39 w - Translate

ချစ်ခြင်းမေတ္တာတရားရဲ့ ဆန်းကြယ်မှုတွေပါဝင်တဲ့”သူငယ်ချင်းတို့အိမ်” ဇာတ်လမ်းတွဲ မရိုက်ကူးခင် (ပဏာမ) ကန်တော့ပွဲပေး

ဖေ​ဖော်ဝါရီ ၅

MHC Vision ထုတ်လုပ်ရေးက ပွဲဦးထွက်ရိုက်ကူးမဲ့ ချစ်ခြင်းမေတ္တာတရားရဲ့ ဆန်းကြယ်မှုတွေပါဝင်တဲ့ “သူငယ်ချင်းတို့အိမ်” ဇာတ်လမ်းတွဲ မရိုက်ကူးခင် (ပဏာမ)ကန်တော့ပွဲပေးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရား ရင်ပြင်တော်မှာ ကျင်းပခဲ့ပါတယ်။

“နေခြည်က ဒီဇာတ်လမ်းတွဲမှာ ဗန့်ကာရိုက်တာလေးနဲ့ ပါတာပါ။ ဗီလိန်ဆိုပေမယ့်လည်း သဏ္ဍန်လုပ်သရုပ်တူအောင် ကြိုးစားလုပ်ရမှာပါ။ ကိုယ်တိုင်က ဇာတ်လမ်းတွဲကတစ်ဆင့် ဒီလောကထဲရောက်လာတာမို့ Series ရိုက်ရတာလည်း ပိုသဘောကျပါတယ်။ အချိန်များများလည်း ပရိသတ်က ပိုတွေ့ရတယ် ထင်မိပါတယ်။ ကိုယ့် ပါဝင်ကြတဲ့ အနုပညာမောင်နှမတွေ ရက်ရှည်အတူ အနုပညာအလုပ်တွေ ပိုလုပ်ရတယ် ထင်တယ်ပေါ့နော်။ မိသားစုလိုလည်း ဖြစ်သွားတယ်ပေါ့နော်။ ဒီကားလေးထွက်လာရင်လည်း နေခြည်ကို အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ နေခြည်ရွှန်းလက်က ပြောပါတယ်။


ဒီဇာတ်ကားကို ဇာတ်ညွှန်း Skyward Art Team ကရေးသားပြီးတော့ ဇာတ်လမ်းနဲ့ ဒါရိုက်တာ အဲရစ်လင်းက သရုပ်ဆောင် ဉာဏ၊ ဝိုင်းရွှေရည်၊ နေခြည်ရွှန်းလက်၊ ကျော်မိုးပိုင်၊ ဆာရာ၊ ကူးကူးဟန်သာ၊ ပြုံးဟန်သာကို၊ လွန်းခြယ်၊ ပန်းဝတ်မှုန်၊ ပိုင်စိုးစံ၊ မင်းနေလင်း၊ မိုကို၊ နန်းရှင်စော၊ ကလေးသရုပ်ဆောင် ရွှေရည်လွန်းအိမ်နဲ့အနုပညာရှင်များစွာနဲ့ ရိုက်ကူးမှာ ဖြစ်ပါတယ်။

Mini Series ဖြစ်တဲ့ “သူငယ်ချင်းတို့အိမ်”ဇာတ်လမ်းတွဲကိုတော့ မကြာခင် ရိုက်ကူးပြီး Fortune TV လိုင်းကနေထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။

#celecele

image
image
image
image
image

လှိုင်မြစ်အတွင်း လူကိုးဦးပါ သမ္ဗာန်တစ်စီးနှင့် ငါးဖမ်းသင်္ဘောတို့ ယခုညတိုက်မိသော်လည်း အားလုံးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့

ဖေဖော်ဝါရီ ၅

လှိုင်မြစ်အတွင်း လူကိုးဦးပါ သမ္ဗာန်တစ်စီးနှင့်ငါးဖမ်းသင်္ဘောတစ်စီးတို့ ဖေဖော်ဝါရီ ၅ ရက်နေ့ ညဦးပိုင်းတွင် တိုက်မိခဲ့သော် လည်း အားလုံးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ည ၇ နာရီ ၂၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းမြောက်/အနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကျောက်တံတားသမ္ဗာန်ဆိပ်သို့ အေးရွာဘက်မှမောင်းနှင်လာသော သမ္ဗာန်တစ်စီးသည် လှိုင်မြစ်အတွင်း ငါးဖမ်းသင်္ဘောအား တိုက်မိ၍ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ သမ္ဗာန် ခြောက်စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ရှာဖွေယ်ကယ်ဆယ်ရာ သမ္ဗာန်ပေါ်တွင်လိုက်ပါလာသော ရေယာဉ်မောင်းအပါ (၉) ဦးအနက် ကနဦးတွင် အမျိုးသမီး(၂) ဦးအား အသက်ရှင်လျက် ကယ်ဆယ်ရရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ရာ ည ၇ နာရီ ၄၀ မိနစ် အချိန်တွင် ကျန်(၇)ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်ဟု သိရသည်။

ထို့နောက် ရေနစ်သူ အမျိုးသား လေးဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ကိုးဦးတို့အား နီးစပ်ရာသမ္ဗာန်များမှ ကယ်ဆယ်ပြီး အေးရွာသို့ ည ၇ နာရီ မိနစ် ၄၀ အချိန်တွင် ပို့ဆောင်ပေးခဲ့သလို ဖြစ်စဉ်ကြောင့် ရေယာဉ်မောင်းနှင့် အမျိုးသမီးနှစ်ဦးတို့ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

(Photo - Credit)

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image

#ဝမ်းချုပ်ရခြင်းအကြောင်းအရင်း#

1.လှုပ်ရှားမှုမရှိခြင်း၊အထိုင်များခြင်း

2.ဝမ်းအောင့်ထားခြင်း

3.အစားအသောက်နည်းခြင်း

4.ရေသောက်နည်းခြင်း

5.နေရာဒေသအပြောင်းအလဲဖြစ်ခြင်း

6.ရောဂါအခံတစ်ခုခုကြောင့်ဝမ်းချုပ်ခြင်း

#ဝမ်းချုပ်ခြင်းကိုသဘာဝအတိုင်းကာကွယ်နိုင်သောနည်းလမ်းများ#

1.ဝမ်းသွားဖို့အတွက်အချိန်တစ်ခုသက်မှတ်ခြင်း

2.အမျှင်ဓါတ်ပါသောအသီးအရွက်များကြီစားသုံးခြင်း

3.ရေများများသောက်ခြင်း

4.လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊လမ်းလျှောက်ခြင်း

5.Probiotics ပါဝင်သောအစားအသောက်များကိုစားသုံးခြင်း

6.ကော်ဖီသောက်ပေးခြင်း

7.ဝမ်းချုပ်နေလျှင်နို့နှင့်နို့ထွက်ပစ္စည်းများကိုရှောင်ပေးခြင်း

Medical knowledge...
#crd
#ဆေးခန်းမန္တလေး
#မြတ်သီရိဆေးခန်း
#ကျန်းမာရေးဆိုင်ရာဗဟုသုတများ
#ဝမ်းချုပ်ရခြင်းအကြောင်း
#ကျန်းမာရေးအသိပညာ

image
39 w - Translate

အရမ်း ချစ်ကြတဲ့ တိုင်းရင်းသူ သူငယ်ချင်းနှစ်ယောက် သရုပ်ဆောင် သက်မွန်မြင့် နဲ့ ခင်လေးနွယ် 🥰

#celenews

image

ငပိရည် ကြိုက်လား ရှယ်သွားနော် (ဒမလိုက်) ကရင်ငပိရေကျို ပါဝင်ပစ္စည်းများ
ငပိရည် ငါးခူ
ငရုတ်သီးစိမ်း ကြက်သွန်နီ ကြက်သွန်ဖြူ
အချိုမှုန့် နနွင်းမုန့်
စပါးလင် ခရမ်းချဉ်သီး
ပြင်ဆင်ပြုလုပ်နည်း
ငပိရည်ကို ကျို၊
ကျက်ရင် အရိုးစစ်ပြီး နောက်တစ်ကြိမ် ကြိုက်နှစ်သက် ရာ ငါးကိုပါ ရောချက်တာပါ ။
ငါးခူနဲ့ ချက်တာ များပါတယ်ငပိရည် ကျိုပြီး ငါးကျက်ရင် ငါးရဲ့ အသားလေးကို နွှာ ပြီး အရေ သက်သက် ၊ အသား သက်သက် ၊ ဖယ်ထား လိုက်ပါ ။
ငရုတ်သီးစိမ်း၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူကို လှော်ပြီး ရင် ထောင်း ၊ညက်အောင်ထောင်ပြီးရင် နွှာထားတဲ့ ငါး အသားလေးပါ ရောထောင်းပါဖယ်ထားတဲ့ ငပိရည်ကို ဆူအောင် နောက်တစ်ခါ ပြန်ကျို ဆူရင် ထာင်းထားတာလေးတွေထည့် ၊ ခဏ လေး မွှေလိုက်ရုံနဲ့ မွေးကြိုင်တဲ့ ငပိရည်ကျို (ဒမလိုက်) လို့ခေါ်တဲ့ကရင်ငပိရည်ကျိုလေးကို ရပါပြီ ။ ငပိရည် ကျိုတဲ့ အခါ နနွင်းမှန့်နဲ့ စပါးလင်လေးပါ ထုပြီးထည့်ပါ ။
ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်းကြို ပုတ်ပြီး ထောင်းထည့် လို့လည်း ရပါတယ် ။ လှော်ပြီး ထောင်းထည့်ရင်တော့ ပို မွေးပါတယ် ။
ကြိုက်နှစ်သက်တဲ့ တို့စရာများ နဲ့ စားသုံးရင် ထမင်း အရမ်းမြိန်မှာပါ
Crd

image
Khine Su Zin shared a post  
39 w

39 w

ဒီနေ့တော့ ကွန်ပျူတာတစ်လုံးမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါဝင်တဲ့ system ပုံးအကြောင်းလေးပြောပြပေးသွားပါမယ်။
System ပုံး (System Unit) က ကွန်ပျူတာတစ်လုံးရဲ့အဓိက Processor, Memory, Storage, Power Supply တို့ပါဝင်တဲ့ အစိတ်အပိုင်းဖြစ်ပြီးတော့ CPU (Central Processing Unit) Tower လို့လည်း ခေါ်ကြပါတယ်။ System ပုံးထဲမှာ အရေးကြီးတဲ့ ပါဝင်တဲ့ အစိတ်အပိုင်းတွေအကြောင်းကို အောက်မှာဆက်ကြည့်လိုက်ကြရအောင် —
________________________________________
1. System ပုံးတွင် ပါဝင်တဲ့ အစိတ်အပိုင်းများ
System ပုံးတွေက Hardware Components တွေကို ထည့်သွင်းထားတဲ့အဓိကအစိတ်အပိုင်းဖြစ်ပါတယ်။
• Motherboard – ကွန်ပျူတာရဲ့ အဓိက Printed Circuit Board (PC ဖြစ်ပြီးတော့ Processor, RAM, Storage, GPU တို့ကိုချိတ်ဆက်ထားတဲ့အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။
• CPU (Processor) – Data တွေကို ချက်ခြင်းလည်ပတ်စေတဲ့ စက်ရဲ့ ဦးနှောက်လို့ပြောလို့ရပါတယ်။ (Intel, AMD စသည့် Processor များ)
• RAM (Memory) – Temporary Memory ဖြစ်ပြီးတော့ Programတွေကို အမြန်လုပ်ဆောင်စေတယ်။
• Storage (HDD/SSD) – Operating System, Software, User Files တွေသိမ်းဆည်း တဲ့နေရာမှာ အသုံးပြုတယ်။
• Power Supply Unit (PSU) – အားလျှပ်စစ်ကို Motherboard နဲ့ တခြား Components တွေကို ဖြန့်ဝေပေးတယ်။
• Cooling System (Fan, Heat Sink, Liquid Cooling) – CPU နဲ့ GPU ကနေထွက်လာတဲ့ အပူကို သက်သာစေတယ်။
• Graphics Card (GPU) – ရုပ်ပုံ, ဗီဒီယို တွေကို ကောင်းမွန်စွာ ပြသနိုင်ဖို့အသုံးပြုပါတယ်။
• Ports & Expansion Slots – USB, HDMI, Ethernet, PCIe Slots များပါဝင်တယ်။
________________________________________
2. System ပုံး၏ အရေးပါမှု
System ပုံးကအဓိကအားဖြင့် Processing, Memory, Storage, Power, Data Flow တို့ကို စီမံခန့်ခွဲပေးသော အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တယ်။
• Computing Power – Processor နဲ့ RAM ပေါ်မူတည်ပြီးတော့ Program တွေကို မြန်မြန်လည်ပတ်နိုင်တယ်။
• Data Storage & Access – SSD / HDD တွေထဲမှာ OS, Software, Files များသိမ်းဆည်းထားနိုင်ပါတယ်။
• System Cooling & Stability – ကွန်ပျူတာ overheating ဖြစ်တာကို ထိန်းချုပ်ပေးတယ်။
• Peripheral Devices ချိတ်ဆက်မှု – Mouse, Keyboard, Monitor, Printer တို့ကိုချိတ်ဆက်နိုင်တယ်။
• Security & Upgradability – Hardware Upgrade (RAM, Storage, Graphics Card) ပြုလုပ်နိုင်ပါတယ်။
________________________________________
3. System ပုံး မရှိရင်?
System ပုံးမရှိရင် ကွန်ပျူတာက အလုပ်လုပ်နိုင်မှာမဟုတ်ပါဘူး။သူကတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတော့ အကုန်လိုအပ်ပါတယ်။
• CPU, RAM, Storage မရှိရင် Processing & Data Handling မဖြစ်နိုင်။
• Power Supply မရှိရင်လည်း System ပွင့်နိုင်မည် မဟုတ်။
• Cooling မရှိလ Hardware တွေပူပြီး ကြာကြာအသုံးပြုနိုင်မည် မဟုတ်။
________________________________________
4. System ပုံးရွေးချယ်ခြင်း
System ပုံးရွေးချယ်တဲ့အခါမှာတော့ Usage, Budget, Performance တို့အပေါ် မူတည်ပြီးရွေးချယ်နိုင်ပါတယ်။
• Basic Use – Internet Browsing, Office Work (Low Power CPU, 8GB RAM, SSD)
• Gaming / Video Editing – High-end CPU, Dedicated GPU, 16GB+ RAM, High-speed SSD
• Server / Workstation – Xeon Processors, ECC RAM, RAID Storage System
________________________________________
System ပုံးသည် ကွန်ပျူတာ၏ အဓိက Processing Unit ဖြစ်သဖြင့် မရှိမဖြစ် အရေးကြီးပါသည်။ 😊
#myspaceadmin - m

image

🪷 ကိုယ်ထိန်းချုပ်လို့ မရတဲ့အရာတွေအပေါ် စိတ်သောကရောက်နေမဲ့အစား ကိုယ့်ကိုယ်ကိုယ်ပဲ အရင်ထိန်းလိုက်ပါ။

🪷 ဘဝမှာ အရာရာ တော်တော်များများအပေါ် ထိန်းချုပ်လို့မရနိုင်ပါဘူး။ မိုးရွာတာ၊ နေပူတာကအစ ကိုယ်ကောင်းအောင် နေပါရက်နဲ့ ကိုယ့်အပေါ် အမြင်မကြည်တာ၊ ကိုယ့်ကို သူပြန်ချစ်တာ၊ မချစ်တာအဆုံး ကိစ္စတော်တော်များများကို ကျွန်မတို့ ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လောကသဘာဝအရ အရာရာတိုင်းဟာ အကြောင်းအကျိုး ဆက်စပ်နေကြတာမိုလို့ပါ။

🌿 အကြောင်းရှိလို့ အကျိုးလာဖြစ်နေကြတာ။ ဘယ်အရာကမှ အကြောင်းမဲ့ ဖြစ်နေကြတာ မရှိပါဘူး။ အဆင်ပြေခြင်းမှာလည်း သူ့အကြောင်းတရားနဲ့သူ၊ အဆင်မပြေခြင်းမှာလည်း သူ့အကြောင်းတရားနဲ့သူ ဖြစ်ပါတယ်။ ဒါကို လက်သင့်ခံတတ်မှ ဘဝမှာ အေးချမ်းနိုင်မှာ ဖြစ်ပါတယ်။

လူတစ်ချို့က ကောင်းတာတွေ ဖြစ်နေရင်တော့ သိပ်သတိမထားမိကြပေမဲ့ အဆိုးတွေနဲ့ ကြုံတဲ့အခါ ကံကို၊ လောကကြီးကို၊ မိမိကိုယ်ကိုယ် အပြစ်တင်လို့ မဆုံးပါဘူး။ "ဘာလို့ ဒီလိုဖြစ်ရတာလဲ၊ ဘာကြောင့်လဲ၊ ငါကြိုးစားရက်နဲ့ ကြိုးစားသလို ဖြစ်မလာရတာလဲ" ဆိုပြီး ယူကျုံးမရ ဖြစ်တတ်ကြပါတယ်။ ကိုယ်ထိန်းချုပ်လို့ မရတဲ့အရာတွေအပေါ် အတင်းကာရော ပြန်ပြီး ပြုပြင်ချင်ကြတယ်။ ဖြေမဆည်နိုင်အောင် ဖြစ်ကြပါတယ်။

🌿 လက်ခံလိုက်ပါ။ ဘဝမှာ ကျွန်မတို့ ထိန်းချုပ်လို့ ရနိုင်တဲ့ အပိုင်း၊ မရနိုင်တဲ့အပိုင်းဆိုတာ ရှိပြီးသားပါ။ ကိုယ့်ရဲ့ အတွေးတွေ၊ အပြုအမူတွေ၊ စကားလုံးတွေ လုပ်ရပ်တွေကိုသာလျှင် ထိန်းချုပ်နိုင်ပြီးတော့ သူတစ်ပါးရဲ့ ကိုယ့်အပေါ် ထားတဲ့ အမြင်တွေ၊ အတွေးတွေ၊ အပြုအမူတွေကို ကျွန်မတို့ ဘာမှသွားပြီး ဒီလိုပြောလေ၊ ဒီလိုလုပ်လေဆိုပြီး မထိန်းချုပ်နိုင်ပါဘူး။

🪷 ဒါကို လက်သင့်ခံနိုင်အောင် ကြိုးစားပါ။ ဘဝမှာ နေတတ်ထိုင်တတ်မှ အေးချမ်းမှုဆိုတာ ရရှိတာပါ။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်း ပြင်ပက အရာတွေကို အတင်းကြိုးစား မပြုပြင်ခြင်းအားဖြင့် မိမိရဲ့ energyကို ခြွေတာပါ။

#control #outofcontrol #acceptance
#everythinghappensforareason
#mindfulness #yoga #avyoga #aprilvirtue

image
39 w - Translate

February လတွင်လဲ ဖုန်တတ်ဆဲ ဖြစ်နေတဲ့ zodiac signs တွေ🥲

Taurus ♉️, Libra ♎️, Sagittarius ♐️, Gemini ♊️, Pisces ♓️, Capricorn ♑️, Virgo ♍️

ဒီနှစ်အတွက် အချစ်ရေးကံကောင်းပေမဲ့ နှစ်အစပိုင်းလတွေမှာ Single တွေမစွန်သေးပါ😁

#lunatarot

image

"ရှိုက်သံမကျယ်ဲ့ ညတွေ" နဲ့
"အိပ်ရေးပျက် ညတွေ" ကို

အတော်လေး "စိတ်ပျက်မိတယ်"

#poem(siren)

အေစီမီလန်ထံ ရာသီအကုန်ထိ ဂျာအိုဖီးလစ် အငှားနဲ့ပြောင်းရွှေ့

ဖေဖော်ဝါရီ ၅

ချယ်လ်ဆီးအသင်း ကွင်းလယ်တိုက်စစ် ကစားသမား ဂျာအိုဖီးလစ်ဟာ ဒီရာသီအကုန်ထိ စီးရီးအေကလပ် အေစီမီလန်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ ဂျာအိုဖီးလစ်အတွက် ချယ်လ်ဆီးအသင်းကို အငှားခေါ်ယူကြေး ပေါင် ၅ သန်းပေးခဲ့ရပြီး သူ့ရဲ့လုပ်ခလစာကိုလည်း အပြည့်အဝ ပေးချေရမှာပါ။

ဒါပေမယ့် အေစီမီလန်အသင်းဟာ အငှားစာချုပ် ကုန်ဆုံးချိန်မှာ ဂျာအိုဖီးလစ်ကို အပြီးသတ်ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့်မရှိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက အသလက်တီကိုအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့ ၇ နှစ် စာချုပ်ချုပ်ခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ လန်ဒန်ကလပ်မှာ ပွဲကစားခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရတာပါ။

ဂျာအိုဖီးလစ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃ ပွဲသာ ပွဲထွက်လူစာရင်း ပါဝင်ခဲ့ရပြီး ဖလားပြိုင်ပွဲတွေမှာသာ အဓိက ကစားနေရတဲ့အတွက် ပွဲကစားချိန် ပိုပြီးလိုချင်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့မှာ ဂျာအိုဖီးလစ်ကို ခေါ်ယူဖို့ အက်စတွန်ဗီလာအသင်း အပါအဝင် အသင်းအချို့က စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားဟာ အေစီမီလန်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာပါ။

အသက် ၂၅ နှစ်အရွယ်ရှိ ဂျာအိုဖီးလစ်ဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၂၀ ပါဝင်ကစားခဲ့ပြီး ၇ ဂိုး သွင်းယူထားပါတယ်။

အေစီမီလန်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဂျာအိုဖီးလစ် အပါအဝင် ကစားသမား ၅ ဦးအထိ ခေါ်ယူထားပြီး ပေါ်တူဂီကစားသမားဟာ မန်စီးတီးအသင်းကနေ အငှားနဲ့လာရောက်ကစားနေတဲ့ ဝေါ်လ်ကာနဲ့ တစ်သင်းတည်း အတူတွဲကစားရတော့မှာပါ။

ဘင်ဖီကာအသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ ၂၀၁၉ ခုနှစ်က အသလက်တီကိုအသင်းထံ ပေါင် ၁၁၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်းမှာ ချယ်လ်ဆီး၊ ဘာစီလိုနာအသင်းတွေထံ အငှားနဲ့ကစားခဲ့ရတာ ဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတာကြောင့် ဂျာအိုဖီးလစ်အနေနဲ့ အသင်းကို အမှတ်ပေးဇယား အထက်ပိုင်းတက်နိုင်အောင် ကူညီပေးရတော့မှာပါ။

အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပလေးအော့ဖ်အဖြစ် ဖီယင်နုအသင်းနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေတာလည်း ဖြစ်ပါတယ်။

Source: BBC

ပုံ - ဂျာအိုဖီးလစ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image