ခြင်ဆေးခွေထွန်းထားရာမှ လျှပ်စစ်ပစ္စည်းများ မီးလောင်မှု ပြည်ကြီးတံခွန်၌ ယနေ့ဖြစ်ပွား

ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ၁၁၈ လမ်းနှင့် ၆၂ လမ်းထောင့်၊ (ဂ)ရပ်ကွက်ရှိ နှစ်ထပ်အဆောက်အအုံ၏ အောက်ထပ်တွင် လျှပ်စစ်ပစ္စည်းများထားသည့်အခန်း၌ ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၄ နာရီ ၃၂ မိနစ်ခန့်က ဂျပ်ဖာပုံးများအနီး ခြင်ဆေးခွေထွန်းအိပ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ ၁၇ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး လျှပ်စစ်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများထားရှိသည့် အခန်းမှ တံခါးများ မီးလောင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၂ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၆၀ ခန့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၄၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားကို ပြည်ကြီးတံခွန်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

#centralnewsnaypyitaw

image
image
image

马圭市(မကွေးမြို အလှများ)

image

马圭市(မကွေးမြို အလှများ)

image

马圭市(မကွေးမြို အလှများ)

image

马圭市(မကွေးမြို အလှများ)

image

马圭市(မကွေးမြို အလှများ)

image

马圭市(မကွေးမြို အလှများ)

image

马圭市(မကွေးမြို အလှများ)

image

马圭市(မကွေးမြို အလှများ)

image

马圭市(မကွေးမြို အလှများ)

image