လျှပ်စစ်မီးမလုံလောက်ခြင်းကြောင့် EV ကားများကို ပုံမှန်ထက်ဈေးလျှော့ရောင်းနေရ ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

လက်ရှိအခြေအနေတွင် လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းကြောင့် EV ကားများကို ပုံမှန်ထက်ဈေးလျှော့ရောင်းနေရကြောင်း ကားဝယ်/ရောင်းလုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရသည်။

EV ကားတင်သွင်းခွင့်ကို အလှည့်ကျစနစ်ဖြင့် လိုင်စင်ထုတ်ပေးနေပြီး ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုမရှိကြောင်း သိရသည်။

"EV ကားဈေးကွက်ကတော့ ထိုက်သင့်တဲ့ဈေးထက် ချရောင်းနေရတယ်။ EV အတွက် လုံလောက်တဲ့ အခြေခံအဆောက်အအုံရှိရမယ်။ လျှပ်စစ်မီးတွေ လုံလောက်အောင်ပေးရမယ်။ လက်ရှိမှာတောင် လျှပ်စစ်မီးက အိမ်သုံးစွဲဖို့တောင် ခွဲဝေသုံးစွဲနေရတာဆိုတော့ EV ကားအတွက် နည်းနည်းလေးအခက်အခဲရှိလာတယ်။ EV ကားလိုင်စင်တွေက အလှည့်ကျစနစ်နဲ့ကျလာတဲ့ဒီထဲကို အသွင်းပဲရှိတယ်။ ပြန်ရောင်းတဲ့အခါကျတော့ ဈေးဆွဲတင်လို့မရဘူး။ ပုံမှန်ထက် လျှော့ရောင်းနေရတယ်။" ဟု ကားဝယ်ရောင်းလုပ်သူတစ်ဦးက ပြောသည်။

EV တင်သွင်းခွင့်ရရှိထားသည့် ကုမ္ပဏီ ၈၀ ကျော်ရှိပြီး၊ ကုမ္ပဏီတစ်ခုကို တစ်နှစ်လျှင် အစီးရေ ၅၀၀ နှုန်း တင်သွင်းခွင့်ရှိကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းသို့ BYD, Toyota, Honda, MG4, Nissan စသည့် EV ကားအမျိုးအစားများစွာ ဝင်ရောက်ထားကြောင်း၊ အမျိုးအစားနှင့် မော်ဒယ်ပေါ်မူတည်ပြီး အနိမ့်ဆုံးကျပ်သိန်း ၆၀၀ ကျော်မှ ကျပ်သိန်း ၂၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

#centralnewsnaypyitaw

image

အွန်လိုင်းငွေလိမ် ကျားဖြန့်အဖွဲ့နှင့် ဆက်နွယ်မှုရှိသဖြင့် ထိုင်းရဲမင်းကြီးနှစ်ဦး တာဝန်မှရပ်နားခံရ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၂

ထိုင်း-မြဝတီ နှစ်နိုင်ငံနယ်စပ်တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်အဖွဲ့နှင့်ဆက်နွယ်မှုရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့က ရဲမင်းကြီးနှစ်ဦးကို ဖေဖော်ဝါရီ ၁၁ ရက်၊ နေ့စွဲဖြင့် တာဝန်မှရပ်နားလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အွန်လိုင်းငွေလိမ် ကျားဖြန့်အဖွဲ့နှင့် ဆက်နွယ်မှုရှိနေသည့် ထိုင်းရဲမင်းကြီးနှစ်ဦးသည် ရဲမင်းကြီး အက်ကာရတ်အင်တာစပ်နှင့် တာ့ခ်ပြည်နယ်ရဲချုပ် ရဲမင်းကြီး စမ်ရစ်အမ်ကာမော်လ်တို့ဖြစ်ကြောင်း သိရသည်။

"ထိုင်းရဲမင်းကြီး အက်ကာရတ်က မြဝတီမြို့နယ်မှာရှိတဲ့ ရာဇဝတ်ဂိုဏ်းများနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ စွပ်စွဲခံထားရတဲ့အပြင် တာ့ခ်ပြည်နယ်ရဲချုပ် ရဲမင်းကြီး အမ်ကာမော်လ်ကလည်း သူ့နယ်မြေရှိ ရာဇဝတ်ဂိုဏ်းများကို ထိထိရောက်ရောက် အရေးမယူခဲ့ခြင်းကြောင့် တာဝန်မှရပ်နားခံလိုက်ရတာပါ။" ဟု ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကို ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝက်ချာယာချိုင်က ထိုင်း-မြန်မာနယ်စပ်ရှိ တရားမဝင်လုပ်ငန်းများနှင့်ပတ်သက်နေသည့် အစိုးရအရာရှိများ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ နယ်စပ်ဒေသများရှိ ရာဇဝတ်ဂိုဏ်းများကိုလည်း ထိရောက်စွာ ဖမ်း ဆီးအရေးယူလျက်ရှိပြီး ထိုင်း-မြဝတီ နယ်စပ်ဒေသတွင် ဆက်သွယ်ပေးထားသည့် လျှပ်စစ်မီးကိုလည်း ထိုင်းအစိုးရက ဖေဖော်ဝါရီ ၇ ရက်က စတင်ဖြတ် တောက်ခဲ့ကြောင်း သိရသည်။

လက်ရှိ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်အဖွဲ့ကိုလည်း ထိုင်းအစိုးရက ပြင်းထန်စွာ အရှိန်မြင့်ဖော်ထုတ်အရေးယူလျက်ရှိပြီး အ ဆိုပါကျားဖြန့်အဖွဲ့တွင် တရုတ်နိုင်ငံသားအများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း ဖေ ဖော်ဝါရီ ၁၁ ရက်၊ နေ့စွဲဖြင့် ဘန်ကောက်ပို့စ်သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။

#သတင်းဟင်းလေးအိုးကြီး

imageimage

ဗုဒ္ဓဟူးနေ့မနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

image

ဖေဖော်ဝါရီ ၁၂ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဖေဖော်ဝါရီ ၁၂ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
45 w - Translate

“ပြည်ထောင်စုနေ့ တို့မမေ့”
(၂၀၂၅) ပြည့်နှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်တဲ့ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးနဲ့အတူ MySpace Team မှ ထပ်တူဂုဏ်ပြုကြိုဆိုအပ်ပါတယ်။

image

#အပ်မှိုကိုဘာအတွက်ကောင်းသလဲ

image

#ကြက်ဟင်းခါးသီးရဲ့အာနီသင်

image
45 w - Translate

Blo-od Fat-her (2016)

IMDb - 6.4/10
Genre - Action, Thriller

ဂျွန်လင့်ဆိုသူဟာ ထောင်ကထွက်လာပြိး စောင့်ကြည့်ကာလနဲ့နေထိုင်ရင်းအသောက်အစားဖြတ်ကာ ဘဝသစ်ပြန်စ၊ဆိုးသွမ်းခဲ့တာတွေပြင်ဆင်၊ ဆုံးရှုးခဲ့တာတွေ ပြန်အဖတ်ဆယ်ရင်းနဲ့၊ ဇနီးဖြစ်သူကလည်းပစ်သွားတဲ့ပြင်တစ်ဦးတည်းသောသမီးကပါအိမ်ကထွက်ပြေးသွားလို ရှာမရဖွေမရဖြစ်ရင်း ပြန်လည်ထူထောင်ရေးစခန်းမှာသောင်တင်နေသူပါ။သမီးဖြစ်သူ လဒ်ဒီယာဟာဆိုရင် အိမ်ကထွက်ပြေးရင်းမှ လူမိုက်ဂိုဏ်းသားတစ်ယောက်နဲ့ရည်းစားဖြစ်မိကာအခြေအနေအမျိုးမျိုးကြောင့် ရည်းစားဖြစ်သူကိုသတ်မိသွားပါရော၊ဆိုးတာက သူ့ကောင်လေးဟာ လူမိုက်ဂိုဏ်းကခေါင်းဆောင်ရဲ့တူဖြစ်နေတဲ့အပြင်၊သူမကိုပါ ပိုက်ဆံတွေယူသွားတယ်ဆိုပြီး စွဲချက်တွေနဲ့အတူ၊ ရဲဘက်ကလည်း လူသတ်မှုနဲ့လိုက်ရှာပါတော့တယ်။ကြံရာမရတဲ့အဆုံး ဖခင်ဆီကိုသာပြန်လာခဲ့ပြီး ဖခင်ဖြစ်သူက သမီးရဲ့အရှုပ်တွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုကြည့်ရှုရမယ့် ဖအေနဲ့ သမီးတိုရဲ့ စွန့်စားခန်းတစ်သီကြီးနဲ့ အက်ရှင်ကားဖြစ်ပါတယ်

image

ခေါင်လန်ဖူး 镇的 တောင်ယာစပါးစိုက်ခင်း...😍

image