လီဂါနက်စ်ကို အနိုင်ရတဲ့ပွဲမှာ ရီးရယ်လ်လူငယ်တွေကို အန်ဆယ်လော့တီ ချီးကျူး

ဖေဖော်ဝါရီ ၆

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက လီဂါနက်စ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ကိုပါဒယ်ရေးဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပွဲကိုခြားနားမှုဖြစ်အောင်လုပ်နိုင်ခဲ့တဲ့ လူငယ်ကစားသမားတွေကို ချီးကျူးမှု ပြုလုပ်ခဲ့ ပါတယ်။

အန်ဆယ်လော့တီက “ဒီပွဲမှာ လူငယ်ကစားသမားတွေ လုပ်နိုင်ခဲ့တဲ့အရာကို ကျနော်တို့အလွန် ကျေနပ်ရမှာ ဖြစ်သလို သူတို့ကို ဆက်ပြီးအားကိုးနေရမှာပါ။ သူတို့ဟာ အတွေ့အကြုံနည်းပေမယ့် အခြေခံအားဖြင့် သူတို့ကို လိုအပ်ပါတယ်။ ကျနော်ဟာ အသင်းတစ်သင်းကို ပေါင်းစည်းတဲ့အချိန်မှာ ပွဲကိုအနိုင်ရဖို့ကြိုးစားတဲ့အတွက် လူငယ်အကယ်ဒမီကိုမိနစ်ပေးခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ ဒဏ်ရာနဲ့အခြားအချက်တွေကြောင့် သူတို့အခွင့်အရေးရခဲ့ပြီး သူတို့ကလည်း အလွန်ကောင်းမွန်ခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ အသလက်တီကို၊မန်စီးတီးအသင်းတို့နဲ့ အရေးကြီးပွဲတွေကစားဖို့ရှိတဲ့အတွက် လီဂါနက်စ် အသင်းနဲ့ပွဲစဉ်မှာ အဓိက ကစားသမားအများအပြားကို အနားပေးခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ အသက် ၂၁ အရွယ်ရှိ အဆန်စီယို၊၂၀ နှစ်အရွယ်ရှိ ရာမွန်၊၁၉ နှစ်အရွယ်ရှိ ဂူလာနဲ့ ၁၈ နှစ်အရွယ်ရှိ အန်းဒရစ်တို့ကို ပွဲထွက်လူစာရင်းထဲ ထည့်သွင်းအသုံးပြုခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ အန်းဒရစ်၊မိုဒရစ်တို့ရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လီဂါနက်စ်အသင်းအတွက် ခရုဇ်က ချေပဂိုးတွေပြန်သွင်းယူနိုင်ခဲ့ပါတယ်။

ရီးရယ်လ်အသင်းအတွက် အနိုင်ဂိုးကို လူစားလဲဝင်ရောက်လာတဲ့ အသက် ၂၀ နှစ်အရွယ်ရှိ အကယ်ဒမီတိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာက မိနစ် ၉၀ ပြည့်ပြီးနာကျင်အချိန်ပိုမှာ သွင်းယူခဲ့တာပါ။

အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ လီဂါနက်စ်အသင်းကို အနိုင်ရပြီး ကိုပါဒယ်ရေးဖလားဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။ ရီးရယ်လ် အသင်းဟာ လက်ရှိအချိန်မှာ ရူဒီဂါ၊အလာဘာတို့ရဲ့ ဒဏ်ရာတွေကြောင့် ခံစစ်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး လာမယ့်ပွဲတွေမှာ လူငယ်ကစားသမားအချို့ကို ခံစစ်မှာဆက်ပြီး အသုံးပြုသွားရမှာပါ။

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက လီဂါနက်စ်အသင်းနဲ့ပွဲမှာ အဓိက ကစားသမားတွေကို ချန်လှပ်ထား ခဲ့တာကြောင့် သူတို့ဟာ လာမယ့်ပွဲမှာ အဆင်သင့်ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် အသလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆင့် ၁ နေရာနဲ့ ၂ နေရာမှာရပ်တည်နေတဲ့ သူတို့နှစ်သင်းရဲ့အကြားမှာ ရမှတ် ၁ မှတ်သာကွာဟတာဖြစ်ပါတယ်။

Source:ChannelNewsAsia

#ဘောလုံးသတင်းစုံ

image

ခြံအမှတ်(၅၄)ကို ဝယ်ယူမည့်သူမရှိ လေလံပွဲမအောင်မြင်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅

ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် ခြံအမှတ်(၅၄)ကို ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် တတိယအကြိမ်မြောက် လေလံတင်ရောင်းချခဲ့ရာ လေလံပွဲအောင်မြင်မှုမရှိခဲ့ကြောင်း သိရသည်။

ယခုတတိယအကြိမ်မြောက်‌ ကြမ်းခင်းလေလံဈေးကို ၂၉၇ ဘီလီယံဖြင့်ရောင်းချခဲ့သော်လည်း ဝယ်ယူမည့်သူမရှိကြောင်း သိရသည်။

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ်(၅၄)နေအိမ်ကို နှစ်ကြိမ်တိတိလေလံတင်ရောင်းချသော်လည်း ဝယ်ယူမည့်သူမရှိခဲ့ခြင်းကြောင့် ဈေးထပ်မံလျှော့ချ၍ လေလံတင်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

"ဘယ်သူကဝယ်မှာလဲ။ နောက်တစ်ကြိမ် လေလံဈေးထပ်လျှော့ပြီးရောင်းရင်လည်း ပျက်မှာပဲ" ဟု လေလံပွဲသို့ ရောက်ရှိလာသည့် ရှေ့နေတစ်ဦးက ပြောသည်။

ပထမအကြိမ်လေလံပွဲတွင် ကျပ်ငွေ ၃၁၅ ဘီလီယံဖြင့် လေလံတင်ခဲ့ပြီး၊ ဒုတိ ယတစ်ကြိမ်တွင် ကျပ်ငွေ ၃၀၀ ဘီလီယံ(သိန်းပေါင်း ၃ သန်းတိတိ)ဖြင့် ထပ်မံလေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image

ဒါကိုရီးယားကားထဲက စစ်သည်ပုံတွေမဟုတ်ပါဘူး။
ဒါ အင်းဝခေတ်ကမြန်မာစစ်သည်တော်တွေရဲ့ ပန်းချီပုံပါ။ ဒီလိုပြောရင်ထူးဆန်းနေမယ်ထင်ပါတယ်။ တော်တော်များများအနေနဲ့ ဇာတ်တွေ၊ မြန်မာပေါကားတွေ၊ ကြုံရာဆွဲပန်းချီကားတွေထဲက ရဲမတ်ပုံတွေကိုကြည့်ပြီး အင်းဝခေတ်စစ်သည်တွေဟာ ဖော်ပြပါပုံတွေထဲကလိုဖြစ်လိမ့်မယ်လို့ဘယ်သူမှ ထင်ထားမှာမဟုတ်ပါဘူး။ ဒီပုံတွေက လတ်တလောမှာ “တရုတ်ကဖိ၊ သျှမ်းက အိ၊ ရှိသည့်မြန်မာ တောင်ရိုးမှာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အပိုင်းခွဲတင်ပေးနေတဲ့ အင်းဝခေတ်ကာလ သျှမ်း၊ မြန်မာ၊ တရုတ် နိုင်ငံရေး၊ စစ်ရေးသမိုင်းတွေထဲက အင်းဝစစ်သည်တော်တွေရဲ့ ပုံရိပ်ကို ထင်ဟပ်နေစေပါတယ်။ ဒါကိုကြည့်ချင်၊ မြင်ချင်တယ်ဆိုရင် ကံအားလျော်စွာတစ်နေရာသာကျန်ရှိနေပါတယ်။ နေရာက ပုဂံဒေသက တတ်နွယ်ကျောင်းမှာပါ။
ဒီပန်းချီပုံတွေဟာ အလွန်တွေ့ရခဲလှတဲ့ ပထမအင်းဝခေတ်နံရံဆေးရေးပန်းချီတွေထဲမှာမှ တစ်ခုတည်းသော စစ်သည်တော်တွေရဲ့ပုံပါ။ ဒါနဲ့ပတ်သတ်ပြီးကြုံတုန်းဆက်ပြောရရင် မြန်မာသမိုင်းခေတ်အဆက်ဆက်မှာ စစ်သည်ပုံအထောက်အထားနဲ့ပတ်သတ်ရင် ကုန်းဘောင်ခေတ်ကအများဆုံးပါ။ ညောင်ရမ်းခေတ်က ဒုတိယအများဆုံးဆိုပေမယ့် ကျန်ခေတ်တွေမှာက မတွေ့ရသလောက်ပါပဲ။ ပုဂံခေတ်နံရံဆေးရေးပန်းချီတွေဟာ အမြင့်မားဆုံးလက်ရာကောင်းတွေဖြစ်ပြီး အလွန်များပြားစွာအမွေအဖြစ်ကျန်နေခဲ့ပေမယ့် စစ်သည်ပုံအနေနဲ့ကတော့ ရှားလွန်းလှပါတယ်။ ဇာတ်တော်သရုပ်ဖော်ပန်းချီတွေထဲမှာ စစ်သည်အဖြစ်သိသာအောင် လက်နက်ဆွဲကိုင်ပြထားတဲ့ အဝတ်ဗလာနဲ့ လူတွေအဖြစ်သာတွေ့ရပါမယ်။ ဒီလောက်ကြီးကျယ်ခဲ့တဲ့ပုဂံဟာ အဲဒီလောက်ပြီးပြီရော ကြုံရာလူတွေစုထားတဲ့ စစ်တပ်နဲ့ အင်ပါယာထူထောင်လို့မရပါဘူး။ ပြောချင်တာက ဒီပုံတွေကိုကြည့်ပြီး ပုဂံခေတ်စစ်သည်တွေဟာ ဒီလိုပုံထဲအတိုင်းပါဆိုပြီး ရမ်းသမ်းကောက်ချက်ချလို့မရပါဘူး။ တကယ့်စစ်သည်ပုံနဲ့ နီးစပ်တဲ့ ချပ်ဝတ်တန်တာဆင်ယင်ထားတဲ့ ပုဂံခေတ်မာန်နတ်စစ်သည်ပုံတွေကိုလည်း တွေ့ထားရပါတယ်။ ဒီပုံတွေကသာ လက်တွေ့နဲ့ အတတ်နိုင်ဆုံးနီးစပ်ပါလိမ့်မယ်။ ဟုတ်ပါပြီ။ အင်းဝအကြောင်းပြောရင် ပုဂံဘက်ရောက်နေတာ ဒီလောက်နဲ့ရပ်လိုက်ပါဦးမယ်။ အင်းဝခေတ်အကြောင်းပြန်ဆက်ကြရအောင်။
အထက်မှာပြောထားသလ်ိုပါပဲ။ ပုဂံခေတ်နံရံဆေးရေးပန်းချီတွေဟာ ဒု နဲ့ ဒေး ရှိနေပေမယ့် အင်းဝခေတ်နံရံဆေးရေးပန်းချီတွေကတော့ တစ်နိုင်လုံးမှာတောင် လက်ချိုးရေလို့ရပါတယ်။ အဲဒီထဲမှာ စစ်သည်ပုံဆိုတော့ပိုရှားပြီးပေါ့။ လက်ရှိဖော်ပြထားတဲ့ ပုံတွေပဲ ထူးထူးခြားခြားနဲ့ ရှားရှားပါးပါးကျန်နေပါတယ်။ ဒီပုံတွေရှိသေးကြောင်းကိုတောင် အပြင်လူမဆိုထားနဲ့ သမိုင်းသမားထဲကလူတွေတောင် အကုန်မသိပါဘူး။ မသိကြသူတွေအများကြီးရှိနေပါတယ်။ (ဘယ်သူ့ကိုမှ ပုတ်ခတ်ခြင်းမဟုတ်ပါ) ပြီးတော့ ဒီကျန်နေတဲ့ ပုံတွေကိုက ရှားယုံတင်မက ထူးခြားနေတာပါ။ သူတို့ရဲ့ ဝတ်စုံတွေဟာ အများထင်ထားသလို
အလှူဝင်းခင်းတဲ့ထဲက ရဲမတ်တွေလို ဟုတ်မနေတာပါပဲ။ အမြင်ဆန်းနေသလို ခမ်းနားလှတယ်။ တိုက်ပွဲဝင်
စစ်သည်တွေအတွက်လည်း သင့်တော်တယ်။ အများအမြင်မှာလည်း ခမ်းညားပြီး ရန်သူတွေအပေါ်ကိုလည်း အဟန့်ဖြစ်စေနိုင်တဲ့ ပုံသဏ္ဍာန်ရှိပါတယ်။
ဒီ​ပန်းချီတွေထဲမှာ စစ်အင်္ဂါလေးပါးကို ရေးဆွဲထားတယ်။ စစ်အင်္ဂါလေးပါးဆိုတာတွေက
(၁) ခြေချင်တပ်
(၂) မြင်းတပ်
(၃) ဆင်တပ်
(၄) ရထားတပ် တွေကိုခေါ်တာဖြစ်တယ်။ လူတွေပြောကြတဲ့ စစ်အင်္ဂါလေးပါးဆိုတာ ဒီလေးခုပါပဲ။
ဒါကြောင့် ဒီပန်းချီပုံတွေဟာ အင်းဝခေတ်စစါသည်တွေဆင်ယင်တဲ့ ချပ်ဝတ်ပုံကိုသိရစေပ်တယ်။ ခမောက်ပုံကိုလည်း သိရစေပါတယ်။ မြင်းတပ်ရဲ့ မြင်းကကြိုးတန်ဆာဆင်ယင်ပုံတွေလည်း သိရစေတယ်။ ဆင်တွေရဲ့ ကကြိုးတန်ဆာဆင်ယင်ထားပုံကိုလည်း သိရစေတယ်။ ပြီးတော့ စစ်ရထားပုံတွေကိုပါ လေ့လာနိုင်ပြန်တယ်။ အလွန်တန်ဖိုးကြီးလှပါတယ်။
ပန်းချီတွေမှာ အင်းဝခေတ်ဆွဲဟန်အတိုင်းဆွဲထားတဲ့အတွက် ပကတိပုံစံဘယ်လိုဖြစ်မယ်ကို အများမြင်
နိုင်ဖို့ နောက် post တွေမှာ တင်ကြပါဦးမယ်။
#စဝ်မိန်းထီး
# ကိုးကား (အသင်္ခယာ)

39 w - Translate

Mudbrick (2023) Mmsub

Psycho ဆန်ဆန် Horror ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။လယ်ကွက်တစ်ခုမှာ ဇာတ်ကောင်နည်းနည်းနဲ့ ခြောက်ခြားအောင် တစ်မျိုးကြီးဖြစ်အောင်ရိုက်ကူးထားတာမျိုးပဲဖြစ်တဲ့အတွက် တစ်မျိုးတစ်ပါးလေးရှုစားချင်တဲ့လူတွေအတွက်ကတော့ကွက်တိပါပဲ။ ဇာတ်လမ်းအစမှာတော့ အထက်ကပြောခဲ့တဲ့ ရွှအုတ်နဲ့ဆောက်ထားတဲ့ ယာကိုဗ်ရဲ့အိမ်လေးကို မတွေ့ရတာတော်တော်ကြီးကိုကြာနေပြီ ဖြစ်တဲ့ပေါလ်တစ်ယောက်ပြန်ရောက်လာခဲ့ပါတော့တယ်။ အဓိကပေါလ်ပြန်လာရတဲ့အကြောင်းအရင်းက သူတိုနှစ်ယောက်ရဲ့ အဖေဖြစ်သူဆုံးပါးသွားပြီး ယာကိုဗ်နေနေတဲ့အိမ်ကို သူ့ကိုအမွေ ပေးခဲ့လိုပဲဖြစ်ပါတယ်။မတွေ့ရတာကြာပြီးမှဒီအတိုင်းအမွေယူဖို ပြန်လာတယ်ဆိုရင်လည်းမကောင်းတဲ့အတွက် ညီအစ်ကိုနှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောရင်း အတူနေထိုင်ခဲ့ကြရင်း ဒီအိမ်ပေါ်မှာအစွဲအလမ်းကြီးတဲ့ယာကိုဗ်ရဲ့စိတ်ထားအမှန်တွေ ပေါ်လာတဲ့အခါမှာတော့ ဘယ်လိုကြောက်မက်ဖွယ်ရာတွေကို ဘယ်လိုဇာတ်ကွက်တွေနဲ့ရိုက်ကူးထားမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားဖိုညွှန်းပေးလိုက်ချင်ပါတယ်။    

image

ဓာတ်အားမဂ္ဂါဝပ် ၁၀၀၀ ကျော်ရအောင် ဆောင်ရွက်နေဟု ပြော

ဖေဖော်ဝါရီ ၆

သဘာဝဓာတ်ငွေ့၊ ဆိုလာလျှပ်စစ်အင်ဂျင်ပေါင်းစပ်သည့် Hybrid ဓာတ်အားမဂ္ဂါဝပ်ပေါင်း ၁၀၀၀ ကျော် ထုတ်လုပ်နိုင်ရေးအတွက် စီမံကိန်းများ ဆောင်ရွက်နေသည်ဟု နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်က နေပြည်တော်မှာ ပြုလုပ်သည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဒုဥက္ကဋ္ဌက “ ဆိုလာစနစ် ဆောင်ရွက်သည့် ကုန်ကျမည့် ငွေပမာဏမှာ နှစ်အနည်းငယ်အတွင်း အရင်းကြေ ကာလသို့ ‌ရောက်ရှိမည်၊ ဥပမာအားဖြင့် မိမိတို့ ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်း ၂၀ မဂ္ဂါဝပ်ရှိ ဆိုလာဓာတ်အား ပေးစနစ်ကို လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စတင် တည်ဆောက် အသုံးပြုခဲ့ရာ လာမည့်တစ်နှစ်ခွဲအတွင်း အရင်းကြေ ကာလ ပြည့်မြောက်မည်၊ သို့ဖြစ်၍ MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များ ရှိ စက်မှုဇုန်များ မြေလွတ်နေရာများနှင့် အခြားမြေလွတ်မြေရိုင်းနေရာများတွင် ဆိုလာစနစ်ဖြင့် တစ်ပိုင်တစ်နိုင် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆောင်ရွက်စေလိုသည်”ဟု ပြောသည်။

နိုင်ငံတော်အနေဖြင့် အခြား ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း သဘာဝဓာတ်ငွေ့၊ ဆိုလာလျှပ်စစ် အင်ဂျင်ပေါင်းစပ်သည့် Hybrid ဓာတ်အားမဂ္ဂါဝပ်ပေါင်း ၁၀၀၀ ကျော် ထုတ်လုပ်နိုင်ရေးအတွက် စီမံကိန်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရရှိသည့် လျှပ်စစ်ဓာတ်အားများကို တစ်နိုင်ငံလုံးဖြန့်ဝေခြင်းဖြစ်သည့်အတွက် အချိုးအစားအလိုက် ဓာတ်အားရရှိမည်ဖြစ်ပြီး လုပ်ငန်းရပ်များအလိုက် ကိုယ်ပိုင် ဆိုလာစနစ်ဖြင့် ဆောင်ရွက် နိုင်မည်ဆိုပါက လုပ်ငန်းများ ပိုမိုအဆင်ပြေမည်ဖြစ်၍ ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုကြောင်း ၎င်းက ပြောသည်။

လျှပ်စစ်ရရှိရေးကိစ္စနှင့် စပ်လျဉ်း၍ တစ်နိုင်ငံလုံးအနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ မဂ္ဂါဝပ် ၆၃၀၀ ကျော် ရှိကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေမှုများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ထုတ်လုပ်နိုင်မှု ရပ်ဆိုင်းနေသည့် စက်ရုံများရှိကြောင်း၊ လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်လုပ်နိုင်သည့် ပမာဏပေါ် မူတည်၍ အလှည့်ကျ ရရှိရေးအတွက် အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း နစကဒုဥက္ကဋ္ဌက ပြော သည်။

လက်ရှိ သီလဝါစက်မှုဇုန်၌ ကုမ္ပဏီ ၆ ခုမှ ဆိုလာစနစ်ဖြင့် ဓာတ်အားထုတ်လုပ်မှု ၄ ဒသမ ၉ မဂ္ဂါဝပ်ကျော် ထုတ်လုပ်သုံးစွဲလျက်ရှိကြောင်း၊ ထိုသို့ ထုတ်လုပ်နိုင်မှုကြောင့် လုပ်ငန်းများ ‌ဆောင်ရွက်ရာတွင် ပိုမိုတွင်ကျယ်လာ ကြောင်း၊ အဆိုပါ ဆောင်ရွက်မှုကို နမူနာယူပြီး အခြားကုမ္ပဏီများမှ လျှပ်စစ်ဓာတ်အား ၈ မဂ္ဂါဝပ်ကျော် ထုတ်လုပ် သုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် တစ်ပိုင်တစ်နိုင် မိမိလုပ်ငန်းအတွက် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲ၍ ရသည့်အပြင် ပိုလျှံမှုအပေါ် နိုင်ငံအဆင့် မဟာဓာတ်အားလိုင်းသို့ ရောင်းချ၍ ရနေကြောင်း ၎င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လျှပ်စစ်မီး ရရှိမှုသည် တစ်နေ့လျှင် ၄ နာရီခြာ ၂ ကြိမ် စုစုပေါင်း ၈ နာရီရှိပြီး ၁၆ နာရီ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားသည်။

တချို့မြို့နယ်များမှာတော့ လျှပ်စစ်မီး ရရှိမှု အနည်းငယ် တိုး၍ပြန်လည် ရရှိလာကြောင်းလည်း သိရသည်။

ပုံ - နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

နည်းနည်းကျွေးကြပါအုံးနော်

image

စိန်လည်း ကာဗွန်၊ မီးသွေးလည်း ကာဗွန်။ကာဗွန်ချင်းတူပေမဲ့ တန်ဖိုးချင်းကမတူတော့ဘူး
အဖိနှိပ်ခံ အပူပေးခံရတာများတော့ မလောင်ကျွမ်းဘဲတောင့်ခံနိုင်သူကစိန်ဖြစ်သွားတယ်။
အပူနဲ့ဖိအားကြောင့်ကာဗွန်ဟာ စိန်ဖြစ်သွားတယ်။
အဖိနှိပ်ခံ၊အပူပေးခံရတာချင်းတူ မတောင့်ခံနိုင်သူက မီးသွေးဖြစ်သွားရတာပေါ့။
တွင်းထွက်ချင်းတူ၊ပြုလုပ်ပုံချင်းတူတာတောင် ရလဒ်ဟာအင်မတန်မှခွာခြားသွားရတာပဲ။
အဲ့တာကြောင့် ကျရှုံးခြင်း၊ ဖိအား၊အပူတွေလာရင် ငါ့ကိုစိန်ဖြစ်စေမဲ့အရာတွေပဲလို့ ခံနိုင်ရည်ရှိရှိရင်ဆိုင်လိုက်ခြင်းက မကြာခင်မှာ သင့်ကိုစိန်ဖြစ်သွားလိမ့်မယ်။
ဒါကိုမှပျော့ညံ့ပြီး လိုက်ခံစားလောင်ကျွမ်းနေရင်တော့ မီးသွေးဘဲဖြစ်သွားမှာပေါ့။
လွယ်လွယ်အရှုံးပေးမလား၊ခံနိုင်ရည်အပြည့်နဲ့ရင်ဆိုင်မလားဆိုတာက ရလဒ်အနေနဲ့ စိန်နဲ့မီးသွေးလို သိသာတာတဲ့ကွာခြားချက်ထွက်ရှိလာမှာအသေချာပါ။
#as

image