45 ပတ် - ဘာသာပြန်ပါ။

အာဆင်နယ်အသင်းနည်းပြမီခေးလ်အာတီတာက အသင်းအနေနဲ့ဒီဆောင်းရာသီကာလစျေးကွက်မှာအသင်းဆီခေါ်ယူအားဖြည့်မလုပ်ဆောင်နိုင်ခဲ့တဲ့အတွက်စိတ်ပျက်မိတယ်လို့ဝန်ခံပြောဆိုလိုက်ပြီး အသင်းအနေနဲ့ ပြုပြင်ပြောင်းလဲရမယ်လို့ ထောက်ပြပြောဆိုလိုက်ပါတယ်။

ဂန်းနားအသင်းဟာ ဒဏ်ရာရကစားသမားပြသနာကြုံတွေ့နေရပြီး အထူးသဖြင့် တိုက်စစ်ပိုင်းမှာတော့ ဘူခါယိုဆာကာနဲ့ဂါဘရီရယ်လ်ဂျီးဆပ်စ်တို့ကိုဆုံးရှုံးထားရပေမဲ့ ဒီဆောင်းရာသီကာလစျေးကွက်မှာတော့သူတို့အသင်းအနေနဲ့ ကစားသမားတဦးတယောက်မှတော့ ခေါ်ယူအားဖြည့်နိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။

ငါတို့မှာရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်တွေအမြဲရှိပါတယ်။ငါတို့မှာအခွင့်အရေးရှိတဲ့အခါမှာတော့ အသင်းကိုအကျိုးသက်ရောက်မှုရှိစေနိုင်တဲ့ကစားသမားတွေနဲ့အတူ ပြုပြင်ပြောင်းလဲဖို့အခွင့်အရေးရှာဖွေရပါမယ်။

ဒဏ်ရာရကစားသမားအနေအထားတွေနဲ့အတူ ငါတို့အနေနဲ့အကျိုးသက်ရောက်မှုတွေခံစားခဲ့ရပြီး ရည်မှန်းချက်ပြည့်အောင်မလုပ်ဆောင်နိုင်သေးပါဘူး။ဒီကိစ္စအတွက်ငါတို့စိတ်ပျက်ပေမဲ့ ငါတို့အနေနဲ့ တချို့သောကစားသမားမျိုးတွေကိုပဲ့လိုအပ်တယ်ဆိုတာငါတို့ကောင်းကောင်းသိပါတယ်။ငါတို့အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးစဉ်းစားသုံးသပ်ရပါမယ်။

ဒီကစားသမားတွေကငါတို့ကိုပိုကောင်းအောင်လုပ်ဆောင်ပေးလိမ့်မယ်လို့ ငါတို့ယုံကြည်ပါတယ်။ငွေကြေးပိုင်းဆိုင်ရာမှာတော့တခြားရှုထောင်အမြင်တွေမှာပိုကောင်းလာစေပါလိမ့်မယ်။ငါတို့ဆက်ထိန်းထားရမဲ့အရာကတော့ ငါတို့ဒီနေရာကိုရောက်လာတဲ့အချက်ဖြစ်ပြီး ဒီအချက်တွေကနေ အသင်းကိုပြုပြင်ပြောင်းလဲဖို့ကြိုးစား၇မယ်လို့ အာတီတာကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image
45 ပတ် - ဘာသာပြန်ပါ။

စီလီကွန်ထူထူအိအိလေးနဲ့ ချည်သား
ခေါင်းအုံးစွပ်ပါ အခင်းစွပ်
ထောင့်လေးထောင့်မှာ မျော့ကြိုးပါပါတယ်။
▪️နှစ်ယောက်အိပ် - 65000ks
✅၆ပေ ၆ပေခွဲ King Size ၁၁လက်မထိစွပ်လို့ရအခင်းစွပ်
✅ခေါင်းအုံးစွပ် ၂ခုပါ
ပို့​ဆောင်ခ မြို့နယ်အလိုက်ကျသင့်ပါမယ်ရှင်။
ph : 09451825471
09776670303

image
45 ပတ် - ဘာသာပြန်ပါ။

စီလီကွန်ထူထူအိအိလေးနဲ့ ချည်သား
ခေါင်းအုံးစွပ်ပါ အခင်းစွပ်
ထောင့်လေးထောင့်မှာ မျော့ကြိုးပါပါတယ်။
▪️နှစ်ယောက်အိပ် - 65000ks
✅၆ပေ ၆ပေခွဲ King Size ၁၁လက်မထိစွပ်လို့ရအခင်းစွပ်
✅ခေါင်းအုံးစွပ် ၂ခုပါ
ပို့​ဆောင်ခ မြို့နယ်အလိုက်ကျသင့်ပါမယ်ရှင်။
ph : 09451825471
09776670303

image
45 ပတ် - ဘာသာပြန်ပါ။

စီလီကွန်ထူထူအိအိလေးနဲ့ ချည်သား
ခေါင်းအုံးစွပ်ပါ အခင်းစွပ်
ထောင့်လေးထောင့်မှာ မျော့ကြိုးပါပါတယ်။
▪️နှစ်ယောက်အိပ် - 65000ks
✅၆ပေ ၆ပေခွဲ King Size ၁၁လက်မထိစွပ်လို့ရအခင်းစွပ်
✅ခေါင်းအုံးစွပ် ၂ခုပါ
ပို့​ဆောင်ခ မြို့နယ်အလိုက်ကျသင့်ပါမယ်ရှင်။
ph : 09451825471
09776670303

image
45 ပတ် - ဘာသာပြန်ပါ။

စီလီကွန်ထူထူအိအိလေးနဲ့ ချည်သား
ခေါင်းအုံးစွပ်ပါ အခင်းစွပ်
ထောင့်လေးထောင့်မှာ မျော့ကြိုးပါပါတယ်။
▪️နှစ်ယောက်အိပ် - 65000ks
✅၆ပေ ၆ပေခွဲ King Size ၁၁လက်မထိစွပ်လို့ရအခင်းစွပ်
✅ခေါင်းအုံးစွပ် ၂ခုပါ
ပို့​ဆောင်ခ မြို့နယ်အလိုက်ကျသင့်ပါမယ်ရှင်။
ph : 09451825471
09776670303

image
image
image

ရွှေကုက္ကိုလ်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၄၀ ရာခိုင်နှုန်း ကျဆင်းသွားပေမယ့် ကျားဖြန့်တွေအပေါ် အကျိုးသက်ရောက်မှု ရှင်းလင်းစွာမသိရ

ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံရှိ မြဝတီ၊ တာချီလိတ်နှင့် ဘုရားသုံးဆူတို့တွင် ဓာတ်အားပြတ်တောက်မှု၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်ရန် အချိန်ပိုလိုအပ်ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများက မြန်မာနိုင်ငံဘက်ခြမ်းသို့ လျှပ်စစ်မီးဖြတ်တောက်မှု ၂၄ နာရီအကြာတွင် ထုတ်ဖော်ပြောကြားလာသည်။

မြန်မာနိုင်ငံဘက်ခြမ်းမှ နေရာငါးခုသို့ ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား အမြတ်တင်ရောင်းချပေးနေခြင်းမှ လစဥ် ဘတ်သန်း ၅၀ ခန့်အကျိုးအမြတ်ရရှိနေသော်လည်း ထိုနေရာများမှာ တရုတ်ကျားဖြန့်လိမ်လည်မှုဂိုဏ်းများနှင့် ဆက်နွှယ်နေသည်ဟုဆိုကာ ထိုင်းအစိုးရက ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ လျှပ်စစ်မီးဖြတ်တောက်ခဲ့မှုနှင့် အင်တာနက်ဖြတ်တောက်မှုလုပ်ဆောင်ကာ မြန်မာနယ်စပ်တစ်လျှောက် ထိုင်းစစ်တပ် ဖြန့်ချခဲ့သည်။

ထို့အတွက် ရွှေကုက္ကိုလ်မြို့သစ်၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၄၀ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း ကျားဖြန့်လိမ်လည်မှုစင်တာများအပေါ် သက်ရောက်မှုမှာ ရှင်းလင်းစွာမသိရသေးကြောင်း ကာကွယ်ရေးဝန်ကြီး ဖန်သမ် ဝီချရာချိုင်းက ပြောကြားခဲ့သည်။

ထို့အပြင် နှစ်နိုင်ငံဘက်ခြမ်းစလုံးတွင် နယ်စပ်လုံခြုံရေး တင်းကျပ်ထားပြီး လျှပ်စစ်ဖြတ်တောက်မှု၏ သက်ရောက်မှုကိုလည်း အကဲဖြတ်ရန် လိုအပ်နေသည်ဟု ဆိုသည်။ ထို့အပြင် အင်တာနက် ချိတ်ဆက်မှုများ ဆက်လက်လုပ်ဆောင်နေသေးကြောင်း သတင်းများ ထွက်ပေါ်နေ၍ ထိုင်းအာဏာပိုင်များက စစ်ဆေးမည်ဟုဆိုကာ ဖန်သမ်ကိုယ်တိုင်လည်း ယနေ့တွင် မဲဆောက်သို့ သွားရောက်ရန် စီစဉ်ထားသည်။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စီးပွားရေးလုပ်ငန်းများနှင့် ဒေသခံများကို ထိခိုက်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးကို အနှောင့် အယှက်ဖြစ်စေနိုင်ကြောင်း မြဝတီကုန်သည်များက ပြောသလို ၎င်းတို့သည် တက်ခ်ခရိုင်ရှိ ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်များနှင့် ဆွေးနွေးရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

ကျားဖြန့်ဂိုဏ်းများနှင့် ဆက်နွှယ်သည်ဟုဆိုကာ ထိုင်းနိုင်ငံက မြန်မာဘက်ခြမ်းမှ ဘုရားသုံးဆူ၊ တာချီလိတ်နှင့် မြဝတီတို့ကို လျှပ်စစ်ဖြတ်တောက်သော်လည်း ကိုယ်ပိုင်မီးစက်၊ ဆိုလာ စသည့် အခြေခံအဆောက်အအုံများ အသုံးပြုနိုင်သည့် ရွှေကုက္ကိုလ်နှင့် လာအိုဘက်မှ လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်သလို ကြွယ်ဝသူများသည့် တာချီလိတ်တို့မှာ ထိုင်းနိုင်ငံ၏ လျှပ်စစ် မီးဖြတ်တောက်မှုကို သိသိသာသာ မခံစားရဘဲ ဘုရားသုံးဆူနှင့် မြဝတီမှ သာမန်ပြည်သူများသာ အဓိက ခံစားခဲ့ရပြီး လျှပ်စစ်မီးပြတ်တောက်၍ လောင်စာအတွက် ဓာတ်ဆီတိုးဝှေ့ဝယ်ယူရမှုများလည်း ယမန်နေ့က စတင်ဖြစ်ပွားခဲ့သည်။

ပုံစာ။ မြန်မာဘက်ခြမ်းမှ ကျားဖြန့်နာမည်ကျော် နေရာငါးခုကို ထိုင်းနိုင်ငံက လျှပ်စစ်စတင်ဖြတ်တောက်သည့် ဖေဖော်ဝါရီ ၅ ရက်ည ရွှေကုက္ကိုလ်နှင့်တာချီလိတ် မြင်ကွင်းများ

Ref & Photo, Thai Enquirer, Khaosod

#သတင်းဟင်းလေးအိုးကြီး

image
image
image
45 ပတ် - ဘာသာပြန်ပါ။

ဖေဖော်ဝါရီလအတွက် ရည်ညွှန်းဆန်ဈေးနှုန်းများ ထုတ်ပြန်ရာတွင် ရွှေဘိုပေါ်ဆန်းဆန်မှအပ အခြားဆန်အမျိုးအစားများ ဈေးနှုန်းအနည်းငယ်ထပ်မံကျဆင်း

ဖေဖော်ဝါရီ ၆

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် သင့်တင့်မျှတသော ရည်ညွှန်းဆန်ဈေးနှုန်းများ ထုတ်ပြန်ရာတွင် ပြည်တွင်း၌ လူကြိုက်များပြီး စားသုံးမှုများသည့် ပေါ်ဆန်းဆန်မှအပ အခြားဆန်အမျိုးအစားများ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဆန်းဈေးနှုန်းအရ သိရသည်။

ယခုလအတွက် (၁၀၈) ပေါင်/ (၂၄)ပြည် ဆန်တစ်အိတ် ဈေးနှုန်းသတ်မှတ်ချက်အရ ပြည်ပတင်ပို့သည့် ဆန်ကြမ်းအုပ်စုများ (ဧည့်မထ/ ငစိန်) (ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-၁၁ ၊ စောရုပ်၊ ၇၄၇၊ သီးပု၊ ရွှေမန်း စသော ဧည့်မထ/ ငစိန် အုပ်စုဝင် ဆန်ကြမ်းများ)ကို ၂၅ မှတ်ဆန် တစ်အိတ် ကျပ် ၇၀,၀၀၀၊ ၂၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၇၇,၀၀၀၊ ၁၅ မှတ်ဆန်တစ်အိတ် ကျပ် ၇၃,၀၀၀၊ ၁၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၈၀,၀၀၀ ၊ ၁၀-၅ မှတ်ဆန် တစ်အိတ် ကျပ် ၇၅,၀၀၀ ၊ ၁၀-၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၈၂,၀၀၀ သတ်မှတ်ထားပြီး ဇန်နဝါရီလထက် ကျပ် ၃,၀၀၀ မှ ၄,၀၀၀ ကြား ကျဆင်းခဲ့သည်။

ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုပါရှိသော အရည်သွေးအသင့်တင့်ရှိသော ဆန်အမျိုးအစား တစ်အိတ်ကို ကျပ် ၈၂,၀၀၀ သတ်မှတ်ထား၍ ယခင်လထက် ကျပ် ၂,၀၀၀ ကျဆင်းခဲ့သည်။ မြန်မာပြည်အောက်ပိုင်းမှ ထွက်ရှိသော စားသုံးမှုအရည်သွေးကောင်မွန်သည့် ပြည်တွင်းစားဆန် အမျိုးအစားများကိုလည်း တစ်အိတ် ကျပ် ၉၅,၀၀၀ နှင့် ကျပ် ၁၀၁,၀၀၀ သတ်မှတ်ခဲ့ပြီး ယခင်လထက် ကျပ် ၂,၀၀၀ ကျဆင်းခဲ့သည်။ မြန်မာပြည်အထက်ပိုင်းမှ ထွက်ရှိသော စားသုံးမှုအထူးကောင်းမွန်သည့် ဆန်အမျိုးအစားများကိုမူ ကျပ် ၁၃၃,၀၀၀ နှင့် ဆန်အသစ်အတွက် ကျပ် ၁၂၀,၀၀၀ ဖြင့် ယခင်လအတိုင်း သတ်မှတ်ထားသည်။

ပြည်တွင်း၌ စားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်းဆန်အဟောင်းများကို ကျပ် ၁၄၅,၀၀၀ မှ ကျပ် ၁၅၀,၀၀၀ ဖြင့် ယခင်လအတိုင်း သတ်မှတ်ထားသည်။ ရွှေပေါ်ဆန်းအသစ်များအတွက် ကျပ် ၁၃၀,၀၀၀ နှင့် ကျပ် ၁၃၅,၀၀၀ ဖြင့် ယခင်လအတိုင်း သတ်မှတ်ခဲ့သည်။

အခြားပေါ်ဆန်းဆန်အုပ်စုဝင် (ဧရာဝတီပေါ်ဆန်း၊ ပေါ်ကျွဲ) ဆန်ဟောင်းများကို ကျပ် ၁၀၂,၀၀၀ နှင့် ဆန်အသစ်ဈေးနှုန်းမှာလည်း ကျပ် ၉၀,၀၀၀ သတ်မှတ်ထား၍ ယခင်လထက် ကျပ် ၅,၀၀၀ ဝန်းကျင် ကျဆင်းခဲ့သည်။ ပြည်တွင်းစားသုံးမှုများသည့် တောင်ပျံ/ဘေးကြားဆန်အဟောင်း ကျပ် ၁၃၅,၀၀၀ ဖြင့် ယခင်လအတိုင်း သတ်မှတ်ထားပြီး အသစ်ဈေးနှုန်းမှာ ကျပ် ၁၂၂,၀၀၀ နှင့် ကျပ် ၁၁၇,၀၀၀ ကြား သတ်မှတ်ထား၍ ကျပ် ၃,၀၀၀ ဝန်းကျင် ကျဆင်းခဲ့သည်။

အလားတူ ဈေးအရောင်းစင်တာ (Super Market၊ Mini Market) များတွင် Consumer Packaging ဖြင့် ရောင်းချမှုအတွက် ဆန်ဈေးနှုန်းအားလုံးကိုလည်း နိုဝင်ဘာလအတိုင်း သတ်မှတ်ပေးထားသည်။ ထို့ကြောင့် ဈေးကွက်အတွင်းရောင်းချရာတွင် အထက်ဖော်ပြပါ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများအပေါ် ၈ ရာခိုင်နှုန်းထက်မပိုသော၊ ဝန်ဆောင်စရိတ် ၃ ရာခိုင်နှုန်းထက်မပိုသော၊ သယ်ယူသိုလှောင်စရိတ် ၄ ရာခိုင်နှုန်းထက်မပိုသော ထုတ်လုပ်သူအကျိုးအမြတ်တို့ဖြင့် တွက်ချက်ရောင်းချရန် သတိပေးထားသည်။

#centralnewsnaypyitaw

image
image
image
image

၂၅ နှစ်အောက် ဘွဲ့ရများအတွက်
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက
အငယ်တန်းစာရေး ၁၀ နေရာ
အလုပ်ခေါ်စာ

#govjob

image
45 ပတ် - ဘာသာပြန်ပါ။

ဖန်တွေတော်တော်များစောင့်မျှော်နေကြတဲ့ Peak Comedy Anime စီးရီးတစ်ခုဖြစ်တဲ့ Grand Blue ကတော့ သူရဲ့ Season 2 ကို ဒီနှစ်ထဲမှာထုတ်လွှင့်မယ်လို့ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။

image
45 ပတ် - ဘာသာပြန်ပါ။

Tattoo Ideas

image