ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တန်ဖိုးထားရင်
တန်ဖိုးများတာပါပဲ ။
အမျိုးသားပဲ ဖြစ်ဖြစ်
အမျိုးသမီး ဖြစ်ဖြစ်ပေါ့ ။
တန်ဖိုးထားပီး အချစ်ခံရရင်
လူတွေဟာ ပျော်ရွှင်ပီး တောက်ပကြတာပဲ ။
တန်ဖိုးထားတဲ့ ဥယျာန်မှူးဆီမှာ
ပန်းလှလှကလေးတွေ
ပိုပွင့်တာ ဘာများဆန်းသလဲ ။
🤍🌻
#စာရယ်ကဗျာရယ်
ကြောင်နဲ့ကြွက် Version အသစ်လို့ပြောရလောက်တဲ့ကားလေး
Cat Burglar ( 2022 )
ကြောင်နဲ့ကြွက်တို အော်ဂီတိုလိုမျိုး စကားပြောနည်းနည်းနဲ့ ရီစရာကာတွန်းကားလေး တစ်ကားပါ။
ပြတိုက်ကို ဖောက်ထွင်းရေးလုပ်မယ့် ကြောင်လေးနေရာကနေ ကြည့်ရှူသူက ဝင်ရောက်ဆော့ကစားသလိုမျိုးလေး တင်ဆက်ပေးထားမိုလို ထူးထူးခြားခြားလဲ ခံစားရမှာပါ။
အဖြစ်အပျက်တစ်ခုတည်းကိုပဲ ဖြစ်နိုင်ခြေတွေအများကြီး ကွဲပြားသွားနိုင်တယ်ဆိုတဲ့ သီအိုရီတွေကိုလဲ ထည့်သွင်းတင်ဆက်ထားတာမလို ကြည့်ရင်း ဟာသအလွဲတွေနဲ့အတူ ခေါင်းမူးသွားနိုင်လို သံပုရာရည်လေးသောက်ပြီးကြည့်ဖို အကြံပြုချင်ပါတယ်
ကြည့်ရန်နှိပ်ပါ
t.me/ActionDramammsub/1025
Main channel
t.me/addlist/43SAvNGGjGExNWVl
Kisaragi Station (2022)
ဂျပန်မှာရှိတဲ့ ဒဏ္ဍာရီသရဲပုံပြင်တွေအများကြီးကမှ ၂၀၀၄ ခုနှစ်မှာ အင်တာနက်ပေါ်စတင်ရောက်ရှိ နာမည်ကြီးလာခဲ့တဲ့ ကီဆာရာဂီ ဘူတာရုံအကြောင်းကို ပြန်လည်စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်လိုက်ပါရစေ
ကီဆာရာဂီဘူတာရုံဆိုတာ အပြင်မှာမရှိတဲ့ ဘူတာရုံတစ်ခု ဟာဆာမီ ဆိုတဲ့အကောင့်နာမည်တစ်ခုကနေ စတင်ဝေမျှရင်း နာမည်ကြီးလာတဲ့ ဒဏ္ဍာရီတစ်ပုဒ်
ဇာတ်လမ်းအစမှာပေါ့ ‘ဆုဆုမီ’ဆိုတဲ့ ကော်လိပ်ကျောင်းသူဟာ သူမရဲ့ သုတေသနစာတမ်းအတွက် ကီဆာရာဂီဘူတာမှပြန်လည်ရောက်ရှိလာသူ ကျောင်းဆရာမ ‘ဟယာမာ’ကို အင်တာဗျူးဖို့ ရောက်လာခဲ့တယ်
‘ဟယာမာ’ဟာ တူမလေးဖြစ်တဲ့ ‘ရင်’နဲ့အတူ နေထိုင်လျက်ရှိတယ်
သူမရဲ့ အဖြစ်အပျက်ကို လုံးစေ့ပတ်စေ့ သေချာပြောပြပြီးချိန်မှာ ဆုဆုမီတစ်ယောက် စမ်းသပ်ရင်း ကီဆာရာဂီဘူတာသို့ ရောက်ရှိသွားတဲ့အခါ…
သည်းထိတ်ရင်ဖိုရပြီး လှည့်ကွက်တွေပါတဲ့အပြင် အမှန်အကန် လန့်ရမယ့် ဇာတ်လမ်းလေးတစ်ဖြစ်လဲ IMDb 6.3အထိ ရရှိထားတာမို့ မကောင်းမှာမပူရဘူးနော် ။
ဇာတ်ကားလင့်
https://t.me/c/2222390798/187
Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1
ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/mZGuRfhTUxdkMzA1
Self loveမရှိတဲ့အခါ ပျောက်ဆုံးသွားတဲ့အခါ....
မိမိကိုယ်ကို မပြည့်စုံဘူးဟု ခံယူပြီး ပြင်ပလောက အဆင်တန်ဆာတွေကို လိုတာထက် ပိုမို ဝယ်ယူခြင်း။
အသစ်လေးတွေဝတ်နေမှ လှနေမှာ
ပြောင်းလဲမှုလေးတွေလုပ်နေမှ လှနေမည်ဟု ထင်မှတ်ခြင်း။
တခြားသူတွေနဲ့ လိုတာထက် ပိုမိုနှိုင်းယှဉ်နေတတ်ခြင်း။
တခြားသူတွေအပေါ် သူငယ်ချင်း၊ ချစ်သူတွေအပေါ် လိုတာထက် ပိုမိုမှီခိုနေခြင်း။
မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်း။
တခြားသူတွေကို လိုတာထက်ပိုမိုလိုက်လျောနေခြင်း၊ အားနာတတ်ခြင်း။
မိမိတိုးတက်မှုအတွက် မိမိကြိုးစားလိုစိတ်မရှိခြင်း။
မိမိရဲ့စိတ်ခံစားချက်တွေကို ကိုယ်တိုင်နားမထောင်ချင်ခြင်း။
မိမိရဲ့စိတ်ခံစားချက်တွေအတွက် တခြားသူမှာတာဝန်ရှိတယ်လို့ ခံယူထားခြင်း။
မိမိရဲ့ဖြစ်တည်မှုကို မိမိကိုယ်တိုင် လေးစားမှုမရှိခြင်း
မိမိကိုယ်ကိုထက် တခြားသူကို ပိုချစ်ခြင်း။
မိမိဘဝမှာ တခြားသူရှိမှသာ ပြည့်စုံမှာ၊ တခြားသူတွေက ချစ်နေမှသာ ပြည့်စုံပြီး စိတ်လုံခြုံမှုရှိမည်ဟု ထင်မှတ်ခြင်း။
ဒီလိုအချက်တွေကြောင့်
မိမိတို့ရဲ့ Relationship အရေးတွေမှာ အဆင်မပြေတော့ဘူး။
စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ တခြားအရေးကိစ္စတွေမှာ အဆင်မပြေတော့ဘူး
မိမိကိုယ်ကိုချစ်တတ်ခြင်းဟာ အရာအားလုံးမှာ အဆင်ပြေစေနိုင်တယ်။ဒါကြောင့် မိမိကိုယ်ကို ချစ်ပါ။ မိမိကိုယ်ကို အပြည့်အဝချစ်ပြီး မိမိရဲ့ ခံစားချက်တွေကို တာဝန်ယူနိုင်ပြီဆို တခြားသူကိုလည်း ချစ်ပါ။
မိမိရဲ့ဖြစ်တည်မှုလေးအတိုင်းကိုမြင်အောင်ကြည့်ပါ။
သင်ဟာ သင့်ရဲ့ပုံစံလေးအတိုင်း လှပနေပါပြီ၊ လုံလောက်နေပါပြီ၊ ချစ်ဖို့ကောင်းနေပါပြီ။
#eieinyein
#contentcreator
စိတ် - သက်တန့် မေရီ Thet Thant Mary