မန္တလေး ချမ်းမြသာစည်မြို့နယ်မှာ
ဆရာဝန် တယောက်ကို သူငယ်ချင်းဆရာဝန်က ပြန်ပေးဆွဲ ခြောက်လှန့်ငွေတောင်းပြီး သတ်လိုက်တဲ့ဖြစ်စဥ်က တရားခံ ၂ ယောက်ကို သက်သေခံပစ္စည်းေတွနဲ့အတူ ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာက ထုတ်ပြန်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
39 w - Translate

အထာကျချက်...

image
39 w - Translate

ဆီးရီးယားသမ္မတဟောင်း အာဆတ်ဟာ သူ နိုင်ငံထဲက ထွက်သွားတဲ့အခါ သူ့လေယာဉ်ပစ်အချမခံရဖို့အတွက် ဆီးရီးယားစစ်တပ်ရဲ့ စစ်ရေးလျှို့ဝှက်ချက်တွေနဲ့ တန်ဖိုးကြီး အသေးစိတ်အချက်အလက်တွေကို အစ္စရေးကို ပေးခဲ့တယ်လို့ Daily Mail တို့ The Sun တို့က ဖော်ပြခဲ့ကြပါတယ်။

ဒီသတင်းဌာနတွေဟာ သိပ်ပြီး ယုံကြည်အားထားလောက်တာတော့ မဟုတ်ပါဘူး။ ဒီသတင်းကလည်း တူရကီသတင်းစာ Hurriyet သတင်းစာမှာ သတင်းထောက် Abdulkadir Selvi ဆိုသူ ရေးခဲ့တဲ့သတင်းကို ပြန်ဖော်ပြတာပါ။ ဒီသတင်းကို CNN , BBC စတဲ့ သတင်းဌာနတွေကတော့ အတည်ပြုဖော်ပြခဲ့တာ မတွေ့ရပါဘူး။

တူရကီသတင်းထောက်ရေးပုံက အာဆတ်ဟာ သူရဲဘောကြောင်စွာနဲ့ သူ့လေယာဉ်ကို အစ္စရေးက ပစ်မချဖို့ အာခံတယ် ဆိုရင် ဆီးရီးယားစစ်ရေးလျှို့ဝှက်ချက်တွေ ပြောပြမယ် ဆိုပြီး အလဲအလှယ် လုပ်ခဲ့တဲ့သဘောပါ။ ဒါကြောင့်သာ အာဆတ် ပြုတ်ကျပြီး နာရီပိုင်းအကြာမှာ အစ္စရေးဟာ ဆီးရီးယား စစ်ဘက်ပစ်မှတ် ရာချီပြီး တိတိကျကျ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ (အာဆတ်ပြောမှ အစ္စရေးသိနိုင်တာ မဟုတ်ပါဘူး၊ ဆီးရီးယားစစ်ဘက်နေရာတွေကို မော့ဆက်က ထောက်လှမ်းထားမှာဖြစ်ပြီး အာဏာလေဟာနယ်ဖြစ်ချိန်မှာ အခွင့်ကောင်းယူ ချေမှုန်းပစ်တာ မဆန်းပါဘူး)

တူရကီသတင်းစာက ရေးတယ်ဆိုတာကိုက ရိုးရှင်းပုံ မပေါ်ပါဘူး။ အခု ဒမတ်စကတ်သိမ်းနိုင်တဲ့ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ Hayat Tahrir al-Sham (HTS) ကို တူရကီက ဘယ်လောက်ထောက်ပံ့ထားလဲ မသဲကွဲပါဘူး။ တူရကီတွေက ကာ့ဒ်ဦးဆောင်တဲ့ SDF အုပ်စုကိုလည်း ခေါင်းမထောင်နိုင်အောင် တိုက်နေပါသေးတယ်။ အချိန်ကောင်းစောင့်ပြီး တာ့ရှ်ကင့်တွေ ကြိတ်ကြံသွားတယ်လို့ အနောက်တိုင်းကျွမ်းကျင်သူတချို့က ပြောနေကြပါတယ်။

လောလောဆည်မှာ HTS ခေါင်းဆောင် Mohammad al-Bashir ဟာ မတ်လ ၁ ရက်အထိ သက်တမ်းရှိတဲ့ ဆီးရီးယားအသွင်ကူးပြောင်းရေး အစိုးရအဖွဲ့ရဲ့ ယာယီဝန်ကြီးချုပ် ဖြစ်လာခဲ့ပါပြီ။
Credit to Min Myat San

image

image
39 w - Translate

အခုလို သောကြာနေ့တွေမှာ night out ဖြစ်တာကတော့ သူငယ်ချင်းတွေကြောင့်လို့ပဲပြောရမှာပဲ

image
39 w - Youtube

39 w - Translate

ရက်ရှ်ဖို့ဒ်၏ အကောင်းဆုံးခြေစွမ်း မြင်တွေ့ရတော့မည်မဟုတ်ဟု ရွိုင်ကိန်း သုံးသပ်

မန်ယူအသင်းမှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ အကောင်းဆုံးခြေစွမ်း ပြန်လည်မြင်တွေ့ရတော့မှာ မဟုတ်ကြောင်း မန်ယူအသင်းဂန္ထဝင် တိုက်စစ်မှူး ရွိုင်ကိန်းက ပြောသွားပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စိန်ခေါ်မှုအသစ်တွေအတွက် မန်ယူကနေ ထွက်ခွာဖို့ရှိကြောင်း ထုတ်ဖော်ပြောပြသွားတာပါ။

အင်္ဂလန်ကစားသမားဟာ မန်ယူအသင်းရဲ့ နောက်ဆုံးနှစ်ပွဲဆက်တိုက် လူစာရင်းကနေ ချန်လှပ်ခံထားရသူပါ။

ရက်ရှ်ဖို့ဒ်ဟာ နိုင်ပွဲဆာလောင်ပြင်းပြမှုလည်း မရှိတော့ဘဲ အသင်းပြောင်းရွှေ့မှသာ ပုံစံကောင်းပြန်ရနိုင်ပြီး မန်ယူအသင်းမှာတော့ အရင်လို ခြေစွမ်းပြရဖို့ ခက်ခဲသွားပြီဖြစ်ကြောင်း ရွိုင်ကိန်းက ပြောပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၂-၂၀၂၃ ရာသီက တရာသီအတွင်း ဂိုး ၃၀ သွင်းယူခဲ့သူဖြစ်ပြီး အခုနှစ်ရာသီ ပရီးမီးယားလိဂ် ၁၅ ပွဲမှာ ၄ ဂိုး သွင်းယူထားပါတယ်။
DVB

image
39 w - Youtube

ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် အလွတ်သဘောဆွေးနွေးပွဲတွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်ဆတ်ငီရမ်ဖုန် ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောညှိနှိုင်းဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲအတွင်း တက်ရောက်လာကြသော နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်များသည် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် ဆွေးနွေးပွဲအတွင်း နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို တက်ရောက်လာကြသည့်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ စွန်းဝေတုန်း၊ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ် မစ္စတာ မိုဟာမက် တိုဟိဒ် ဟူစိန်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာ ဗန် ဖုန်ဗီဟေး၊ အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ ရှရီ ဗစ်ခရမ် မစ်ဆရီနှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ရစ်အေမန်နလိုတို့နှင့် ဗန်ကောက်မြို့ရှိ Capella ဟိုတယ်၌ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းမှု ထိန်းသိမ်းရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image
image
image
39 w - Translate

ယူကရိန်းကိုထောက်ပံ့ရန် ဥရောပသမဂ္ဂ ယူရို ၁၃၀ ဘီလီယံသုံးစွဲပြီးဖြစ်

ဥရောပသမဂ္ဂသည် ယူကရိန်းကို ထောက်ပံ့ရန်အတွက် ယူရို ၁၃၀ ဘီလီယံကျော် သုံးစွဲထားပြီးဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လီယန်က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်တွင်ကျင်းပသည့် ဥရောပကောင်စီအစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“နောက်ကြောင်းပြန်ကြည့်ရင် ဥရောပဟာ အခုအချိန်အထိ ယူကရိန်းကို ယူရို ၁၃၀ ဘီလီယံနီးပါး ထောက်ပံ့ပေးခဲ့ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

သူမ၏စကားအရဆိုလျှင် ဥရောပသမဂ္ဂသည် ယူကရိန်းကို အမေရိကန်ထက် လက်နက်များ ပိုမိုပေးအပ်ခဲ့သည်။ ဗွန် ဒါ လီယန် ၏ အဆိုအရ ဥရောပသမဂ္ဂသည် ယူကရိန်းသို့ ပေးပို့သော လက်နက်များ၏ ၄၇ ရာခိုင်နှုန်းကို ပေးအပ်ထားခြင်းဖြစ်ပြီး ၄၀ ရာခိုင်နှုန်းမှာ အမေရိကန်က ထောက်ပံ့ပေးခြင်းဖြစ်သည်။

ဘယ်လ်ဂျီယံနိုင်ငံသည် လာမည့်နှစ်တစ်ခုတည်းတွင် ယူကရိန်းနိုင်ငံသို့ ငွေကြေးအကူအညီ ယူရို ၃၀ ဒသမ ၆ ဘီလီယံ ခွဲဝေပေးရန် အဆင်သင့်ဖြစ်နေပြီဟု ဗွန် ဒါ လီယန်က ဆက်လက်ပြောကြားပြီး အဆိုပါ ငွေကြေးပမာဏတွင် လက်နက်များ ပေးအပ်ခြင်းမပါဝင်ကြောင်း ပြောကြားခဲ့သည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများထံမှ လ-က်နက် ၉၈ ရာခိုင်နှုန်းကို ယူကရိန်းနိုင်ငံသည် အစောပိုင်းကပင်လျှင် လက်ခံထားပြီးဖြစ်ကြောင်း နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မာ့ခ်ရုတ် ကပြောသည်။

image