လားရှိုးမှာ လမ်းဘေးမှာတင် နှစ်လုံး၊ သုံးလုံး ရောင်းချမှုတွေရှိနေပြီး လောင်းကစားနဲ့ မူးယစ်ဆေးဝါး ပိုမိုတိုးပွားလာ

ဖေဖော်ဝါရီ ၁၄

ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ လက်ရှိ နှစ်လုံး၊ သုံးလုံး ရောင်းသူတွေ လမ်းဘေး ဟင်းသီးဟင်းရွက် ရောင်းသလို ရောင်းလာနေကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"လားရှိုးကတော့ လွတ်လပ်တာလွန်သွားလို့ နှစ်လုံး၊ သုံးလုံး ချဲတွေဝောာင် လမ်းဘေးမှာ စားပွဲတွေနဲ့ တန်းစီပြီး ချရောင်းနေကြတာ။ လမ်းဘေးတွေမှာ စားပွဲတွေ ချထားပြီး ဘာတွေများလဲ လို့ သွားကြည့်လိုက်တော့ နှစ်လုံး၊ သုံးလုံးတွေ ချရောင်းနေတာ။ အဆင့်တွေ မြင့်လို့။ ကွန်ပြူတာတွေနဲ့ တခါထဲ ထုတ်ပေးတာ" လို့ ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

လောင်းကစားနဲ့ ပတ်သက်တာတွေ ၅ သိန်း ဆောင်ရင် တရားဝင် ခွင့်ပြုချက် ပေးထားတယ်လို့ သူက ပြောပါတယ်။

"လားရှိုးမြို့က ကိုးကန့် MNDAA ထိန်းချုပ်ထားလို့ အရမ်းငြိမ်းချမ်းနေတယ်ပေါ့။ ဘယ်လိုတွေတောင် ဖြစ်လာမလဲ မသိဘူး။ လူငယ်တွေကို ဖျက်ဆီးမယ့် ဖုန်းနံပါတ်၊ လိပ်စာကတ်တွေ (ပြည့်တန်ဆာတွေ)က​ လိုက်ဝေနေတယ်။ လောင်းကစားရုံတွေ၊ ဂိမ်းဆိုင်တွေ အရမ်း ပေါလာပြီ။ တရုတ် ဝင်ပြီ ဆိုတာနဲ့ ဒါမျိုးတွေက ပေါလာ ပြီးသားပါ။" လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

လားရှိုးမှာ လူငယ်တွေ ထောင်ချီရှိတာကြောင့် ဒီလို အဖျက်အဆီး တွေမှာ ပါ မသွားဖို့ ယောက်ျားလေးတွေရော မိန်းကလေးတွေရော ကိုယ့်ကိုယ်ကို ထိန်းသိမ်း ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

ကိုးကန့် MNDAA တွေရဲ့ အုပ်ချုပ်မှု နဲ့ တရား ဥပဒေတွေက တရုတ်နိုင်ငံ က အတိုင်းပဲ ယူထားတာလို့ ကိုးကန့် MNDAA စစ်သား တယောက်က ပြောပြပါတယ်။

လားရှိုးမြို့ကိုဝောာ့ ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လ ၃ ရက်နေ့က ကိုးကန့် MNDAAတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo:Shy V

#centralnewsnaypyitaw

image

OSC နဲ့ကောင်းဆေးရုံ ပိတ်မှာမှန်ပြီး ဂရန်းဟံသာ နဲ့ဆာကူရာဆေးရုံပိတ်မယ်ဆိုတာ သတင်းအမှားလို့ ဆေးရုံကဆို

ဖေဖော်ဝါရီ ၁၄

ရန်ကုန်မြို့က ဂရန်းဟံသာ ပုဂ္ဂလိကဆေးရုံကြီးနဲ့ OSC ဆေးရုံအပါအဝင် ဆေးရုံ ၉ ခုကို ယာယီပိတ်သိမ်းခြင်းနဲ့ အပြီးပိတ်သိမ်းခြင်း ပြစ်ဒဏ်တွေချမှတ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဂရန်းဟံသာဆေးရုံကို တနှစ်၊ ဆာကူရာဆေးရုံကို ခြောက်လ၊ OSC ဆေးရုံကို တနှစ်၊ ကောင်းဆေးရုံကို သုံးလ၊ သမိုင်းဆေးရုံကို သုံးလ၊ ကောင်းစုအောင် ဆေးရုံကို သုံးလ ပြစ်ဒဏ်ချမှတ်ပြီး ချမ်းမြေ့ဆေးရုံ၊ မြတ်တော်ဝင်ဆေးရုံနဲ့ ကျန်းမာသုခဆေးရုံတို့ကိုတော့ အပြီးပိတ်သိမ်းခံရတယ်ဆိုပြီးသတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

အဆိုပါဆေးရုံတွေ ပြစ်ဒဏ်ချမှတ်ခံရတယ်ဆိုတဲ့သတင်းအပေါ်ုံစမ်းခဲ့ရာ OSC ဆေးရုံနဲ့ ကောင်းဆေးရုံတို့ကတော့ ယာယီပိတ်ထားမှာမှန်ကြောင်း သိရှိရပါတယ်။

OSC မှာ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူက " ဆေးရုံပိတ်မယ်လို့ပြောတယ်။ကျန်တာဘာမှမသိရသေးဘူး။ဘယ်နေ့စပိတ်မယ်ဆိုတာလည်းမသိသေးဘူး။အခုအမတို့လည်းဆေးရုံမှာ။လူနာတွေလည်းရှိနေတယ်" လို့ ပြောပါတယ်။

ဂရန်းဟံသာ ဆေးရုံကြီးနဲ့ဆာကူရာဆေးရုံကတော့ သူတို့ဆေးရုံတွေ ပိတ်မယ်ဆိုတာ မဟုတ်ဘဲ သတင်းမှာသာဖြစ်ကြောင်း ဆေးရုံရဲ့တရားဝင်လူမှုကွန်ယက်စာမျက်နာကနေ ရေးသားအသိပေးထားပါတယ်။

ဂရန်းဟံသာဆေးရုံက" သတင်းအမှားတွေသာဖြစ်ပါတယ်။မပိတ်ပါဘူး။ ၂၄ နာရီ ၇ ရက်လုံးပိတ်ရက်မရှိအမြဲဖွင့်လှစ်ထားပါတယ်။" လို့ ပြောထားပါတယ်။

ဆာကူရာဆေးရုံကလည်း " မပိတ်ပါဘူး။သတင်းအမှားသာဖြစ်ပါတယ် ။"လို့ ပြောထားတာပါ။

အင်းစိန်မြို့နယ်က ကောင်းဆေးရုံ ကတော့ သုံးလယာယီပိတ်မယ်လို့ ဆေးရုံနီးစပ်သူဆီကသိရပါတယ်။

" သုံးလ ယာယီပိတ်လို့ နားရမယ်တော့ ပြောတယ်။ ပြန်ဖွင့်ရင် အကြောင်းကြားမယ်တဲ့။ ဘာကြောင့်ပိတ်တာလဲဆိုတာ မသိပါဘူး။" လို့ ဆေးရုံကအမည်မဖော်လိုသူ သူနာပြုကပြောပါတယ်။

ကောင်းစုအောင်ဆေးရုံကတော့ ဆေးရုံ ပိတ် မပိတ်အပေါ် အတိအကျသတင်းမထုတ်သေးပေမယ့် ပြသနေဆဲလူနာတွေကိုတော့ အဆင်ပြေအောင်ဆောင်ရွက်ပေးမယ်လို့ ပြောဆိုကြောင်း ကုသနေတဲ့လူနာရှင်တွေဆီကသိရပါတယ်။

ကျန်တဲ့ ချမ်းမြေ့၊သမိုင်းဆေးရုံ၊ မြတ်တော်ဝင် ၊ကျန်းမာသုခ ဆေးရုံတွေနဲ့ပတ်သက်လို့တော့ အသေးစိတ်မသိရသေးပါဘူး။

ယခု ပြစ်ဒဏ်ချမှတ်ခံရတယ်ဆိုပြီးသတင်းထွက်တဲ့ ဆေးရုံ ၉ ခုလုံးကတော့ ဆေးရုံမှာ CDM ကျန်းမာရေးဝန်ထမ်းတွေ ကို လက်ခံပြီး အလုပ်ခန့်ထားတာကြောင့် ခုလိုပြစ်ဒဏ်ချခံရတာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပေမယ့် နစကဘက်မှတော့ တရားဝင်ထုတ်ပြန်တာမရှိသေးသလို ရန်ကုန်တိုင်း အစိုးရအဖွဲ့ကလည်းသတင်းတစုံတရာထုတ်ပြန်ခြင်းမရှိသေးပါဘူး။

မန္တလေးမြို့ပေါ်က နာမည်ကြီးဆေးရုံ ခုနစ်ရုံဖြစ်တဲ့ ချမ်းအေးသာစံမြို့နယ်က ပန်းလှိုင်ဆေးရုံ၊ မြတ်ချယ်ရီ၊ မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက်နဲ့ ပြည်ကြီးတံခွန်မြို့နယ်က လန်ဒန်၊ ဇီဝကအပြင် ပုသိမ်ကြီးမြို့နယ်က ငြိမ်းချမ်း စတဲ့ ဆေးရုံတွေ သုံးလ ပိတ်သိမ်းရမယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလကလည်း CDM ဆရာဝန်တွေကို လက်ခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံ ငါးရုံဖြစ်တဲ့ နန်းတော်ဆေးရုံ၊ မြို့တော်ဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ စိန်ပန်းဆေးရုံ၊ ထက်နေလင်းဆေးရုံတို့ကို ငါးလကြာ ပိတ်သိမ်းခဲ့ပြီး ညှိနှိုင်းပြီး ပြေလည်မှုရမှသာ ပြန်လည် ဖွင့်ခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်ကလည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၂၇ ရပ်ကွက်၊ ဆရာစံလမ်းမှာ ဖွင့်လှစ်ထားတဲ့ ပင်လုံ ပုဂ္ဂလိကဆေးရုံကို နစက က ဖေဖော်ဝါရီလနဲ့ မတ်လမှာ နှစ်လ ယာယီ ပိတ်သိမ်းခိုင်းခဲ့သလို သင်္ဃန်းကျွန်းမြို့နယ်က အောင်ရတနာ ပုဂ္ဂလိကဆေးရုံကိုလည်း မေလ ၁ ရက်နေ့ကစပြီး အချိန်နှစ်လကြာ ယာယီ ပိတ်သိမ်းထားမှု ပြုလုပ်ခဲ့ပါသေးတယ်။

Photo - လူမှုကွန်ယက်

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image

နစက-က NSPNC ကို ပြင်ဆင်ဖွဲ့စည်း

ဖေဖော်ဝါရီ ၁၄

နစက-ကသည် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ကို ပြင်ဆင်ဖွဲ့စည်းကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပြင်ဆင်ဖွဲ့စည်းလိုက်သည့် NSPNC တွင် ဥက္ကဋ္ဌအဖြစ် ဒုဗိုလ်ချုပ်ကြီးရာပြည့် (နယ်စပ်ရေးရာဝန်ကြီး)က တာဝန်ယူမည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ဒုဗိုလ်ချုပ်ကြီးမင်းနိုင်မှ တာဝန်ယူမည်ဖြစ်သည်။

ထို့နောက် အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်အောင်ကျော်ကျော်(ပြည်ထဲရေးဒုဝန်ကြီး)၊ ဒုရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး (ရဲချုပ်)၊ ဗိုလ်မှူးကြီး-၁ ဦး(စရဖချုပ်ရုံး)၊ ဗိုလ်မှူးကြီးဝဏ္ဏအောင် (JMC)၊ ဦးလှမောင်ရွှေ၊ ဒုဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန် (ငြိမ်း)၊ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း(ငြိမ်း/ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့-ဥက္ကဋ္ဌ)၊ ဒုဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်၊ ဦးမြင့် ကြိုင်(လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး)၊ ဦးခင်မောင်ရီ (သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး)၊ တို့က တာဝန်ယူကြမည်ဖြစ်သည်။

NSPNC သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရသော ကော်မတီ ဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ(NSPCC)မှ ချမှတ်ပေးသော လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရသည်။

လက်ရှိတွင် NSPNC သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများဖြင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးလျက်ရှိနေသည်။

ပုံ - ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

ကျားဖြန့်နှိမ်နင်းရေး ထိုင်းကာကွယ်ရေးဝန်ကြီး လမ်းညွန်ရန် BGF စာပို့

ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ရွှေကုက္ကိုလ်မြို့တို့တွင် အခြေစိုက်၍ လူကုန်ကူးမှုနှင့် ကျားဖြန့် (လိမ်လည်လှည်ဖျားမှုလုပ်ငန်း)များ လုပ်ကိုင်နေသူများအား တိုက်ဖျက်နှိမ်နင်းရေး ထိုင်းဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝဲချ ရာချိုင်မှ လိုအပ်သလို လမ်းညွန်ကူညီမှုပေးရန် နယ်ခြားစောင့်တပ်(BGF)မှ အထွေထွေအတွင်းရေး မှူး ဗိုလ်ချုပ်စောချစ်သူက စာပို့ခဲ့သည်။

အဆိုပါ စာကို ဗိုလ်ချုပ်စောချစ်သူက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့စွဲဖြင့် ပေးပို့ခြင်း ဖြစ်သည်။

စာထဲတွင် နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)သည် မိမိဒေသအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် တရားမဝင် လာရောက်လုပ်ကိုင်နေကြသည့် လူကုန်ကူးမှု ကျူးလွန်သူများနှင့် လိမ်လည်လှည့်ဖျားသူများအား ဖော်ထုတ်ဖမ်းဆီး စစ်ဆေးလျက် ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာ သံရုံးများသို့ ပို့ဆောင်ပေးလျက်ရှိပါသည်ဟု ဖော်ပြထားသည်။

ထို့သို့ ပြန်လည်ပို့ဆောင်ရာတွင် မြဝတီမြို့ရှိ ချစ်ကြည်ရေးတံတား(၂)မှတဆင့် မြန်မာနိုင်ငံအစိုးရ၊ ထိုင်းနိုင်ငံအစိုး ရတို့နှင့် ပူးပေါင်းဆေင်ရွက်လျက်ရှိပါကြောင်း ဗိုလ်ချုပ်စောချစ်သူက ပြောထားသည်။

၎င်းက “ သို့ဖြစ်ပါ၍ ဒုစရိုက်မှုတိုက်ဖျက်ရေး လုပ်ငန်းများ၊ လူကုန်ကူးမှုနှင့် လိမ်လည်လှည့်ဖျားမှု လုပ်ဆောင်သူ များအား ထိုင်းနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့ ပူးပေါင်း၍ လျှင်မြန်စွာ ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး ပိုမို မြန် ဆန်ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယဝန်ကြီးချုပ်မှ လိုအပ်သလို လမ်းညွန်ကူညီမှု ပြုနိုင်ပါ ရန် လေးစားစွာ တင်ပြအပ်ပါသည်”ဟု ပြောထားသည်။

BGF သည် ကျားဖြန့်/လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက် ဖွဲ့စည်းခဲ့သည်။

ထို့နောက် BGF သည် မြဝတီနှင့် ရွှေကုက္ကိုလ်မြို့ရှိ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများနှင့် လူမှောင်ခိုကူးခံရသူ များကို ဖေဖော်ဝါရီ ၁၄ ရက်က စတင်၍ ရှာဖွေစစ်ဆေးလျက်ရှိနေသည်။

ပုံ - ထိုင်းကာကွယ်ရေးဝန်ကြီးကို စောချစ်သူ ပေးပို့သည့် စာကိုတွေ့ရစဉ်

#centralnewsnaypyitaw

image
image
image
image
image
51 w - Translate

တန်ဖိုးထားရသော ချစ်သက်လက်ဆောင်လေးကို အဝေးရောက် ခင်ပွန်းဖြစ်သူဆီက ရရှိခဲ့တဲ့ နီနီခင်ဇော် 🥰🥰🥰
နိုင်ငံရပ်ခြားမှာ နေထိုင်နေတဲ့ ခင်ပွန်းက သူမအတွက် ချစ်သူများနေ့ လက်ဆောင်ပေးအပ်ခဲ့တာပါ။ 4D Ultrasound ထဲက သမီးလေးရဲ့ ပုံလေးနဲ့အတူ ကလေးဖိနပ်လှလှလေးတစ်ရံပါ ပါဝင်ခဲ့ပါသေးတယ်။ ထိုလက်ဆောင်ထဲမှာတော့ 'Our Little Valentine is on the way' လို့ ရေးထားတာပါ။ နီနီခင်ဇော်ဟာ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ သမီးဦးလေးကို ဖွားမြင်တော့မှာပဲဖြစ်ပါတယ်။

#celenews

image

သာဝတ္ထိမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကျောင်းဖယ်ရီယာဉ်တစ်စီး ဘရိတ်ပေါက်၍ တိမ်းမှောက်ရာ ကိုရင်တစ်ပါးနှင့် ကျောင်းသားတစ်ဦး သေဆုံးပြီး (၁၈) ဦးဒဏ်ရာရ

ဖေဖော်ဝါရီ ၁၄

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကျောင်းဖယ်ရီယာဉ်တစ်စီး ဘရိတ်ပေါက်၍ တိမ်းမှောက်ရာ ကိုရင်တစ်ပါးနှင့် ကျောင်းသားတစ်ဦး သေဆုံးပြီး ကျောင်းသားကျောင်းသူ (၁၈) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက် ညနေ (၃) နာရီကျော်တွင် သာဝတ္ထိမြို့၊ အ-ထ-က (၆) မှ ကျောင်းဖယ်ရီယာဉ်တစ်စီး မှာ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဘရိတ်ပေါက်၍ လမ်းဘေးတိမ်းမှောက်ရာ ဖြစ်စဉ်နေရာသို့ ဒေသခံလူမှုကူညီရေးအသင်းတို့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“စုစုပေါင်း ကိုရင်အပါ ကျောင်းသူ၊ ကျောင်းသား (၂၀)၊ ယာဉ်မှောက်တော့ ခေါင်းခန်းမှာ ထိုင်တဲ့ကိုရင် တစ်ပါးက ဖြစ်ပြီး နာရီဝက်လောက်နေပြီး ပျံလွန်တော်မူတယ်။ ကျောင်းသားတစ်ယောက်က ည ၁၁ နာရီမှာ ဆုံးသွားတယ်။ ကျန်တဲ့ (၁၈) ယောက်ထဲကမှ (၅) ယောက်က ညခင်းဆေးရုံကပြန်ဆင်းရတယ်။ နောက်ဆုံး ကျန်တဲ့သူ (၁၃) ယောက်ကတော့ ဆေးရုံတတ်နေရတယ်။ အဲ့ထဲကမှ (၄) ယောက်က အရေးပေါ်တင်ထား တယ်။ သူတို့ကို ကုတင်တစ်ထောင်ဆေးရုံကို ပို့လိုက်တယ်” လို့ မြေပြင်အားသွားရောက်ကူညီသည့် လူမှုကူညီရေးအသင်းမှ သိရသည်။

ထိုယာဉ်တိမ်းမှောက်မှုကြောင့် သာဝတ္ထိမြို့၊ အ-ထ-က (၆) ကျောင်းတွင် ကျောင်းတတ်ရောက်နေသည့် Grade-11 မှ ကိုရင်တစ်ပါးနှင့် ကျောင်းသားတစ်ဦးတို့ သေဆုံးသွားကြောင်း သိရသည်။

Photo – Credit

#centralnewsnaypyitaw

image
image
image
image
image

ပြည်ပအလုပ်အတွက် စာချုပ်ချုပ်ထားခြင်းမရှိတဲ့ အမျိုးသားတွေကို OWIC ကတ် မထုတ်ပေးတော့ဘူးလို့ သိရ

ဖေဖော်ဝါရီ ၁၄

ပြည်ပအလုပ်အကိုင်အတွက် ဇန်နဝါရီ ၃၀ ရက် မတိုင်ခင်အထိ စာချုပ် ချုပ်ဆိုထားခြင်း မရှိတဲ့ အမျိုးသားတွေကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card - OWIC) မထုတ်ပေးတော့ဘူးလို့ လိုင်စင်ရ အေဂျင်စီတွေဆီက သိရပါတယ်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာနမှာ ဇန်နဝါရီ ၃၀ ရက်အထိ စာချုပ်ချုပ်ထားသူတွေကိုသာ လက်ရှိမှာ စေလွှတ်ခွင့် ပေးနေတာဖြစ်ပြီး အဲဒီနောက်ပိုင်း စာချုပ် ချုပ်ဆိုထားသူတွေကိုတော့ OWIC ကတ် ထုတ်ပေးခွင့် ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

“အခုကတော့ ဇန်နဝါရီ ၃၀ ရက်အထိ စာချုပ်ချုပ်ထားတဲ့ အသက် ၁၈ ကနေ ၃၅ နှစ်ရှိတဲ့ အမျိုးသား လုပ်သားတွေကို စေလွှတ်ခွင့် ပေးနေတာပေါ့။ အဲဒီနောက်ပိုင်းက စာချုပ်သမားတွေကိုတော့ ယာယီ ရပ်ထားတယ်။ ယာယီလို့သာပြောတာ ဘယ်လောက်ကြာမယ်တော့ အတိအကျ မသိရသေးဘူးပေါ့။ အလုပ်သမား ဝန်ကြီးဌာနဘက်ကလည်း ဘာမှ အတိအလင်း မပြောသေးဘူး။ ဒီသတ်မှတ်ချက်ထဲမှာ စစ်မှုထမ်း အကျုံးမဝင်ဘဲ အသက်ကျော်တဲ့ အလုပ်သမားတွေနဲ့ အမျိုးသမီးတွေကတော့ မပါသေးဘူး။ သူတို့ကိုတော့ ပုံမှန်အတိုင်း ခွင့်ပြုပေးနေတယ်” လို့ လိုင်စင်ရ အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့်ကို အရင်က အသက် ၂၃ နှစ်မှ ၃၁ နှစ်အထိ အမျိုးသားတွေကိုသာ ကန့်သတ်ထားခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ ထပ်တိုး ကန့်သတ်လိုက်ပြီး စေလွှတ်ခွင့် လုပ်ငန်းစဉ်တွေကိုပါ ယာယီ ရပ်ဆိုင်းလိုက်တဲ့အတွက် လိုင်စင်ရ အေဂျင်စီတွေအနေနဲ့ စာချုပ်ချုပ်ထားသူတွေကို စေလွှတ်ခွင့်ပြုပေးဖို့ အလုပ်သမားဝန်ကြီးဌာနကို တောင်းဆိုခဲ့တာကြောင့် အခုလို ပြန်လည် ခွင့်ပြုပေးနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

“လက်ရှိ ပြန်ခွင့်ပြုပေးနေပေမယ့် စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့သူတွေ ဖြစ်ရင်တော့ လေဆိပ်ကနေ ထွက်ခွာခွင့်မပြုဘူးလို့လည်း အသိပေးထားတယ်။ အဲဒါကြောင့် စိတ်မအေးရသေးဘူး။ စစ်မှုထမ်းစာရင်းထဲ ပါနေလို့ လေဆိပ်က ထွက်မရရင် အလုပ်သမားရော၊ အေဂျင်စီရော နစ်နာမှုတွေ ရှိနိုင်တယ်။ စစ်မှုထမ်းစာရင်းမှာ ပါနေတဲ့သူတွေက စစ်မှုထမ်းကင်းလွတ်ခွင့် လျှောက်ထားရမှာပေါ့။ ဒါပေမယ့် ဒီနေရာမှာလည်း ကြန့်ကြာမှုတွေ ရှိလာနိုင်တယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ အတည်ပြုလိုက်ပြီးတဲ့ နောက်ပိုင်း နစကအနေနဲ့ ပြည်ပအလုပ် လုပ်ကိုင်ခွင့်တွေနဲ့ ပတ်သက်လို့ ဆက်တိုက်ဆိုသလို ကန့်သတ်မှုတွေ လုပ်ဆောင်လာတာဖြစ်ပြီး အခုလို အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်ခံရတဲ့အပေါ် ဝေဖန်မှုတွေလည်း မြင့်တက်လျက်ရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်ပနိုင်ငံဆီ သွားရောက် အလုပ်လုပ်ကိုင်နိုင်ဖို့ ပြင်ဆင်နေသူတယောက်က “ကျွန်တော်ဆိုအခု သွားဖို့လာဖို့ အားလုံး ပြင်ဆင်ပြီးနေပြီ။ အေဂျင်စီနဲ့လည်း စာချုပ် ချုပ်ပြီးသွားပြီ။ ငွေတွေလည်း သွင်းထားပြီးပြီ။ ဒီလိုအချိန်မှာမှ သွားခွင့်မရဘူးဆိုရင် ဆုံးရှုံးမှုက အင်မတန်ကြီးသွားနိုင်တယ်။ အချိန်ရော၊ ငွေရော အားလုံး ရင်းထားရတာ။ ပြည်တွင်းမှာလည်း ဘာမှ လုပ်ကိုင်စားလို့ရတာ မဟုတ်ဘူးလေ။ ပြည်ပက အလုပ်ခေါ်တယ်ဆိုတာလည်း အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းပဲ ခေါ်တာ” လို့ ပြောပါတယ်။

အလုပ်အကိုင်ပတ်စ်ပို့ (PJ) ကိုင်ဆောင်ထားသူတွေ အနေနဲ့ ပြည်ပနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နိုင်ဖို့ OWIC ကတ် ရှိမှသာ ထွက်ခွာခွင့်ရရှိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတရပ်ကို နစက က ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အဲဒီနည်းဥပဒေရဲ့ ပုဒ်မ - ၅၁ မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့ အမိန့်စာ ရရှိသူတွေဟာ စစ်မှုထမ်းဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ဖော်ပြထားပါတယ်။

အလားတူ ပုဒ်မ - ၅၀ မှာလည်း ဆေးစစ် အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင်အထိ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဆိုပြီး ပြဋ္ဌာန်းထားပါတယ်။

Photo - Myanmar Embassy Seoul

#သတင်းဟင်းလေးအိုးကြီး

image
51 w - Translate - Youtube

အိမ်မှာလေ့ကျင့်ဖို ့free
Workout များ ❤️
💪အိမ်မှာလေ့ကျင်ဖို ့workout လက်ဆောင်-1
(လေ့ကျင့်ခန်းတွေကို video demonstration Link ထည့်ပေးထားပါတယ်)

အိမ်မှာပဲလေ့ကျင့်ခန်း 🏋️‍♂️ လုပ်မဲ့မိတ်ဆွေ
တွေအတွက် အိမ်မှာလေ့ကျင့်လို ့ရမဲ့ home workout လေးတခုမျှဝေပေးလိုက်ပါတယ်။
အခုတင်ပြပေးမှာကတော့ အိမ်မှာလေ့ကျင့်လို ့
ရတဲ့ ကိရိယာလွတ် workout လေးဖြစ်ပါတယ်။
Circuit workout ပါ။ လေ့ကျင့်ရမဲ့ပုံစံက ပေးထားတဲ့ လေ့ကျင့်ခန်းခြောက်ခုကို တစ်ခုပီး တစ်ခုဆက်တိုက်ကစားရမှာပါ။ (အကယ်၍ဆက်တိုက်မကစားနိုင်ပါက လေ့ကျင့်ခန်း တခုနှင့် တခုကြား စက္ကန် ့၂၀ နားနိုင်ပါသည်။)လေ့ကျင့်ခန်းခြောက်ခုလုံးပီးလျင်တကျော့ပီးပါပီ။ ထိုအချိန်တွင်၃-မိနစ်နားပါ။ ပီးလျင် နောက်တကျော့ ကစားပါ။ ကစားချိန်တချိန်မှာ စုစုပေါင်း circuit ၄ ကျော့ကစားပါ။
Warm up exercises-
✅ Step up 15 reps each leg 👇

✅ Glute bridge 20 reps 👇

✅ push up 12 reps 👇
(မိမိခံနိုင်ရည်အပေါ်မူတည်ပီး video ထဲမှ
Level တခုကိုရွေးချယ်လေ့ကျင့်နိုင်ပါသည်။)

✅ mountain climber 20 reps 👇

✅ Sprint 30 seconds 👇

✅ Standing torso rotation 12 reps 👇

🌸 အကယ်၍ တတ်နိုင်သေးပါက circuit
လေးကျော့ပီးချိန်တွင်၊ လမ်းလျောက်ခြင်းကို
မိနစ် ၂၀ လောက်ထည့်ကစားနိုင်ပါသည်။
💪 လေ့ကျင့်ခန်းမလုပ်မှီသွေးပူပြုလုပ်ခြင်း
အကြောလျော့ခြင်းတို ့ပြုလုပ်ပါ။ လေ့ကျင့်ခန်းပီးပါက လည်း အကြောလျော့ပါ။
Cool down exercises-

Part-2
*သောကြာပိုင်းအစ ဒို့ကျောင်းသားက

ဒဂုန်ဦးစန်းငွေရေးတဲ့ “ဒို့စကား၊ ဒို့စာ၊ ဒို့သဒ္ဒါ”စာအုပ်ကို ဆရာနိုး ဝေဖန် ရေးနဲ့ပတ်သက်လို့ ကျွန်တော့်ခံစားချက်ကို ဆရာမိုးအား ပြောပြဖူးတယ်။ ကျွန်တော် ခံစားရတာက “ဒဂုန်ဦးစန်းငွေစာအုပ်” “ဖြင့်နဲ့နှင့်” အကြောင်းဖတ်ရတော့ ကျွန်တော်တို့ စာရေးရမှာ လက်တွန့်သွားပြီး မိမိတို့ရေးခဲ့တာတွေ မှားနေသလား ဆိုပြီး စာရေးရမှာ ကြောက်သွားကြောင်း ပြောပြတယ်။ နောက်တော့ “ဆရာနိုး” ရေးတဲ့ ဝေဖန်စာကိုဖတ်ပြီးတော့မှ ဆရာကြီး ဒဂုန်ဦးစန်းငွေရေးသလိုကြီးလည်း မဟုတ်သေးဘဲကိုး။ ဆရာကြီးက ပါဠိတတ်သယောင်၊ ဗမာစာတတ်သယောင်နဲ့ ယောင်ဝါးဝါးရေးထားတယ်လို့ ဆိုထားတာကိုး။ ဒီတော့မှ အားတက်လာတယ်။ ဆရာနိုးရေးတဲ့ ဝေဖန်စာမှာ ကျွန်တော်ခံစားလိုက်တာက ဒဂုန်ဦးစန်းငွေတည်း ဟူသော ပုဂ္ဂိုလ်ကြီးကို ပရိသတ်ရှေ့မှာ စင်ပေါ်တင်ပြီး ဘာမှမတတ်ဘူး၊ ဒါပဲ ရှိတယ်ဆိုတဲ့သဘောနဲ့ သင်ကြီးလှန်ပြလိုက်သလို။ ဒီနေရာမှာ ဆရာက ရပ်မထား သေးဘဲ လှန်ထားတာကြီးကို ဆရာက တံတွေးနဲ့ထွေးသွားသေးလို့ ကျွန်တော်ခံစား မိတာကို ဆရာမိုးအားပြောပြတော့ ဆရာက ကျွန်တော့်ကိုမြှောက်ပေးတယ်။ ည စားပွဲသောက်ပွဲ စာပေပွဲကျတော့ပြောပါ ဝေဖန်ပါတဲ့။ ကျွန်တော်လည်း အရှိန် ရလာတော့ ဆရာနိုး ပြောပြတယ်။ ဆရာက ဒဂုန်ဦးစန်းငွေတည်းဟူသော ပုဂ္ဂိုလ်ကြီးဟာ ဘာမှမဟုတ်ဘူး၊ ဒါပဲလောက်တင်လှန်ပြပြီး ဆရာက ဇာတ်စင် ပေါ်က ဆင်းသွားရမှာ။ အဲဒီလို ဆင်းမသွားဘဲ လှန်ပြထားတဲ့ “င်ကြီးကို တံတွေးနဲ့ ထွေးသွားတော့ ပရိသတ်က လူကြီးကို ဒီလိုလုပ်ရမလားဆိုတဲ့ အကြည့်မျိုးနဲ့ ဆရာ လူဆိုးဖြစ်သွားတာပေါ့လို့ပြောတော့ ဆရာနိုးက ပြုံးပြုံးကြီးကြည့်နေတယ်။ ပြီးတော့မှ ဆရာဆောင် အဲလိုပဲ ခံစားရသလားတဲ့။
ကျုပ်က သာမန်ပုဂ္ဂိုလ်ဆိုရင် ဒီလိုမရေးပါဘူး။ ဒီပုဂ္ဂိုလ်မျိုးက “အာဏာနား၊ ပါဝါမျှောင်”နေတဲ့ပုဂ္ဂိုလ်မို့ သိအောင်ရေးပြလိုက်တာတဲ့။
“ဒို့ကျောင်းသား စာပေဝိုင်း”က စနေ၊ တနင်္ဂနွေ (ဆရာမိုးတို ့ ဆရာ မင်းကျော်တို့ စာလာသင်တဲ့နေ့) လုပ်ရာကနေ နည်းနည်းကြာလာတော့ သွားရေး လာရေး ခက်ခဲတာ၊ လူစုံမလာနိုင်တာတွေကြောင့် “ဘီအိုစီ ကောလိပ်ကန်တင်း” လက်ဖက်ရည်ဆိုင်ကို ရွှေ့လိုက်ကြပါတယ်။

#ဆက်ရန်ရှိ

Part-2
*ကိုယ်စားလှယ်က ပိုကောင်းသလား

အလားတူ၊ ဗြိတိသျှ တွေးခေါ်ရှင် ဂျွန်စတူးဝပ်မေးလ် (John Stuar Mill) က၊ ရွေးကောက်သူတို့အနေနှင့် ကိုယ်စားလှယ်တို့၏ ပိုမိုမြင့်မားသော ဉာဏ်အမြော်အမြင်ဖြင့် အုပ်ချုပ်မှုကို ကျေနပ် လက်ခံ သင့်သည်ဟု ဆိုခဲ့ပြီး၊
ဩစတြီးယား စီးပွားရေးပညာရှင်၊ လူမှုရေး တွေးခေါ်ရှင် ဂျိုးဇက် ရွှန်းပေတာ (Joseph Schumpeter) ကဆိုလျှင် မဲဆန္ဒရှင်တို့ အနေနှင့် တစ်စုံတစ်ယောက်အား မိမိတို့ ရွေးကောက်လိုက်ပြီးပြီဆိုလျှင် နောက်ပိုင်း နိုင်ငံရေးအလုပ်တို့သည် မိမိတို့ ကိစ္စမဟုတ်၊ ထိုသူ၏ကိစ္စသာ ဖြစ်သွားပြီ ဆိုတာ သဘောပေါက်ဖို့လိုသည်၊ ဟူ၍ပင် ဆိုခဲ့သည်။
အဲဒါကကိုယ်စားပြုစနစ်ကို နှစ်သက် လက်ခံသူတို့၏ ပိုကဲသော ထောက်ခံစကားများဖြစ်ရာ၊ ၎င်းအတိုင်းဆိုက ဒီမိုကရေစီ၏ အခြေခံ စိတ်ဓာတ်ဖြစ်သည့် လူတိုင်းလူတိုင်းမှာ မိမိအရေးရော တိုင်းပြည်အရေးပါ စဉ်းစား ဝေဖန်နိုင်သော ဉာဏ်ရှိ၍၊ လူတိုင်း၏ စိတ်ကူးစိတ်သန်းကို တန်းတူညီမျှ ထည့်သွင်း စဉ်းစားရမည်ဟူသော အချက်နှင့် ဆန့်ကျင် ကွဲလွဲသလို ဖြစ်နေသည်။
သို့သော်၊ ဤသည်ကို ပြန်လည် ရှင်းလင်း ချေပကြသူတို့က ကိုယ်စားလှယ်တို့မှာ နိုင်ငံရေးရာ စဉ်းစားရာ၌ ပို၍ မြင့်မားသော ဉာဏ်အမြော်အမြင်ရှိသည် ဆိုခြင်းမှာ ပင်ကို ဉာဏ်အရပင် အဆင့်အတန်း မြင့်သည်ဟူသော အဓိပ္ပာယ်မဟုတ်၊ နိုင်ငံရေးရာ စဉ်းစား ဝေဖန်ရသော အလုပ်တာဝန်ကို အခြားသူများကဲ့သို့ ရံဖန်ရံခါ မဟုတ်ဘဲ အချိန်ပြည့် ထမ်းရွက်နေကြသူများဖြစ်သဖြင့် ၎င်းတို့၌ ယင်းနှင့် စပ်လျဉ်း၍ တတ်သိ နားလည်မှုနှင့် အတူ ဉာဏ်အမြော်အမြင်များ ပိုမို ပြည့်ဝနေသည်ဟု ဆိုလိုခြင်းသာ ဖြစ်သည်။ သည့်အပြင်၊ ၎င်းတို့အနေနှင့် ၎င်းတို့၏ ဉာဏ်အမြော်အမြင်ဖြင့် စဉ်းစား ဆုံးဖြတ်ကြသည် ဆိုရာမှာလည်း အများပြည်သူတို့၏ အသံကိုနားထောင်ကာ အများပြည်သူ့ သဘောဆန္ဒကို ချင့်တွက် မှတ်သားပြီးမှ အများပြည်သူအတွက် ဆုံးဖြတ်ရခြင်းမျိုးသာ ဖြစ်သည်ဟု ပြောဆိုကြပါသည်။