ထိုင်းငါးဖမ်းသမားများကို ဇန်နဝါရီ ၄ ရက်တွင် မြန်မာက ပြန်လွတ်မည်

ဘန်ကောက်၊ ဒီဇင်ဘာ ၁၈

မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ထိုင်းငါးဖမ်းသမား ၄ ဦးသည် ဇန်နဝါရီ ၄ ရက်တွင် ပြန်လည် လွတ်မြောက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ လွှဲပြောင်းအပ်နှံခံရလိမ့်မည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai ) က ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ထိုင်းငါးဖမ်း သင်္ဘောပိုင်ရှင် ၁ ဦးနှင့် ငါးဖမ်းသမား ၃ ဦး ပါဝင်သည့် ထိုထိုင်းလူမျိုး ၄ ဦးကို Koh Song မြို့ရှိ မြန်မာတရားရုံးတစ်ရုံးက အသေးဆုံး ပြစ်ဒ-ဏ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံတွင်ရှိသည့် ထိုင်းသံရုံးထံမှ သတင်း ရရှိခဲ့သည်ဟု ဖွမ်သမ်က ပြောသည်။

ထိုထိုင်းငါးဖမ်းသမားများသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သည့် ဇန်နဝါရီ ၄ ရက်တွင် ပြန်လည် လွတ်မြောက်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ရေပြင်များအတွင်း မြန်မာစစ်သင်္ဘော တစ်စင်းက ထိုင်း ငါးဖမ်း သင်္ဘောများကို ပစ်ခတ်ခဲ့ပြီးနောက် ထိုင်းလူမျိုး ၄ ဦးနှင့်အတူ မြန်မာနိုင်ငံသား ၃၁ ဦး ဖမ်းဆီးခံခဲ့ရသည်။

ထိုထိုင်းလူမျိုး ၄ ဦးသည် မြန်မာရေပြင်များအတွင်း ဝင်ရောက်ခဲ့ခြင်း ရှိ/မရှိကိုမူ ဖွမ်သမ်က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

အဆိုပါ ထိုင်းနိုင်ငံသား ၄ ဦး ဖမ်းဆီးခံခဲ့ရသည့် နိုဝင်ဘာ ၃၀ ရက် ကတည်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန သည် ဖမ်းဆီးခံ ငါးဖမ်းသမားများ ပြန်လည်လွတ်မြောက်ရေးအတွက် မြန်မာအာဏာပိုင်များနှင့် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း ဖွမ်သမ်က ပြောသည်။

မြန်မာအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည့် ငါးဖမ်းသမားများကို ထိုင်းနိုင်ငံ၊ ရနောင်း (Ranong) ပြည်နယ် ကမ်းလွန်ရှိ Koh Song ကျွန်းပေါ်တွင် ထိန်းသိမ်းခံခဲ့ရသည်။

ထိုင်းနိုင်ငံသားများသည် မြန်မာနိုင်ငံတွင် ထိန်းသိမ်း ခံထားရဆဲဖြစ်သဖြင့် ရေပြင်နယ်နိမိတ် ကျူးကျော် ဝင်ရောက်မှု ကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးရန် အချိန်အခါ မသင့်သေးကြောင်း ဖွမ်သမ်က ပြောသည်။

"ဒီကိစ္စဟာ နိုင်ငံတကာ နိုင်ငံရေးပြဿနာ တစ်ခုအထိ ကြီးမားသွားမှာကို ကျနော် မဖြစ်စေချင်ပါဘူး။ လောလောဆယ်မှာ ထိုင်းနိုင်ငံသား ၄ ဦးရဲ့ လုံခြုံရေးကိုပဲ အာရုံစိုက်ရမှာဖြစ်ပါတယ်" ဟု ဖွမ်သမ်က ပြောကြားခဲ့သည်။

Source: The Nation

ပုံ - ထိုင်းကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်းကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ရန်ကုန်၌ ရွေးကောက်ပွဲဝင်ပြိုင်ရန် အခြေပြုထားသော နိုင်ငံရေးပါတီပေါင်း(၁၃)ခုထက်မနည်းရှိနေ

ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရွေးကောက်ပွဲဝင်ပြိုင်ရန် အခြေပြုထားသော နိုင်ငံရေးပါတီ ပေါင်းမှာ (၁၃)ခုထက်မနည်းရှိနေကြောင်း နစကအစိုးရ၏ သတင်းအချက်အလက်များအရ သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် လက်ရှိနစကအစိုးရလက်ထက်တွင် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအရ မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီး ဖြစ်သည့် နိုင်ငံရေးပါတီပေါင်းမှာ (၅၃)ပါတီရှိကြောင်း သိရသည်။

အဆိုပါနိုင်ငံရေးပါတီများအနက် ရန်ကုန် တိုင်းဒေသကြီးကိုအခြေပြုကာ ပါတီမှတ်ပုံတင်ထားသည့်ပါတီပေါင်းမှာ လက်ရှိတွင် (၁၃)ပါတီရှိပြီး ၎င်း ပါတီများသည် ရန်ကုန်တိုင်းအတွင်း၌သာ မဲဆွယ်စည်းရုံးကြရမည်ဖြစ်သည်။

ရန်ကုန်တိုင်းကိုအခြေပြု၍တည်ထောင်ထားသည့်ပါတီများမှာ မြန်မာပြည်သူ့ဒီမိုကရက် တစ် ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားနိုင်ငံရေး အားမာန်သစ်ပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူ မျိုးများဒီမိုကရေစီပါတီ၊ လေဘာပါတီ၊ (၈၈)မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင် ငံ) ပါတီ၊ လူထုပါတီ၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီနှင့် ညီညွတ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်သည်။

“ရန်ကုန်တိုင်းအခြေစိုက်ပါတီတွေဟာ ရန်ကုန်မှာရှိတဲ့ မဲဆန္ဒနယ်တွေပေါ့။ လွှတ်တော်သုံးရပ် စလုံးမှာ ဝင်ပြိုင်လို့ရတယ်။ ရန်ကုန်တိုင်းအခြေစိုက်ဆိုတာ ရန်ကုန်လွှတ်တော်တစ်ခုတည်းကိုပဲ ဝင်ပြိုင် ခွင့်ရှိတာမဟုတ်ဘူး။ ရန်ကုန်မှာရှိတဲ့ ပြည်သူ့ လွှတ် တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် တွေမှာ ဝင်ပြိုင်ခွင့်ရှိတယ်။ တစ်ပြည်လုံးဟာကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်ခွင့် ရှိတာပေါ့။ ဥပမာ-ရန်ကုန်တိုင်းအခြေစိုက်ပါတီက ပဲခူးမှာရှိတဲ့ မဲဆန္ဒနယ်တွေမှာ သွားပြိုင်လို့မရဘူး။ ဆိုတော့ တစ်ပြည်လုံးအခြေစိုက်ပါတီတွေကတော့ အားသာချက်ရှိတာပေါ့။ ဘာအားသာလဲဆိုရင် တစ် ပြည်လုံး ကြိုက်ရာမဲဆန္ဒနယ်မှာ ဝင်ပြိုင်ခွင့်ရှိတဲ့အတွက် လွှတ်တော်ထဲမှာအများစုကိုယ်စားပြုခွင့်ရမှာ ပေါ့။ တိုင်းတို့၊ ပြည်နယ်တို့အခြေစိုက်တဲ့ပါတီတွေကတော့ သူတို့ရဲ့ဒေသတွေကိုပဲ ကိုယ်စားပြုပြီး ပြော ခွင့်ရှိတော့မှာပေါ့” ဟု အမျိုးသားဒီမိုကရေပါတီသစ်မှ ဒုဥက္ကဋ္ဌဦးခိုင်မင်းက ပြောသည်။

ပြီးခဲ့သော ရွေးကောက်ပွဲများတွင် ရန်ကုန်တိုင်းအတွင်း၌ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၂) ခု၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်(၄၅)ခုနှင့် တိုင်းလွှတ်တော်မဲဆန္ဒနယ် (၉၀)တို့ဖြင့် ရွေးကောက်ပွဲကို ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။

အလားတူ လွန်ခဲ့သော ရွေးကောက်ပွဲများတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လွှတ်တော်မဲဆန္ဒနယ်စုစုပေါင်း (၁၁၀ဝ)ကျော်ဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်ကိုတွေ့ရှိရသည်။အသစ်ပြဋ္ဌာန်းလိုက်သည့်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ လတ်တလောတွင် ပြည်ထောင်စုတစ်ဝန်းလုံးကိုစည်းရုံးမည့် နိုင်ငံရေးပါတီပေါင်းမှာ (၉)ပါတီရှိကြောင်းလည်း သိရသည်။

နိုင်ငံတစ်ဝန်းစည်းရုံးမည့်ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်း နှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ ပါတီ)၊ အမျိုးသမီးပါတီ(မွန်)၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနှင့် ပြည်သူ့ပါတီတို့ ဖြစ်ကြသည်။

လက်ရှိတွင် နိုင်ငံတော်တာဝန်များကို ရယူထားသည့် နစကအစိုးရအနေဖြင့် လာမည့်အထွေထွေ ရွေးကောက်ပွဲကို (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ကျင်းပရန် လျာထားကြောင်းသိရပြီး နယ်မြေ လုံခြုံရေး အခြေအနေများအရ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားရန် စဉ်းစားထားကြောင်း သိရ သည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image
39 w - Translate

တောတောင်ရေမြေ သဘာဝအလှလေးတွေ ♥️
#flowerinheart #beauty #beautifulflowers #flowers

image
39 w - Translate

တောတောင်ရေမြေ သဘာဝအလှလေးတွေ ♥️
#flowerinheart #beauty #beautifulflowers #flowers

image
39 w - Translate

တောတောင်ရေမြေ သဘာဝအလှလေးတွေ ♥️
#flowerinheart #beauty #beautifulflowers #flowers

image
39 w - Translate

တောတောင်ရေမြေ သဘာဝအလှလေးတွေ ♥️
#flowerinheart #beauty #beautifulflowers #flowers

image
image
image
39 w - Translate

That boy scares me with his truth

image
39 w - Translate

အင်တာဗျူးသူ - ဒီနွားမတွေ နို့ဘယ်လောက်ထွက်လဲ?
လယ်သမား - ဘယ်တစ်ကောင်လဲ၊ အမဲလား အညိုလား?
အင်တာဗျူးသူ - အညို
လယ်သမား - တစ်နေ့ နှစ်လီတာလောက်ပေါ့
အင်တာဗျူးသူ - အမဲရော
လယ်သမား - တစ်နေ့ နှစ်လီတာလောက်ပါပဲ
အင်တာဗျူးသူ (နည်းနည်းပေါက်သွားသံဖြင့်) - အင်း... သူတို့ကို ဘာကျွေးလဲ
လယ်သမား - ဘယ်တစ်ကောင်လဲ၊ အမဲလား အညိုလား?
အင်တာဗျူးသူ - အမဲ
လယ်သမား - မြက်ပဲကျွေးတယ်
အင်တာဗျူးသူ - အညိုကိုရော
လယ်သမား - သူ့ကိုလည်း မြက်ပါပဲ
အင်တာဗျူးသူ (စိတ်တိုစွာဖြင့်) - အဖြေက တူတူပဲဆို ဘာလို့ ဘယ်တစ်ကောင်လဲလို့ ခင်ဗျားမေးနေရသေးလဲ
လယ်သမား - မေးဆို အမဲက ကျွန်တော့်နွားကိုး
အင်တာဗျူးသူ - ဒါဆို အညိုကရော
လယ်သမား - ကျွန်တော့် နွားပါပဲ

image
39 w - Translate

လျှော့ဈေးဆိုလို့ကတော့
ငါလေ...ငါ..ငါ

39 w - Translate

စိန်ခေါ် မှုအသစ်များအတွက် မန်ယူမှ ထွက်ခွာရန် အသင့်ရှိဟု ရက်ရှ်ဖို့ဒ်ပြော

စိန်ခေါ်မှုအသစ်တွေအတွက် မန်ယူအသင်းကနေ ထွက်ခွာဖို့ အသင့်ရှိကြောင်း တိုက်စစ်မှူး မာကပ် ရက်ရှ်ဖို့ဒ်က ပြောသွားပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ငယ်စဉ်က တက်ခဲ့ဖူးတဲ့ မူလတန်းကျောင်းဆီ သွားရောက်လည်ပတ်ခဲ့ချိန်မှာ မန်ယူကနေ ထွက်ခွာမယ့် အနာဂတ်အစီအစဉ်ကို ထည့်သွင်းပြောသွားခဲ့တာပါ။

နောက်ထပ်ခြေလှမ်းသစ်တွေနဲ့ စိန်ခေါ်မှုအသစ်တွေအတွက် အသင်းကနေ ထွက်ခွာဖို့ အဆင်သင့်ရှိနေပြီး၊ ထွက်ခွာချိန်မှာ မန်ယူနိုက်တက်အသင်းနဲ့ပတ်သက်လို့ မကောင်းတဲ့ သတင်းတွေ ထုတ်ဖော်ပြောသွားဖို့ မရှိကြောင်း၊ သူဟာ မန်ယူအသင်းပရိသတ်တယောက် အမြဲတမ်း ဖြစ်နေမှာဖြစ်ကြောင်း ဂျာနယ်လစ် ဟင်နရီဝင့်တားနဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောခဲ့တာပါ။

တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အသင်းကနေ ထွက်ခွာမယ့်အကြောင်း ပြောဆိုပြီး နောက်တနေ့မှာပဲ ဖျားနာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အသင်းလေ့ကျင့်ရေးကွင်းကနေ အိမ်ပြန်စေလွှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
DVB

image