ဒုတိယဝန်ကြီးချုပ်တွေက ဥက္ကဋ္ဌ အဖြစ်ပါဝင်ပြီး ပြည်ထောင်စုဝန်ကြီးတွေက ဒုဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ ကော်မရှင်အသစ် ၃ ခုကို နစက ဖွဲ့စည်း

ဒီဇင်ဘာ ၁၉

ဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မယ့် ကော်မရှင်အသစ် ၃ ခုကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဒီဇင်ဘာ ၁၈ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်လာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စက်မှုကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်ဆောင်ရွက်နိုင်ဖို့အတွက် အသစ်ဖွဲ့စည်းလိုက်တဲ့ အဲဒီကော်မရှင်တွေက စက်မှုဖွံ့ဖြိုးရေးကော်မရှင်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်နဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံဖြိုးရေးကော်မရှင်တို့ ဖြစ်ကြပါတယ်။

အဲဒီကော်မရှင်တွေထဲက စက်မှုဖွံ့ဖြိုးရေးကော်မရှင်ကို ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်မှာဖြစ်သလို ဒုတိယဥက္ကဋ္ဌအဖြစ် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက ဆောင်ရွက်မှာဖြစ်ပါတယ်။

#centralnewsnaypyitaw

image
image
image

ဆရာအောင်သျှန်ဝိုင်းရဲ့ တကိုယ်တော်ပန်းချီပြပွဲ

ဒီဇင်ဘာ ၁၉

စာနယ်ဇင်းစာရေးဆရာ အမျိုးသားစာပေဆုရ ဆရာအောင်သျှန်ဝိုင်း(ကျိုက်မရော)ရေးဆွဲတဲ့ ပထမအကြိမ် တကိုယ်တော်ပန်းချီကားများပြပွဲကို ရန်ကုန်မြို့ ဗိုလ်ချုပ်စျေး အရှေ့ဘက်တန်းရှိ ပန်းချီပြခန်းတွင်ပြသထားပါတယ်။

ပန်းချီပြပွဲကို ဒီဇင်ဘာလ ၁၈ရက် ကနေ ဒီဇင်ဘာ ၂၂ရက်နေ့ထိပြသထားမှာဖြစ်ပြီး ရောင်းချရတဲ့ ပန်းချီကားေတွကို စာအုပ်ထုတ်ဝေရန်အတွက် ပြသရောင်းချခြင်းဖြစ်ကြောင်း ဆရာအောင်သျှန်ဝိုင်းကရှင်းလင်းပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - ရွှေအင်းသားခင်မောင်ဝင်း

#သတင်းဟင်းလေးအိုးကြီး

imageimage
+13
39 w - Translate

မြင်သာတဲ့ တက်တူ:တွေကြောင့် ရွှေကြိုရွေးချယ်ပွဲ ပထမအဆင့်တောင် မအောင်ခဲ့ဘူးလို့ သတင်းတွေ ထွက်လာတဲ့ ခန့်ကျော်

ပရိသတ်တွေရဲ့အချစ်တော် ကလေးသရုပ်ဆောင် ခန့်ကျော်ဟာ အနုပညာလောကထဲကို တကျော့ပြန် ဝင်ရောက်လာပြီး မိန်းကလေးပရိသတ် ခိုင်ခိုင်မာမာ ရရှိထားခဲ့တာပါ။

သူ့အရည်အချင်းနဲ့ သရုပ်ဆောင် အိုက်တင်ကို အခုအချိန်အထိ အသိအမှတ်ပြုကြသူတွေ အများအပြားရှိနေခဲ့ပေမဲ့လည်း ခန့်ကျော်ဟာ ၂၀၂၄ ခုနှစ် ရွှေကြိုရွေးချယ်ပွဲမှာ ပထမအဆင့်တောင် မအောင်ခဲ့တာကြောင့် ပရိသတ်တွေကြားမှာတော့ လူပြောများနေခဲ့ပါတယ်။

တချို့သောပရိသတ်တွေကတော့ ပထမဆုံးအမြင်က အရေးကြီးတာကြောင့် လူရွေးပွဲနေ့မှာ ခန့်ကျော်ရဲ့ ကိုယ်ပေါ်က တ -. က်တူ:တွေကို ဒိုင်လူကြီးတွေက သဘောကျစရာအကြောင်းမရှိဘူးလို့ ပြောနေခဲ့ကြပြီး ငွေကြေးပြည့်စုံပြီး နောက်ခံကောင်းတဲ့သူတွေကိုမှ ရွေးတာလားလို့ ပြောနေကြသူ ပရိသတ်တွေလည်း ရှိနေခဲ့ပါတယ်။

ခန့်ကျော်ကတော့ ရွှေကြိုရွေးချယ်ပွဲ ဝင်ပြိုင်ဖြစ်ခဲ့တဲ့အကြောင်းကို အဖွားကို မပြောထားသေးဘဲ ရလဒ်ထွက်လာမှ အသိပေးမယ်လို့ ကြိုတင်စဉ်းစားထားခဲ့တာကြောင့် ပရိသတ်တွေက ပိုလို့တောင် စိတ်မကောင်းဖြစ်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပိုကောင်းတဲ့ အခွင့်အရေးတွေ ရလာနိုင်ဖို့ ခန့်ကျော်ကို အားပေးစကားလေးတွေ ပြောသွားကြပါဦးနော် 🥰

#crd_photo

image
39 w - Translate

ဘာစီလိုနာအသင်းဟာ ၂၀၂၆ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကွင်းလယ်လူ ဖရန်ကီဒီယွန်းနဲ့ နောက်ခံလူ အာရူဟိုတို့ကို ရာဇသံထုတ်ပြန်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အဓိက ကစားသမားတွေကို စာချုပ်သက်တမ်းတိုးကာ ဆက်ထိန်းဖို့ လုပ်ဆောင်နေပြီး လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဂါဗီ၊ပက်ဒရီတို့နဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ဆွေးနွေးမှုပြုလုပ်ပြီးနောက် စာချုပ်သက်တမ်းတိုးဖို့နီးစပ်နေပြီဖြစ်တာပါ။

>>>>>

ဘာစီလိုနာအသင်းဟာ ဂါဗီနဲ့ ပက်ဒရီတို့ကို စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပေမယ့် လာမယ့်ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် ဖရန်ကီဒီယွန်းနဲ့ အာရူဟိုတို့ရဲ့စာချုပ်အခြေအနေနဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုတွေဖြစ်နေပါတယ်။ အဲ့ဒါကြောင့် ဘာစီလိုနာအသင်းဟာ သူတို့နှစ်ဦးစလုံးကို "စာချုပ်သက်တမ်းတိုးမလား ဒါမှမဟုတ် ထွက်ခွာမလား"ဆိုပြီး ရာဇသံထုတ်ပြန်ကာ ၂၀၂၅ ခုနှစ် ဇွန်မှာ စာချုပ်သစ်ချုပ်ဆိုဖို့ ပြောထားတယ်လို့ Relevo က ဖော်ပြထားတာပါ။

ဥရုဂွေးနောက်ခံလူ အာရူဟိုဟာ ဘာစီလိုနာအသင်းနဲ့ မကြာခင်မှာ စာချုပ်သစ်လက်မှတ်ထိုးဖို့ရှိနေပြီး ဘာစီလိုနာအသင်းဟာ သူ့ကို အရေးပါတဲ့သူအဖြစ်သတ်မှတ်ထားကာ ပွဲထွက်ခွင့်နေရာအတွက် ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။ အာရူဟိုဟာ ဒဏ်ရာကြောင့် တစ်ရာသီလုံးအနားယူနေရပေမယ့် သူဟာ ဘာစီလိုနာအသင်းမှာ ဆက်ရှိဖို့ စိတ်အားထက်သန်နေပြီး နည်းပြဟန်ဆီဖလစ်ကလည်း သူ့ကို နှစ်သက်မှုရှိတာပါ။

၂၀၁၉ က အိုင်းယက်စ်အသင်းကနေ ပေါင်(၇၂)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဖရန်ကီဒီယွန်းရဲ့အခြေအနေကတော့ အာရူဟိုနဲ့ ကွဲပြားမှုရှိနိုင်ပါတယ်။ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ ဖရန်ကီဒီယွန်းဟာ အခုနှစ်အစောပိုင်းက စာချုပ်သက်တမ်းတိုးဖို့ကို ငြင်းဆန်ခဲ့တာကြောင့် ဘာစီလိုနာအသင်းနဲ့နောက်ထပ်ဆွေးနွေးညှိနှိုင်းမှုတွေပြန်လည်ပြုလုပ်ရဖို့ ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ အာရူဟိုကို စာချုပ်သစ်အတွက် လစာတိုးပေးဖို့ရှိနေပေမယ့် ဖရန်ကီဒီယွန်းကိုတော့ ပိုကြီးမားတဲ့လစာတိုးပေးဖို့မရှိဘဲ စာချုပ်သစ်အတွက် သဘောတူညီမှုရရှိနိုင်ဖို့ အကောင်းမြင်နေတာပါ။

ရာသီအစပိုင်းမှာ ရလဒ်ကောင်းတွေရရှိနေတဲ့ ဘာစီလိုနာအသင်းဟာ ဒီနောက်ပိုင်း လာလီဂါပွဲစဉ်တွေမှာ ရလဒ်တွေပြန်ဆိုးနေပြီး အမှတ်ပေးဇယားအဆင့်(၂)နေရာက အက်သလက်တီကိုမက်ဒရစ်အသင်းထက် (၁)ပွဲပိုကစားထားပေမယ့် ရမှတ်တူညီနေပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီတစ်ပတ်လာလီဂါပွဲစဉ်အဖြစ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

image
39 w - Translate

😅

image

နယ်စပ်ဖြတ်ကျော်ပြီး မယ်ဆိုင်ဒေသတွင် ဝင်ရောက်အလှူခံသော မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံထံ ပြန်ပို့မည်ဟု ထိုင်းအာဏာပိုင်များပြော

ဒီဇင်ဘာ ၁၉

ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် နယ်စပ်ဒေသကိုဖြတ်သန်းပြီး မယ်ဆိုင်ဒေသရှိ ထိုင်းနိုင်ငံသားဒေသခံများထံမှ အဝတ်အစား၊ ပစ္စည်း၊ ငွေကြေးများကို အလှူခံစုဆောင်းရယူရန် ဝင်ရောက်လာခဲ့သော မြန်မာနိုင်ငံသား ၁၂ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းရိုင်လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များနှင့် မယ်ဆိုင်ရဲစခန်းမှ တာဝန်ရှိသူများသည် ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများ ဝင်ရောက်လာခဲ့သည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား အုပ်စုကို စိုင်လွမ်ဂျွိုင်း ဈေးနားဝန်းကျင်တွင် တွေ့မြင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်းအာဏာပိုင်များက အဆိုပါ မြန်မာနိုင်ငံသားအုပ်စုကို စုံစမ်းစစ်ဆေးခဲ့ရာ ရေကြီးမှုဒဏ်ခံရသော မြန်မာနိုင်ငံရှိ အကို၊ အမနှင့်ဆွေမျိုးများကို ပြန်လည် ကူညီပေးနိုင်ရန်အတွက် မယ်ဆိုင်မြို့တွင် ပစ္စည်းများ၊ အလှူခံနေခြင်းဖြစ်ကြောင်း ဝန်ခံပြောဆိုထားသည်ဟု ပြောသည်။

ထိုင်းရဲတပ်ဖွဲ့ဝင်များသည် စိုင်လွမ်ဂျွိုင်းတွင် အလှူခံနေသည့် မြန်မာနိုင်ငံသား ၁၈ ဦးကို တွေ့မြင်ခဲ့ကြောင်း၊ ၎င်းတို့သည် ဈေးနားဝန်းကျင်တွင် ပစ္စည်းများ အလှူခံနေခြင်းဖြစ်ပြီး စားသုံးကုန်များ၊ အဝတ်အထည်အများအပြားကို လက်ခံရရှိထားကြောင်း ပြောသည်။ မြန်မာနိုင်ငံသား ၁၈ ဦးထဲတွင် ကလေးငယ် ၄ ဦး၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁၃ ဦးတို့ဖြစ်ကြောင်း မယ်ဆိုင်မြို့ ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။

အဆိုပါမြန်မာနိုင်ငံသားများသည် ဒီဇင်ဘာ ၁၆ ရက်နေ့တည်းက နယ်စပ်ဒေသကို ယာယီဖြတ်ကျော်ခွင့်ဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို လက်ရှိအချိန်တွင်မိခင်နိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း ချင်းရိုင် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက ပြောသည်။

Ref ,naewna

#centralnewsnaypyitaw

imageimage

ဝက်ပဲငပိ ချက်နည်း...😋😋😋
================

ပါဝင်ပစ္စည်း 👩‍🍳

-ဝက်သား (သုံးထပ်သား) - ၃၀သါး
-ပဲငပိ - ၁၀သါး
-ကြက်သွန်နီ - 5 လုံး
-ကြက်သွန်ဖြူ + ဂျင်း - အနည်းငယ်
-ငရုတ်သီးစိမ်း (ကုလားအော်သီး) - အနည်းငယ်

ပြင်ဆင်ပုံ 👩‍🍳

ဝက်သားကို ရေစင်အောင်ဆေးပြီး ဆားဆနွင်းနယ်ပြီးပြုတ်ထားပေးပါရှင်။ပြုတ်တဲ့အချိန် အရမ်းမနူးအိသွားဖို့သတိပြုပေးပါ...

ကြက်သွန်ဖြူဂျင်းထောင်းထားပါ။ကြက်သွန်နီကိုလေးစိပ်ထိုးထားပါရှင်။(ပဲငပိက ကုန်စုံဆိုင်တွေမှာ တရုတ်ပဲငပိလို့ မေးဝယ်လို့ရပါတယ်...

၁၀သါးမှ ၅၀၀ကျပ်ဝန်းကျင်ပါ)။ကျက်ပြီးသော ဝက်သားများကို အနေတော်တုံးထားပေးပါရှင်။

ချက်နည်း 👩‍🍳

ပထမဆုံး ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ဂျင်းကို ဆီသတ်ပါရှင်။အရောင်တင်မှုန့်၊ဆနွင်းမှုန့်မထည့်ပါဘူးနော်....
ဆီသတ်မွှေးလာလျှင် ပဲငပိထည့်ပြီး ဆီထပ်သတ်ပါ ပြီးလျှင် တုံးထားတဲ့ဝက်သားထည့်ပါ...

ဆား / ငံပြာရည် လုံးဝ မထည့်ရပါ။ အချိုမှုန့် ထည့်လို့ရပါတယ် မေကတော့ အချိုမှုန့်မသုံးလို့ သကြားထည့်ပါတယ်။

ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပေးပါရှင်။ရေခမ်းခါနီး ကြက်သွန်နီ လေးစိပ်ထိုးထားတာလေးထည့်ပါရှင် ငရုတ်သီးစိမ်းခွဲထည့်ပါရှင် ကြက်သွန်နီ နူးလာရင် ကျက်ပါပြီ 😉

စားကောင်းအဆင်ပြေကြပါစေရှင် 🤗

(ကြက်သားကိုလဲ ထိုနည်းအတိုင်းချက်ပါ)

image
39 w - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၁၉-၁၂-၂၀၂၄)

ဒီနေ့မှာလည်း အပြောင်းအလဲမရှိသေးတဲ့ စက်သုံးဆီစျေးနှုန်းများ

image
39 w - Translate

ရှမ်းပြည်နယ်တောင်ပိုင်းမှာ
ပွင့်တဲ့တောင်ဇလပ်ပန်း🌺

ချင်းပြည်နယ်မှာတောင်ဇလပ်ပန်း
ရှိသလို ရှမ်းပြည်မှာလည်းတောင်ဇလပ်ပန်းရှိတယ်နော်😍

တစ်နှစ်မှတခါပွင့်တဲ့
တောင်ဇလပ်ပန်း🌺

ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်နဲ့ ပင်းတယမြို့နယ်ကြား မြစေတီရွာအနီးက အမြင့်ပေ ၇၇၅၂ ရှိတဲ့ အရှေ့မြင်အနောက်မြင်တောင်မှာပွင့်တဲ့` တောင်ဇလပ်ပန်း´လေးတွေလှလိုက်တာ🌺

တောင်ဇလပ် ပန်းလေးပန်းပွင့်ရာဒေသ🌺

image
39 w - Translate

ရှမ်းပြည်နယ်တောင်ပိုင်းမှာ
ပွင့်တဲ့တောင်ဇလပ်ပန်း🌺

ချင်းပြည်နယ်မှာတောင်ဇလပ်ပန်း
ရှိသလို ရှမ်းပြည်မှာလည်းတောင်ဇလပ်ပန်းရှိတယ်နော်😍

တစ်နှစ်မှတခါပွင့်တဲ့
တောင်ဇလပ်ပန်း🌺

ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်နဲ့ ပင်းတယမြို့နယ်ကြား မြစေတီရွာအနီးက အမြင့်ပေ ၇၇၅၂ ရှိတဲ့ အရှေ့မြင်အနောက်မြင်တောင်မှာပွင့်တဲ့` တောင်ဇလပ်ပန်း´လေးတွေလှလိုက်တာ🌺

တောင်ဇလပ် ပန်းလေးပန်းပွင့်ရာဒေသ🌺

image