Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ငွေမရှိတဲ့ဘဝ အတော်ဆိုးပါတယ်ကွာ ကိုယ်အပေါ်
ပိုးဆိုးပက်စက် ပြောနေတာတောင်မှ ဘာမှမခံစားရ
သလိုနဲ့ သွားလေးဖြီးပြီး /မပြုံးချင်တဲ့ အပြုံးတွေ
တောင်ပြုံးပြလိုက်ရတဲ့သေးတယ် တော်တော်တရား
ကျဖို့ကောင်းတဲ့ လောကကြီးပါကွာ......!!
#စာတို
ဒေါ်လာ ၅၀၀ မကျော်သည့် သစ်အချောထည်များကို စာရွက်စာတမ်းမလိုဘဲ တင်ပို့ခွင့်ပြုရန် တင်ပြထား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၀ နှုန်းထက် မကျော်တဲ့ သစ်အချောထည်တွေ ပြည်ပတင်ပို့ရာမှာ စာရွက်စာတမ်းမလိုဘဲ တင်ပို့ခွင့်ပြုဖို့ သစ်တောဦးစီးဌာနထံ တင်ပြထားကြောင်း မြန်မာနိုင်ငံသစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
ကန်ဒေါ်လာ ၅၀၀ အောက် တန်ကြေးရှိတဲ့ ပရိဘောဂပစ္စည်းတွေထဲမှာ စားပွဲ၊ ကုလားထိုင် စတာတွေ ပါဝင်ပြီး ဒါတွေကို စာရွက်စာတမ်းမလိုဘဲ တင်ပို့ခွင့်ပြုရေး ညှိနှိုင်းနေတာလို့လည်း အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သစ်အချောထည်အဖြစ် ကျွန်းသစ်ကို အချောထည်ပြုလုပ်ကာ အဓိကထား တင်ပို့ပြီး ပျဉ်းကတိုး၊ သစ်ယာ၊ အင်ကြင်း စတဲ့ သစ်အမျိုးအစားတွေကိုလည်း ပါကေးအစားထိုး ပြုလုပ်တင်ပို့လျက်ရှိပါတယ်။
ပြည်တွင်းပရိဘောဂလုပ်ငန်းများအတွက် လိုအပ်တဲ့ ကျွန်းသစ်အပါအဝင် သစ်အမျိုးအစားတွေကို မြန်မာ့သစ်လုပ်ငန်းကနေ လေလံဆွဲ ဝယ်ယူကာ သစ်အချောထည်တွေအဖြစ် ပြန်လည်ထုတ်လုပ်နေတာပါ။
လက်ရှိမှာ မြန်မာ့သစ်လုပ်ငန်းကနေ ဝယ်ယူထုတ်လုပ်တဲ့ ၂၄ စတုရန်းလက်မထက် မကျော်လွန်သော တစ်ဝက်တစ်ပျက် ကုန်ကြမ်းသစ်ခွဲသားတွေကို တင်ပို့ခွင့်ရရှိထားပြီး ၃၂ စတုရန်းလက်မရှိတဲ့ သစ်ခွဲသားတွေကိုတော့ တင်ပို့ခွင့်ပိတ်ထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ် အိန္ဒိယ၊ စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေထံ သစ်အချောထည် ပရိဘောဂပစ္စည်းတွေနဲ့ အချောထည်သစ်ကြမ်းခင်းတွေကို တင်ပို့လျက်ရှိပါတယ်။
အဲဒီအထဲက ပရိဘောဂတွေ အိန္ဒိယဈေးကွက်ထံ အဓိကတင်ပို့နေသလို Myanmar Flooring လို့ခေါ်တဲ့ ကြမ်းခင်းတွေကတော့ စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေ တင်ပို့နေတာတွေရှိပါတယ်။
သစ်အချောထည်နဲ့ ကြမ်းခင်းတင်ပို့မှုအနေနဲ့ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖိုးခန့် တင်ပို့နိုင်ခဲ့ကြောင်း သစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များအသင်းရဲ့ စာရင်းတွေအရ သိရပါတယ်။