Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
    	
 The Monster Project 2017 
 
 
 
အညွှန်း* 🔽🔽🔽 
 
 
The Monster Project (2017) 
 
ထိတ်လန့်စရာဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ 
 
ဒီဇာတ်လမ်းက ၂၀၁၇ August 18 မှာထွက်ထားတာဖြစ်ပြီး Action/ Horror အမျိုးအစားပဲဖြစ်ပါတယ်။ 
 
မကောင်းဆိုးရွားတွေလိုဝတ်စားပြီး မကောင်းဆိုးဝါးအတုလုပ်ကာ ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်တင်ကာ ပိုက်ဆံရှာတတ်တဲ့သူငယ်ချင်းနှစ်ယောက်ရှိပါတယ် … 
 
တစ်နေ့တော့သူတိုနှစ်ယောက်ဟာ သူတိုဗီဒီယိုတွေကို လူတွေပိုကြည့်စေချင်တဲ့အတွက် viwers များများရဖိုရည်ရွယ်ချက်နဲ့ Documentary တစ်ခုရိုက်ဖို အကြံရကြပါတယ်… 
 
သူတိုက Documentary ကို Monster Project လိုအမည်ပေးပြီး ရည်ရွယ်ချက်ကတော့ တကယ့်မကောင်းဆိုးဝါးတွေကို ဖိတ်ခေါ်ပြီး အင်တာဗျူးလုပ်မယ့် အစီအစဉ်ပဲဖြစ်ပါတယ်… 
 
ဒီလိုနဲ့သူတိုဟာ အမေရိကန်တစ်ဝိုက်က မကောင်းဆိုးဝါးတွေဆက်သွယ်နိုင်တယ်ဆိုပြီး အွန်လိုင်းမှာတင်လိုက်ပါတယ်… 
 
မကြာခင်ပဲ သူတိုကိုယ်သူတို မကောင်းဆိုးဝါးတွေလိုပြောကြတဲ့ လူသုံးယောက်ဆက်သွယ်လာကြပါတယ်… 
နောက်ထပ်ရောက်လာတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ သူငယ်ချင်းလေးယောက် အိမ်အိုကြီးတစ်လုံးကို ငှားရမ်းပြီး မကောင်းဆိုးဝါးသုံးကောင်နဲ့ အင်တာဗျူးရန်ဖန်တီးပါတော့တယ်၊ဖြစ်ချင်တော့ ရိုက်ကူးမယ့်ညဟာ လကြတ်တာနဲ့ တိုက်ဆိုင်နေပါတော့တယ်၊မကောင်းဆိုးဝါးတွေဟာ လူတွေလား မကောင်းဆိုးဝါးအစစ်တွေပဲလား၊လကြတ်ညမှာ ဘာတွေဆက်ဖြစ်လာဦးမလဲ ဆိုတာတွေကိုတော့။....