ချစ်စရာ Pumeria ပန်းလေးတွေရဲ့အဓိပ္ပာယ်က
"မင်းကို တွေ့ဆုံခွင့်ရခဲ့လို့ တကယ် ကံကောင်းပါတယ်တဲ့"
#crd_photo

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ချစ်စရာ Pumeria ပန်းလေးတွေရဲ့အဓိပ္ပာယ်က
"မင်းကို တွေ့ဆုံခွင့်ရခဲ့လို့ တကယ် ကံကောင်းပါတယ်တဲ့"
#crd_photo
ချစ်စရာ Pumeria ပန်းလေးတွေရဲ့အဓိပ္ပာယ်က
"မင်းကို တွေ့ဆုံခွင့်ရခဲ့လို့ တကယ် ကံကောင်းပါတယ်တဲ့"
#crd_photo
ချစ်စရာ Pumeria ပန်းလေးတွေရဲ့အဓိပ္ပာယ်က
"မင်းကို တွေ့ဆုံခွင့်ရခဲ့လို့ တကယ် ကံကောင်းပါတယ်တဲ့"
#crd_photo
ချစ်စရာ Pumeria ပန်းလေးတွေရဲ့အဓိပ္ပာယ်က
"မင်းကို တွေ့ဆုံခွင့်ရခဲ့လို့ တကယ် ကံကောင်းပါတယ်တဲ့"
#crd_photo
20 Dec 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````
USD Buy - MMK 4,390
USD Sell - MMK 4,490
EUR Buy - MMK 4,560
EUR Sell - MMK 4,680
SGD Buy - MMK 3,255
SGD Sell - MMK 3,310
THB Buy - MMK 127.39
THB Sell - MMK 130.72
JPY Buy - MMK 28.46
JPY Sell - MMK 29.20
MYR Buy - MMK 975
MYR Sell - MMK 1,000
CNY Buy - MMK 602
CNY Sell - MMK 618
Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,720,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,080,000
Part-3
ကဗျာဆရာ မောင်သိင်္ဂါ
မလင်းပြာ
ငါ ရိုဒီးရှားကို သွားရမယ်။
အဲဒီမှာ လူဖြူ လက်တစ်ဆုပ်စာက
ငါတကော မင်းလုပ်
ပြည်သူတွေကို ခြယ်လှယ်သွေးစုပ်ပြီး
ကျွန်လုပ်ညှဉ်းဆဲ နေကြရာ
ရရာလက်နက် ကိုင်စွဲ
ပြည်သူတွေ တော်လှန်စစ်ကိုဆင်နွှဲနေကြရာ
အသားမည်းတွေဘက်က ငါဝင်ကူတိုက်ပေးမယ်။
မလင်းပြာ
မိုဇမ်ဘစ် အန်ဂိုလာ
ဇင်ဘာဘွေ ကွန်ဂိုး
အာဖရိက တရိုးမယ်
နိုးကြား လက်နက်စွဲ တိုက်ပွဲဝင်နေသူလူမည်းတွေရဲ့
ခြိမ့်ခြိမ့်သဲ စစ်ဗုံသံ
ဘဝဂ်သို့ ညံနေရာ
ငါ စစ်ချီတေးတွေ သွားဆိုမယ်။
မလင်းပြာ
ငါ လက်တင်အမေရိကားကို သွားရမယ်။
အဲဒီမှာ ဗင်နီဇွီးလားကင်ယွန်
ရေတံခွန် လျှိုအကြား
ပြောက်ကျားစခန်းတစ်ခုကနေ
လှုပ်ရှားမှုရေးရာများနဲ့ ပတ်သက်လို့
ရဲဘော် ‘ချေ’ ဂွေဗားရားရဲ့
ညွှန်ကြားချက်တစ်စောင်ကို
တောင်တွေဖြတ်သန်း
မြိုင်တန်းတွေ လျှိုးဝင်
လွင်ပြင်မှာ ဝပ်တွား
ပြေးလွှားပို့ပေးမယ့်
တော်လှန်ရေးဆက်သားတွေလိုနေသတဲ့ကွယ်။
#ဆက်ရန်ရှိ
အမျိုးသားအားကစားပွဲတော်
ပြည်နယ်နှင့်တိုင်း အမျိုးသားဘောလုံးပြိုင်ပွဲ ပထမဆုရ နေပြည်တော်အသင်းအား
ဆိုင်ကယ် ၁ စီးစီနှင့် ဖုန်း ၁ လုံး စီ ဆုချီးမြှင့်
Credit - Local Sports Activities
#သတင်းဟင်းလေးအိုးကြီး
~~~ အမှတ်တရ ~~~{ ၇ }
ဂျူး
ကျွန်မ သည် ရွှဲစိုနေသော ကိုယ်ဖြင့် မိုးသည်းသည်း ကြားတွင် တုန်လှုပ်စွာ နာကျင်ထိခိုက်စွာ ကားမှတ်တိုင်အထိ လမ်းလျှောက်လာခဲ့သည်။ မောင့်ရင်ခွင်မှာ တိုး၀င်၍ ၀မ်းနည်းတနည်း ၊ ရှိုက်ကြီး တငင် ငိုပစ်လိုက်ချင်သော ဆန္ဒဖြင့် မျက်ရည်များ လိမ့်ဆင်းကျလာသည်။ ယိမ်းယိုင်နေသော ခြေထောက်များသည် စိုကပ်သော ထဘီဖြင့် တွန့်ဆုတ်တုံ့နှေးစွာ လျှောက်နေ၏။
ထိုနေ့က ဘာစိတ်ကူးဖြင့် အမှတ်(၅) စီး၍ မောင့်အိမ်ပြန်ခဲ့မိကြောင်း ကျွန်မ မသိ။ အိမ်ရောက်တော့ ကျွန်မ ခုတင်ပေါ်သို့ ရေစိုရွှဲသော ခန္ဓာကိုယ်နှင့်ပင် ပစ်လှဲလိုက်၏။ ဘေးနားက ဂစ်တာကိုဆွဲ ၊ ပက်လက်အိပ်ရင်း တီးနေခဲ့သည်။ ဘာတွေ တီးမိသလဲ မမှတ်မိပါ။ ကျွန်မစိတ်အထင်တော့ ခါတိုင်းတီးနေကျ ကိုနေ၀င်း၏ “လွမ်းရေးခက်ခက်” သီချင်းနှင့် “နောက်ဆုံး အိပ်မက်” တစ်ခုခုပဲ ဖြစ်မည်။ အစအဆုံးလည်း ဟုတ်မည်မထင် ၊ ဟိုတစ်ပိုဒ် ၊ သည်တစ်ပိုဒ်ပဲ ဖြစ်မှာ … ။
လမ်းထိပ် ကင်းတဲဆီမှ ၆ နာရီ သံချောင်းခေါက်သံကိုပင် သဲ့သဲ့ကြားနေရသေး၏ ။
မှေးခနဲ အိပ်ပျော်သွားသလား မသိ။ ကျွန်မကို တစ်ယောက်ယောက်က ပွေ့ထူသလို ခံစားရမှ နိုးလာသည်။
ကျွန်မ အပေါ်မှာ အုပ်မိုးနေသော မောင့်မျက်နှာ … ။
“ချစ် … ချစ်ရယ်”
“ချစ် မဟုတ်ပါဘူးကွယ် … နန်းပါ”
ထိုနေ့ညက မောင့်ကို ပြောခဲ့သော တစ်ခွန်းတည်းသော ခနဲ့စကားပါ။ မောင်က ကျွန်မ ကိုယ်ပေါ်သို့ မောင်၏ မွေးပွ တစ်ဘက်စောင်ဖြင့် ခြုံကာ ရေစိုသော ခန္ဓာကိုယ်ကို ခြောက်သွေ့စေသည်။ ကျေးဇူးတင်ကြောင်းပြောဖို့ သတိရသေး၏ ။ မပြောဖြစ်ဘူး ထင်တယ်။ ထို့နောက် စိုကပ်နေသော ဆံပင်များကို ရေသုတ်ပေးသည်။ ရုန်းထွက်လိုက်ဖို့ ကောင်းသည်နော်။
မောင်က ကျွန်မ ကိုယ်ပေါ်သို့ မောင့်အင်္ကျီကို ၀တ်ပေးသည်။ စပို့ရှပ်တစ်ထည် ဖြစ်၏ ။ ထို့နောက် မောင့်ပုဆိုးကို ၀တ်ပေးသည် ။ ထဘီ၀တ်သလို မ၀တ်တတ် သောကြောင့် ခါးတွင် ဖြစ်သလို စုချည်ပေးထားခဲ့သည်။ ထို့နောက် ရေစိုအ၀တ်များကို အပြင်ဘက် ကြိုးတန်း မှာ သွားလှမ်းဟန် ရှိသည်။
“ချစ် ….”
“ဟင့်အင်း ……. ”
ကျွန်မ မျက်လုံးဖွင့်ကြည့်သောအခါ မောင့်ရင်ခွင်ထဲ ရောက်နေခဲ့ပြီ။
“အိပ်မယ်”
“အိပ်လေ ကိုယ်ပွေ့ထားမယ်”
ကျွန်မ မောင့်စကားကြောင့် ရယ်မော မဆုံးတော့ချေ။ ရယ်ရင်း ရယ်ရင်း ရယ်မောရတာကို အရသာ တွေ့ပြီး ရယ်နေပြန်တော့သည်။ မောင့်ကို ဘာစကားမျှ မပြောခဲ့ကြောင်း သေချာပါသည်။မောင်က ကျွန်မ မျက်နှာကို စိုက်ကြည့်ရင်း ….
“ဟန်ဆောင် ကောင်းလှချည်လား ချစ်ရယ်”
ဟူသော စကားကို ကယောင်ကတန်းပြောသလို ခဏ ခဏ ညည်းညူနေ၏။
“မောင့်ကို တစ်ခုခု ပြောပါဦး ။ မောင့်ကို ရက်ရက်စက်စက် ရိုက်စမ်းပါ”
“ဟင့်အင်း”
“ဟန်ဆောင်ကောင်းလှချည်လားဟင်”
“ဘာဖြစ်စေချင်လဲ ၊ ကိုယ်ဘာလုပ်ပေးရမလဲ ။ ဘယ်လိုဖြစ်မှ ကျေနပ်မှာလဲ”
“ဟင့်အင်း”
ထိုနေ့ညသည် ကျွန်မနှင့် မောင်၏ နောက်ဆုံးညသာ ဖြစ်ပါသည်။
~~~~~~~
အခန်း ၈ ဆက်ရန်>>>
" ခရမ်းသီးထောင်း "..... နည်း " 🍚🍆🌶😋
- ပါဝင်ပစ္စည်းများ -
ခရမ်းသီး ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊
ငရုတ်သီးစိမ်းလေးတွေကို မီးကင် ပါ ။
မီးကင် ဖို့ မလွယ်သူက ပြုတ်ယူပါ ။
ပြီးရင် ငရုတ်ဆုံထဲမှာ ထည့်ထောင်းပါ ။
အရသာ အတွက် ငပိရည် ၊ ငါးငံပြာရည်
အချိုမူန့် ( စားရင်ထည့် )ပြီး
ကြက်သွန်မြိတ် နဲ့ နံနံပင် ကို နူတ်နူတ်စင်းထည့်ပါ ။
ဒါဆို အရသာရှိတဲ့ ခရမ်းသီးထောင်း စားလို့ရပါပြီး 🤤
Crd
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဒေါ်နယ်ထရန့်နဲ့ အပေးအယူလုပ်ဖို့ အသင့်ရှိတယ်လို့ ပူတင်ပြော
မော်စကို၊ ဒီဇင်ဘာ၂၀
ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ဖြစ်နို်ငခြေရှိတဲ့ ဆွေးနွေးမှုတွေမှာ အမေရိကန်ရွေးကောက်ခံသမ္မတနဲ့ အပေးအယူလုပ်ဖို့ အသင့်ရှိကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒါပေမယ့်လည်း ယူကရိန်းအာဏာပိုင်တွေနဲ့ ဆွေးနွေးပွဲတွေစတင်ဖို့တော့ အခြေအနေတွေမရှိသေးဘူးလို့ သူကဆိုပါတယ်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကတော့ ယူကရိန်းစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်မယ်လို့ ကတိပြုထားပြီး ဘယ်လိုနည်းလမ်းသုံးမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားတာမရှိပါဘူး။
နှစ်ပေါင်းများစွာ မတွေ့ဆုံဖြစ်ခဲ့တဲ့ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံဖို့လည်း အသင့်ရှိတယ်လို့ ရုရှားသမ္မတပူတင်က သူ့ရဲ့နှစ်ပတ်လည်မိန့်ခွန်းမှာပြောပါတယ်။ရုရှားဟာ အင်အားနည်းလာတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် ပူတင်က ပယ်ချခဲ့ပြီး ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲနောက်ပိုင်း ပိုမိုအားကောင်းလာတယ်လို့ သူကဆိုပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ဘက်စစ်မျက်နှာတခုလုံးကို ဖြတ်ကျော်ချီတက်နေပြီး မူလရည်မှန်းချက်တွ ေအောင်မြင်ဖို့ ကြိုးပမ်းနေပြီး စေ့စပ်ညှိနှိုင်းမှုတွေနဲ့ အပေးအယူလို့ဖို့ အမြဲအသင့်ရှိတယ်ဆိုတာ ကြိမ်ဖန်များစွာ ပြောဆိုခဲ့ပြီဖြစ်ကြောင်း ပူတင်ကပြောပါတယ်။
ယူကရိန်းစစ်ပွဲအပစ်ရပ်ရေးအတွက် ဒေါ်နယ်ထရန့်နဲ့ ဆွေးနွေးရေး လမ်းဖွင့်ထားကြောင်း ပူတင်ကပြောဆိုခဲ့ပေမယ့် နယ်မြေပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ဖို့ ငြင်းဆန်ခဲ့ပြီး ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့မှာ ပါဝင်ဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်ဖို့ သူက တိုက်တွန်းထားပါတယ်။
Ref:CNA
Photo:AP
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး