1 y - Translate

တာချီလိတ်မြို့၌ စက်သုံးဆီသယ်ယာဉ်များရောက်ရှိ၍ ဈေးနှုန်းသက်သာစေရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးညှိနှိုင်းဆွေးနွေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စက်သုံးဆီသယ်ယာဉ်များရောက်ရှိ၍ ဈေးနှုန်း သက်သာစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှု မဖြစ်ပေါ်စေရေးညှိနှိုင်း ဆွေးနွေးခြင်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ချမ်းမြေ့ဝင်း၊ မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးထွန်းနေဦး၊ ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးစိုင်းစိုင်းနှင့် ဆီလုပ်ငန်းရှင်များက ဖန်မင်ကျေးရွာ အုပ်စု၊ ဧဒင်ကျေးရွာရှိ ရန်ကင်းဆီပန့်သို့ ရောက်ရှိလာသော ဆီသယ်ယာဉ် ၁၁ စီးကို တာဝန်ရှိသူများက ဆီအရည်အသွေးများအား တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ထို့နောက် ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့မှု ရပ်ဆိုင်းခဲ့သဖြင့် ဒေသတွင်း စက်သုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် ဈေးနှုန်းသက်သာစေရေးအတွက် Max Mega Power Myanmar Co,Ltd နှင့် Golden Gate Energy Co,Ltd တို့မှ ပူးပေါင်းပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများမှ တစ်ဆင့် တာချီလိတ်မြို့၊ စက်သုံးဆီလုပ်ငန်းရှင်များအသင်းနှင့် ပေါင်းစပ်၍ စက်သုံးဆီသယ်ယူဖြန့်ဖြူး ရောင်းချသွားမည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကိုက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါညှိနှိုင်းဆွေးနွေးချက်အရ 92 အောက်တိန်း ဓာတ်ဆီ ၁ လီတာလျှင် ဒေသသုံး ထိုင်းဘတ်ငွေ ၃၆ ဘတ်၊ 95 အောက်တိန်း ဓာတ်ဆီ ၁ လီတာလျှင် ၃၇ ဘတ်၊ HSD ဒီဇယ် ၁ လီတာလျှင် ၃၃.၅ ဘတ်၊ ပရီမီယမ် ဒီဇယ် ၁ လီတာလျှင် ၃၇.၅ ဘတ်ဖြင့် ညှိနှိုင်းခဲ့ပြီး ဆီများဆက်လက်ရောက်ရှိပါက ဈေးနှုန်းများကို လျော့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရောက်ရှိလာသော စက်သုံးဆီ ကားများအား တာချီလိတ် မြို့နယ်တွင်း စက်သုံးဆီဆိုင် (၂၃)ဆိုင်အား အချိုးကျ ခွဲဝေပေးနိုင်ရန်အတွက် တာချီလိတ် မြို့နယ် စက်သုံးဆီ လုပ်ငန်းရှင်အသင်းမှ ဦးဆောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ၊ ဒေသတွင်း စက်သုံးဆီ လိုအပ်ချက် ပြတ်လပ်မှု မရှိစေရေးအတွက် စီစဉ်ထားရှိကြောင်း သိရသည်။

၄င်းပြင် သီလဝါဆပ်ကမ်းမှ တဆင့် တာချီလိတ်မြို့ထိ သယ်ဆောင်လာသော စက်သုံးဆီများမှာ ယနေ့ ရောက်ရှိလာသော စက်သုံးဆီကားများအပြင် တာကော်တံတား၏ ကြံ့ခိုင်မှု အခြေအနေ အရ ကားကြီးများ သွားလာရန် အတွက် မလွယ်ကူသေးသဖြင့် ကားသေးများဖြင့် ခေါက်ပြန်သယ်နေရကြောင်း သိရသည်။

“ယမန်နေ့က ရောက်ရှိလာတဲ့ စက်သုံးဆီကားတွေအပြင် ကာလိမှာရပ်ခဲ့တဲ့ စက်သုံးဆီ ကားတွေရှိသေးတယ်။ ရက်ခြားပြီး ထပ်ဝင်မှာဖြစ်တာကြောင့် မြို့နယ်အတွင်း စက်သုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်နိုင်အောင် ဆောင်ရွက်ထားးရှိထားပါတယ်။”ဟု စက်သုံးဆီ လုပ်ငန်းရှင် ဦးကျော်လင်းမှ ပြောကြားခဲ့ကြောင်း သိရသည်။

image
image
image
1 y - Translate

ပရောဂျက်ဗာဂ်ျရာ

IMDb-5.5/10 Rotten tomatoes/71%
ရီသိက်ရိုရှန်ရဲ့ ဖိုက်တာကားကြည့်ပြီး တိုက်လေယာဉ်ကားတွေ
ထပ်ကြည့်ချင်သေးတဲ့ပရိသတ်ကြီးအတွက်
တိုက်လေယာဉ်တွေနဲ့ကြမ်းပြမဲ့ နောက်တစ်ကားထွက်ရှိလာပါတယ်
Varun Tej နဲ့ Miss World 2017 Manushi Chhillar တိုက အဓိကပါဝင်ထားပါတယ်
အာဂျွန်ဒေ့ဗ်ဆိုတာ အရည်အချင်းရှိသလို ခေါင်းလည်းမာတဲ့ လေတပ်ဗိုလ်တစ်ယောက်
အတိုင်းအတာ ခန့်မှန်းချက်တွေထက် သူ့ရဲ့လုပ်နိုင်စွမ်းကိုသာယုံကြည်ပြီး
မစ်ရှင်တိုင်းကို စွန့်စွန့်စားစားလုပ်တတ်တဲ့သူ ။
သူဦးဆောင်ခဲ့တဲ့ ပရောဂျက်ဗာဂ်ျရာမှာ သူရဲ့စွန့်စားအရဲကိုးမှုတွေကြောင့်
တွဲဖက်အရာရှိကျသွားပြီးတဲ့နောက် အဲဒီမစ်ရှင်ကိုရပ်
သူကိုယ်တိုင်လည်းပျံသန်းခွင့်ရပ်နားခံလိုက်ရတယ်

#storymode

image
1 y - Translate

မြန်မာသံ ဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရည် ကွယ်လွန်သွားရှာပြီ။ ရေဒီယိုခေတ်ကတည်းက တောက်ပခဲ့သူ ဖြစ်ပြီး ကက်ဆက်ခွေပေါင်း ၁၀၀ ကျော်ထွက်ရှိခဲ့တဲ့အပြင် သီချင်းပေါင်းများစွာ သီဆိုခဲ့သူတဦး ဖြစ်ပါသည်။ ကွယ်လွန်ချိန်မှာ အသက် ၇၅နှစ် အရွယ်ကျ ရောက်ရှိနေပြီလို့လည်း သိရပါတယ်။

image
1 y - Translate

Miss Grand အပြင် Miss Universe ကိုပါကျင်းပခွင့်ရတော့မယ့် နဝပ်ကို ဂုဏ်ပြုလိုက်တဲ့ နီနီလင်းအိမ်
သူမက ဆရာဖြစ်သူ Nawat ကို Congratulations လုပ်လိုက်တာပါ။ Miss Grand International ပွဲကို ဦးဆောင်ကျင်းပခွင့်ရခဲ့တဲ့ နဝပ်ဟာ Miss Universe Thailand 2025 ကိုပါ ကျင်းပခွင့်ရရှိတော့မှာပါ။ မနှစ်က နဝပ်ကျင်းပတဲ့ MGI ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သဲစုညိမ်းက သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Second Runner Up သာရရှိခဲ့တာကြောင့် Crown ပြန်အပ်ခဲ့တဲ့ ဂယက်ကလည်း ရှိခဲ့ပါသေးတယ်။ အဆိုပါပွဲအပြီးမှာတော့ နီနီလင်းအိမ်က သူမရဲ့ ဆရာဖြစ်သူ နဝပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ နဝပ်ဘက်က ရပ်တည်စကားဆိုခဲ့တာတွေကြောင့် ဝေဖန်ခံခဲ့ရပါသေးတယ်။

image

Funny Clip

1 y - Translate

Musudan (2016)

ပန့်ဟောက်စ် ထဲက ရှင်းဆူယွန်း လို့ လူသိများတဲ့ မင်းသမီးကြီး အီဂျီအာ ရဲ့ Mystery Thriller ကားတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ တောင်ကိုရီးယားနှင့်မြောက်ကိုရီယားနယ်စပ်ကြားမှာ အကြောင်းအရင်းမရှိလူသေမှု၊ လူပျောက်မှုတွေ ဖြစ်နေခဲ့လို့ ဒီအကြောင်းကိုစုံစမ်းဖြေရှင်းဖို့ တောင်ကိုရီးယားက အထူးတပ်ဖွဲ့ဖွဲ့ပြီး ၂၄နာရီမစ်ရှင် တစ်ခုကို စေလွှတ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီတပ်ဖွဲ့ နယ်စပ်ကိုရောက်သွားတဲ့အခါမှာတော့ သာမန်မဟုတ်တဲ့အဖြေတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ဒီအဖြေက ဘာဖြစ်မလဲဆို‌တာ ဖော်ထုတ်ရင်း ဘယ်လိုအခက်အခဲမျိုးတွေနဲ့ကြုံတွေ့ရလဲ၊ အ‌ဖြေကို ရှာတွေ့တဲ့အချိန်ဘာဆက်လုပ်ကြလဲ၊ နောက်ဆက်တွဲဘာတွေဖြစ်လာလဲ ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။
#movie

image
1 y - Translate

(၂၁.၂.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၅၀၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၇၀၀,၀၀၀ ကျပ်
အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၂၀ ကျပ်(ဝယ်)၊ ၄၄၈၀ ကျပ်(ရောင်း)
စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၂၁၅ ကျပ်
Octane 95 - ၃၂၇၀ ကျ​ပ်
Premium Diesel - ၃၄၂၅ ကျပ်
Diesel - ၂၇၆၅ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

image
1 y - Translate

Sheet masks တွေကို နည်းမှန်လမ်းမှန်
ဘယ်လိုကပ်ရမလဲ❓
Nyi ကိုယ်တိုင်ကတော့ sheet mask person မျိုး မဟုတ်ပေမဲ့ sheet mask ကပ်တဲ့အခါ မှားတတ်ကြလွန်းလို့ ဒီနေ့ sheet mask တွေကို ဘယ်လိုနည်းလမ်းတကျသုံးရမယ်ဆိုတာလေး ပြောပြချင်ပါတယ်🤔
Sheet mask ကပ်မယ်ဆိုရင် အရင်ဆုံး မျက်နှာအရင်သစ်ပါ, double cleansing လုပ်ဖို့လိုရင် double cleansing လုပ်ပါ။ ဖြစ်နိုင်ရင် sheet mask မကပ်ခင် toner လိမ်းပေးနိုင်ရင် ပိုကောင်းပါတယ်။ ကပ်ပြီး 15min ကြာရင် sheet mask ကိုခွာပြီး essence အရည်တွေ အသားထဲစိမ့်ဝင်တဲ့ထိ အချိန်ခဏစောင့်ပါ⏱️ စိမ့်ဝင်တာမြန်အောင် massage လုပ်တာ ပွတ်လိမ်းတာမျိုး လုပ်နိုင်ပါတယ်။ အရေးကြီးတာက sheet mask ကပ်ပြီး ရေဆေးမချဖို့နဲ့ essence အရည်တွေကို အဝတ်နဲ့ သုတ်မပြစ်ဖို့ပါ🔑 ပြီးရင် ကိုယ်သုံးချင်တဲ့ serum/ampoule တခုခု လိမ်းပါ။ Sheet mask ရဲ့ အာနိသင်အပြည့်အဝရဖို့အတွက် sheet mask ကပ်ပြီး နောက်ကနေ moisturizer မဖြစ်မနေလိုက်လိမ်းပေးသင့်ပါတယ်။
Hope you find this helpful❤️
#knowledgesharingbynyi
#reviewbynyi
#skincarereview

image
Khine Su Zin shared a post  
1 y

1 y

မာန်အောင်ကျွန်း (အင်္ဂလိပ်: Cheduba Island) သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် တည်ရှိသော ကျွန်းတစ်ခုဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်အတွင်း ရမ်းဗြဲကျွန်း၏ အနောက်တောင်ဘက် ၁၀ ကီလိုမီတာ (၆ မိုင်) အကွာတွင် တည်ရှိသည် ။ ဤကျွန်းနှင့်ပတ်သက်သော အချက်အလက်များကို အောက်ပါအတိုင်း စုစည်းဖော်ပြထားပါသည်။
### ၁။ **ပထဝီဝင်အနေအထား**
- **တည်နေရာ**
ကိုဩဒိနိတ် 18°48`N 93°38`E တွင် တည်ရှိပြီး ဧရိယာစုစုပေါင်းမှာ ၅၂၃ စတုရန်းကီလိုမီတာ (၂၀၂ စတုရန်းမိုင်) ဖြစ်သည်။ အမြင့်ဆုံးအမှတ်မှာ ၂၀၅ မီတာ (၆၇၃ ပေ) ရှိပြီး အနောက်တောင်ပိုင်းတွင်တည်ရှိကာ၊ တောင်များနှင့် ရွှံ့မီးတောင်များလည်းရှိသည် ။
- **ပုံသဏ္ဌာန်**
တြိဂံပုံဖြစ်ပြီး ရေလက်ကြားဖြင့် ရမ်းဗြဲကျွန်းနှင့် ပိုင်းခြားထားသည်။ မြေမျက်နှာပြင်မှာ လှိုင်းထနေပြီး အချို့နေရာများတွင် ပင်လယ်ပြင်အထက် ပေ ၁,၀၀၀ ခန့်မြင့်သော တောင်များရှိသည် ။
### ၂။ **လူမှုစီးပွားအခြေအနေ**
- **လူဦးရေ**
၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆၃,၇၆၁ ဦးရှိပြီး အများစုမှာ ရခိုင်လူမျိုးများဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် မြို့နယ်လူဦးရေ ၇၁,၀၆၆ ဦးအထိ တိုးလာခဲ့သည် ။
- **စီးပွားရေး**
လယ်ယာစိုက်ပျိုးခြင်း (ဆန်၊ ဆေးရွက်၊ မြေပဲ၊ အုန်း)၊ ငါးဖမ်းလုပ်ငန်း၊ နွားမွေးမြူရေးနှင့် ပုစွန်မွေးမြူခြင်းတို့ကို အဓိကလုပ်ကိုင်သည်။ မာန်အောင်ဆေးသည် ထင်ရှားသော ထွက်ကုန်ဖြစ်သည် ။
### ၃။ **သမိုင်းကြောင်းနှင့် စီမံအုပ်ချုပ်ရေး**
- **သမိုင်း**
ရှေးခေတ်က မာန်အောင်စားများအုပ်စိုးခဲ့ပြီး ၁၈၂၅ ခုနှစ်တွင် ဗြိတိသျှတို့က သိမ်းပိုက်ခဲ့သည်။ ၁၈၈၂ ခုနှစ်တွင် မြို့အဖြစ်သတ်မှတ်ခံရသည် ။
- **မြို့တော်**
မာန်အောင်မြို့သည် ကျွန်း၏ အရှေ့မြောက်ဘက်တွင်တည်ရှိပြီး မြို့နယ်ရုံးစိုက်ရာဖြစ်ကာ လေဆိပ်တစ်ခုလည်းရှိသည် ။
### ၄။ **လက်ရှိအခက်အခဲများ**
- **ခရီးသွားလာရေး**
စစ်ကောင်စီမှ ကုန်းလမ်းနှင့် ရေလမ်းများကို ပိတ်ပင်ထားသဖြင့် ရေကြောင်းခရီးတစ်ခုတည်းကိုသာ အားကိုးရသည်။ ဆန်နှင့် ဆီပြတ်လပ်မှုများကြောင့် စားနပ်ရိက္ခာဖူလုံမှု ထိခိုက်နေသည် ။
- **လျှပ်စစ်နှင့် ဆက်သွယ်ရေး**
ဒီဇယ်ဆီနှင့် ဓာတ်ဆီပြတ်လပ်မှုများကြောင့် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေပြီး ဆေးရုံများတွင်လည်း ဆေးဝါးအခက်အခဲရှိနေသည် ။
### ၅။ **ထူးခြားသောအချက်များ**
- **သဘာဝအရင်းအမြစ်**
ဒီရေတောများ၊ ပုလဲငတောင် (၈၉၄ ပေမြင့်)၊ ရွှံ့မီးတောင်များနှင့် သဲချောင်းများရှိသည် ။
- **ယဉ်ကျေးမှု**
ရှေးဟောင်းမှတ်တမ်းများအရ ၁၄၃၀ ပြည့်နှစ်ကတည်းက လူဦးရေအခြေချနေထိုင်ခဲ့သည် ။
မာန်အောင်ကျွန်းသည် သမိုင်းဝင်အရေးပါမှု၊ သဘာဝအလှတရားများနှင့် လက်ရှိစိန်ခေါ်မှုများကို ရင်ဆိုင်နေရသော ဒေသဖြစ်ပြီး ရခိုင်ပြည်နယ်၏ ထင်ရှားသောကျွန်းတစ်ခုအဖြစ် တည်ရှိနေပါသည်။
#credit
#rakhineculture