50 w - Translate

အိန္ဒိယက မြန်မာနှင့် တရားမဝင် ကုန်သွယ်မှုကို ရပ်တန့်ရန် စီစဉ်
Times of India ၊ ဖေဖော်ဝါရီ ၂၅
မြန်မာနယ်စပ်တစ်လျှောက် မီဇိုရမ်ပြည်နယ်၊ ဇိုခေါရ်ဒါနယ်စပ်ကုန်သွယ်ရေးမှာ တရားဝင်မဟုတ်တဲ့ ကုန်သွယ်မှုလုပ်ငန်းတွေကို အိန္ဒိယအစိုးရက ရပ်ဆိုင်းဖို့ စီစဉ်နေကြောင်း အာသံရိုင်ဖယ်တပ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
အချို့သော ကုန်သွယ်မှုတွေဟာ တရားဝင်လမ်းကြောင်းမှတစ်ဆင့် ဖြစ်နေပေမယ့် ဒေသတွင်း တရားမဝင် ကုန်သွယ်မှုတွေ သိသိသာသာ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ၎င်းက ဆိုပါတယ်။
“အိန္ဒိယအစိုးရရဲ့ ဝင်ငွေကို ဆုံးရှုံးနေတဲ့ ဇိုခေါရ်ဒါနယ်စပ်ကုန်သွယ်ရေးစခန်းကနေတစ်ဆင့် အိန္ဒိယနဲ့ မြန်မာအကြား ကုန်သွယ်မှုလုပ်ငန်းတွေကို မကြာခင်မှာ ရပ်ဆိုင်းတော့မှာပါ”လို့ ၎င်းက ပြောပါတယ်။
အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တွေအနေနဲ့ အိန္ဒိယကို ဝင်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေရဲ့ သယ်ဆောင်ပစ္စည်းတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ထုတ်ပြောထားပါတယ်။
“ဒီနယ်စပ်ဂိတ်ကတဆင့် ကုန်သွယ်မှုအများစုဟာ အလွတ်သဘောဖြစ်တယ်ဆိုတာ သံသယမရှိပါဘူး။ ဒီအလေ့အထက အိန္ဒိယအစိုးရအတွက် ဝင်ငွေဆုံးရှုံးမှု ဖြစ်စေပါတယ်”လို့ အကြီးတန်းအရာရှိက ဆိုပါတယ်။
ဇိုခေါရ်ဒါနယ်စပ်ကုန်သွယ်ရေးစခန်းဟာ အထည်အလိပ်၊ ငွေထည်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းနဲ့ အချိုရည်တွေအပါအဝင် မြန်မာနိုင်ငံက သွင်းကုန်တွေကို လက်ခံဆောင်ရွက်ပါတယ်။
အိမ်နီးချင်းနိုင်ငံအတွင်း လုံခြုံရေးစိုးရိမ်မှုတွေကြာင့် မီဇိုရမ်အာဏာပိုင်တွေဟာ ဇိုခေါရ်ဒါနယ်စပ်ဂိတ်ကိုဖြတ်ပြီး သွားလာမှုကို ကန့်သတ်ထားပါတယ်။
နယ်စပ်ဂိတ်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လည်ပတ်နေပြီး မီဇိုရမ်ပြင်ပမှ အိန္ဒိယနိုင်ငံသားတွေကို ဝင်ခွင့်ကန့်သတ်ထားပါတယ်။
မြန်မာဘက်ခြမ်းက ချင်းပြည်နယ်၊ ရိခေါရ်ဒါမြို့မှာ နေထိုင်တဲ့ ဒေသခံတွေဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်နေ ဆန်၊ ဆီ၊ ဆား၊ ငါးပိတို့ကို အဓိက တင်သွင်းနေပါတယ်။
အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ ပဉ္စမမြောက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုအနေနဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၇၆ ဘီလီယံနဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၇၄ ဘီလီယံ ရှိခဲ့ပါတယ်။

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

image
50 w - Translate

#tattooideas

imageimage
+5

လူတွေဟာ ဘယ်အချိန်ကျမှ
ရှင်သန်ခြင်းကို တန်ဖိုးထားတတ်လဲ။

☸️ဘယ်နေ့ကို ဘာလုပ်မယ်,
ဘယ်နေ့ကို ဘာလုပ်မယ်လို့
အလုပ်ကိစ္စတွေ , နေရေးတွေကိုချည်း
အမြဲ စဉ်းစားမနေသင့်ဘူး။

☸️"ဘယ်အချိန်မှာ ငါ့ခန္ဓာကိုယ်ဟာ
ဖောက်ပြန်ပြီးတော့ ထပြီးတော့
တစ်မျိုးတစ်မည် ဖြစ်မယ် မသိဘူး"လို့
သေရေးကိုလည်း စဉ်းစားရတယ်တဲ့
ဉာဏ်ပညာရှိတဲ့လူဆိုတာ။
ပရိသတ်ရေ အတိတ်မရှိ နိမိတ်မရှိလို့
မထင်ပါနဲ့နော်။

☸️သေခြင်းတရားကို စဉ်းစားရင်
အကုသိုလ်ကို ကြောက်ပြီးတော့
ကုသိုလ်ကို အားကိုးပြီးတော့ မြတ်နိူးပြီးတော့ လူကောင်း သူကောင်းတစ်ယောက်
သေချာပေါက် ဖြစ်နိုင်တယ်။
အင်မတန်လည်း အားတက်လာတယ်။
ဘယ်လိုနည်းနဲ့ အားတက်လာသလဲဆိုတော့
ဘဝကို ပိုပြီးတော့ တန်ဖိုးထားလာတယ်။
"ငါ ဘယ်အချိန် သေရမယ် မသိဘူး"။
မသေခင်လေးကို အင်မတန် တန်ဖိုးထားလာတယ်။

☸️အခု လူတွေက သေရတော့မယ်ဆိုတာက
မစဉ်းစားတော့ ဒီနေရတဲ့အချိန်ကို သိပ်ပြီးတော့ တန်ဖိုးမထားဘူး။ ဆိုကြပါစို့ အခုအချိန်မှာလေ ရောဂါ အကြီးအကျယ်စွဲပြီးတော့ အိမ်မှာရှိတဲ့ စည်းစိမ်တွေ အကုန် ကုန်မှ ဒီရောဂါပျောက်မယ်။
ဒါမှ သင်မသေမှာလို့ ဆိုလို့ရှိရင် စည်းစိမ်းတွေနဲ့လဲမှာနော်။ ဘာဖြစ်လို့လဲ ရှင်ချင်လို့,မသေချင်လို့။ ရှင်ခြင်းကို အဲသလောက် တန်ဖိုးထားတယ်နော်။

🪷အခု ရှင်နေပါတယ်။ ဘာမှ မဖြစ်ဘူး။
ကဲ ရှင်နေပါတယ်။ အခု ရှင်နေတဲ့အချိန်မှာ
ရှင်ခြင်းသဘောတရားကို တန်ဖိုးထားသလား။ လူတွေဟာ ဘယ်အချိန်ကျမှ ရှင်သန်ခြင်းကို တန်ဖိုးထားမှာလဲဆိုတော့ သေတော့မယ်ဆိုမှ ရှင်သန်ခြင်းကို တန်ဖိုးထားကြတာ။ အဲဒါ တော်တော် ဝမ်းနည်းစရာကောင်းတဲ့ကိစ္စ။

☸️သေတော့မယ်ဆိုမှ စည်းစိမ်တွေ ကုန်ကုန်။ ဘာတွေဖြစ်ဖြစ် ငိုကြ ယိုကြ။
သေခြင်းတရားကို ရင်ဆိုင်ပြီးတော့
ရှင်သန်ခြင်းတရားကို ဆွဲဆန့်ချင်တယ် အဲဒီကျတော့မှ။
🪷အဲဒီကျတော့ ရသေးလား,မရတော့ဘူး။
သေခြင်းတရားကို စဉ်းစားလို့ရှိရင်
နေရတဲ့အချိန်လေးကို သိပ်ပြီးတော့ တန်ဖိုးထားတယ်။ တန်ဖိုးရှိအောင်လည်း ကြိုးစားတယ်။

image