US ကို တရားမဝင်ရောက်နေသူများ ပြည်နှင်ဒဏ်မခံရခင် ကြိုထွက်သင့်ဟု USမြန်မာသံရုံးထုတ်ပြန်

ဖေဖော်ဝါရီ ၆

အမေရိကန်နိုင်ငံသို့ နေထိုင်ခွင့် အထောက်အထားမဲ့ သို့မဟုတ် တရားမဝင် ရောက်ရှိနေသူဖြစ်ပါက အိမ်ရှင်အစိုးရ ၏ တာဝန်ရှိသူများက ပြည်နှင်ချိန်မှ ထွက်ခွာခြင်းထက် ကြိုတင်ထွက်ခွာသင့်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်သတိပေးခဲ့သည်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဒေါ်နယ်ထရမ့် တက်လာသည့်အခါမှာ အမေရိကန်အစိုးရ သည် နိုင်ငံအတွင်းသို့ အထောက်အထားမဲ့ သို့မဟုတ် တရားမဝင် ရောက်ရှိနေသော ရွှေ့ပြောင်းများကို ဖမ်းဆီး၍ မိခင်နိုင်ငံသို့ ပြန်လည် ဖော်ဆောင်လျက်ရှိနေသည်။

ထိုသို့ ဖော်ဆောင်ရာတွင် အမေရိကန်အစိုးရသည် စစ်တပ်သုံး လေယာဉ်များကို အသုံးပြု၍ လက်ထိပ်ခတ်ကာ ပို့ဆောင်နေခြင်းဖြစ်သလို နေရပ်မပြန်လိုသူများကို ဂွာတီနာမိုအကျဉ်းထောင်သို့ ပို့ဆောင်မည်ဖြစ်သည်။

“မိမိဘာသာပြန်ရင် သူတို့ရဲ့ ထောင်သားတယောက်လို လက်ထိပ်ခတ်ခြင်းမှ လွတ်ကင်းခြင်း၊ သူတို့ရဲ့ အကျဉ်း ချခြင်းမှ လွတ်မြောက်ခြင်း၊ မိမိအနေနဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းချခွင့်ရပြီး ပြန်နိုင်ခြင်း၊ အနာဂါတ်မှာ ပြန်လာဖို့ ဗီဇာလျှောက်ရင် ဗီဇာရနိုင်ကိန်းပိုများကြောင်း စသဖြင့် သိရပါတယ်”ဟု Moe Chan ဆိုသော ဆိုရှယ်အကောင့် တစ်ခုက ရေးသား ဖော်ပြထားသည်။

အမေရိကန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် အကြောင်းကြောင်းကြောင့် နေထိုင်ခွင့်ဗီဇာ စသည့် တရားဝင် အထောက်အထားများ သက်တမ်းကုန်ဆုံးခြင်း စသည်တို့ ကြုံတွေ့နေရပါက အထောက်အထားမဲ့ နိုင်ငံခြားသား နေရပ်ရွှေ့ပြောင်းသူအဖြစ် သတ်မှတ်ခံရကာ ပြည်နှင်မည့် အနေအထားများ ဖြစ်‌ပေါ်လာနိုင်သဖြင့် ကာယကံရှင် များ၏ ပုဂ္ဂလိက အစီအစဉ်ဖြင့် နေထိုင်ခွင့်ရရှိရေး ကြိုတင်ဆောင်ရွက်နိုင်ကြပါရန် အသိပေးအကြောင်းကြားအပ် ပါသည်ဟု အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ခဲ့သည်။

အကယ်၍ နေထိုင်ခွင့် အထောက်အထားမဲ့ သို့မဟုတ် တရားမဝင် ရောက်ရှိနေသူဖြစ်ပါက အိမ်ရှင်အစိုးရ၏ တာဝန်ရှိသူများက ပြည်နှင်ချိန်မှ ထွက်ခွာခြင်းထက် ကြိုတင်ထွက်ခွာသင့်ပါကြောင်း၊ မြန်မာနိုင်ငံ အပြန်ခရီး အတွက် မည်သည့်ခရီးသွား လက်မှတ်အမျိုးအစားမျှ မရှိပါက သို့မဟုတ် နိုင်ငံကူးလက်မှတ်သည် ကာလကြာ မြင့်စွာ သက်တမ်းလွန်နေပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထားရန် ပုံစံနှင့် လိုအပ်ချက်များအား ဤသံရုံး၏ ဝက်ဘ်ဆိုက်မှ ရယူဖြည့်စွက်၍ အီးမေးလ်း/ဖုန်းတို့ဖြင့် ဆောလျင်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်ဟု မြန်မာသံရုံးက ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံသား ၃ သိန်းကျော်ကိုလည်း အလုပ်လုပ်ခွင့် ရပ်ဆိုင်းထားပြီး ပြည်နှင် ဒဏ်ပေးထားသလို အိန္ဒိယနှင့် ကိုလံဘီယာနိုင်ငံသား ရွှေ့ပြောင်းများကိုလည်း အမေရိကန်စစ်လေယာဉ်များဖြင့် နေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

အလားတူ မြန်မာနိုင်ငံသား ၇၀၀ နီးပါးကိုလည်း အမေရိကန် အစိုးရက နေရပ်ပြန်ပို့ရန် စာရင်းပြုစုထားကြောင်း ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image
39 w - Translate

ဆိုလာစီမံကိန်းများကို ချေးငွေထုတ်ပေးမည်ဟု နစကဝန်ကြီးပြော
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
နေရောင်ခြည်ကောင်းစွာရတဲ့ တိုင်းဒေသကြီးတွေမှာ ဆိုလာစီမံကိန်းတွေ ဆောင်ရွက်ဖို့ ချေးငွေထုတ်ပေးသွားမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြောကြားလိုက်ပါတယ်။
အဆိုပါ ချေးငွေအစီအစဉ်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ ပံ့ပိုးကူညီသွားဖို့ရှိကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးမှာ အသိပေးခဲ့ပါတယ်။
လက်ရှိမှာ တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတွေအနေနဲ့ နေပြည်တော်မှာ ၄ ခု၊ မန္တလေးတိုင်းမှာ ၃ ခု၊ ပဲခူတိုင်းနဲ့ ရှမ်းပြည်နယ်မှာ ၁ ခုစီရှိပြီး စုစုပေါင်း စက်တပ်ဆင်အင်အား ၅၃၀ မဂ္ဂါဝပ်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကနေ သိရပါတယ်။
တဖက်မှာလည်း တစ်ပိုင်တစ်နိုင် မိမိလုပ်ငန်းအတွက် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲလို့ရတဲ့အပြင် ပိုလျှံမှုအပေါ် နိုင်ငံအဆင့် မဟာဓာတ်အားလိုင်းထံ ရောင်းချလို့ရကြောင်း နစကဒုခေါင်းဆောင်က ပြောထားပါတယ်။
လက်ရှိ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၈ ရုံ၊ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၂၇ ရုံ၊ ဆိုလာစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၈ ရုံကနေ တပ်ဆင်အင်အား ၆၃၇၁ မဂ္ဂါဝပ် ရှိပါတယ်။
အဲဒီအထဲက ဓာတ်အားပေးစက်ရုံ ၁၂ ရုံဟာ ဓာတ်အားလိုင်းတွေ ဖျက်စီးခံရခြင်းနဲ့ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခြင်း စတာတွေကြောင့် လက်ရှိမှာ ဓာတ်အားထုတ်လုပ်မှု ကျဆင်းလျက်ပါတယ်။
ဒါ့ကြောင့် လက်ရှိအချိန်မှာ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏဟာ ပိုမိုမြင့်မားလျက်ရှိနေတယ်လို့ သိရပါတယ်။

image
39 w - Translate

Outlander (2008)
ဒီဇာတ်ကားလေးကတော့ Action , Adventure ,Sci-Fi အမျိုးအစား ဇာတ်ကြမ်းလေးပါ…
ဇာတ်လမ်းလေးကလဲ ဗိုက်ကင်းခေတ်ကို ထူးခြားတဲ့ ပုံစံ တစ်မျိုးနဲ့ တင်ဆက်ထားတာပါ....
မင်းသားတို့နေတဲ့ဂြိုလ်သားကမ္ဘာက ခေတ်လွန်နေပြီး တခြားဂြိုလ်တွေကို ကျူးကျော်ရေးလုပ်နေကြတာပါ…တစ်နေ့ မင်းသားတို့ အာကာသယာဥ်နဲ့ ခရီးသွားနေတုန်း မော်ဝီဆိုတဲ့ အကောင်ကြောင့်ကမ္ဘာပေါ်ကို အဲ့ဒီ့ယာဉ်ပျံကြီး ပျက်ကြလာခဲ့ပါတယ်.....
ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးက အဲ့ဒီချိန်မှာ ဗိုက်ကင်းခေတ်ပဲရှိပါသေးတယ်တဲ့…ဒီတော့ အာကာသကနေပါလာတဲ့ အကောင်ကြီးနဲ့ ဗိုက်ကင်းတွေ ဘယ်လိုဖိုက်ကြမယ်မင်းသားကရော ဗိုက်ကင်းတွေကြား ဘယ်လို Survive လုပ်မလဲဆိုတာ…သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ…Graphic ပိုင်းတွေ Setting ပိုင်းတွေလဲ ကောင်းမွန်သပ်ရပ်စွာဖန်တီးထားတာမို့ကြည့်လို့မိုက်နေမယ့် ဇာတ်ကြမ်းကားလေးဖြစ်ကြောင်း ညွှန်းဆိုပါရစေ....

image

စားမြိန်စေတဲ့ #ကြက်ပဲရည်သုပ် သုပ်နည်းလေး 😋😋
အသုံးပြုမည့်ကြက်သားများအား ဆား၊နနွင်း၊ပျဉ်းတော်သိမ်၊မဆာလာ၊အရသာမှုန့်အနည်းငယ်ဖြင့် နယ်ပြီးမိနစ်၂၀ခန့်နှပ်ထားပေးပါ။
ပဲစိမ်းမှုန့်ထမင်းစားဇွန်း၄ဇွန်းခန့်နှင့်ဆားအနည်းငယ်ထည့်၍ရေဖျော်ထားပါ။
နှပ်ထားသောကြက်သားများအား ဂျင်း၊ကြက်သွန်ဖြူထောင်းထည့်၍ ရေဖြင့် မိနစ်၃၀ခန့်ပြုတ်ပါ။
ကြက်သားမှထွက်လာသော အမြှပ်နှင့်ဆီများအားဖယ်ထုတ်ပစ်ပါ။
ထို့နောက်ကြက်သားများအားဆယ်ထားပါ။
ကြက်ပြုတ်ရည်ကို ပဲရည်ချက်ရန်အတွက်သီးသန့်ဖယ်ထားပါ။
အရည်ချက်ရန် ကြက်သွန်နီ/ဖြူ ရောထောင်းပြီး ဆီအနည်းငယ်ဖြင့်ဆီသတ်ပါ။မဆလာအနည်းငယ်ထည့်ပါ။
အနံ့မွှေးလာလျင် ကြက်ပြုတ်ရည်ထည့်ပါ၊ကြက်ပြုတ်ရည်ပွက်လာလျင် ပဲစိမ်းမှုန့်ဖျော်ထားသောအရည်ကိုဖြေးဖြေးချင်း ၁၅ မိနစ်လောက်ထည့်မွှေပါ။
ပဲစိမ်းနံ့ပျောက်ပြီး မွှေးလာပြီဆိုလျှင် ပြုတ်ထားသောကြက်သားများ အနေတော်လှီးထည့်ပြီး ရှောက်ရွက်၊ဂေါ်ဖီ၊ပူစီနံ၊ငရုတ်သီးမှုန့်၊ငရုတ်ကောင်းမှုန့်၊မဆလာတို့နှင့်သံပုရာသီးထည့်၍ စားသုံးနိုင်ပါပြီဗျ။

image

ပုပ္ပါး တောင် ⛰⛰

image

ပုပ္ပါး တောင် ⛰⛰

image

ပုပ္ပါး တောင် ⛰⛰

image

ပုပ္ပါး တောင် ⛰⛰

image

ပုပ္ပါး တောင် ⛰⛰

image

ပုပ္ပါး တောင် ⛰⛰

image
image
image
image
image