33 w - Translate

It’s always summer somewhere. 🪑🌴🍹

image
33 w - Translate

It’s always summer somewhere. 🪑🌴🍹

image
33 w - Translate

It’s always summer somewhere. 🪑🌴🍹

image
33 w - Translate

It’s always summer somewhere. 🪑🌴🍹

image
33 w - Translate

It’s always summer somewhere. 🪑🌴🍹

image
image
image
image
image
33 w - Translate

Me: After arguing with the whole house! 😒

image
33 w - Translate

မိမိ : ဝါးကျည်ထောက်ကသန့်ရဲ့လားအန်တီ

ဆိုင်ရှင်: တအားသန့်တာငါ့သားရဲ့ အန်တီကိုယ်တိုင်
လုပ်ထားတာ

image
33 w - Translate

All i want please 🥹🧸

image
33 w - Translate

တရုတ်နှင့်ဗီယက်နမ်တို့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်

ပေကျင်း၊နိုဝင်ဘာ ၁၃

တရုတ်ကွန်မြူနစ်ပါတီ၏ အကြီးတန်းအရာရှိ Chen Wenqing သည် ဗီယက်နမ်နိုင်ငံရေးဗျူရိုနှင့်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ပြည်ထဲရေး‌ကော်မရှင်ဥက္ကဌနှင့် ပေကျင်း၌ အင်္ဂါနေ့ကတွေ့ဆုံခဲ့ကြကြောင်းသိရသည်။

မစ္စတာ Chen က နှစ်နိုင်ငံထိပ်ပိုင်းခေါင်းဆောင်များ၏ မဟာဗျူဟာမြောက်လမ်းညွှန်မှုဖြင့် နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုအားကောင်းခဲ့ပြီး စဉ်ဆက်မပြန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ် - ဗီယက်နမ်အသိုက်အဝန်းအားတည်ဆောက်ရာ၌ ခိုင်မာသည့်တိုးတက်မှုရရှိစေခဲ့သည်ဟုလည်းဆိုခဲ့သည်။

ယင်းနောက် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များရရှိခဲ့သည့် အရေးကြီးသဘောတူညီမှုကို အကောင်အထည်ဖော်ရန်၊လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို အတူလက်တွဲအကောင်အထည်ဖော်ရန်၊နိုင်ငံရေးနှင့်ဥပဒေများတွင် နှီးနှောဖလှယ်ရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်းဆိုခဲ့သည်။

ထို့အပြင် ဒေသတွင်းနှင့်နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံလုံခြုံရေးကို တွန်းအားပေးဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ပါကြောင်းလည်းဆက်လက်ပြောကြားခဲ့သည်။

ဗီယက်နမ်ဘက်ကလည်း နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ဒေသတွင်းနှင့်နိုင်ငံတကာ တည်ငြိမ်ရေးပူးပေါင်းဆောင်ရွက်မှုများတွင် တရုတ်နှင့်လက်တွဲဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

image
Frankie shared a post  
33 w

33 w

"စည်ကားလှတဲ့ မြန်မာ့ရိုးရာပွဲတော်များစွာရှိနေတဲ့ မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်"

လမြတ်တန်ဆောင်တိုင်ရယ်လို့ ဆိုလိုက်တာနဲ့ အနယ်နယ်အရပ်ရပ်မှာ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ကထိန်သင်္ကန်း ကပ်လှူပွဲတော်၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲတော်၊မဲဇလီဖူးသုပ် ဝေငှတဲ့ပွဲတော်၊ကျီးမနိုးပွဲတော်၊သာမညဖလအခါတော်နေ့အထိမ်းအမှတ်ပွဲတော်၊တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်များနဲ့ အတူ မြန်မာနိုင်ငံ တစ်ဝန်း စည်ကားသာယာလှတဲ့ ပွဲတော်တွေကို ကျင်းပလေ့ရှိပါတယ်။

🌕သာမညဖလအခါတော်နေ့

မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက် တန်ဆောင်မုန်း လပြည့်နေ့မှာ မြတ်စွာဘုရားရှင်က အဇာတသတ်မင်းနဲ့ ပရိသတ်ကို သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရတဲ့ အကျိုး တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်တယ်လို့ သိရပါတယ်။

🌕ကထိန်ပွဲ၊မီးပုံးပျံ/မီးထွန်းပွဲတော်

တန်ဆောင်မုန်းလပြည့်နေ့ဆိုတာ ဗုဒ္ဓဘာသာနွယ်ဝင်တို့ရဲ့နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်ပြီးတန်ဆောင်တိုင်ပွဲတော်သည်လဲ ဘုရားရှင်ကို ရည်မှန်းကာ ဆီမီးထွန်းညှိပူဇော်သည့် ပွဲတော် ဖြစ်သလို တောင်ကြီးမြို့တွင်လဲ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ထင်ရှားစွာနဲ့ ပြုလုပ်ကြပါတယ်။

ဒါ့အပြင် ကထိန်သင်္ကန်း ကပ်လှူခွင့်ရတဲ့ နောက်ဆုံးနေ့ လဲဖြစ်ပြီး "ကထိန"ဆိုတဲ့ ပါဠိဝေါဟာရက ဆင်းသက်လာခဲ့တဲ့ ကထိန်ရဲ့ အဓိပ္ပာယ်မှာ 'မြဲမြံခြင်း၊ ခိုင်ခံ့ခြင်း' ဖြစ်ကာ ရဟန်းတော်များက မြဲမြံ ခိုင်ခံ့တဲ့ အကျိုးထူးငါးပါးကို ရရှိတဲ့အတွက် 'ကထိန်' လို့ ခေါ်ဆိုရတယ်လို့ လဲ ဆိုကြပါတယ်။

🌕မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ

လှူဒါန်းပူဇော်တဲ့ ပွဲတော်များကိုကျင်းပကြတဲ့ အထဲမှာမှ တန်ဆောင်တိုင်လရဲ့ မသိုးသင်္ကန်း ပွဲ ကလဲ မပါမဖြစ် ပြုလုပ်ကြရတာပါ။နေ့မကူး၊ ရက်မကူးစေဘဲ တစ်ရက်အတွင်း အပြီးရက်လုပ် လှူဒါန်းရတဲ့ သင်္ကန်းဖြစ်လို့ "မသိုးသင်္ကန်း"လို့ ခေါ်ဆိုရပြီး ကထိန်ကာလရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီ လဆန်း ၁၄ ရက်နေ့ ညနေပိုင်းတွင်မှ စတင်ရက်လုပ်ကြရပါတယ်။

လပြည့်နေ့ အရုဏ်မတက်မီ အပြီး ချုပ်လုပ်ကာ ကပ်လှူကြသည်ကို တွေ့ရပြီး ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင်စေတီတော် အစရှိတဲ့ ရန်ကုန်မြို့ရဲ့ ထင်ရှားလှတဲ့ ဘုရားတွေမှာ မသိုးသင်္ကန်း ရက်လုပ်ဆက်ကပ် လှူဒါန်းပွဲတော်များကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိကြပါတယ်။

🌕မဲဇလီဖူးသုပ် ဝေငှတဲ့ပွဲတော် နဲ့ ကျီးမနိုး/သူခိုးနက္ခတ် ပွဲတော်

လမြတ်တန်ဆောင်တိုင်ရဲ့ ဆေးပေါင်းခတဲ့လပြည့်ညမှာ မဲဇလီဖူးသုပ် ၊ မဲဇလီဖူးပြုတ်များ စားသောက်ကြသည့် ဓလေ့ဟာ ရှေးအစဉ်အလာတစ်ခုဖြစ်ပါတယ်။
လပြည့်ကျော်တစ်ရက်နေ့ညမှာတော့ ပျော်ရွှင်မှုကိုနှစ်သက် အလေးထားတဲ့ မြန်မာလူမျိုးများက ကျီးမနိုးပွဲပြုလုပ်ခြင်းကို သူခိုးနက္ခတ်ထွန်းလင်းသည်ဟု ယူဆကာ ကျင်းပကြပါတယ်။
အပြောင်၊အပြက်သဘောနဲ့ လူနေအိမ် အဆောက်အအုံများက အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်တဲ့ ပစ္စည်းတွေနဲ့ ဆိုင်းဘုတ်တွေကိုညအချိန်တိတ်တဆိတ်သယ်ယူကာ ရွှေ့ပြောင်းနေရာချထားတာတွေကို ရယ်မောပျော်ရွှင်ဖွယ်ရာအဖြစ် နောက်ပြောင် ကျီစယ်တဲ့ ပွဲတော်ကိုလဲ ကျင်းပကြပါတယ်။

အခုလိုမျိုး ဘုရားဟောတရားနဲ့အညီ တည်ရှိခဲ့ပြီး ဗုဒ္ဓဘာသာမြန်မာလူမျိုးများရဲ့ ရိုးရာဓလေ့ယဉ်ကျေးမှုများစုဝေးနေကာ စည်ကားလှတဲ့ "မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်"ဆိုတဲ့ တန်ဆောင်တိုင်လရဲ့ ပွဲတော်တွေအကြောင်းကို သိရှိနားလည်ကာ အစဉ်အလာမပျက် ပျော်ရွှင်စွာ ကျင်းပနိုင်ကြစေဖို့အရေး အကျိုးမျှော်ကာ ဓမ္မဒါနPage မှတစ်ဆင့် တင်ဆက်လိုက်ရပါတယ် ခင်ဗျာ။

"ပျော်ရွှင်စရာ လ တန်ဆောင်တိုင်လေးကို ဖြတ်သန်းနိုင်ကြပါစေ။"

#ဓမ္မဒါန
#frankiestories

image