ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#နိုင်ငံတကာသတင်း
◼ တောင်ကိုရီးယားတိုက်လေယာဉ်မှားယွင်းဗုံးကြဲမှုဒဏ်ရာရသူ ၂၉ ဦး အထိရှိလာ
တောင်ကိုရီးယားတိုက်လေယာဉ်နှစ်စီးက အရပ်သားများနေထိုင်ရာဒေသတစ်ခုအား ယမန်နေ့က မှားယွင်းဗုံးကြဲခဲ့သည့် ဖြစ်စဉ်၌ ဒဏ်ရာရရှိခဲ့သူ အရေ အတွက်မှာ အရပ်သား ၁၅ ဦး နှင့် စစ်သား ၁၄ ဦးအထိ များပြားလာခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
နောက်ဆုံးကောက်ယူထားသောစာရင်းတွင် ဗုံးပေါက်ကွဲမှုများကြောင့် နားထိခိုက်ဒဏ်ရာရသူများ ၊ ပြင်းထန်သောခေါင်းကိုက်ဝေဒနာ နှင့် စိုးရိမ်သောကဝေဒနာခံစားခဲ့ရသူများ ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ဟာကျူက သတင်းထောက်များအား ပြောကြားသည်။
ယမန်နေ့တွင် တောင်ကိုရီးယားတိုက်လေယာဉ်နှစ်စီး က အရပ်သားများ နေထိုင်သော မြို့နယ်တစ်ခုပေါ်သို့ ဗုံးနှစ်လုံးကို မှားယွင်းကြဲချခဲ့ကြပြီး ယင်းဗုံးများ ပေါက်ကွဲမှုကြောင့် နေအိမ်များနှင့် အဆောက်အဦးများ လှုပ်ရမ်း တုန်ခါသွားသည်ကို ရုပ်သံမှတ်တမ်းများတွင် မြင်တွေ့ရသည်။
မှားယွင်းဗုံးကြဲခံခဲ့ရသော ပိုချောင်းမြို့နယ်သည် ဆိုးလ်မြို့တော်မှ ၂၅ မိုင်သာ ကွာဝေးပြီး မြောက်ကိုရီးယားနှင့်နယ်စပ်အနီးရှိ စစ်ရေးလေ့ကျင့်သည့်ဧရိယာ အပြင်ဘက်နားတွင် တည်ရှိကြောင်းသိရသည်။
ဒဏ်ရာပြင်းထန်သူ နှစ်ဦးအပါအဝင် ဒဏ်ရာရရှိသူ ကိုးဦးအား ဆေးရုံတင်ထားရကြောင်း စစ်ဘက်ပြောခွင့်ရသူ က ပြောကြားသည်။
ကျည်အစစ်များဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း တိုက်လေယာဉ်မှူးတစ်ဦးက အချက်အလက်များ မှားယွင်းထည့်သွင်းမိခဲ့ပြီးနောက် Mk82 အမျိုးအစား ပေါင် ၅၀၀ ဗုံး ရှစ်လုံးသည် သတ်မှတ်ထားသော ဧရိယာပြင်ပသို့ ကျရောက်ခဲ့ကြောင်း စစ်ဘက်ကပြောကြားခဲ့သည်။
မည်သို့ဖြစ်ပျက်ခဲ့သည်ကိုအတိအကျသိရှိချိန်အထိကျည်အစစ်ဖြင့်လေ့ကျင်မှုများအား ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားထားသည်။
သို့သော်ယင်းဖြစ်ရပ်ကြောင့်တနင်္လာနေ့တွင်စတင်မည့်တောင်ကိုရီးယားနှင့်အမေရိကန်တို့၏ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ထိခိုက်မည်မဟုတ်ကြောင်း စစ်ဘက်က ပြောကြားသည်။
ပိုချောင်း မြို့နယ်တွင် နေထိုင်သူများ၏ ဘဝ နှင့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသော စစ်ရေးလေ့ကျင့်မှုများကို ရပ်တန့်ရန် တောင်းဆိုကာ မြို့ခံများ နှင့် တက်ကြွလှုပ်ရှားသူ များစွာက ဆိုးလ်မြို့ရှိ ကာကွယ်ရေးဝန်ကြီးဌာနအနီးတွင် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
ကူညီနိုင်တာ ကူညီပေးလိုက်တယ်
လုပ်ပေးနိုင်တာ လုပ်ပေးလိုက်တယ်
ဒါပေမဲ့ လူတွေရဲ့အကြောင်းကို သိလာတော့
ရင်ဘက်ကြီးနဲ့ရင်းပြီး မပေါင်းတော့ဘူး...။
#စာတို
သတိရခြင်းတွေနဲ့
မထိုက်တန်တဲ့သူကို
မေ့ပစ်ခြင်းဖြင့် အနိုင်ယူပါ ...
ကိုယ့်ကို မုန်းနေတဲ့သူကို
အပြုံးတွေနဲ့အနိုင်ယူပါ ....
ကိုယ့်ကို ရှုံးစေချင်တဲ့သူကို
ဒူးမထောက် လက်မမြှောက်ခြင်းဖြင့်
အနိုင်ယူပါ ....
လောကမှာ
အမြဲတမ်း အငြိုးထားစရာမလိုပါဘူး
ကိုယ့်လမ်းကိုယ်လျှောက်ပြီး
ပေါ့ပေါ့ပါးပါးလေး
အနိုင်ယူတတ်ရင်လဲ ဖြစ်ပါတယ် ။
#စာရယ်ကဗျာရယ်
သူအလုပ်အဆင်ပြေတယ်
လစာကောင်းတယ်ဆိုပြီး
ပိုက်ဆံခနခနလာမချေးကြပါနဲ့
လူတိုင်းမှာသူ့အခက်အခဲနဲ့သူ ပဲ
တာဝန်ယူတတ်တဲ့သူက
ပိုပြီးပင်ပန်းတယ်ဆိုတာ
ပေါ့ပေါ့နေပေါ့ပေါ့စားတဲ့ သူတွေနားလည်မှာမဟုတ်ဘူး
ကိုယ့်ကိုမှီခိုနေတဲ့သူတွေ အဆင်ပြေပါစေဆိုပြီး
လိုချင်တာတွေ ဖြစ်ချင်တာတွေကို
ဥပက္ခာပြုလိုက်ရတဲ့ အခိုက်တန့်တွေ အများကြီးရှိတယ်...။
#crd_
လူအများစုက မကောင်းတဲ့အတွေးတွေ ၊ စိတ်ခံစားမှုတွေနဲ့ ဖိစီးနေတတ်ကြတယ် ၊ နစ်နာခဲ့တဲ့ ဆုံးရှုံးမှုတွေကြောင့် နာကျင်ဖို့ကောင်းတဲ့ အမှတ်ရစရာတွေ ဖြစ်ပေါ်လာတတ်သလို မျှော်လင့်ချက်တွေပျက် ၊ စိတ်ကူးယဉ်အိပ်မက်တွေ ပြိုကွဲခဲ့ရလို့ မချိတင်ကဲခံစားမှုတွေလည်း ဖြစ်ပေါ်တတ်ပါတယ် ။
အဲဒီမကောင်းတဲ့အတွေးတွေ ၊ စိတ်ခံစားမှုတွေကို ကိုယ်နဲ့အတူ သယ်သွားတတ်ကြတယ် ။ ဒီလိုသယ်သွားနေသရွေ့ စိတ်နေသဘောထား ၊ ကျန်းမာရေး နဲ့ အချစ်ရေးအပေါ်မှာ သက်ရောက်မှုတွေ ရှိလာတဲ့အခါ ကျွန်တော်တို့ရဲ့အကောင်းဆုံး အလုပ်လုပ်နိုင်စွမ်းကို ဟန့်တားထားတယ် ။ အချိန် နဲ့ အာရုံစူးစိုက်ရတဲ့ အရင်းအမြစ်တွေကို အကောင်းဆုံး အသုံးမပြုနိုင်အောင် တားဆီးထားတယ် ။
ကိုယ့်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ဒေါသတွေ ၊ နောင်တတွေနဲ့ နာကျင်စရာ အမှတ်ရစရာတွေကို ကိုယ်နဲ့ ခွဲထုတ်ပစ်လိုက်တာ နဲ့ စိတ်လွတ်လပ်မှုကို ခံစားရပါပြီ ။
#လွှတ်ချသင့်တာလွှတ်ချပြီးရှေ့ဆက်ပါ
တိဗက်ဒေသ၏အထင်ကရ ပိုတာလာ နန်းတော်
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
တရုတ်နိုင်ငံ၊ တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (Lhasa) လာဆာမြို့မှာတည်ရှိတဲ့ (Potala Palace) ပိုတာလာနန်းတော်ဟာ ၁၇ ရာစုကတည်းက ဒလိုင်းလားမား၏ ဆောင်းရာသီ စံအိမ်ဖြစ်ခဲ့ပါတယ်။
ဉာဏ်အလင်းပွင့်ခြင်း သင်္ကေတအဖြစ် တောင်ထိပ်မှာ တည်ရှိတဲ့ ဒီနန်းတော်ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အထွတ်အမြတ်ထားရာ နေရာတစ်ခုဖြစ်ပြီး တိဗက်
ဒေသ ရဲ့ အထင်ကရ အဆောက်အအုံတစ်ခုလည်း ဖြစ်ပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃,၇၀၀ (ပေ ၁၂,၁၀၀) မြင့်သော Marpo Ri (Red Hill) တောင်ကုန်းပေါ်တွင် တည်ရှိသော ဤနန်းတော်သည် လာဆာမြို့ တစ်မြို့လုံးကို အပေါ်စီးမှ မြင်တွေ့နိင်ပြီး ၎င်းရဲ့ ကြီးမားမှုကို ပိုမိုထင်ရှားစေပါတယ်။
နန်းတော်ကို ၆၃၇ ခုနှစ်တွင် တိဗက်ဘုရင် ဆုန်ဆန်ဂမ်ပို (Songtsen Gampo) က စတင်တည်ဆောက်ခဲ့သည်ဟု ယုံကြည်ရပြီး ၁၇ ရာစုတွင် ၅ ဆက်မြောက် ဒလိုင်းလားမားက ပြန်လည်တည်ဆောက်ခဲ့ကာ အုပ်ချုပ်ရေး ဗဟို ချက်အဖြစ် အသုံးပြုခဲ့ပါတယ်။
ကြီးမားထည်ဝါလှသော ဤနန်းတော်ကြီးသည် အထပ် ၁၃ ထပ်၊ အမြင့် ၁၁၇ မီတာ (၃၈၄ ပေ)၊အကျယ်အဝန်း စတုရန်းမီတာ ၁၃၀,၀၀၀ (စတုရန်းပေ ၁,၄၀၀,၀၀၀) ရှိပြီး အခန်းပေါင်း ၁,၀၀၀ ကျော် ပါဝင်တယ်။
ထို့အပြင် ခိုင်ခံ့သော ကျောက်တုံးကြီးများဖြင့် တည် ဆောက်ထားသည့် နန်းတော်နံရံများသည် အောက်ခြေတွင် ၅ မီတာ (၁၆ ပေ) အထိ ထူပြီး အပေါ်ပိုင်းတွင် ၃ မီတာ (၁၀ ပေ) အထိထူကာ ငလျင်ဒဏ်ခံနိုင်အောင် စီမံတည်ဆောက်ထားပါတယ်။
အထူးသဖြင့် နန်းတော်၏ နံရံအောက်ခြေများကို အရည် ကျိုထားသော ကြေးနီများဖြင့် ဖြည့်တင်းထားခြင်းမှာ ထူးခြားချက်တစ်ခုပင်ဖြစ်ပါတယ်။
နန်းတော်ကို အနီရောင်နန်းတော်နှင့် အဖြူရောင်နန်းတော် ဟူ၍ အစိတ်အပိုင်းနှစ်ခု ခွဲခြားထားပါတယ်။ အနီရောင်နန်းတော်သည် ဘာသာရေးဆိုင်ရာ လေ့လာမှုများ နှင့် ဗုဒ္ဓဘာသာ ဆုတောင်းမှုများအတွက် အသုံးပြုသည့်နေရာဖြစ်ပြီး အဖြူရောင်နန်းတော်တွင် ဒလိုင်းလာမား၏ နေထိုင်ရာ၊ အစည်းအဝေးခန်းမနှင့် အစိုးရရုံးများ တည်ရှိပါတယ်။
နန်းတော်အတွင်း၌ စေတီပေါင်း ၁၀,၀၀၀ နှင့် ရုပ်ပွား တော်ပေါင်း ၂၀၀,၀၀၀ နီးပါး ထားရှိပူဇော်ထားပြီး
တိဗက်၊ တရုတ်နှင့် အိန္ဒိယ ဗိသုကာစတိုင်များ ပေါင်းစပ်ထားသည့် လက်ရာမြောက်လှသော ပန်းချီကားများ၊ ပန်းပုလက်ရာများဖြင့် ခမ်းနားစွာ အလှဆင်ထားပါတယ်။
၁၉၅၉ ခုနှစ် တိဗက်အရေးအခင်းအတွင်း အနည်းငယ် ပျက်စီးမှုများ ရှိခဲ့သော်လည်း ၁၉၈၉ ခုနှစ်တွင် ပြန်လည်ပြုပြင်ပြီး ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့ကာ ၁၉၉၄ ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ယနေ့ခေတ်တွင် ပိုတာလာနန်းတော်သည် တိဗက်ဒေသ ၏ အဓိက ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများ လာရောက်လည်ပတ်လျက်ရှိပါတယ်။
ထို့အပြင် ပိုတာလာနန်းတော် သည် တိဗက်၏ ယဉ်ကျေး မှုနှင့် သမိုင်းအမွေအနှစ်များကို ထင်ဟပ်ပြသနေသည့် အထင်ကရ အဆောက်အအုံတစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များအတွက်လည်း အထွတ်အမြတ်ထားရာ နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။
#knowledge