2 w - Translate

#ကိုယ်ဟန်အမူအရာ
အခြားသူတစ်ဦးတစ်ယောက်၏ ကိုယ်ဟန်အမူအရာကို မည်မျှ အဓိပ္ပာယ်ဖော်နိုင်သည် ဆိုသည်ကို ဆက်လက်၍ အငြင်းပွားနေကြဦးမည် ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် အအောင်မြင်ဆုံး ရှေ့နေများထဲတွင် တစ်ဦး အပါအဝင်ဖြစ်သော အက်ဒ်ဝပ်ဘားနပ်ဝီလျှံက သူ့အနေဖြင့် ဤဘာသာရပ် ကို အများက အထင်ကြီးလွန်းနေသည်ဟု ယူဆကြောင်းပြောပြသည်။ သူ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သော ရှေ့နေတစ်ဦးကမူ သူ၏အမြင်နှင့် လူးဝစ်၏ အမြင်မှာ ဆန့်ကျင်ဘက်ဖြစ်သည်။ “ခြေထောက်တွေကိုထပ်ထားရင် မင်းဟာ လိမ္မာတယ်။ လက်တွေကိုပိုက်ထားရင် မင်းဟာမသက်မသာ ဖြစ်နေတာပဲ” စသည်ဖြင့်ပြောသည်။ ကိုယ်ဟန်အမူအရာ အားလုံးကို သူက အဓိပ္ပာယ်ဖော်သည်။ ထိုသို့အဓိပ္ပာယ်ဖော်ပြီးနောက် သူ၏ အမှုသည် ကို ပြင်ဆင်ခိုင်းသည်။ သို့ဖြစ်၍ တရားသူကြီးများ၊ ဂျူရီအဖွဲ့ဝင် လူကြီးများ အနေဖြင့် လူးဝစ်မြင်စေချင်သည့်အတိုင်း သူ့ဖောက်သည်၏ ကိုယ်ဟန် အမူအရာကို ဖတ်ပြလိမ့်မည်ဟု ယူဆသည်။
ကျွန်တော်အနေဖြင့် ပြောရလျှင် ကိုယ်ဟန်အမူ အရာသည်လည်း နှုတ်စကားကဲ့သို့ပင် ဖြစ်သည်။ စကားပြောဆိုခြင်း၏ သဘာဝကျသောတစ်စိတ်တစ်ဒေသပင် ဖြစ်သည်။ သို့ဖြစ်၍ သဘာဝအတိုင်းဖြစ်လာလျှင် အလွန်ထိရောက်သည့် ဆက်သွယ်ပုံတစ်ခု ဖြစ်လာသည်။ သို့သော် အမှန် အတိုင်းမဟုတ်ဘဲ လိမ်ညာလျှင် လိမ်ညာသည့်အတိုင်း၊ အတုအယောင်လုပ် လျှင် အတုအယောင်လုပ်သည့်အတိုင်း တစ်သမတ်တည်း ဖြစ်လာရသည်။ ဆာလောရင့်စ် အိုလီဗီယာ၏အသံအတိုင်း ရအောင်လုပ်နိုင်လျှင် အလွန်ကောင်းလိမ့်မည်။ သို့သော် မနက်ဖြန် ရုံးသွားသည့်အခါ ရွိုင်ရယ်လ် ရှိတ်စပီးယားကုမ္ပဏီမှာပြောသလို ဟန်လုပ်ပြီးပြောပြနေလျှင် အားလုံးက ကျွန်တော့်ကို ဝိုင်းဟားကြလိမ့်မည်။ နောက် တစ်ကြောင်းကို မည်သို့ဟန် လုပ်ပြီး ပြောရမည်ကို တွေးနေသဖြင့် ကျွန်တော်၏ ပြောဆိုချက်များသည် ဆိုးဝါးကုန်သည်။
ကိုယ်ဟန်အမူအရာလည်း ထို့အတူပင်ဖြစ်သည်။ ပိုင်ပိုင်နိုင်နိုင်ရှိဟန်၊ စိတ်ပါဝင်စားမှုရှိဟန် မည်သို့လုပ်နိုင်ကြောင်း ပြောပြသည့် စာအုပ်များကို ဖတ်နိုင်သည်။ သို့သော် မိမိနှင့် သဘာဝမကျသည့် ကိုယ်ဟန်အမူအရာ တစ်ခုကို လုပ်ပြလျှင် နေရထိုင်ရ မသက်မသာဖြစ်နေမည်။ အူကြောင်ကြောင် နိုင်နေမည်။ နေရထိုင်ရ မသက်မသာဖြစ်နေလျှင် ရိုးရိုးသားသားနေပါလျက် နှင့် မရိုးသားလုပ်နေသည်ဟု ထင်စရာဖြစ်နေသည်။ သင်စကားပြောဆိုနေ သည့် အချိန်တွင် အသုံးပြုသည့် ကိုယ်ဟန်အမူအရာသည် စကားပြောသည် နှင့် အတူတူပင်။ သဘာဝကျကျနေပါ၊ နှလုံးသားကပြောပါ။

#ဆက်ရန်ရှိ

image