3 w - Translate

အဖြေလွှာ လေးသိန်းကျော် မီးလောင်မှုကြောင့် ပြန်ဖြေရမယ့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် အချိန်စာရင်းထွက်ပြီ (ကျောင်းသားများ ဆန္ဒမပါဘဲ အတင်းဖြေခိုင်းခြင်းကို ပြည်သူများ လက်မခံကြ)
မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်ရှိ တက္ကသိုလ်ဝင်တန်း အဖြေလွှာ လေးသိန်းကျော် မီးလောင် ပျက်စီးခဲ့ရပါတယ်။ ကချင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်ရှိ အဖြေလွှာများ ပျက်စီးသွားတာကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြန်လည်ဖြေဆိုရမှာ ဖြစ်တယ်လို့ သိရပါတယ်။
စာမေးပွဲအချိန်ကတော့ မနက် (၉) နာရီမှ (၁၂) နာရီအထိ ဖြစ်ပြီး အချိန်စာရင်းကို အောက်မှာ ဖော်ပြထားပါတယ်။
(၁) ၁၆-၆-၂၀၂၅ (တနင်္လာနေ့) - မြန်မာစာ
(၂) ၁၇-၆-၂၀၂၅ (အင်္ဂါနေ့) - အင်္ဂလိပ်စာ
(၃) ၁၈-၆-၂၀၂၅ (ဗုဒ္ဓဟူးနေ့) - သင်္ချာ
(၄) ၁၉-၆-၂၀၂၅ (ကြာသပတေး) - ဓာတုဗေဒ/ပထဝီဝင်
(၅) ၂၀-၆-၂၀၂၅ (သောကြာ) - ရူပဗေဒ/သမိုင်း
(၆) ၂၁-၆-၂၀၂၅ (စနေ) - ဇီဝဗေဒ/ဘောဂဗေဒ
ငလျင်ဒဏ်ခံစားနေရပြီး ပြန်လည်ထူထောင်ဖို့ ခက်ခဲနေချိန်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုရမှာ ဖြစ်တာကြောင့် ပြည်သူများ အနေနဲ့ အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။
#တက္ကသိုလ်ဝင်တန်း
#ပြန်ဖြေ

image