စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ်ကျဆင်း

 ဇန်နဝါရီ ၂၇

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး၊ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ်ကျဆင်းလာတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်ကနေ ၂၆ ရက်အထိရောင်းချရမယ့် စားအုန်းဆီတစ်ပိဿာရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းဟာ ၇၂၅၅ ကျပ် ဖြစ်ခဲ့ရာကနေ ယခုတစ်ပတ်တာကာလဖြစ်တဲ့ ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်အထိ ရောင်းချရမယ့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းက ၇၂၄၅ ကျပ်ဖြစ်တာကြောင့် ၁၀ ကျပ်မျှ ကျဆင်းလာတာဖြစ်ပါတယ်။

ယခုထုတ်ပြန်တဲ့ ဈေးနှုန်းတွက အုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဥ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေနဲ့ ဘဏ်စရိတ်တွေ၊ အခွန်အခတွေကို ထည့်သွင်းတွက်ချက် ထုတ်ပြန်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

#centralnewsnaypyitaw

image

မန္တလေးမြို့ပေါ်ရှိ ဘား၊ ကေတီဗီ၊ ကလပ်တို့တွင် ဖြန့်ဖြူးရောင်းချမည့် ကျပ် ၁ ဒသမ ၄ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

ဇန်နဝါရီ ၂၇

မန္တလေးမြို့ပေါ်ရှိ ဘား၊ ကေတီဗီ၊ ကလပ်တို့တွင် ဖြန့်ဖြူးရောင်းချမည့် ကျပ် ၁ ဒသမ ၄ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများကို မဟာအောင်မြေမြို့နယ်တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က သတင်းအရ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၈ လမ်း၊ ၄၀ x ၄၁ လမ်းကြားရှိ ဖူရီဟွ (၃၁)နှစ်၊ (ဘ)ဦးဖာချင်း၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water ၃ ကီလို သိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက်၊ ၄၂ လမ်းနှင့် ၆၇(A)လမ်းထောင့်ရှိ နေအိမ်တွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူ ဖူရှီးရံ(ခ)အားရှုန်း(၂၈)နှစ်၊ (ဘ)ဦးဖူဖာမို အား ကက်တမင်း ၃ ဒသမ ၆ ကီလို၊ Happy Water ၈ ဒသမ ၆၃၅ ကီလို၊ အက်တက်စီဆေးပြား ၄၀ ပြား၊ Happy-5 ဆေးပြား ၁၅၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀ ပြား၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ဂရမ်တို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့၍ မန္တလေးမြို့ပေါ်ရှိ KTV၊ BAR၊ CLUB နှင့် ENTERTAINMENT များတွင် ဖြန့်ဖြူးရောင်းချမည့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄ ဘီလျံကျော်တန်ဖိုးရှိ Happy Water ၁၁ ဒသမ ၆၃၅ ကီလို၊ ကက်တမင်း ၃ ဒသမ ၆ ကီလို၊ အက်တက်စီဆေးပြား ၄၀ ပြား၊ Happy-5 ဆေးပြား ၁၅၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀ ပြားနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၅ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့သည်။

ထို့​ကြောင့် ဖမ်းဆီးရမိသူနှစ်ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Credig - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
40 w - Translate

တစ်ခါတစ်လေ ခန္ဓာကြီးက
လူတစ်ယောက်ကို ချစ်မိတော့မယ်လို့
အချက်ပြနေရင်
ကိုယ့်မှာ ထိန့်ထိန့်လန့်လန့်ရယ် ။
ချစ်မိဖို့က သိပ်လွယ်ပါတယ် …
ချစ်တတ်ဖို့နဲ့ဆက်ချစ်ဖို့ကသာ
သိပ်ခက်တာ ။
#မယ်ညို

40 w - Translate

12 Strong

2018-Action/Drama/History
2h 10

စစ်ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ စစ်ကားကြိုက်ပရိသတ်တွေအတွက် 12 Strong ဆိုတဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။
ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်ဝတ္ထု Horse Soldiers ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့အကြောင်ကို အဓိကထားပြီး ပြသထားတာပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ချ်နယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။
တာလီဘန်တွေနဲ့ ယှဉ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့

သူတို့ရဲ့မဟာမိတ် စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လား ဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါဝင်ပါတယ်။
ပုံမှန်ဆိုရင် နှစ်စဉ် ပထမဆုံးလမှာ ရုံတင်တဲ့ရုပ်ရှင်ကားတွေက ဂွမ်းလေ့ရှိပေမယ့် ဒီကားကတော့ ရုံတင်တဲ့အခါ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ကားတစ်ကားဖြစ်ပါတယ်။

#crd
#storymode

image
40 w - Translate

Natural Diopside (မိုးကုတ်မြ)🥬🥬🥬

#gems

image
40 w - Translate

Natural Diopside (မိုးကုတ်မြ)🥬🥬🥬

#gems

image
40 w - Translate

Natural Diopside (မိုးကုတ်မြ)🥬🥬🥬

#gems

imageimage
40 w - Translate

ပစိဖိတ်သမုဒ္ဒရာအတွင်းမှာဖုံးကွယ်နေတဲ့ ကမ္ဘာ့
အမြင့်ဆုံးတောင်
ကမ္ဘာ့အမြင့်ဆုံးတောင်များအကြောင်း ပြောဆိုကြတဲ့အခါ အများစုက ဧဝရတ်တောင်ကိုသာ ပြေးမြင်ကြမှာပါ။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၈,၈၄၈.၈၆ မီတာ (၂၉,၀၃၁.၇ ပေ) နဲ့ တည်ရှိနေတဲ့ ဧဝရတ်တောင်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားတာ အမှန်ပါပဲ။
ဒါပေမဲ့ တောင်တစ်လုံးရဲ့ အမြင့်ကို တိုင်းတာတဲ့အခါ မတူညီတဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမတစ်နည်းကတော့ အခုပြောခဲ့တဲ့အတိုင်း ပင်လယ်ရေမျက်နှာပြင်အထက်ကနေ တိုင်းတာခြင်းဖြစ်ပြီး ဒုတိယနည်းလမ်းကတော့ တောင်ရဲ့အခြေစိုက်ရာ အောက်ခြေကနေ တောင်ထွတ်အထိ တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။
အဲဒီဒုတိယနည်းလမ်းနဲ့ တိုင်းတာမယ်ဆိုရင်တော့ ကမ္ဘာ့အမြင့်ဆုံးတောင်ဟာ ဟာဝိုင်ရီကျွန်းမှာရှိတဲ့ မောင်နာကီယာတောင် ဖြစ်ပါတယ်။ မောင်နာကီယာတောင်ဟာ ပင်လယ်ကြမ်းပြင်မှာ အခြေစိုက်ထားပြီး တောင်ထိပ်အထိ စုစုပေါင်းအမြင့် ၁၀,၂၁၁ မီတာ (၃၃,၄၉၇ ပေ) ရှိပါတယ်။ ဒါဟာ ဧဝရတ်တောင်ထက် ၁.၃ ကီလိုမီတာ (၄,၃၀၀ ပေ) လောက် ပိုမြင့်ပါတယ်။
ဒါပေမဲ့ မောင်နာကီယာတောင်ရဲ့ တစိတ်တပိုင်းဟာ ရေအောက်မှာ ရှိနေတာကြောင့် ပင်လယ်ရေမျက်နှာပြင်အထက်မှာတော့ ၄,၂၀၇ မီတာ (၁၃,၈၀၂ ပေ) သာ မြင့်ပါတယ်။
ဒီအချက်ကပဲ ဧဝရတ်တောင်ကို ကမ္ဘာ့အမြင့်ဆုံးတောင်အဖြစ် ဆက်လက်သတ်မှတ်စေတဲ့ အဓိကအကြောင်း ရင်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့အမြင့်ဆုံးတောင်ကို တိုင်းတာတဲ့ စံနှုန်းဟာ ပင်လယ်ရေမျက်နှာ ပြင်အထက် အမြင့်ကို အဓိကထား သတ်မှတ်ထားတာကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ အခြေကနေ တောင်ထွတ်အထိ အမြင့်ကို ထည့်တွက်မယ်ဆိုရင်တော့ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာဖုံးကွယ်နေတဲ့ မောင်နာကီယာတောင်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။
#timespectrum
#knowledge

image

Part-3
*ဆရာနိုး အမှတ်တရ
ဆရာနိုး၏ အာရှတိုက်ရဲ့ အလင်းရောင် ဘာသာပြန်၊ မလင်းပြာ ကဗျာ၊ ထင်းရှူးပင်ရိပ် စသည့် စာပေဆိုင်ရာ စာများကိုလည်း ဖတ်ရပါသည်။ ကျွန်တော်က ဘာသာစကားဘက်ကို ပို၍စိတ်ညွတ်သည့်အတွက် ဘာသာစကားဆိုင်ရာ ဆောင်း ပါး၊ စာတမ်းများကို ပို၍ အာရုံစိုက်မိသည်။
ဆရာမင်းလတ်ရဲခေါင်၏ Modernization of Burmese (မြန်မာဘာသာ စကားကို ခေတ်မီအောင်လုပ်ရေး) စာအုပ်နှင့်ပတ်သက်၍ ဆရာနိုး ဟောပြော ဆွေးနွေးသည်ကို နားထောင်ရသည်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းမှာ ဆရာနိုးတို့ဦးဆောင်ဖတ်သော “ဗမာစာပေအရေးအသားသစ်နဲ့ စာတမ်းများ'ကို လည်း လေ့လာရသည်။ ဝေဖန်သံများ၊ တုံ့ပြန်ဆွေးနွေးချက်များကိုလည်း ဖတ်ရသည်။ စိတ်ဝင်စားသည့်အတွက် မင်းလတ်ရဲခေါင်၏ စာအုပ်ကို ဆရာနိုးဆီက ငှားဖတ်ခဲ့ သည်။ ထိုအချိန်က ဆူးလေဘုရားလမ်း ကျောက်တံတားရဲစခန်းနားက တိုက် တစ်တိုက်၏ အပေါ်ထပ်အခန်းတစ်ခန်းမှာ သူနေသည်။ သူ့အခန်းကို ကျွန်တော် တစ်ခါတစ်ခါရောက်သည်။ သူ့အခန်းရောက်ရင်း ထိုစာအုပ်ကို ငှားခဲ့ခြင်းဖြစ်သည်။ တစ်ခေါက်ပြီးအောင်ဖတ်ပြီး အချက်အလက်များကို ‘ကတ်တင်’ထားလိုက်သည်။ တစ်ကြိမ်မှာတော့ စာပေသဘောတရားအကြောင်းပြောရင်း သူက 'Theory Lit- erature' စာအုပ် ကောင်းတယ်ဗျဟု ညွှန်းသဖြင့် R.Wellek နှင့် A.Wartin တို့ရေးသော ထိုစာအုပ်ကို ဝယ်ဖတ်ဖြစ်ခဲ့ပါသည်။ (ယခုတော့ ဆရာနိုးတို ့ အဆို ပြုခဲ့သော နှုတ်ပြောစကားဟန် အသုံးတွင်ကျယ်နေပါပြီ။ စာသုံးစကားဟန်နှင့် အပြိုင်သုံးနေပါပြီ။)
မိတ်ဆွေ ဦးစောထွန်း မလေးရှားမှာ အမှုထမ်းစဉ်က ကျွန်တော့်ဆီ စာတမ်း တစ်စောင် ပို့ပေးသည်။ နိုင်ငံခြားပညာရှင်တစ်ယောက်ရေးသော မြန်မာနာမ်စား အဖြစ် ရပ်ညွှန်းသည့်စကားများအကြောင်း သုတေသနပြုထားသော စာတမ်းဖြစ် သည်။ ဆရာနိုးက ဆရာစောထံမှ သတင်းရသဖြင့် ထိုစာတမ်းကို ခဏငှားရန် ကျွန်တော့်ဆီ လှမ်းစာရေးသည်။ ကျွန်တော်က ထိုအချိန်တွင် ပုသိမ်ကောလိပ်မှာ တာဝန်ထမ်းဆောင်နေသည်။ စာတမ်းကို ဆရာနိုးဆီ စာတိုက်မှ ပို့ပေးလိုက်သည်။ ဆရာနိုးက စာတမ်းကို မိတ္တူကူးပြီး ပြန်ပို့ပေးသည်။ နောက်တစ်ကြိမ်မှာ `ဘုရား ထောင်ပျူအရိုးအိုးစာ'ကို သုတေသနပြုထားသော ပါရဂူကျမ်းကို ဖတ်ချင်သည်ဆို၍ ရှာပြီးပို့ပေးရသည်။ ထိုအချိန်တွင် ဆရာနိုးမှာ ပင်လုံထိပ်ထားအိမ်ရာ ရောက်နေ ပါပြီ။ ဒေါ်ခင်လေးနွယ်နှင့် ဖူးစာဆုံပြီးနေပါပြီ။

#ဆက်ရန်ရှိ

Part-2
*လွတ်လပ်စွာ ပြောဆိုခွင့်
အဲဒါဆိုလျှင် သူတစ်ယောက်တည်း ဦးနှောက်ရှိ၊ နှလုံးသားရှိ၍ ကျန်လူတွေက အတွေးအမြင် မရှိ ခံစားမှုမရှိသူတွေလို ဖြစ်သွားလိမ့်မည်။ အဲသည်က ဆက်ကာ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့က အမြဲ အုပ်စိုးသူ၊ အများစု လူထုကြီးက အမြဲ အုပ်စိုးခံ၊ အဲသလို ဖြစ်သွားလိမ့်မည်။
ဒါဆိုလျှင် ဘယ်မှာ တန်းတူညီမျှ ရှိမည်လဲ။ ဘယ်မှာ လွတ်လပ်ခွင့် ရှိမည်လဲ။
ဒီမိုကရေစီဆိုလျှင်တော့ သူ ပြောခွင့်ရှိသလို ကိုယ်လည်း ပြောခွင့် ရှိရလိမ့်မည်။ အဲဒါဆိုလျှင် အသံများများ ကြားရလိမ့်မည်။ ဒါကို သည်းခံနိုင်ဖို့ လိုမည်ပေါ့။
ပင်လယ်ပြင်ကြီးကိုလိုချင်လျှင်၊ ပင်လယ်ပြင်၏ အလှ ပင်လယ်ကြီးထဲက သက်ရှိ သက်မဲ့ သယံဇာတတွေကို ခံစားသုံးစွဲလိုလျှင် လှိုင်းချိုးသံ လှိုင်းပုတ်သံကိုတော့ လက်ခံနိုင်ရမည်ပေါ့။
ဒီမိုကရေစီနှင့် ပတ်သက်လျှင်လည်း ထိုနည်း၎င်းပဲ ဖြစ်သည်။
ပြီး၊ လှိုင်းသံလို ဆူညံတတ်သည့် ဒီမိုကရေစီ စကားဝိုင်း ငြင်းခုံဝိုင်းများမှပင် မြို့ရွာ တိုင်းပြည်အတွက် အလွန် တန်ဖိုးရှိသော ဂိတ်ကူးစိတ်သန်းများ စဉ်းစား ရွေးချယ်စရာ အကြံကောင်း ဉာဏ်ကောင်းများ ထွက်ပေါ်မြဲ ဖြစ်သည်။ သည့်အပြင် တစ်ဦးတစ်ယောက်တည်း သဘောဖြင့် ဆုံးဖြတ် လုပ်ကိုင်ရာက ဖြစ်ပေါ်တတ်သည့် ဆိုးဆိုးဝါးဝါး အမှားမျိုးတွေကိုလည်း ဒီမိုကရေစီ စကားဝိုင်းများက ထွက်ပေါ်သည့် ထောက်ပြ ဝေဖန်မှုများအားဖြင့် ကြိုတင် ဖယ်ရှားနိုင်လေ့ ရှိကြသည်။
အဲဒါ၊ လွတ်လပ်စွာ ပြောဆိုခြင်း၏ တန်ဖိုးဖြစ်သည်။