51 w - Translate

(၁၅.၂.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၅၂၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၇၀၀,၀၀၀ ကျပ်

အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၀၀ ကျပ်(ဝယ်)၊ ၄၅၀၀ ကျပ်(ရောင်း)

စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၁၆၀ ကျပ်
Octane 95 - ၃၂၂၀ ကျ​ပ်
Premium Diesel - ၃၃၆၅ ကျပ်
Diesel - ၂၇၃၀ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

#news
#mmdbn

image

ဂျပန်အထက်တန်းကျောင်းသားကို မြဝတီမြို့သို့ လူကုန်ကူးခဲ့သည့် ဂျပန်နိုင်ငံသားအား မြန်မာနိုင်ငံကပြန်လာချိန် ထိုင်းရဲ ဖမ်းဆီး

ဖေဖော်ဝါရီ ၁၅

ဂျပန်အထက်တန်းကျောင်းသားတစ်ဦးကို လူကုန်ကူးမှုနဲ့ သံသယရှိသူ ဂျပန်အမျိုးသားတစ်ဦးကို မနေ့က ဖေဖော်ဝါရီ ၁၃ ရက်မှာ ​မြန်မာနိုင်ငံက ပြန်အလာ ဒွန်မောင်းလေဆိပ်မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းက ကျားဖြန့်နာမည်ကျော် မြဝတီမြို့ဆီ ဂျပန်အထက်တန်းကျောင်းသားတစ်ဦးကို လူကုန်ကူးမှုနဲ့ သံသယရှိသူ အသက် ၂၉ နှစ်အရွယ် ဂျပန်အမျိုးသားကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သလို “တွမ်”လို့ ဖော်ပြထားတဲ့ သံသယတရားခံကို ဂျပန်အာဏာပိုင်တွေက စွဲချက်များစွာနဲ့ အလိုရှိနေကြောင်း၊ အကျိုးအမြတ်အတွက် ပြန်ပေးဆွဲတာ၊ တရားမဝင် ထိန်းသိမ်းတာ၊ ဖောက်ထွင်းဝင်ရောက်တာ၊ လက်ရောက်ကျူးလွန်မှုနဲ့ လုယက်တာ စတဲ့ ပြစ်မှုတွေ ကျူးလွန်ထားကြောင်း ထိုင်း လူဝင်မှုကြီးကြပ်ရေး ဗျူရိုရဲ့ကော်မရှင်နာ ရဲဒုတိယဗိုလ်ချုပ်ကြီး ပန်နူမက်စ် ဘူယလပ်က ပြောပါတယ်။

ကလေး၊ အမျိုးသမီး၊ မိသားစုနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးစင်တာရဲ့ ဒါရိုက်တာဖြစ်သူ အမျိုးသားရဲချုပ် သက်ချိုင်း ပီတာနီးလာဘတ် ပြောကြားချက်အရ တွမ်ဟာ ဂျပန်ကျောင်းသားငယ်ကို ထိုင်းနိုင်ငံသွားဖို့ မစည်းရုံးမီ အွန်လိုင်းဂိမ်းနဲ့ မိတ်ဖွဲ့ခဲ့သလို ကျောင်းသားငယ်ကလည်း မိသားစုကို အသိမပေးဘဲ ဂျပန်နိုင်ငံကနေ ဇန်နဝါရီ လဆန်းပိုင်းမှာ ထွက်ခွာသွားခဲ့ပြီး နောက်ပိုင်း မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပေမဲ့ ဒီကျောင်းသားငယ်ပျောက်ဆုံးကြောင်း တိုင်ကြားပေးပို့လာတဲ့ အစီရင်ခံစာကို ဇန်နဝါရီ ၁၇ ရက်မှာ ရခဲ့ပြီး ထိုင်းအာဏာပိုင်တွေက ၂၄ နာရီအတွင်းမှာပဲ ကျောင်းသားငယ်ကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့သလို ဇန်နဝါရီ ၁၈ ရက်မှာပဲ မိခင်နိုင်ငံ ပြန်ပို့လိုက်တာပါ။

မြန်မာနိုင်ငံက ပြန်လည်ရောက်ရှိလာတဲ့ တရားခံတွမ်ကို ဒွန်မောင်းလေဆိပ်မှာ ဖမ်းဆီးအပြီး လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ကို ချက်ချင်းရုပ်သိမ်းခဲ့သလို စွဲချက်တင် အရေးယူနိုင်ငံရေးအတွက် ဂျပန်နိုင်ငံကို ပြန်ပို့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရာဇ၀တ်မှုကျူးလွန်တဲ့ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်မှုပြုတဲ့ နိုင်ငံခြားသားတွေကို တရားဥပဒေအရ တင်းတင်းကျပ်ကျပ် အရေးယူဖို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးကော်မရှင်နာရဲ့ အမျိုးသားရဲချုပ် ရဲချုပ် Kit-ratt Panpetch က အရာရှိတွေကို ညွှန်ကြားထားသလို ဒီလို ကျူးလွန်တဲ့ ပုဂ္ဂိုလ်တွေဟာ တရားစွဲခံရတာ၊ ပြည်နှင်ဒဏ်ပေးခံရတာနဲ့ ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ခွင့်မရအောင် အမည်ပျက်စာရင်းသွင်းတာကို ခံရမှာလည်း ဖြစ်ပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

TNLA နှင့် မြန်မာ့တပ်မတော် တရုတ်မှာ မနက်ဖြန် ဆွေးနွေးမည်

ဖေဖော်ဝါရီ ၁၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ၍ ဆွေးနွေးကြမည်ဖြစ်သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ စတင်မည်ဖြစ်ပြီး မြန်မာ့တပ်မတော်ဘက်က ကစထ(၁)မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်မည်ဖြစ်သလို TNLA ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးတားဂျုဂျား ဦးဆောင်မည်ဖြစ်သည်။

ထို့နောက် TNLA သည် ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးတားဂျုဂျားနှင့် မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦး တက်ရောက်မည်ဖြစ်ကြောင်း TNLA ဘက်က ပြောသည်။

လက်ရှိမှာတော့ TNLA ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ နမ့်ခမ်း၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ နမ္မတူ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် တို့ကို သိမ်းပိုက်ထားသည်။

#centralnewsnaypyitaw

image

ဖေဖော်ဝါရီ ၁၇ ရက်အထိ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိသူများကို အရေးယူမည်ဟု ထပ်မံသတိပေး

ဖေဖော်ဝါရီ ၁၅

သတ်မှတ်ကာလ သုံးလပြည့်သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်အထိ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိသူများကို အရေးယူမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထပ်မံသတိပေးကြေညာထားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၀၅၅/၂၀၂၄) နှင့်အညီ လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်ဥပဒေ ပုဒ်မ ၅ နှင့် အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ကြေညာထားသည်။

#centralnewsnaypyitaw

image

လုပ်ငန်းတိုးချဲ့ခြင်း၊ စက်ပစ္စည်းနှင့်ကုန်ကြမ်းများ ဝယ်ယူလိုသော MSME လုပ်ငန်းရှင်များ MSME အေဂျင်စီများနှင့် ဆက်သွယ်ပြီး ချေးငွေလျှောက်ထားနိုင်ကြောင်း အသိပေး

ဖေဖော်ဝါရီ ၁၅

လုပ်ငန်းတိုးချဲ့ခြင်း၊ စက်ပစ္စည်းနှင့် ကုန်ကြမ်းများ ဝယ်ယူလိုသော MSME လုပ်ငန်းရှင်များအနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ MSME အေဂျင်စီများနှင့် ဆက်သွယ်ပြီး ချေးငွေများ လျှောက်ထားနိုင်ကြောင်း MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ အသိပေးကြေညာထားသည်။

ပြည်ထောင်စုနယ်မြေ နေပြည်‌တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်း တိုးချဲ့ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့အတွက် လိုအပ်သည့်‌ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၆ ခုတို့မှ ထုတ်ချေးပေးလျက်ရှိသဖြင့် ချေးငွေရယူလိုသည့် MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် MSME အေဂျင်စီများနှင့်ဆက်သွယ်၍ ချေးငွေများ လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။

ယခု ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၆ ရက်အထိ ၇ ရက်တိုင်းတိုင် နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲတွင်လည်း ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးအသီးသီးမှ စီးပွားရေးသံမှူးများနှင့် ပြည်ပပို့ကုန်ပို့လိုသည့် ပြည်တွင်းလုပ်ငန်းရှင်များ အပြန်အလှန် ဆက်သွယ်နိုင်ရေးအပြင် လုပ်ငန်းရှင်များ စက်ပစ္စည်းများ ဝယ်ယူနိုင်ရန် ပြည်ပစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများကိုလည်း ပြခန်းအလိုက် ပြသပေးထားသည်။

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို ကူညီပံ့ပိုးပေးနိုင်ရန် SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့် – ၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့် – ၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

MSMEs Two-step Loan စီမံကိန်းအဆင့် – ၁ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သော PFI ဘဏ် ခြောက်ဘဏ်မှတစ်ဆင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ SME လုပ်ငန်းရှင် ၆၆၃ ဦးသို့ ချေးငွေကျပ် ၁၅၇ ဒသမ ၂၄၃ ဘီလီယံထုတ်ချေးခဲ့ပြီး၊ စီမံကိန်း အဆင့်-၂ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သော PFI ဘဏ် ၁၁ ဘဏ်မှတစ်ဆင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ SME လုပ်ငန်းရှင် ၁၉၃၆ ဦးသို့ ချေးငွေကျပ် ၃၈၇ ဒသမ ၅၄၃ ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောကြားထားသည်။

#သတင်းဟင်းလေးအိုးကြီး

image
Khine Su Zin shared a post  
51 w

51 w

Sagittarius ♐️, Capricorn ♑️, Aquarius ♒️, Pisces ♓️
စာမေးပွဲ၊အင်တာဗျူး ၊ပညာရေးနဲ့ပက်သက်သော ဖြေဆိုထားသူများသို့မဟုတ်ဖြေဖို့ပြင်ဆင်နေသူများ မျှော်မှန်းထားတဲ့ရလဒ်ထက် ပိုကောင်းသော အရာများရရှိတတ်တယ်။အလုပ်ကိုင်နဲ့ ငွေကြေး ကိစ္စများတွင် ကိုယ်ပိုင်အလုပ်ဖြစ်စေ၊သူများအလုပ်ဖြစ်စေ ဒီလအတွင်းကောင်းသော အရာများဖြစ်တတ်
ပါသည်။
မျှော်လင့်နေတဲ့သူသို့မဟုတ် အရင်ကပက်သက်ဖူးသောအပက်သက်များ ရည်းစားဟောင်းများနှင့်အဆက်သွယ်ရတတ်ပါတယ်။single လေးတွေ စန်းမပွင့်ပဲ ex တွေ old flame တွေ ပြန်လာနွယ်တာခံရတတ်ပါတယ်။
RS သမား ဒီလပိုင်းကို့ချစ်သူအပေါ်ပိုသတိထားပါ။သွေးအေးသလိုဖြစ်နေတဲ့ relationship များ တခြားတယောက်ရှိနေတာမျိုးကြုံရတတ်ပါတယ်။
ကျန်းမာရေးအထူးဂရုစိုက်ပါ။ဆေးရုံဆေးခန်းခနခနသွားရတတ်။ရောဂါအခံရှိသူများပိုဆိုးလာတတ်ပါတယ်။ကို့ရဲ့မွေးနမ်ပါတဲ့ ပန်းသို့မဟုတ် အသီးသို့မဟုတ် ဘုရားမှာကပ်ပီးယတြာချေပါ။

#lunatarot

51 w - Translate

Sagittarius ♐️, Capricorn ♑️, Aquarius ♒️, Pisces ♓️
စာမေးပွဲ၊အင်တာဗျူး ၊ပညာရေးနဲ့ပက်သက်သော ဖြေဆိုထားသူများသို့မဟုတ်ဖြေဖို့ပြင်ဆင်နေသူများ မျှော်မှန်းထားတဲ့ရလဒ်ထက် ပိုကောင်းသော အရာများရရှိတတ်တယ်။အလုပ်ကိုင်နဲ့ ငွေကြေး ကိစ္စများတွင် ကိုယ်ပိုင်အလုပ်ဖြစ်စေ၊သူများအလုပ်ဖြစ်စေ ဒီလအတွင်းကောင်းသော အရာများဖြစ်တတ်
ပါသည်။
မျှော်လင့်နေတဲ့သူသို့မဟုတ် အရင်ကပက်သက်ဖူးသောအပက်သက်များ ရည်းစားဟောင်းများနှင့်အဆက်သွယ်ရတတ်ပါတယ်။single လေးတွေ စန်းမပွင့်ပဲ ex တွေ old flame တွေ ပြန်လာနွယ်တာခံရတတ်ပါတယ်။
RS သမား ဒီလပိုင်းကို့ချစ်သူအပေါ်ပိုသတိထားပါ။သွေးအေးသလိုဖြစ်နေတဲ့ relationship များ တခြားတယောက်ရှိနေတာမျိုးကြုံရတတ်ပါတယ်။
ကျန်းမာရေးအထူးဂရုစိုက်ပါ။ဆေးရုံဆေးခန်းခနခနသွားရတတ်။ရောဂါအခံရှိသူများပိုဆိုးလာတတ်ပါတယ်။ကို့ရဲ့မွေးနမ်ပါတဲ့ ပန်းသို့မဟုတ် အသီးသို့မဟုတ် ဘုရားမှာကပ်ပီးယတြာချေပါ။

#lunatarot

51 w - Translate

အခြေခံ မီးနင်းများ ပြန်လည်လေ့လာကြမယ်

#englisheverywhere

image
51 w - Translate

အခြေခံ မီးနင်းများ ပြန်လည်လေ့လာကြမယ်

#englisheverywhere

image
51 w - Translate

အခြေခံ မီးနင်းများ ပြန်လည်လေ့လာကြမယ်

#englisheverywhere

image