ရေခဲတောင်များ အရည်ပျော်ကျမှုကြောင့် ကမ္ဘာ့မြောက်ခြမ်း လေဆိပ်များ ဆင်းသတ်ရန်ခက်ခဲလာ
*****************
(နိုင်ငံတကာ) ဧပြီ ၂၂
ကမ္ဘာ၏ မြောက်ဘက်အကျဆုံးဒေသများရှိ လေဆိပ်များသည် ရေခဲများ အရည်ပျော်ကျနေခြင်းကြောင့် ဆင်းသတ်ရန်ခက်ခဲလာကြောင်းသိရသည်။

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် မြောက်ဝင်ရိုးစွန်းဒေသများတွင် ရာသီဥတုပြောင်းလဲမှုများ ခံစားနေရပြီး မြေပြိုခြင်း အဆောက်အဦးများ ပြိုကျခြင်းများ တိုးမြင့်လာနိုင်ကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားမှုများပြားသည့် အဆိုပါဒေသတွင် လျှပ်စစ်စနစ်အချို့ ချို့ယွင်းမှုများနှင့်ကြုံတွေ့ခဲ့ပြီး C-17 Globemaster စစ်ဘက်ဆိုင်ရာ ကုန်တင်လေယာဉ်ကြီးနှင့် အရေးပေါ်မီးစက်များတင်ဆောင်က အရံဓာတ်အားပေးစနစ်လုပ်ဆောင်ခဲ့ရကြောင်းသိရသည်။

ကမ္ဘာ့မြောက်ဘက်အကျဆုံး Svalbard လေဆိပ်သည် ယခင်က ကြီးမားသည့် စီးပွားရေးဆိုင်ရာ လေကြောင်းခရီးစဉ်များ ဆင်းသတ်ကြသော်လည်း ယခုအခါ ပြေးလမ်းအရည်ပျော်ကျမှု ကြောင့် ကြီးမားသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။

image