လေပြေလေး တခုမျှသာ 😑

image

သားကြီးမင်းကတော့မြွေမကြောက်ကင်းမကြောက်ကွာ??

အာဆင်နယ်ကိုအနိုင်ရပြီး နယူးကာဆယ်လိဂ်ဖလား ဗိုလ်လုပွဲတက်

ဖေဖော်ဝါရီ ၆

နယူးကာဆယ်အသင်းဟာ ကာရာဘောင်းလိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ်အသင်း ကို ၂ ဂိုး-ဂိုးမရှိနဲ့အနိုင်ရပြီး ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ နယူးကာဆယ်အသင်းအတွက် ဂိုးတွေကို မာဖီနဲ့ ဂေါ်ဒွန်တို့က သွင်းယူခဲ့တာပါ။

နယူးကာဆယ်အသင်းဟာ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာလည်း အာဆင်နယ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲကို နောက်ဆုံး ၃ ရာသီအတွင်း ဒုတိယအကြိမ် မြောက် တက်နိုင်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်က ဗိုလ်လုပွဲမှာ ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့တာပါ။

နယူးကာဆယ်အသင်းဟာ ၁၉၅၅ ခုနှစ်က FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီးကတည်းက အဓိကပြိုင်ပွဲတွေမှာ ဆုဖလားတွေနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဒီနှစ် ကာရာဘောင်းဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက ဒီပွဲက ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပေမယ့် သူတို့အတွက် အလွန်ကောင်းမွန်တဲ့ ညဖြစ်ခဲ့ပြီး ဝင်ဘာလေကို ပြန်သွားရတာကောင်းတယ်လို့ ပြောခဲ့ပါတယ်။

အက်ဒီဟိုဝီက “ဝင်ဘာလေကို ပြန်သွားရတာက အလွန်ကြီးမားပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်နိုင်ခဲ့တာ က ကျနော်တို့အတွက် မလွယ်ကူခဲ့ပါဘူး။ ပရီးမီးယားလိဂ် ၄ သင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ခက်ခဲခဲ့ပါတယ်။ ကျနော်တို့ ဟာ နောက်ဆုံးကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကနေ သင်ယူပြီး စွမ်းဆောင်ရည်ကို ပိုပြီးကောင်းအောင်လုပ်နိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဆုဖလားတစ်လုံး လက်လွှတ်ခဲ့ရပေမယ့် နောက်ထပ် ဆုဖလား ပစ်မှတ်တွေအတွက် အားအင်တွေ ပြန်ဖြည့်ရမယ်လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ FA ဖလားပြိုင်ပွဲကနေ ထွက်ခွာထားရလို့ သူတို့အတွက် ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလား အဖြစ် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲသာ ရှိတော့တာပါ။

အာဆင်နယ်အသင်းဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ဒူဘိုင်းကို သွားရောက်ပြီး အသင်းလိုက် စုဖွဲ့လေ့ကျင့်မှုတွေ ပြုလုပ်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - နယူးကာဆယ်အသင်းကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်က ယွမ်ဈေးနှုန်းကို ထိန်းထား

ဘေကျင်း၊ ဖေဖော်ဝါရီ ၆

အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်ဗဟိုဘဏ်သည် ဖေဖော်ဝါရီ ၅ ရက်က ယွမ်ငွေတန်ဖိုးကို အမေရိကန်ဒေါ်လာနှင့် လဲလှယ်နှုန်းအတွက် မျှော်မှန်းထားသည်ထက် ပိုမိုခိုင်မာစေရန် လုပ်ဆောင်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ထိုသို့ လုပ်ဆောင်ခြင်းဖြင့် တရုတ်သည် ၎င်း၏ ငွေတန်ဖိုးကို လျှော့ချခြင်းဖြင့် အမေရိကန်၏ အခွန်တိုးကောက် မည့် သက်ရောက်မှုများ လျှော့ချလိုသည့် အစီအစဉ်မရှိကြောင်းကို ပြသရာရောက်ခဲ့သည်။

တရုတ်ဗဟိုဘဏ်သည် ဖေဖော်ဝါရီ ၅ ရက်က ပုံသေနှုန်းထား ငွေလှဲနှုန်းအဖြစ် တစ်ဒေါ်လာလျှင် ၇ ဒသမ ၁၆၉၃ ယွမ် သတ်မှတ်ခဲ့ပြီး ထိုပမာဏသည် ဇန်နဝါရီလကုန်ပိုင်းက တစ်ဒေါ်လာလျှင် ၇ ဒသမ ၁၆၉၈ နှင့်နှိုင်းယှဉ်ပါက ယွမ်ငွေတန်ဖိုး အနည်းငယ် ခိုင်မာလာအောင် လုပ်ဆောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

ထိုကဲ့သို့ ပုံသေနှုန်းထား ငွေလဲလှယ်နှုန်းသည် ပြည်တွင်း ယွမ်ငွေကြေး လဲလှယ်နှုန်းကို အဆုံးအဖြတ်ပေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး တရုတ်ဗဟိုဘဏ်သည် နေ့စဉ် နှုန်းထားသတ်မှတ်ချက်ကို ၂ ရာခိုင်နှုန်းနှင့် အထက် သို့မဟုတ် ၂ ရာခိုင်နှုန်းအောက်သာ အတက်အကျ စျေးကစားမှုကို ခွင့်ပြုပေးထားသည်။

ကျွမ်းကျင်သူ အများစုကမူ တရုတ်ဗဟိုဘဏ်အနေဖြင့် ယခုနှစ်အတွင်း ယွမ်ငွေကြေးအတွက် နှုန်းထားလျှော့ချ ပေးရန် မျှော်မှန်းထားသည်။

ယွမ်ငွေကြေးကို လျှော့ချမည်ဆိုပါက တရုတ်၏ ပို့ကုန်များအပေါ် အမေရိကန်၏ အခွန်တိုးကောက်ခံမှုအား အနည်းငယ် ကာမိစေလိမ့်မည်ဟု ကျွမ်းကျင်သူများက ယူဆထားကြသည်။

အမေရိကန်သည် ဖေဖော်ဝါရီ ၄ ရက်မှစပြီး တရုတ်၏ ပို့ကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့ သည်။

“ဒီနေ့ ပုံသေနှုန်းထား သတ်မှတ်မှုဟာ စျေးကွက်ရဲ့ မျှော်လင့်ချက်တွေထက် ပိုမိုခိုင်မာနေပါတယ်။ ဒါကြောင့် တရုတ်ဟာ ယွမ်ငွေတန်ဖိုးကို လျှော့ချပြီး အမေရိကန်ရဲ့ အခွန်တိုးကောက်မယ့် အစီအစဉ်ကို တန်ပြန်မယ့်ပုံ မပေါ်ပါဘူး”ဟု Standard Chartered ဘဏ်၏ စီးပွားရေးပညာရှင် တင်းရွှမ် (Ding Shuang) က ပြောကြား ခဲ့သည်။

“တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေး ဆွေးနွေးမှုတွေ မပြုလုပ်ရသေးပါဘူး။ ငွေလဲနှုန်း ပုံသေနှုန်းထားကို ခိုင်မာအောင် လုပ်ဆောင်တာဟာ ဆွေးနွေးညှိနှိုင်းမှုတွေအတွက် ကောင်းမွန်တဲ့ အခြေအနေကို ဖြစ်စေပါလိမ့် မယ်။ အမေရိကန်ကလည်း ယွမ်ငွေတန်ဖိုး လျှော့ချတာမျိုးကို မလိုလားပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

Source: South China Morning Post

ပုံ - တရုတ်ယွမ်ငွေကိုတွေ့ရစဉ်

#centralnewsnaypyitaw

image
39 w - Translate

ဘေစင်သုံးပြီးရင် ရေစက်တွေကို သုတ်တာ၊
kitchen သုံးပြီး သန့် ရှင်းအောင်ပြန်ထားတာ၊
အိမ်သာရေချိုးခန်းသုံးပြီး ရေနဲ့ ပြန်သန့်စင်တာ၊
အိမ်သာကထွက်ရင် ခြေထောက်ဆေးတာ၊
ပစ္စည်းတွေကို ယူခဲ့တဲ့နေရာမှာ ပြန်ထားတတ်တာ၊
ထိုင်ခုံကို သုံးပြီးရင် နေရာတကျပြန်တည့်မတ်ထားတာ၊
အိမ်ကြမ်းခင်းမှာ ခြေချရင် သဲ ဖုံ ကပ်မနေတာ၊
တံခါးဖွင့်ပိတ်ညင်သာတာ၊ လမ်းလျှောက်ရင် ခြေထောက်ကို ပင့်လျှောက်တာ ဖိနပ်ဆွဲသံမကြားအောင်လျှောက်တာ၊
အစားစားရင် အသံမမြည်တာ၊
မသန်စွမ်း၊သက်ကြီး၊ကိုယ်ဝန်သည်တွေကို ဦးစားပေး caring လုပ်တာ၊
စကားပြောရင် လူကြားရုံထက်ပိုကျယ်တဲ့ အသံနဲ့ မပြောတာ၊
စားပွဲထိုးကို ခေါ်ပုံခေါ်နည်း၊ စကားပြောနည်း၊
အမှိုက်ကားနား၊ အမှိုက်သန့်ရှင်းရေးသမားတွေနားကဖြတ်သွားရင် နှာခေါင်းမရှုံ့သင့်တာ၊
စတာတွေက လူ့အဆင့်အတန်းပဲ။ ဘယ်မှာမှ သင်တန်းဖွင့်ပြီးသင်နေတာမရှိသလို ဒါတွေဟာ ကြီးပြင်းလာတဲ့ပုံစံ ဖြတ်သန်းလာရတဲ့ ဘဝ စရိုက်တွေနဲ့ဆိုင်တယ်။
ဘယ်လောက် အဆင့်ရှိလဲဆိုရင်တော့ အဲ့သလောက်တော့ အဆင့်အတန်းရှိတယ်။
Credit
#john_paul

image

တရုတ်သမ္မတနဲ့ ထိုင်းဝန်ကြီးချုပ်တို့ လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နင်းရေး တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဖေဖော်ဝါရီ ၆

တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာတို့ဟာ အွန်လိုင်းလိမ်လည်မှုနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဒီကနေ့ ပေကျင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ ဖေဖော်ဝါရီ ၅ ရက်ကနေ ၇ ရက်ထိ တရုတ်နိုင်ငံကို တရားဝင် အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ဝန်ကြီးချုပ်တာဝန်ရယူပြီးနောက် ပထမဆုံးတရုတ်ခရီးစဉ်ဖြစ်ပါတယ်။

နှစ်ဖက်တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံကုန်သွယ်မှုတွေနဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ပြီး အမေရိကန်က တရုတ်နိုင်ငံအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမှု စတင်ပြီးနောက် တရုတ်သမ္မတနဲ့ ထိုင်းဝန်ကြီးချုပ် တို့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

မကြာသေးမီက တရုတ်ရုပ်ရှင်သရုပ်ဆောင် Wang Xing ကို မြန်မာနယ်စပ်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက လူကုန်ကူး ဖမ်းဆီးခံရပြီးနောက်မှာ တရုတ်နိုင်ငံဟာ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုတွေကို နှိမ်နင်းဖို့ တရုတ်နိုင်ငံ အရှိန်အဟုန်နဲ့ လုပ်ဆောင်လာပါတယ်။

တရားမဝင် လောင်းကစားနဲ့ ငွေလိမ်ဂိုဏ်းတွေကို တားဆီးဖိုမြန်မာနယ်စပ်ဒေသရှိ နေရာအချို့မှာ လျှပ်စစ်မီးပေးနေတာတွေကို ထိုင်းအစိုးရက ဖြတ်တောက်လိုက်ပါတယ်။ အရှေ့တောင်အာရှ အထူးသဖြင့် ထိုင်း၊ လာအိုနဲ့ မြန်မာနယ်စပ်မြို့တွေဟာ ကိုဗစ်ကပ်ရောဖြစ်ပွားကတည်းက ဆက်သွယ်ရေးနဲ့ အခြားလိမ်လည်မှုတွေအတွက် အချက်အခြာနေရာ ဖြစ်လာတယ်လို့ ကုလသဂ္ဂက ထုတ်ပြန်ထားပါတယ်။

Ref:Reuters
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image
39 w - Translate

The Untold Story (2) (1998)
--------------------------------
IMDB (7.8/1

ဒီတခါတော့ cmပရိသတ်ကြီးအတွက် ၁၉၉၈ခုနှစ်ကရိုက်ကူးပြီး IMDb 5.5 ရထားတဲ့ horror ဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ကိုပဲအာရုံစိုက်တဲ့ Cheung ဟာ တနေကုန် ပင်ပန်းတာတွေများလို ညရောက်တဲ့အခါ ဇနီး Kuen ဖြစ်သူကို စိတ်မကျေနပ်စေနိုင်ခဲ့ပါဘူး

အဲ့ဒါကြောင့် ဇနီးဖြစ်သူဟာ စိတ်ကျေနပ်မှုရအောင် အမြဲယောကျာ်းတစ်ယောက်မဟုတ်တစ်ယောက်ရှာပြီး ဆန္ဒကိုဖြေသိမ့်နေခဲ့ပါတယ်

လူရိုးကြီး Cheung ဟာလဲ ဇနီးသည်ကိုပြောမရတာကြောင့် လွှတ်ပေးထားခဲ့ပါတယ်၊ ဒီလိုနဲ့ မထင်မှတ်ပဲ တနေ့မှာတော့ kuen ရဲ့ညီမ၀မ်းကွဲဖြစ်သူ Fung ဟာဟောင်ကောင်ကို ရောက်လာခဲ့ပါတယ်

Fung ဟာ အမဖြစ်သူရဲ့ လုပ်ရပ်တွေကို တွေ့တဲ့အခါမှာ ရွံရွာမုန်းတီးပြီး လူရိုးကြီး Cheung ကို သနားချစ်ခင်ခဲ့ပါတယ်

အဲ့ဒါနဲ့ fungဟာ လူရိုးကြီး Cheung ကို မာယာတွေနဲ့ဖြားယောင်းပြီး သူ့ကိုချစ်ခင်အောင် လုပ်ခဲ့ပါတယ်

Horror ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေလက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါ၊ လူသတ်ခန်းနဲ့ ချစ်ကျွမ်း၀င်ခန်းတချိုပါ၀င်တာကြောင့်အသက်၁၈နှစ်အောက် မကြည့်သင့်ပါဘူး

image
39 w - Translate

NeZha 2 (2025) မထွက်ခင်အရင် ဇာတ်ကားတွေပြန်ကြည့်ထားနော်
𝐍𝐞 𝐙𝐡𝐚 (𝟐𝟎𝟏𝟗)
7.6/10 Action, Adventure, Animation
ငယ်ငယ်က ကြည့်ဖူးတဲ့ နီကျား နဲ့ ဇတ်လမ်းပုံစံ နဲနဲလေးကွဲသွားမယ်လို့ထင်ရပေမဲ့ ငယ်ဘ၀ အငွှေ့အသက်လဲ မပျောက်သလိုဒီဇတ်လမ်းက အတော်လေး ကောင်းလွန်းပါတယ်Animation မှာလဲ အရမ်းကို ကောင်းမွန်လွန်းတယ်Action ခန်းတွေ တစ်ဝကြီး ကြည့်ချင်တဲ့သူတွေအကြိုက်ပါလှပသေသပ်လွန်းပါတယ်ဒီဇတ်လမ်းမှာတော့ နီကျား ရဲ့ ဖြစ်တည်မှုကို အသေးစိတ်ပြထားပါတယ်...
နှစ်ထောင်ပေါင်းများစွာ အကြာက ခွန်လွန်း တောင်ပေါ်ပုလဲလုံးလေး တစ်လုံး ဖွားမြင်လာခဲ့တယ်ပုလဲလုံးလေး က သူလိုအပ်တဲ့ စွမ်းအင်တွေကိုအလိုအလျှောက်သိမ်းယူနိုင်ခဲ့ပြီး ပင်ကိုယ်စိတ်ရင်းကောင်းပေမဲ့မကောင်းဆိုးဝါးတွေ ရဲ့ စွမ်းအင်ကို သိမ်းမိရာကနေ စိတ်ဖောက်လာလို့ခွန်လွန်းတောင် သူတော်စင် က ပုလဲလေးကို ထိန်းသိမ်းပြီးမိစ္ဆာနဲ့ သူတော်စင် ဆိုပြီး ပုလဲ ၂ လုံး ထပ်ခွဲလိုက်ပြီးဂါထာအုပ် ပြီး တပည့်ဖြစ်သူ ဆရာတော် တစ်ပါးကိုထိန်းသိမ်းစေခဲ့တယ်….
သူတော်စင် ပုလဲက လူ့ပြည်က စစ်သူကြီး မိန်းမဆီကိုယ်ဝန်မှာ ဝင်စားရမှာ ဖြစ်ပြီး မိစ္ဆာပုလဲ ကတော့ ၃ နှစ်နေရင်အလိုအလျှောက် ဖျက်စီးခံရမှာ ဖြစ်တဲ့ ကျိန်စာ နဲ့ ချူပ်လိုက်ပါတယ်ဒါပေမဲ့ အလွဲလွဲ အမှားမှားတွေ လုပ်တက်တဲ့ ဆရာတော်ကြောင့်သူတော်စင်ကြီး ပေးထားတဲ့ တာဝန်တွေက ပျက်စီးကုန်ပါတယ်သူတော်စင်ပုလဲ အခိုးခံလိုက်ရပြီး မကောင်းဆိုးဝါး ပုလဲ ကစစ်သူကြီး ဇနီးဆီမှာ ကိုယ်ဝန်တည်လိုက်ပါတယ်…မွေးဖွားလာတဲ့ ကလေးကတော့ မီးမိစ္တာ“နီကျား ” ဖြစ်ပါတယ်…

image
39 w - Translate

ချစ်ဇနီးလေးနဲ့ ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့လေးမှာ စကားလုံးလှလှလေးတွေနဲ့ချုပ်လိုက်တဲ့ နေတိုး 🩷
သဲလေးကို အရမ်းချစ်တဲ့ သဲလေးရဲ့ ကိုကိုလို့ ချစ်ခင်ကြောင်းကို တင်စားထားတာပါ။ နောင်နှစ်ပေါင်းများစွာထိ ချစ်ခြင်းမေတ္တာတွေနဲ့ ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ပိုင်ဆိုင်နိင်ဖို့ ခင်ပွန်းသည်ဖြစ်တဲ့ နေတိုးက ဆုတောင်းပေးထားတာပါ။ နေတိုးတို့မိသားစုဟာ အိမ်ထောင်သက် ၃ နှစ်အတွင်းမှာ ဂုဏ်ရှိန်တိုးဆိုတဲ့ သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပါတယ်။

image

钦邦 ပလက်ဝ 镇

image