1 နှစ် - ဘာသာပြန်ပါ။

ဒီလတွေမှာ ရလိုက်တဲ့သင်ခန်းစာက မမျှော်လင့်ဖို့ပဲ။
ဘယ်သူ့ကို ဘာပဲလုပ်ပေးပေး
ဘာတွေပဲ ဂရုစိုက်ခဲ့ခဲ့
ပေးတဲ့ အဆင့်မှာပဲ ချန်ခဲ့ ရပ်ခဲ့လိုက်။
ငါ့ကိုတော့ ဒီလူတွေကတော့ ပြန်ကောင်းပေးမှာပဲ
ငါ့အခြေအနေကိုတော့ နားလည်ပေးမှာပဲ ငါ့ကိုပြန်ဂရုစိုက်ပေးမှာပဲလို့ ဘယ်တော့မှ မတွေးနဲ့ မမျှော်လင့်နဲ့
အဲ့ဒါ တော်တော်လေး ရင်ခံစေနိုင်တဲ့ false hopeပဲ ။

#olia

💭#စာရယ်ကဗျာရယ်

image
1 နှစ် - ဘာသာပြန်ပါ။

Boonie Bears: Blast into the Past (2019)

ရှုန်တာ့ ရှုန်အော့ဆိုတဲ့ဝက်ဝံညီအစ်ကိုတို့ နဲ့ကတုံးကြီးတို့ဟာ ခရီးသွားတွေကို ရှေးခေတ်ပစ္စည်းတွေအကြောင်းရှင်းပြပြီးနောက် မတော်တဆ ဂူထဲကအပေါက်တစ်ခုကိုနှိပ်မိပြီး ရှေးဦးခေတ်ကို ပြန်ရောက်သွားခဲ့ပါတယ်
ရှေးဦးခေတ်မှာ ရှုန်တာ့တစ်ယောက်ရှုန်အော့တို့နဲ့ ကွဲသွားခဲ့ပြီး ဝါးရုံတောကိုရောက်ရှိသွားခဲ့ပါတယ် တစ်ဖက်မှာလည်း ရှုန်အော့တို့ကတော့ လူရိုင်းမျိုးစုနဲ့တွေ့ဆုံခဲ့ပါတယ်
ရှုန်တာ့တစ်ယောက် သူ့ညီရှုန်အော့ တို့နဲ့ ပြန်လည်ပေါင်းစည်းနိုင်ပြီး ယနေ့ခေတ်ကိုပြန်လည်ရောက်ရှိလာနိုင်မှာလား….
ဖေးဖေး ကရော ရဲစွမ်းသတ္တိသီးကိုယူနိုင်မှာလား..

🌼🍀 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🍀🌼 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1568

image
1 နှစ် - ဘာသာပြန်ပါ။

မျိုးရွေးချယ်ခြင်း

~~~~~~~~~~~

ဒေသဖရုံသီးမျိုးပေါင်းများစွာရှိသည်။ အသီးပုံစံအားဖြင့် လုံးပြားပုံနှင့် ဘောင်စောက် လုံးရှည်ပုံများရှိ သည်။ အတွင်းသားကို ရွှေဝါရောင်ရင့်နှင့် အဝါဖျော့ဟူ၍ ခွဲခြားနိုင်သည်။ ရွှေဖရုံသီးသည် အရောင်ပိုရင့်လေ ပိုစေးလေဖြစ်ပြီး၊ ဗီတာမင်အေဓာတ်ပါဝင်မှု ပိုမိုများသည်။ အပြင်အခွံရောင်အလိုက်အစက် အပျောက်ပါသော စိမ်းဖျော့၊ စိမ်းရင့်နှင့် ပြောင်စိမ်းရင့်၊ ပြောင်စိမ်းနုဟူ၍ ခွဲနိုင်ပြီး ရင့်ပါက အညိုရောင်သို့ ပြောင်းသွားလျက် အစက်အပျောက်များ ပျောက်သွားသည်။ အရွက်တွင် အဖြူရောင် အစက်အပျောက်ပါသော မျိုးနှင့် မပါသောပြောင်မျိုးဟု ခွဲနိုင်သည်။ အစေ့တွင် ရိုးရိုးအဖြူဖျော့ရောင်နှင့် အမဲရောင်ဟူ၍ခွဲနိုင်သည်။ သက်ကြီးမျိုးများသည်နေ့တာတိုမှ အမပွင့်ပွင့်၍ အသီးတင်နိုင်သည်။ များသောအားဖြင့် မိုးအကုန်ဆောင်းဦးတွင် စိုက်လျှင် အားလုံးပွင့်သီးသော်လည်း မိုးကြိုနှင့် မိုးဦးစိုက်ဒေသများတွင် သက်ငယ်မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ ရန်ကုန်နှင့် မန္တလေးဈေးကွက်တွင် ပုတီးကုန်း ရွှေဖရုံနှင့် လယ်ဝေး၊ တပ်ကုန်းရွှေဖရုံများမှာ ထင်ရှားသည်။ သက်ငယ်မျိုးသည်စိုက်ပြီး ရက် ၁၀၀ တွင် စတင်ခူးနိုင်ပြီး သက်ကြီးမျိုးမှာ စိုက်ပြီး ရက် ၁၂၀ အထက်တွင် ရှိသည်။ အကြမ်းအားဖြင့် အစေ့အမဲရောင်နှင့် အရွက်ပြောင်မျိုးများသည် သက်ကြီးမျိုးများဖြစ်သည်။ ဒေသ မျိုးများစွာရှိပြီး ရောဂါနှင့်ပိုမွှားဒဏ်ခံနိုင်၍ ဒေသနှင့် ကိုက်ညီသောမျိုးကို ရွေးချယ်စိုက်ပျိုးရပါမည်။

ပျိုးထောင်ခြင်း

~~~~~~~~~~~

တိုက်ရိုက်အစေ့ချနည်းကိုသာ သုံးကြသည်။ မိုးရာသီတွင် စနစ်တကျပျိုးထောင်၍ စင်တင်စိုက်ပျိုးသင့် ပါသည်။ မြေဆီသြဇာ ထက်သန်မှုကို ကြိုက်နှစ်သက်၍ သဘာဝမြေသြဇာ ကြက်ချေး၊ နွားချေး၊ တီစူပါအရောကို ဇကာချ၍ စိုက်ဘောင်(သို့) ပျိုးမြေကို သမစွာရောမွှေပြီး စိုက်ပျိုးသင့်ပါသည်။ မျိုးစေ့ကို အညှောင့်ဖောက်၍ လက်မဝက်ခန့်သာ ဒေါင်လိုက်မြုပ်ရပါမည်။ ပျိုးသက် ၂၁-၂၅ ရက်သားတွင် စိုက်ခင်းသို့ ရွှေ့စိုက်နိုင်သည်။ တစ်ဧကအတွက် မျိုးစေ့ ၂-၃ ကီလို လိုအပ်သည်။

မြေပြုပြင်ခြင်း

~~~~~~~~~~~

စင်တင်စိုက်ပျိုးပါက ဘောင်ကို သုံးပေအကျယ်၊ တစ်ပေအမြင့်၊ စင်အပြည့်ဘောင်ဆွဲ၍ သဘာဝမြေသြဇာ၊ နွားချေးနှင့်တီစူပါဓာတ်မြေသြဇာကိုရော၍ သမပြီး စိုက်ပျိုးရပါမည်။ ယာမြေ၊ လယ်မြေတွင် မြေလွှတ်စိုက်ပါက စိုက်မြောင်း၊ ရေသွင်းမြောင်းကို ထယ်ဖြင့်ဖော်၍ သဘာဝနှင့်ဓာတ်မြေသြဇာများကို ထည့်သွင်းစိုက်ပျိုးရပါ မည်။ မြေကိုညက်မှုန့်နေသည်အထိ ထယ်ထိုးထွန်မွှေထားသောမြေတွင် ရှစ်ပေပတ်လည်ကြား စိုက်ကျင်းဖော်၍ ရေလောင်းစိုက်နိုင်ပါသည်။စတင်စိုက်ပျိုးခြင်းတွင် တစ်ပင်နှင့်တစ်ပင် သုံးပေခြားစိုက်၍ မြေလွှတ်ရေသွင်းစိုက်နည်းတွင် တန်းကြား၊ပင်ကြား ၁၅ ထ ၂ ပေထား စိုက်ရပါမည်။ အရွက်ငါးရွက်ရှိချိန်တွင် ခေါင်နှိမ်ပေးပြီး အညွန့်ပြေးလမ်းရှိ ပေါင်းများကို နှိမ်နင်းထားပေးရပါမည်။

မြေသြဇာကျွေးခြင်း

~~~~~~~~~~~

ဖရုံတစ်ဧကအတွက် သဘာဝမြေသြဇာ၊ နွားချေး ၁၀ စီးမှ ၂၀ စီး၊ ယူရီးယား ၁-၂ အိတ်၊ တီစပါ ၂-၄ အိတ်၊ ဓာတ်ဆား ၁-၂ အိတ်ထည့်ပေးသင့်ပါသည်။ စိုက်ပြီး တစ်ပတ်သားတွင် အပင်ခြေမှ ခြောက်လက်မခွာ၍ ယူရီးယားတစ်ဇွန်း၊ ပိုတက်ရှ်တစ်ဇွန်းအား အပင်ခြေကိုဝိုက်၍ ကျွေးပေးရပါမည်။ အစာကြေးပြီးပြီးချင်း ရေလောင်းပေးရပါမည်။

စိုက်ခြင်း၊ ပေါင်းခြင်း၊ ရေသွင်းခြင်းနှင့် အပင်ပိုးမွှားရောဂါ

~~~~~~~~~~~~~~~~~~~~~~

ပျိုးသက် ၂၁-၂၅ ရက်သားတွင် ရွှေ့စိုက်နိုင်ပြီး စိုက်ပြီးချိန်တွင် ရေဝအောင်လောင်းရမည်။ သီးကင်းဝင်ချိန်တွင် ရေအစိုဓာတ်ပြတ်ပါက ရေသွင်းပေးရပါမည်။အပင်ငယ်စဉ်တွင် ဗူး၊ ဖရုံကျိုင်းငယ်များကျရောက် ဖျက်စီးတတ်၍ ထိသေဆေးတစ်မျိုးမျိုးဖြင့် နှိမ်နင်း ပါ။ ပျကဲ့သို့ စုတ်စားပိုးများကျရောက်တတ်ပြီး ဂရုတ်စိုက်ကာကွယ်ရပါမည်။ ရွက်ခြောက်ရောဂါ၊ ခါးရိရောဂါများ ကျရောက်ပါက မှိုသတ်ဆေးကို ကာကွယ်ပက်ဖျန်းရပါမည်။

ဆွတ်ခူးခြင်း၊ မျိုးစေ့ထုတ်ခြင်း

~~~~~~~~~~~

ဝတ်မှုန်ကူးပြီး ရက် ၅၀ အကြာတွင် စားသုံးရန် ရင့်သောအဆင့်သို့ရောက်ပြီး အစေ့ထုတ်လိုပါက ရက် ၆၀ ကျော်မှ ခူးဆွတ်သင့်သည်။ အသီးများကို အရိပ်ထဲတွင် နှစ်ပတ်ခန့်ထားပြီးမှသာ အစေ့ကို ထုတ်ယူ၍ ဆေးကြော၊ နေလှန်းပြီးသိုလှောင်သင့်ပါသည်။

ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)

#crd
#greengarden

image
1 နှစ် - ဘာသာပြန်ပါ။

ဘဝမှာ ကိုယ့်အားကိုယ်ကိုးရမှာ
မကြောက်နဲ့ ။ 🙅‍♂️
သူများကို အားကိုးချင်တဲ့
စိတ်လေးဖြစ်ပေါ်နေတာကမှ
ကြောက်ဖို့ကောင်းတာပါ။
ဘဝမှာ ဆင်းဆင်းရဲရဲနဲ့
နေရမှာ ကိုမရှက်နဲ့။
စိတ်ဓာတ်တွေ
အောက်တန်းကျနေတာကမှ
ပိုရှက်ဖို့ကောင်းတာပါ။
ဘဝမှာ သူများဝေဖန်မှာကို
မကြောက်နဲ့ ။
သူများဝေဖန်မှာကို ကြောက်ပြီး
ဘာမှ မလုပ်ပဲ အချိန်တွေ
အလကားဖြစ်မှာကိုပဲ
တွေးကြောက်ပါ။
ဘဝမှာမဖြစ်နိူင်တာမရှိဘူး
ဖြစ်အောင် မလုပ်နိူင်တာပဲရှိတာပါ။
ကြိုးစားရင် အရာအားလုံးက
ဖြစ်နိူင်တာချည်းပါပဲ။
(1) ကြောက်စိတ်တွေ
(2) တွေဝေမှုတွေ
(3) ပူပန်မှုတွေနဲ့
(4) ဘဝကို မရှင်သန်ပါနဲ့
(5) လွတ်လပ်စွာ ပျံသန်းပါ။
ဘဝလေ အဟုန်မှာ
ကိုယ် ခွန်အား စိုက်ရင်
စိုက်သလောက်တော့
အမြင့်ရောက်ပါတယ်။
ဒါပေမယ့် ဘဝင်တော့မမြင့်ပါနဲ့
အကျနာ တတ်ပါတယ်။ 🌿🍀🍀
#စာပေ

image
1 နှစ် - ဘာသာပြန်ပါ။

◾️Junior Accountant - Yangon
Company: Crown Advanced Construction
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/23058

◾️ELT Class Instructor - Yangon
Company: GETC
Salary Range: MMK 1,500,000 - 2,000,000
https://www.joimyanmar.com/job/detail/23057

◾️Senior Accountant - Yangon
Company: Spring Of Success
Salary Range: MMK 800,000 - 900,000
https://www.joimyanmar.com/job/detail/23056

◾️Preschool Class Teacher - Yangon
Company: Nurture Preschool
Salary Range: MMK 600,000 - 700,000
https://www.joimyanmar.com/job/detail/23055

image
1 နှစ် - ဘာသာပြန်ပါ။

ကနေဒါနိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အံ့မခန်း ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
နှစ်ပေါင်း သန်း ၁၁၀ သက်တမ်းရှိတဲ့ ဒီ Borealopelta markmitchelli ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ထိန်းသိမ်းနိုင်ခဲ့တဲ့ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒီကျောက်ဖြစ်ရုပ်ကြွင်းကို ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်က Suncor Millennium Mine မိုင်းတွင်းမှာ ၂၀၁၁ ခုနှစ်တုန်းက မတော်တဆ တွေ့ရှိခဲ့တာပါ။
ထူးခြားတာကတော့ အရေပြားရဲ့ မျက်နှာပြင်ပုံစံ၊ အရိုးချွန် (Osteoderms) တွေနဲ့ မူလအရောင်အချို့တောင် သိသိသာသာ ပါရှိနေတာပါ။ ဒီအချက်တွေကြောင့် သက်ရှိဒိုင်နိုဆောတစ်ကောင်ရဲ့ အသွင်အပြင်ကို ပြန် လည်မြင်ယောင်နိုင်စေပါတယ်။
ခန့်မှန်းခြေအားဖြင့် အလေးချိန် ၁၃၀၀ ကီလိုဂရမ် နဲ့ အလျား ၅.၅ မီတာ ရှိတဲ့ ဒီ Borealopelta ဟာ အပင်စား ဒိုင်နိုဆော အမျိုးအစား ဖြစ်ပါတယ်။ သူ့ရဲ့ အရေပြားမှာပါတဲ့ ဆူးချွန်တွေက သားရဲတိရစ္ဆာန်တွေရန်က ကာကွယ်ဖို့ ဖြစ်နိုင်ပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ Borealopelta ဟာ ရှေးခေတ်ပင်လယ်ပြင်အတွင်း မျောပါနစ်မြုပ်သွားပြီးနောက် ပင်လယ်ရေအောက်ရှိ သတ္တုဓာတ်တွေကြောင့် လျင်မြန်စွာ ကျောက်ဖြစ်ခဲ့တယ်လို့ ယူဆကြပါတယ်။
လက်ရှိမှာတော့ Royal Tyrrell ပြတိုက်မှာ ပြသထားတဲ့
ဒီကျောက်ဖြစ်ရုပ်ကြွင်းဟာ ဒိုင်နိုဆောတွေရဲ့ ဇီဝဗေဒဆိုင်ရာ အချက်အလက်များ၊ ၎င်းတို့ရဲ့ နေထိုင်ကျက်စားမှုပုံစံများနှင့် ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ သုတေသနတွေအတွက် အလွန်အရေးပါတဲ့ အထောက်အထားတစ်ခုဖြစ်ပါတယ်။
ထို့အပြင် ပညာရှင်တွေဟာ ဒီကျောက်ဖြစ်ရုပ်ကြွင်းကို ပြုပြင်ဖို့ချည်းပဲ နာရီပေါင်း ၇၀၀၀ ကျော်အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။
#knowledge

image
1 နှစ် - ဘာသာပြန်ပါ။

ဘုရင့်ပွဲကြည့်ဆောင်ရှေ့က စခန်းချထားသောရွက်ဖျင်တဲများ

#crd

image
1 နှစ် - ဘာသာပြန်ပါ။

Nails arts

image
1 နှစ် - ဘာသာပြန်ပါ။

Nails arts

image
1 နှစ် - ဘာသာပြန်ပါ။

Nails arts

image