51 w - Translate

Wisteria is always pretty 💜

image
51 w - Translate

Wisteria is always pretty 💜

image
51 w - Translate

Wisteria is always pretty 💜

image
51 w - Translate

Wisteria is always pretty 💜

image
image
image

Who\s the King?

?

51 w - Translate

မီးမမှန်တဲ့အချိန်မှာ Laptop ဘတ္ထရီကြာကြာခံအောင် ဘယ်လိုအသုံးပြုကြမလဲ ?

အခုလိုမီးမမှန်တဲ့အချိန်မှာ စမတ်ဖုန်းတွေအပြင် Laptop တွေကိုလည်း ကြာကြာအသုံးပြုနိုင်ဖို့ စဉ်းစားလာရပါပြီ။ Laptop အသုံးပြုသူအများစုရဲ့ complain တွေကလည်း Battery မခံတာ၊ Battery မကောင်းတာတွေပဲဆိုတော့ ကိုယ့် Laptop လေးကို ဘတ္ထရီအားခံအောင်၊ ဘယ်လိုကျန်းမာအောင် အသုံးပြုနိုင်မလဲဆိုတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. Laptop ကို တစ်ချိန်လုံးအားမသွင်းထားပါနဲ့
-------------------------------------------
Laptop တွေရဲ့ ဘတ္ထရီဟာ cycle count နဲ့သွားတာဖြစ်တဲ့အတွက် cycle count cunt ကို များများဖြုန်းလေ ဘတ္ထရိသက်တမ်းတိုလေပဲဖြစ်ပါတယ်။ ဥပမာ 20% ကနေ 100% အထိကို battery cycle count 1 တွက်တယ်ဆိုရင် အမြဲတမ်း အားသွင်းကြိုးထိုးတဲ့အချိန်တွေမှာ cycle count တွေကို ကုန်ခမ်းအောင်ပြုလုပ်နေသလို ဖြစ်စေပါတယ်။ ဒါကြောင့် Laptop ကို တစ်ချိန်လုံး အားသွင်းထားတာ၊ အားသွင်းကြိုးတန်းလန်းလုပ်ထားတာတွေကို မလုပ်မိပါစေနဲ့။

၂. အသုံးမပြုပဲနဲ့ USB, Stick တွေတပ်ထားကိုလည်း ရှောင်ပါ
-------------------------------------------------------
အားသွင်းကြိုးတန်းလန်းထားသလိုပဲ USB, Memory Stick, Webcam, Mouse စတဲ့ device တွေကိုလည်း အသုံးပြုပြီးရင် ဖြုတ်သင့်ပါတယ်။ ဒီ Device တွေ အလုပ်လုပ်ဖို့အတွက် Motherboard ကနေ power ပေးထားတာဖြစ်တဲ့အတွက် အာဒီလို အသုံးမပြုပဲ တပ်ထားခြင်းကလည်း laptop ဘတ္ထရီကို မလိုအပ်ပဲ ဖြုန်းတီးရာရောက်ပါတယ်။

၃. မသုံးတဲ့ Feature တွေ, Background Application တွေကို ပိတ်ထားပါ
------------------------------------------------------------------
စမတ်ဖုန်းတွေမှာရော Laptop တွေမှာရော များသာအားဖြင့် တွေ့ရတဲ့ တစ်ချက်က မသုံးတဲ့ Feature တွေကို ဖွင့်ထားကြတာပါပဲ။ ဥပမာ - Bluetooth တို့ Wifi တို့လိုမျိုးတွေပါ။ ဘာမှမဟုတ်လောက်ဖူးဆိုပေမဲ့ ဒီ Feature တွေကလည်း သူ့အလုပ်သူလုပ်နေတာပါ။ Wifi ဖွင့်ထားတာမျိုးဆို wifi signal ကို လိုက်ရှာနေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီ feature တွေကိုတော့ notification center ထဲမှာ အလွယ်တကူပိတ်နိုင်ပါတယ်။ နောက်တမျိုးအနေနဲ့ Auto update တွေ ပိတ်ထားခြင်းကလည်း laptop ဘတ္ထရီကို ချွေတာပေးပါတယ်။

၄. Screen Brightness ကိုလည်း တက်နိုင်သမျှ လျော့ချထားပါ
------------------------------------------------------------
အပြင်မှာသုံးတာမျိုး၊ အရေးကြီးလုပ်ငန်းခွင်မှာ လိုအပ်လို့သုံးတာမျိုးမဟုတ်ပဲ Screen Brightness ကို အမြင့်ဆုံးထိတင်ထားတာကလည်း ဘတ်ထရီအားပိုပြီး သုံးစွဲသလိုဖြစ်တာကြောင့် တတ်နိုင်သမျှ လျော့ချထားပေးပါ။ Brightness လျော့ပြီး သုံးတာက ကိုယ့် laptop ဘတ္ထရီအတွက်လည်း ကြာရှည်ခံသလို မျက်လုံးကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ််။

၅. အရမ်းပူလွန်း၊ အေးလွန်းတဲ့ နေရာတွေမှာလည်း မထားပါနဲ့
------------------------------------------------------
အရမ်းပူလွန်းတဲ့နေရာမှာ ထားတဲ့အခါ၊ သုံးတဲ့အခါတွေမှာ ပူနေတဲ့အတွက် အထဲမှာပါတဲ့ hardware ဟာ အလုပ်၂ ဆလုပ်ရပြီး ဘတ္ထရီသတ်တမ်းကို အချိန်တိုအတွင်း ထိိခိုက်စေပါတယ်။ သာမန်အခန်းအပူချိန်ထဲမှာပဲ အသုံးပြုတာက အကောင်းဆုံးပါပဲ၊။ ဒီနိုင်ငံမှာတော့ အရမ်းအေးခဲတဲ့နေရာမှာ အသုံးပြုတယ်ဆိုတာ မရှိသလောက်ပါပဲ။

အခုနောက်ပိုင်းမှာတော့ Laptop တွေကိုလည်း အားသွင်းနိုင်တဲ့ Power Bank တွေတော့ ပေါ်လာပြီဆိုပေမဲ့ အသစ်ထွက်ရှိလာတဲ့ မော်ဒယ်မြင့် Laptop အချို့ကိုသာ များသောအားဖြင့် support ပေးကြပါတယ်။ ဒါကြောင့် နည်းမှန်လမ်းမှန်နဲ့ ကိုယ့် laptop ကို အသုံးပြုခြင်းက laptop battery ကြာရှည်ခံနိုင်ဖို့အတွက် အကောင်းဆုံးအထောက်အကူဖြစ်စေမှာပါ။

image

?

51 w - Translate

"တွေ့ဆုံချိန်မှာ ချစ်ချစ်ခင်ခင်နေထိုင်ပါ"

ကိုယ်သံယောဇဉ်ရှိသလို သူမရှိဘူးလို့ တွေးမိနေရင်..
သူလည်း အဆင်မပြေတဲ့ အကြောင်းလေးတွေ ရှိနေလို့နေမှာပါလို့...
ကို့ယ်ဘက်က နားလည်ပေးလိုက်ပါ။

ကိုယ်ခင်သလို သူမခင်ဘူးလို့ ထင်မိနေရင်...
သူလည်း သူ့အလုပ်ကိစ္စတွေနဲ့ မအားလပ်လို့နေမှာပါလို့...
ကိုယ့်ဘက်က သဘောထားကြီးပေးလိုက်ပါ။

ကိုယ်ကူညီသလို သူပြန်မကူညီဘူးလို့ အပြစ်မြင်မိနေရင်...
သူလည်း သူ့အခက်အခဲနဲ့သူ ဖြေရှင်းနေရလို့နေမှာပါလို့
ကိုယ့်ဘက်က ကိုယ်ချင်းစာစိတ်ထားပေးလိုက်ပါ။

လူအချင်းချင်း ရေစက်ရှိလို့ တွေ့ဆုံခဲ့ကြတာ
တချိန်ချိန်မှာ အကြောင်းကြောင်းကြာင့် လမ်းခွဲသွားခဲ့ကြရမှာပါ။
မြေတစ်နေရာစီ ရှင်သန်နေလျက် ခွဲခွာကြရသလို
ဘယ်တော့မှ မတွေ့မမြင်နိုင်တော့တဲ့
သေခြင်းတရားနဲ့လည်း ခွဲခွာခဲ့ကြရပါသည်။

တွေ့ဆုံချိန်မှာ ချစ်ချစ်ခင်ခင်နေထိုင်ပါ။
တစ်ဦးအပေါ်တစ်ဦး နားလည်ပေးပါ။
တစ်ဦးအပေါ်တစ်ဦး သဘောထားကြီးပေးပါ။
တစ်ဦးအပေါ်တစ်ဦး ကိုယ်ချင်းစာစိတ်ထားပေးပါ။

သံသယကင်းတဲ့ အချစ်နဲ့ ချစ်ပါ။
အတ္တကင်းတဲ့ နှလုံးသားနဲ့ မြတ်နိူးပါ။
မာနကင်းတဲ့ စိတ်ထားနဲ့ ခင်မင်ပါ။
မျှော်လင့်ခြင်းကင်းတဲ့ ပေးဆပ်ခြင်းနဲ့ ကူညီပါ။

လူ့ဘဝဆိုတာ နေ့ဝင်ညပျောက်
တွေ့ဆုံချိန်တွေ နည်းလွန်းပါသည်။
လမ်းခွဲပြီးရင် ကျောခြင်းကပ်လျက်နဲ့တောင်
မမြင်နိုင်တော့အောင်
ဝေးကွာသွားတတ်ကြပါသည်။

ဒါ့ကြောင့် တွေ့ဆုံကြချိန် ခင်မင်ကြချိန်လေးမှာ
ပျော်ပျော်ရွှင်ရွှင် ကြင်ကြင်နာနာ ရယ်ရယ်မောမောနဲ့
စိတ်နှလုံးအေးချမ်းသာယာစွာ နေထိုင်ကြပါက
လူ့ဘဝကြီးဟာ သိပ်ကျေနပ်စရာကောင်းပါလိမ့်မည်။

image
51 w - Translate

ငါး ကချင်ချက် စပ်စပ်လေး
သားကြီးက အစပ်ကြိုက်
"အငယ်မက အစပ်သာမကြိုက်တာ
ဒီလိုချဉ်ငံစပ်အရသာမျိုးဆို အရည်တောင် သောက်လေရဲ့ " လုပ်နည်းက
နှစ်သက်ရာငါး(တလားဗီးယား)ရေစင်အောင်ဆေး ပြီး မှ ဆားနနွင်း အချိုမှုန့် ငံပြာရည်နည်းနည်းထဲ့ပြီး နှပ်ထားပါ ပြီးရင် ပုံမှန်အတိုင်း ကြက်သွန်နီ /ဖြူ /ဂျင်းညက်နေအောင်ထောင်းပါ ဒယ်အိုးထဲဆီထည့်
ကြက်သွန်နီ ဆီသတ် ပြီးခရမ်းချည်သီးလေးစိတ်ထိုးထည့်ပါ
အနှစ်ရပြီဆိုရင် စောနက အရသာနှပ်ထားတဲ့
ငါးထည့်ပါ ငရုပ်သီးစိမ်းလုံးခြမ်းခွဲထောင်းထားပြီးနုပ်နုပ်လှီးထားသော ရှမ်းနံနံ/ပင်စိမ်း /ဖက်ဖယ်တွေကို ငါးနွေးပြီးဆိုတာနဲ့
အုပ်ထည့် ထည့်ပါ ပြီးလျှင် ရေနွေးဖျောထားတဲ့ (ချဉ်စော်ကားသီးခြောက်)(သို့မဟုတ်)မန်ကျီးသီးမှည့်တို့ကိုလိုခြင်တဲ့ရသာ ထိဖျော်ထည့်ပါဆားဟင်းခတ်မှုန့်တို့ထည့်ပြီးလျှင်ရပါပြီ..

image