1 y - Translate

ပေါ်ပင် မဖြစ်ကြဘို့ အရေးကြီးတယ်
သစ်ပင်စိုက်ကြပါ ဆိုလို့.....
အခုတလော ပြန်ခေတ်ထလာလို့ပြောချင်လာတာပါ။ ဒီကိစ္စဟာ လူအတော်များများ ကမ်ပိန်း (campaign) တွေလုပ်၊ ပရောဂျက်တွေရှာနဲ့ အတော် ဟော့ဖြစ်နေတဲ့ ကိစ္စပါ။ သစ်ပင်စိုက်ကြမယ်တဲ့...။
တချို့လဲ ကျွန်းစိုက်ကြတာပေါ့၊ တချို့က တခြားသစ်မာပင်ပေါ့၊ တချို့ကြတော့လဲ အပင်ဖြစ်ရင်ပြီးရော (ဘာပင်ဖြစ်ဖြစ် အောက်စီဂျင်ရရင် ပြီးတာဘဲဆိုတော့) စိုက်ကြပါတယ်။ ဒါလည်းကောင်းတဲ့ အချက်ပါဘဲ။ ဒီထက်လေးလေးနက်နက် ပြောရရင် အဲဒီလိုလုပ်တာဟာ မမှန်သေးဘူးဗျ။
ကျနော့်ဆရာ ဆရာသိန်းအောင် သင်ကြားပေးနေကြ အချက်လေး ဒီမှာပြောပြချင်လာတာပါဘဲ။ အပင်စိုက်ကြတယ်ဆိုတော့ ကြုံတဲ့အပင်စိုက်ရင် ဘာဖြစ်လာမလဲ..... ။ ဒီအချက်က စပြောကြတာပေါ့။ ဥပမာ ရန်ကုန်မြို့ တနေရာမှာ ကျွန်းပင်တွေ စိုက်ကြပြီဆိုပါတော့။ (၁) ကျွန်းပင်တွေ တကယ်ဖြစ်ထွန်းရဲ့လား.....။ ထင်သလောက်မဖြစ်ထွန်းဘူးနော်။ မြန်မာနိုင်ငံမှာ ကျွန်းသစ်အများဆုံးနဲ့ အကောင်းဆုံး မှတ်တမ်းတွေက ရိုးမတွေကဘဲ..အထူးသဖြင့် ပဲခူးရိုးမပေါ့။ ဘာဖြစ်လို့လဲ သူ့ပေါက်ရောက်ရာဒေသ သူ့ဖြစ်ထွန်းမှုဆိုတာကို လေ့လာသင့်တယ်။ ပြီးတေ့ာ စိုက်တော့ စိုက်ပါရဲ့ စိုက်ပြီး လှည့်မကြည့်တော့ဘူး။ သင်းသပ်မဲ့လူမရှိ သေချာစောင့်​ကြည့်မဲ့လူ မရှိမှတော့ စိုက်လဲ အလကားဘဲ ဖြစ်မှာပါ။
ဟုတ်ပြီ ကျွန်းအကြောင်း မပြောဘူး ထင်းရှူးပင်တွေအကြောင်းပြောရအောင်။ ကလောတို့ အောင်ပန်းတို့ ဘက်တွေမှာ ထင်ရှုးပင်တွေ စိုက်ကြတယ်။ တခုသတိမထားမိတာက ထင်းရှုးမျိုးရင်းတွေမဟုတ်ဘဲ အနောက်တိုင်းမျိုးတွေ ဖြစ်နေခဲ့တာဘဲ။ အဲဒီတော့ မေးစရာရှိလာပြီ။ ထင်းရှုးပင်ဖြစ်ရင် ပြီးရောပေါ့ကွာ၊ ဘာတွေ လိုနေသေးလို့လဲ ဆိုတာမျိုးပေါ့။
တကယ်အရေးအကြီးဆုံး အချက်ကို ဒီမှာပြောပါမယ်။ ကျနော်တို့တွေက နေရာဒေသတစ်ခုမှာ ကြုံအရာအပင်စိုက်လိုက်ရင် အဲဒီဒေသရဲ့ ဂေဟစနစ်တခုလုံး (eco system) ပြောင်းသွားနိုင်တာဘဲ၊ အဲဒီလို ပြောင်းသွားတာရဲ့ အကျိုးဆက်ကတော့ မကောင်းလှပါဘူး။ ဥပမာ အပင်မစိုက်ခင် အဲဒီဒေသမှာ ဘယ်လိုကျေးငှက်တွေ နေထိုင်ကျက်စားကြသလဲ၊ ဘယ်လို အင်းဆက်ပိုးတွေရှိတတ်ကြသလဲ၊ ဘယ်လိုတွားသွား၊ အသားစား၊ စသည်ဖြင့်နေထိုင်တတ်ကျလဲ အရင်လေ့လာပြီးမှ စိုက်သင့်ပါတယ်။ ဒီငှက်တွေဟာ ဟာဘယ်အပင်နဲ့ ​ဘယ်အသီးတွေကို စားသုံးပြီးရှင်သန်ကြသလဲ။ ဘယ်လိုအပင်မျိုးမှာ အသိုက်ဆောက်ကြသလဲ၊ ဒီမျောက်တွေဟာ ဘာအရွက်စားတာလဲ။ ဒီအသားစားအကောင်တွေကရော ဘာအသားစားပြီးရှင်သန်ကြတာလဲ လေ့လာပြီးမှ လိုအပ်တဲ့ အပင်ကို အဓိကထား စိုက်ရပါတယ်။ အဲဒီလို ဂေဟာစနစ်တခုသာ ပြောင်းသွားလိုက်ပြီဆိုရင် အဲဒီမှာ ရှင်သန်နေကြတဲ့ သက်ရှိမျိုးစိပ်တွေ အသွင်ပြောင်းရင်ပြောင်း၊ မပြောင်းနိုင်ရင် မျိုးတုန်းသွားနိုင်ပါတယ်။
မျိုးတုန်းရင် ဘာဖြစ်သွားလဲ မေးလာမှာပေါ့။ အစာကွင်းဆက်ပြတ်ပြီဆိုတာနဲ့ ဥပမာ အင်းဆက်စားပင်တွေ မရှိရင်၊ အင်းဆက်မျိးတုန်းမယ်။ သူတို့မရှိရင် ဝတ်မှုန်ကူးပေးမဲ့ အကောင်မရှိတော့ဘူး။ အင်းဆက်မရှိရင် သူတို့ကိုစားပြီးရှင်သန်ရတဲ့ ငှက်လို(အခြားမျိုးစိတ်) တခု မျိုးတုန်းသွားနိုင်တယ်။ အဲဒီလို မျိုးတုန်းရင် ဂေဟစနစ်ပျက်ပြီဘဲ။ သူတို့မရှိတာနဲ့ အခြားအင်းစက်မျိုးစိပ်အသစ်ဖြစ် လူတွေ မမျှော်လင့်တာတွေ ဖြစ်လာနိုင်တယ်၊ ဒါဆိုရင် အန္တရာယ် ရှိလာပြီပေါ့။ အနီးဆုံး ဥပမာပေးရရင် တရုတ်ပြည်မှာ မြွေအရမ်စားလို့ မြွေမျိုးတုန်းတယ်။ မြွေမျိုးတုန်းတော့ လယ်ထဲမှာ ကြွက်တွေ ပိုပေါလာတယ်။ ကြွက်တွေက အပင်တွေကိုဖျက်ရုံမကလို့ ရောဂါပိုးပါသယ်လာတယ်။ နောက်ဆုံးမြွေတွေ လယ်ထဲ ပြန်လွှတ်ရတယ်။
နောက်ဥပမာတခုက မော်စီတုံးလက်ထက် အစားအသောက်ရှားတော့ လယ်ထဲက စပါးစားတဲ့ စာကလေးတွေကို ရှင်းခိုင်းတယ်။ စပါးချွေတာရာရောက်တာပေါ့။ ပြသနာက စာကလေးတွေလဲ မရှိတော့ရော စပါးခင်း ပိုးကျပြီး အကုန်ရှုံးပါလေရော။ စာကလေးတွေက စပါးဘဲစားတယ်ထင်နေတာ လယ်ထဲက အင်းဆက်ကိုပါ စားသွားတာ။ နောက်မှ အဲဒီလို အဖြစ်ကိုသိတော့ စာကလေးပြန်မွေးရတယ်။
နောက်ဥပမာပေးရရင် သဘာဝတောရိုင်းတွေရဲ့ ဂေဟစနစ်တိုင်းဟာ ကွင်းဆက်တွေချည်းဘဲ။ ဆင်တွေမရှိရင် တောပြုန်းနိုင်သလို၊ ကျားတွေမရှိရင်လဲ တောပျက်နိုင်တယ်။
ပြန်ပြီးချုပ်ရရင် တွေ့ကရာအပင်စိုက်တာထက် ဘာအပင်စိုက်သင့်တယ်ကို လေ့လာ(research)ပြီးမှ စိုက်သင့်ပါတယ်။ ထပ်ပြီးမေးလာမှာပေါ့ အပင်စိုက်ဖို့ကွာ အဲဒီလောက် အချိန်ကုန်စရာလား၊ ပညာရှင်တွေလိုလားပေါ့။ အဲလောက်ထိ တာမသွားလဲ ရပါတယ်။ ဥပမာ အဲဒီအပင်စိုက်မဲ့ ပတ်ဝန်းကျင်က အသက် ၆၀၊ ၇၀ ကျော်တွေကို သူတို့ငယ်ငယ်တုန်းက ဘာပင်တွေ တွေ့လဲ၊ ဘာငှက်တွေ တွေ့လဲ အဲဒီလိုမေးမြန်ပြီး စိုက်ရင်ကို၊ အမှားမများတဲ့ ဂေဟစနစ်တခုကို ပြန်လည် အစားထိုးရာကြတာပေါ့....။
စာများရင် မဖတ်ချင်ကြမှာဆိုးလို့ မေးစရာရှိရင်သာ လာမေးကြပါ၊ မိမိအတွေးရှည်သလောက် တွေးတောကြပါလို့ဘဲ ပြောပါရစေ။
Phot credit fb
Credit-မောင်သာယာ (မြန်အောင်)

image
1 y - Translate - Youtube

Falcon Vs BB

1 y - Translate

Durian
ငါဝယ်စားတဲ့ ဒူးရင်းသီး အဲလိုဖြစ်လို့ကတော့ ရောင်းတဲ့သူကို သတ်မှာ

1 y - Translate

ဘရော်နီကာက ထိုင်းဖိုက်နဲ့ စာချုပ်သက်တမ်း မကုန်သေးပါဘူး။
ခုချိန်မှာ ပွဲမရှိတာကြောင့် မေဒိကားကို လျှောက်လည်နေတာပါ။
ထိုင်းပြင်ပကို ထွက်သွားတိုင်း ထိုင်းဖိုက်နဲ့စာချုပ်ကုန်သွားတာ မဟုတ်ပါဘူး။
ပွဲသာ မရှိရင် သူ့ကုန်ကျစရိတ်နဲ့သူ လကမ္ဘာကို သွားသွား ၊ အင်္ဂါ ဂြိုလ်ပေါ် သွားသွား၊ သွားလည်လို့ ရပါတယ်။
သို့သော် ထိုင်းဖိုက်နဲ့ စာချုပ်သက်တမ်း ရှိနေသေးတာကြောင့် အချိန်တန်ရင် ထိုင်းဖိုက်က ပွဲတွေကိုပဲ ထိုးရအုံးမှာပါ။
ONE အပါအဝင် အခြား ပရိုမိုးရှင်း ဖိုက်တွေမှာ ထိုးခွင့် မရသေးပါဘူး။
Credit to Soe Nae Thit

image
1 y - Translate

တစ်နေ့မှာ ကိုယ်လမ်းပျောက်သွားတော့
လူသုံးယောက်ကို စာပို့လိုက်တယ်။
ပထမတစ်ယောက်က သေချာဂရုစိုက်ပါတဲ့။
ဒုတိယတစ်ယောက် ကိုယ်လာကြိုရမလားတဲ့။
ခုလိုစကားကြားတာနဲ့ စိတ်မှာ နွေးထွေးသွားတယ်။
တတိယလူဆီကနေ ဘာဆိုဘာမှ အကြောင်း
မကြားရဘူး။စိတ်ဓာတ်တွေ လုံးလုံးကျပြီး
အသက်ရှင်ချင်စိတ်တောင် မရှိတော့တဲ့အချိန်မှာ
ကိုယ့်ဆီစာတစ်စောင် ဝင်လာခဲ့တယ်။
နောက်ကို လှည့်ကြည့်လိုက်ပါ မင်းနောက်မှာ
ကိုယ်ရောက်နေပြီတဲ့။
ချမ်းပြီးတုန်ရီနေတဲ့ကိုယ့်လက်ကို သူ့ရဲ့နွေးထွေး
လွန်းတဲ့လက်တွေနဲ့ အပူဓာတ်ပေးပြီး မကြောက်ဖို့
အားပေးရှာတယ်။
I will be there for you always ဆိုပြီး
ခဏခဏပြောတတ်သေးတယ်။

ဒါကြောင့် ကိုယ်တို့ဘဝမှာ ပြောတဲ့စကားအတိုင်း
လက်တွေ့လုပ်တတ်တဲ့လူကို အများကြီး
တန်ဖိုးထားရမယ်။စကားလုံးလှလှတွေကို
လူတိုင်းပြောတတ်တာပေါ့။Action လို့ခေါ် တဲ့ လက်တွေ့လုပ်ဆောင်ခြင်းကိုတော့ လူတိုင်း
မလုပ်နိုင်ပါ။
သူငယ်ချင်းဖြစ်စေ၊ချစ်သူကြားဖြစ်စေ
လက်တွေ့က သိပ်အရေးကြီးပါတယ်။
စကားလုံးချိုချိုတွေထဲ အရည်မပျော်ဘဲ
လက်တွေ့လုပ်ဆောင်ခြင်းမှာသာ အရည်ပျော်ပါ။

1 y - Translate

I'm sensitive, smallest things hurt me, but little things make me happy, too.🌸✨

image
1 y - Translate

I'm sensitive, smallest things hurt me, but little things make me happy, too.🌸✨

image
1 y - Translate

I'm sensitive, smallest things hurt me, but little things make me happy, too.🌸✨

image
1 y - Translate

I'm sensitive, smallest things hurt me, but little things make me happy, too.🌸✨

image
image
image
1 y - Translate

ရက်ရှ်ဖို့ဒ် ရဲ့အဖြစ်ကိုကြည့်ပြီး
မက်ဂွာယားတော့ ရယ်နေမှာပဲ။

"X" ဆိုတဲ့ ဆိုရှယ်မီဒီယာမှာ
ပရိသတ်‌တစ်ယောက်က

ပရိသတ်ဆိုတာထက်
ရက်ရှ်ဖို့ဒ် ဖန်ဖြစ်ပါလိမ့်မယ်။

သူ‌ကရေးထားတာ။

"ရက်ရှ်ဖို့ဒ်ကို ပြော‌ဆိုနေကြတာတွေက
အရမ်းရွံစရာကောင်းတယ်။
ရက်စက်လွန်းတယ်။
ဒါကလေလှိုင်းပေါ်ကအကြမ်းဖက်မှုပဲ"

အဲ့စာသားကို ဆရာလေး ရက်ရှ်ဖို့ဒ်က
ကပ်ပရှင်လေးရေးပြီး
ပြန် share ထားတယ်။
ရေးထားတာက
"မင်းအားပေးမှုကိုကျေးဇူးတင်တယ်။
ဒါအကြမ်းဖက်မှုပဲ။
လပေါင်းများစွာကြာပြီ
တော်သင့်ပြီ"

ဪ... မကောင်းလို့
မကောင်းဘူး ပြောတဲ့ ပရိသတ်ကပဲ
သူ့ကို လေလှိုင်းပေါ်က
စိတ်ဒုက္ခပေးတယ်။
အနိုင်ကျင့်တယ်ဆိုပဲ။
(ကွင်းကိုလာကြည့်တဲ့ပရိသတ်တွေလည်း
သူ့ကိုပြောတာဆိုတာ ရှိရင်ရှိမှာပါ)

မနှစ်က ဒီကောင် အရမ်းကောင်းနေချိန်
ဘယ်ကောင်က ဘာပြောကြလို့လဲ။
ပြောတဲ့သူကိုတောင် ဝိုင်းလှော်ခဲ့ကြတာ
မျက်မြင်ပဲ။

ဒီရာသီလည်း
တောက်လျှောက်သည်းခံပြီးမှ
ပရိသတ်ဘက်က ခံစားချက်တွေ
ပွင့်ထွက်လာတာ။

မက်ဂွာယားကို ဝိုင်းပြောဆိုခဲ့တာနဲ့
ယှဉ်ကြည့်လိုက်။
ဒီကောင်ကို ပြောကြဆိုကြတာက
တော်တော့်ကိုနည်းပါတယ်။

အင်္ဂလန်အသိုင်းအဝိုင်းတစ်ခုလုံးကလည်း
ဝိုင်းကာပေးကြတာပဲ။
(မက်ဂွာယားတုန်းကလည်း ကာပါတယ်)

ဒါပေမယ့်
မက်ဂွာယားဆို
အိမ်မှာ ဗုံးထောင်မယ်ဆိုတဲ့အထိ
ခြိမ်းခြောက်ခံရတာပါ။

လွှတ်တော်တစ်ခုမှာတောင်
မကောင်းတဲ့ ဉပမာအနေနဲ့
မက်ဂွာယားကို ပြသေးတယ်။

ဒီရာသီမှာတော့ အဲ့ကိုယ်စားလှယ်
ပြန်တောင်းပန်လိုက်ပါတယ်။
မက်ဂွာယားလည်းလက်ခံတယ်

နည်းပြကလည်း ဂျောင်ထိုးတယ်။

ရက်ရှ်ဖို့ဒ် ကိုဆို
တန်ဟက် က ပေတေပြီးသုံးနေတာပဲ။
အခုထိတောင် သူ့ကိုအားပေးနေတာ။

မက်ဂွာယား အကြောင်းဆက်ရရင်
ကပ္ပတိန်လက်ပတ် ဖြုတ်ခံရတယ်။
အသင်းပြောင်းဖို့ ဖိအားပေးခံရတယ်။
(ဝက်စ်ဟမ်းကိုမပြောင်းလို့တောင်
အဆဲခံရသေးတယ်)

ဝိုင်းပြောဆိုကြတာ နည်းတာမှမဟုတ်တာ။

တစ်ကမ္ဘာလုံမှာရှိတဲ့
ဘောလုံးပရိသတ်တွေကအစ
ပြောကြဆိုကြတာ။
ဘောလုံးပွဲမကြည့်တတ်တဲ့သူကအစ
ဂေါင်းကြီး ဂေါင်းကြီးဆိုပြီး
လှောင်လိုက်၊ troll လိုက်ပဲ။

မက်ဂွာယား က ပရိသတ်ကို
ဒီလို ပြန်ပြောဆိုတာမျိုး မရှိခဲ့ဘူး။

မက်ဂွာယားရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက
တော်တော်မာတယ် ပြောလို့ရတယ်။

သူရာသီကြိုမှာ ကာဗယ်ဟိုနဲ့
လေ့ကျင့်ခန်းဆင်းတယ်။
ပြန်ကြိုးစားတယ်။
အသင်းအတွက်နေရာတစ်နေရာ
ရချင်တယ်။

တကယ်လည်း ကြိုးစားမှုရဲ့
အသီးအပွင့်ကို ခံစားခဲ့ရတယ်။

ရက်ရှ်ဖို့ဒ် အဖြစ်က
သူဘာလုပ်လုပ်မှန်တယ်ထင်နေတာပဲ။
သူ့ကိုထောက်ပြရင်တောင်
မကြိုက်တဲ့ပုံပါ။

သူက မနည်းကြိုးစားနေရတယ် ဆိုတဲ့
ကျေးဇူးရှင် ပုံစံ ဖမ်းလာသလိုမျိုး။

ပြန်လာပြမယ် ဆိုတဲ့အတွေးမရှိဘူး။
သူ့ကမှန်နေရက်နဲ့
သူ့ကို တမင် အပြစ်ရှာနေတယ် ထင်နေတာ။

သူသာ ဂိုးတွေပြန်သွင်းပြလိုက်၊
အသင်းကျနေချိန် လိုက်ရုန်းလိုက်၊
အသင်းကျနေချိန်
"ငါ့အသင်းကွ" ဆိုတဲ့စိတ်ထည့်ပြီး
ညှစ်ကန်လိုက်။

သူ့အတွက် အသက်ပေးမယ့်
အမာခံမန်ယူ ပရိသတ်တွေ
ပေါ်လာမှာ နည်းတာမဟုတ်ဘူး။

ဒါကို သူလည်းသိမှာပါ။

မက်ဂွာယား နဲ့မယှဉ်ချင်ပါဘူး။
(ကစားသမားချင်း မယှဉ်ချင်ပါ)
ဒါပေမယ့် သူ့ကို ကာနေသူတွေလည်း
တော်ရုံပဲကာစေချင်တယ်။

Credit to toolbox

image