus Rashford သည် ယနေ့ Aston Villa အသင်းနှင့် ဆေးစစ်မည်ဖြစ်ပြီး အငှါးအပြောင်းအရွှေ့အား အပြီးသတ်မည်ဖြစ်သည်။ Villa အနေဖြင့် Rashford လစာ၏ ၇၀% အား ပေးချေမည်ဖြစ်ပြီး လာမည့်ရာသီ ဥရောပဝင်ခွင့်ရရှိပါက အပိုဆုကြေး ထပ်မံပေးချေရမည်ဖြစ်သည်။

အငှါးစာချုပ်တွင် Marcus Rashford အား ပေါင် သန်း ၄၀ ဖြင့် အပြီးသတ် ခေါ်ယူခွင့်ပါဝင်သည်။
[mail]

#ဘောလုံးသတင်းစုံ

image
1 y - Translate

၎င်းတို့၏လက်ကောက်ဝတ်များနှင့် ခြေကျင်းဝတ်များကို ချည်နှောင်ထားသည့် ရွှေ့ပြောင်းအခြေချသူ ၈၀ ခန့်ကို အမေရိကန်လေတပ်မှ ဂျက်လေယာဉ်တစ်စင်းသည်မက္ကဆီကိုလေပိုင်နက် လှည့်ပတ်ကာ ဂွာတီမာလာသို့ ကြာသပတေးနေ့တွင် နေရပ်ပြန်ပို့မှုကို လျင်မြန်စွာ အရှိန်မြှင့်ပေးခဲ့သည်။

image

ယခုဘဏ္ဍာနှစ်တွင် လမ်းကြောင်း(၃)ခုမှ တင်ပို့နေသည့် မြန်မာ့ရေထွက်ကုန်များမှ အမေရိကန်ဒေါ်လာသန်း (၇၀ဝ)ကျော်ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ရေထွက်ပစ္စည်းပို့ကုန် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
(၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ငါး၊ ပုစွန်နှင့် ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း(၅၂၁)သန်းရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ရေထွက်ပစ္စည်းပို့ကုန်လုပ်ငန်းရှင်များအသင်းအနေဖြင့် ယခုဘဏ္ဍာ နှစ်တွင် ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း(၇၀ဝ)ကျော်ရရှိရန် မျှော် မှန်းထားကြောင်း သိရသည်။
‘‘အသင်းအနေနဲ့ ဒီနှစ်မှာဆိုရင် (၇၃၅)သန်းပို့နိုင်မယ်လို့ နိုင်ငံတော်ကိုတင်ပြထားတယ်။ ရမရတော့ မမှန်းနိုင် သေးဘူး။ အခုချိန်ထိက (၅၂၁)သန်းပဲရသေးတော့ ကျန်တဲ့(၃)လမှာ သန်း(၂၀ဝ)လောက်ကလိုနေတယ်။ တစ်လကို ပျမ်းမျှက (၆၅)သန်းလောက်တော့ရတယ်။ မှန်းချက်ကတော့ နည်းနည်းလေးလျော့မယ်လို့တော့ထင်တယ်။ ဘယ်လို လာဦးမလဲတော့ မသိသေးဘူးပေါ့”ဟု MPEA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ရေလမ်းကြောင်းအပါအဝင် လမ်းကြောင်း(၃)ခုဖြင့် နိုင်ငံပေါင်း(၄၀) ကျော်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ “ပို့တဲ့နေရာမှာတော့ အဓိက အများဆုံးကတော့ သင်္ဘောနဲ့ပို့တယ်၊ နံပါတ်(၂)ကတော့ လေကြောင်းလိုင်းနဲ့လည်းပို့တယ်၊ နယ်စပ် ကနေလည်းပို့တယ် နေရာ(၃)နေရာကနေပို့ပါတယ်။ နယ်စပ်နဲ့ပို့တာကတော့ ကော့သောင်း-ရနောင်းပို့ တယ်၊ မြဝတီဘက်ကနေလည်းပို့တယ်။ လေကြောင်း လိုင်းနဲ့ကတော့ တရုတ်ကိုပို့တာများတယ်။ ငါးရှဉ့်၊ ကဏန်းတို့ပို့တယ်။ နယ်စပ်ကနေပို့တာကတော့ လက်ရှိအချိန်အထိတော့ ပြဿနာမရှိသေးပါဘူး။ ပို့နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် (၂၀၂၃- ၂၀၂၄) ဘဏ္ဍာ နှစ်တွင် ဧပြီလမှ ဒီဇင်ဘာလအထိ ငါး၊ ပုစွန်နှင့် ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၅၁၈)သန်းရရှိခဲ့ကြောင်း သိရသည်။
မြန်မာ့ရေထွက်ကုန်များကို အဓိကအားဖြင့် တရုတ်၊ ထိုင်း၊ အိမ်နီးချင်းနိုင်ငံများ အပါအဝင် ဂျပန်နှင့် ဥရောပ နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

NP News

image
1 y - Translate

အမေရိကန်နိုင်ငံ Philadelphia အရှေ့မြောက်ပိုင်း၊ Roosevelt Mall အနီးတွင် ကြာသပတေးနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီအချိန်၌ လူနာတင်လေယာဉ် (learjet 55) တစ်စီးပျက်ကျခဲ့ကြောင်းသိရသည်။ အခင်းဖြစ်ပွါးချိန်တွင် အဆိုပါလေယာဉ်ပေါ်၌ လူခြောက်ဦးလိုက်ပါလာကြောင်းသိရပြီး ဖြစ်စဉ်အတွင်း လိုက်ပါလာသူအားလုံးသေဆုံးခဲ့ကြောင်းသိရသည်။

NOM

image